၁၅ ဒီဇင်ဘာ ၂၀၁၉ - ၁၇:၁၂
တပ္မေတာ္စစ္ေၾကာင္းက ေခၚေဆာင္သြားသည့္ အုပ္ခ်ဳပ္ေရးမႉးတဦးကို ေသဆုံးလ်က္ေတြ႕ရွိ

မင္းျပားၿမိဳ႕နယ္ စိတၱရေက်း႐ြာအနီး တပ္မေတာ္စစ္ေၾကာင္း က ေခၚေဆာင္သြားတဲ့ ေက်ာက္ေမာ္အုပ္ခ်ဳပ္ေရးမႉး ဦး ေက်ာ္ေအးေမာင္ကို ဒီဇင္ဘာ ၁၄ ရက္ေန႔က မင္းျပားၿမိဳ႕ နယ္၊ မင္းပုန္းေတာင္း ေတာင္ေျခရင္းမွာ ေသဆုံးလ်က္ ေတြ႕ရွိခဲ့တယ္လို႔ မိသားစုဝင္ေတြက ဒီဗြီဘီကို ေျပာပါတယ္

အဲဟ္ေလ့ဘိုက္(သ) (အလိုင္ေဟမြစ္စလာမ္) သတင္းဌာန ၊ အဗ္နာ

Zawgyi


မင္းျပားၿမိဳ႕နယ္ စိတၱရေက်း႐ြာအနီး တပ္မေတာ္စစ္ေၾကာင္းက ေခၚေဆာင္သြားတဲ့ ေက်ာက္ေမာ္အုပ္ခ်ဳပ္ေရးမႉး ဦးေက်ာ္ေအးေမာင္ကို ဒီဇင္ဘာ ၁၄ ရက္ေန႔က မင္းျပားၿမိဳ႕ နယ္၊ မင္းပုန္းေတာင္း ေတာင္ေျခရင္းမွာ ေသဆုံးလ်က္  ေတြ႕ရွိခဲ့တယ္လို႔ မိသားစုဝင္ေတြက ဒီဗြီဘီကို ေျပာပါတယ္။

ဒီဇင္ဘာ ၁၄ ရက္ေန႔ ေန႔လယ္ပိုင္း ၁ နာရီေလာက္ ေက်ာက္ေမာ္အုပ္ခ်ဳပ္ေရးမႉး ဦးေက်ာ္ေအးေမာင္ကို မိသားစုေတြက ရွာေဖြရင္းကေန သလူေခ်ာင္းေက်း႐ြာအနား မင္းပုန္း ေတာင္ ဆိုတဲ့ ေတာင္ေအာက္ေျခရင္းမွာ ေတြ႕ရွိခဲ့တာလို႔ ဦးေလးျဖစ္သူ ဦးေက်ာ္လွျဖဴက ဒီဗြီဘီကို ေျပာပါတယ္။

“က်ေနာ့္တူေလးအေလာင္းကို သလူေခ်ာင္းနားက မင္းပုန္းေတာင္းရဲ႕ ေတာင္ေျခရင္းမွာ ‌ေတြ႕တယ္။ တပ္မေတာ္စစ္ေၾကာင္းကေန ဖမ္းၿပီးယူသြားတာ။ အဲဒီေန႔ စိတၱရေက်း႐ြာ ကို သြားတာ။ စိတၱရေက်း႐ြာအုပ္ခ်ဳပ္ေရးမႉး အသတ္ခံရတယ္။ အမ်ိဳးသမီးတေယာက္ အသတ္ခံရတယ္။ ၿပီးေတာ့ က်ေနာ့္တူေလး အပါအဝင္ ၈ ေယာက္ကို တပ္မေတာ္ စစ္ေၾကာင္းက အဲဒီမွာ တခါတည္း ဖမ္းသြားတာ။ အေလာင္းကို ဒီေန႔မွ ေတြ႕တာ။”

ရခိုင္ျပည္နယ္၊ မင္းျပားၿမိဳ႕နယ္၊ စိတၱရေက်း႐ြာကို တပ္မေတာ္စစ္ေၾကာင္းက ဒီဇင္ဘာ ၁၁ ရက္၊ ည ၁၁ နာရီဝန္းက်င္ေလာက္က ဝင္ေရာက္လာကာ ေသနတ္ပစ္ခတ္ခဲ့ တာေၾကာင့္ ေက်း႐ြာေန ေဒၚျဖဴျဖဴဝင္း ေသဆုံးၿပီး ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉးကေတာ့ ႏွိပ္စက္ခံရတာေၾကာင့္ ေသဆုံးသြားတယ္လို႔ နယ္ခံလႊတ္ေတာ္အမတ္နဲ႔ မိသားစုေတြက ေျပာပါတယ္။

