အဲဟ္ေလ့ဘိုက္(သ) (အလိုင္ေဟမြစ္စလာမ္) သတင္းဌာန ၊ အဗ္နာ
Zawgyi
ရခိုင္ျပည္နယ္၊ ဘူသီးေတာင္ၿမိဳ႕နယ္ ဆင္ေသျပင္႐ြာမွာ ဒီဇင္ဘာ ၁၄ ရက္ေန႔ မနက္ပိုင္းက လက္နက္ႀကီး က်ေရာက္ေပါက္ကြဲတာေၾကာင့္ ေနအိမ္ ၂ အိမ္ မီးေလာင္ခဲ့ၿပီး တိရစာၦန္တခ်ိဳ႕ ေသဆုံးဒဏ္ရာ ရရွိခဲ့ပါတယ္။
ေနအိမ္မီးေလာင္သြားတဲ့ ေမာ္ဒူဟူေဆာင္းက “လက္နက္ႀကီးက်တာပါ။ ဘယ္ဘက္က ပစ္လဲဆိုတာေတာ့ မေျပာတတ္ဘူး။ သွ်ရွားေတာင္ေက်း႐ြာဘက္က ပစ္တာလို႔ေျပာ တယ္။ က်ေနာ့္အစ္ကိုအိမ္နဲ႔ က်ေနာ့္အိမ္ မီးေလာင္သြားတယ္။ ဆိပ္ ၄ ေကာင္ မီးထဲပါသြားတယ္။ ႏြား ၄ ေကာင္ ဒဏ္ရာရသြားတယ္။ ရိတ္ၿပီးသားစပါးတင္း ၈၀၀ ေလာက္ မီးေလာင္သြားပါတယ္” လို႔ ေျပာပါတယ္။
အခုလို လက္နက္ႀကီး က်ေရာက္ေပါက္ကြဲလို႔ မီးေလာင္သြားတဲ့ အိမ္ေတြကေတာ့ ေမာ္ဒူဟူေဆာင္းနဲ႔ ကာလာေဘာ္ဒါတို႔ရဲ႕ အိမ္ေတြ ျဖစ္ပါတယ္။
ျဖစ္စဥ္နဲ႔ပတ္သက္လို႔ ဘူးသီးေတာင္ၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမႉး ဦးေ႐ႊလေအာင္က “႐ြာတာဝန္ခံကို စာတင္ခိုင္းထားပါတယ္။ ေနအိမ္ ၂ အိမ္လို႔ေတာ့ ေျပာတယ္။ တေယာက္က ၃ အိမ္ လို႔ ေျပာတယ္။ စာတက္လာမွ ေသခ်ာသိရမယ္” လို႔ ေျပာပါတယ္။
ဘူးသီးေတာင္ၿမိဳ႕နယ္အတြင္း တပ္မေတာ္နဲ႔ေအေအတို႔ တိုက္ပြဲေတြေၾကာင့္ ဧၿပီ ၂၁ ရက္မွာေတာ့ ကိုယ္ဝန္ေဆာင္ အမ်ိဳးသမီးတေယာက္ က်ည္ထိမွန္ခဲ့ၿပီး ဗိုက္ထဲက ကေ လး ေသဆုံးခဲ့ဖူးပါတယ္။
ဒါ့အျပင္ ဇူလိုင္လထဲမွာ လက္နက္ႀကီးက်ည္ထိမွန္လို႔ လူငယ္ ၂ ေယာက္ ဒဏ္ရာရရခဲ့ၿပီး အသက္ ၆၅ ႏွစ္ရွိ အဘြားအိုတေယာက္ ေသဆုံးခဲ့ပါတယ္။
ၾသဂုတ္ ၃၁ ရက္မွာေတာ့ လက္နက္ႀကီးက်လို အိမ္ ၅ လုံး အခုလိုပဲ မီးေလာင္ျပာ က်သြားခဲ့ရပါတယ္။
Unicode
ဘူးသီးတောင်တွင် လက်နက်ကြီးကျ မီးလောင်၊ နေအိမ် ၂ လုံး ဆုံးရှုံး
ရခိုင်ပြည်နယ်၊ ဘူသီးတောင်မြို့နယ် ဆင်သေပြင်ရွာမှာ ဒီဇင်ဘာ ၁၄ ရက်နေ့ မနက်ပိုင်းက လက်နက်ကြီး ကျရောက်ပေါက်ကွဲတာကြောင့် နေအိမ် ၂ အိမ် မီးလောင်ခဲ့ ပြီး တိရစ္ဆာန်တချို့ သေဆုံးဒဏ်ရာ ရရှိခဲ့ပါတယ်။
နေအိမ်မီးလောင်သွားတဲ့ မော်ဒူဟူဆောင်းက “လက်နက်ကြီးကျတာပါ။ ဘယ်ဘက်က ပစ်လဲဆိုတာတော့ မပြောတတ်ဘူး။ သျှရှားတောင်ကျေးရွာဘက်က ပစ်တာ လို့ပြောတယ်။ ကျနော့်အစ်ကိုအိမ်နဲ့ ကျနော့်အိမ် မီးလောင်သွားတယ်။ ဆိပ် ၄ ကောင် မီးထဲပါသွားတယ်။ နွား ၄ ကောင် ဒဏ်ရာရသွားတယ်။ ရိတ်ပြီးသားစပါးတင်း ၈၀၀ လောက် မီးလောင်သွားပါတယ်” လို့ ပြောပါတယ်။
အခုလို လက်နက်ကြီး ကျရောက်ပေါက်ကွဲလို့ မီးလောင်သွားတဲ့ အိမ်တွေကတော့ မော်ဒူဟူဆောင်းနဲ့ ကာလာဘော်ဒါတို့ရဲ့ အိမ်တွေ ဖြစ်ပါတယ်။
ဖြစ်စဉ်နဲ့ပတ်သက်လို့ ဘူးသီးတောင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးရွှေလအောင်က “ရွာတာဝန်ခံကို စာတင်ခိုင်းထားပါတယ်။ နေအိမ် ၂ အိမ်လို့တော့ ပြောတယ်။ တယောက်က ၃ အိမ် လို့ ပြောတယ်။ စာတက်လာမှ သေချာသိရမယ်” လို့ ပြောပါတယ်။
ဘူးသီးတောင်မြို့နယ်အတွင်း တပ်မတော်နဲ့အေအေတို့ တိုက်ပွဲတွေကြောင့် ဧပြီ ၂၁ ရက်မှာတော့ ကိုယ်ဝန်ဆောင် အမျိုးသမီးတယောက် ကျည်ထိမှန်ခဲ့ပြီး ဗိုက်ထဲက ကလေး သေဆုံးခဲ့ဖူးပါတယ်။
ဒါ့အပြင် ဇူလိုင်လထဲမှာ လက်နက်ကြီးကျည်ထိမှန်လို့ လူငယ် ၂ ယောက် ဒဏ်ရာရရခဲ့ပြီး အသက် ၆၅ နှစ်ရှိ အဘွားအိုတယောက် သေဆုံးခဲ့ပါတယ်။
သြဂုတ် ၃၁ ရက်မှာတော့ လက်နက်ကြီးကျလို အိမ် ၅ လုံး အခုလိုပဲ မီးလောင်ပြာ ကျသွားခဲ့ရပါတယ်။
====================================
END / 251
၁၄ ဒီဇင်ဘာ ၂၀၁၉ - ၁၁:၄၈
News ID: 993732
ရခိုင္ျပည္နယ္၊ ဘူသီးေတာင္ၿမိဳ႕နယ္ ဆင္ေသျပင္႐ြာမွာ ဒီဇင္ ဘာ ၁၄ ရက္ေန႔ မနက္ပိုင္းက လက္နက္ႀကီး က်ေရာက္ေပါက္ ကြဲတာေၾကာင့္ ေနအိမ္ ၂ အိမ္ မီးေလာင္ခဲ့ၿပီး တိရစာၦန္တခ်ိဳ႕ ေသဆုံးဒဏ္ရာ ရရွိခဲ့ပါတယ္။