ဖမ္းဆီးေခၚေဆာင္ခံရသူ ဦးေမာင္ဘၫႊန္ရဲ႕ ဇနီးျဖစ္သူ ေဒၚလွလွသန္းက “အိမ္ေရွ႕မွာပဲ ဝိုင္းၿပီးမီးလႈံေနၾကတာ။ အဲဒီမွာ စိတၱရေက်း႐ြာကို စစ္ေၾကာင္းက ဝင္လာတယ္။ က်မေယာက်္ားေရာ၊ ၿပီးေတာ့ ေက်ာက္ေမာ္က အုပ္ခ်ဳပ္ေရးမႉးကိုလည္း ဖမ္းဆီး ေခၚေဆာင္သြားတယ္။ စုစုေပါင္း ႐ြာက ဖမ္းဆီးေခၚေဆာင္သြားတာ ၈ ေယာက္ပါ။ အခုအခု အခ်ိန္ထိ ေယာက်္ား ကိုဆက္သြယ္မရေသးဘူး” လို႔ ေျပာပါတယ္။

ဒီဇင္ဘာ ၁၃ ရက္ေန႔က တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးက စိတၱရေက်း႐ြာနဲ႔ပတ္သက္လို႔ သတင္းထုတ္ျပန္ရာမွာ စိတၱရေက်း႐ြာကို တပ္မေတာ္စစ္ေၾကာင္းက အေရာက္ မွာ ေက်း႐ြာအတြင္းရွိ ေနအိမ္တလုံးေပၚကေန ေအေအက လက္နက္ငယ္နဲ႔ စတင္ပစ္ခတ္ခဲ့လို႔ ျပန္လည္ပစ္ခတ္ တိုက္ခိုက္ခဲ့ရတယ္လို႔ ထုတ္ျပန္ပါတယ္။

ျဖစ္စဥ္မွာ တပ္မေတာ္မွ အရာရွိတဦး လက္နက္ငယ္က်ည္ ထိမွန္ဒဏ္ရာရရွိခဲ့ၿပီ တပ္မေတာ္ စစ္ေၾကာင္းကို စတင္ပစ္ခတ္ခဲ့တဲ့ ေနအိမ္ကို ဝင္ေရာက္စစ္ေဆးရာ ဖုံသာေက်း ႐ြာမွ ဦးဉာဏ္သိန္းနဲ႔ ေက်ာက္ေမာ္ေက်း႐ြာက ဦးေက်ာ္ေအးေမာင္တို႔ႏွစ္ဦးအား လက္နက္ငယ္က်ည္ ထိမွန္ေသဆုံးေနတာ ေတြ႕ရွိရတယ္လို႔ ထုတ္ျပန္ခ်က္မွာ ေရးသားထား ပါတယ္။

ဒါ့အျပင္ ျဖစ္စဥ္ေနရာအနီး မသကၤာဖြယ္ရာ စုေဝးေရာက္ရွိေနတဲ့ မင္းျပားၿမိဳ႕နယ္၊ စိတၱရေက်း႐ြာမွ ဖမ္းဆီးထားသူ အမ်ိဳးသား ၇ ဦးကို မင္းျပားၿမိဳ႕နယ္ရဲစခန္းကို လႊဲေျပာင္း အပ္ႏွံသြားမယ္လို႔လည္း တပ္မေတာ္က သတင္းထုတ္ျပန္ထားပါတယ္။

Unicode

တပ်မတော်စစ်ကြောင်းက ခေါ်ဆောင်သွားသည့် အုပ်ချုပ်ရေးမှူးတဦးကို သေဆုံးလျက်တွေ့ရှိ

မင်းပြားမြို့နယ် စိတ္တရကျေးရွာအနီး တပ်မတော်စစ်ကြောင်းက ခေါ်ဆောင်သွားတဲ့ ကျောက်မော်အုပ်ချုပ်ရေးမှူး ဦးကျော်အေးမောင်ကို ဒီဇင်ဘာ ၁၄ ရက်နေ့က မင်းပြားမြို့နယ်၊ မင်းပုန်းတောင်း တောင်ခြေရင်းမှာ သေဆုံးလျက်  တွေ့ရှိခဲ့တယ်လို့ မိသားစုဝင်တွေက ဒီဗွီဘီကို ပြောပါတယ်။

ဒီဇင်ဘာ ၁၄ ရက်နေ့ နေ့လယ်ပိုင်း ၁ နာရီလောက် ကျောက်မော်အုပ်ချုပ်ရေးမှူး ဦးကျော်အေးမောင်ကို မိသားစုတွေက ရှာဖွေရင်းကနေ သလူချောင်းကျေးရွာအနား မင်းပုန်းတောင် ဆိုတဲ့ တောင်အောက်ခြေရင်းမှာ တွေ့ရှိခဲ့တာလို့ ဦးလေးဖြစ်သူ ဦးကျော်လှဖြူက ဒီဗွီဘီကို ပြောပါတယ်။

“ကျနော့်တူလေးအလောင်းကို သလူချောင်းနားက မင်းပုန်းတောင်းရဲ့ တောင်ခြေရင်းမှာ ‌တွေ့တယ်။ တပ်မတော်စစ်ကြောင်းကနေ ဖမ်းပြီးယူသွားတာ။ အဲဒီနေ့ စိတ္တရ ကျေးရွာကို သွားတာ။ စိတ္တရကျေးရွာအုပ်ချုပ်ရေးမှူး အသတ်ခံရတယ်။ အမျိုးသမီးတယောက် အသတ်ခံရတယ်။ ပြီးတော့ ကျနော့်တူလေး အပါအဝင် ၈ ယောက်ကို တပ်မတော်စစ်ကြောင်းက အဲဒီမှာ တခါတည်း ဖမ်းသွားတာ။ အလောင်းကို ဒီနေ့မှ တွေ့တာ။”

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ စိတ္တရကျေးရွာကို တပ်မတော်စစ်ကြောင်းက ဒီဇင်ဘာ ၁၁ ရက်၊ ည ၁၁ နာရီဝန်းကျင်လောက်က ဝင်ရောက်လာကာ သေနတ်ပစ် ခတ်ခဲ့တာကြောင့် ကျေးရွာနေ ဒေါ်ဖြူဖြူဝင်း သေဆုံးပြီး ကျေးရွာအုပ်ချုပ်ရေးမှူးကတော့ နှိပ်စက်ခံရတာကြောင့် သေဆုံးသွားတယ်လို့ နယ်ခံလွှတ်တော်အမတ်နဲ့ မိသားစုတွေက ပြောပါတယ်။

ဖမ်းဆီးခေါ်ဆောင်ခံရသူ ဦးမောင်ဘညွှန်ရဲ့ ဇနီးဖြစ်သူ ဒေါ်လှလှသန်းက “အိမ်ရှေ့မှာပဲ ဝိုင်းပြီးမီးလှုံနေကြတာ။ အဲဒီမှာ စိတ္တရကျေးရွာကို စစ်ကြောင်းက ဝင်လာတယ်။ ကျမယောကျ်ားရော၊ ပြီးတော့ ကျောက်မော်က အုပ်ချုပ်ရေးမှူးကိုလည်း ဖမ်းဆီး ခေါ်ဆောင်သွားတယ်။ စုစုပေါင်း ရွာက ဖမ်းဆီးခေါ်ဆောင်သွားတာ ၈ ယောက်ပါ။ အခုအခုအချိန်ထိ ယောကျ်ား ကိုဆက်သွယ်မရသေးဘူး” လို့ ပြောပါတယ်။

ဒီဇင်ဘာ ၁၃ ရက်နေ့က တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက စိတ္တရကျေးရွာနဲ့ပတ်သက်လို့ သတင်းထုတ်ပြန်ရာမှာ စိတ္တရကျေးရွာကို တပ်မတော်စစ်ကြောင်းက အရောက်မှာ ကျေးရွာအတွင်းရှိ နေအိမ်တလုံးပေါ်ကနေ အေအေက လက်နက်ငယ်နဲ့ စတင်ပစ်ခတ်ခဲ့လို့ ပြန်လည်ပစ်ခတ် တိုက်ခိုက်ခဲ့ရတယ်လို့ ထုတ်ပြန်ပါတယ်။

ဖြစ်စဉ်မှာ တပ်မတော်မှ အရာရှိတဦး လက်နက်ငယ်ကျည် ထိမှန်ဒဏ်ရာရရှိခဲ့ပြီ တပ်မတော် စစ်ကြောင်းကို စတင်ပစ်ခတ်ခဲ့တဲ့ နေအိမ်ကို ဝင်ရောက်စစ်ဆေးရာ ဖုံသာကျေးရွာမှ ဦးဉာဏ်သိန်းနဲ့ ကျောက်မော်ကျေးရွာက ဦးကျော်အေးမောင်တို့နှစ်ဦးအား လက်နက်ငယ်ကျည် ထိမှန်သေဆုံးနေတာ တွေ့ရှိရတယ်လို့ ထုတ် ပြန်ချက်မှာ ရေးသားထားပါတယ်။

ဒါ့အပြင် ဖြစ်စဉ်နေရာအနီး မသင်္ကာဖွယ်ရာ စုဝေးရောက်ရှိနေတဲ့ မင်းပြားမြို့နယ်၊ စိတ္တရကျေးရွာမှ ဖမ်းဆီးထားသူ အမျိုးသား ၇ ဦးကို မင်းပြားမြို့နယ်ရဲစခန်းကို လွှဲပြောင်းအပ်နှံသွားမယ်လို့လည်း တပ်မတော်က သတင်းထုတ်ပြန်ထားပါတယ်။

====================================

END / 251