
အဲဟ္ေလ့ဘိုက္(သ) (အလိုင္ေဟမြစ္စလာမ္) သတင္းဌာန ၊ အဗ္နာ
Zawgyi
ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ အိုင္စီေဂ် တရား႐ုံးမွာ အမႈရင္ဆိုင္ဖို႔သြားေရာက္တဲ့ကိစၥကို ေထာက္ခံေၾကာင္း ျပည္ေထာင္စု ႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီက တပါတီတည္း ေၾက ညာခ်က္ထုတ္ျပန္ခဲ့တဲ့အတြက္ မဟာမိတ္ပါတီ ၂၀ အၾကား သေဘာထားကြဲလြဲတာေတြ ျဖစ္ေပၚေနပါတယ္။
ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ အိုင္စီေဂ်ခရီးစဥ္ကိုေထာက္ခံေၾကာင္းနဲ႔ လိုအပ္ရင္ ပူးေပါင္း ကူညီသြားမယ္လို႔ ႀကံ့ခိုင္ေရးပါတီက ဒီဇင္ဘာ ၅ ရက္ေန႔မွာ တပါတီတည္း သီးသန႔္ ေၾကညာခ်က္ထုတ္ျပန္ခဲ့တာပါ။
အရင္က ေၾကညာခ်က္ထုတ္ျပန္ပါက မဟာမိတ္ပါတီေတြကို အသိေပးေဆြးေႏြးၿပီး ပူးေပါင္း ေၾကညာခ်က္ထုတ္ျပန္ေလ့ရွိေပမယ့္ ဒီကိစၥမွာေတာ့ ႀကံ့ခိုင္ေရးပါတီက တပါတီ ထဲသီးျခား ထုတ္ျပန္ေၾကညာခဲ့တာျဖစ္လို႔ မဟာမိတ္ပါတီ ၂၀ အၾကားမွာ သေဘာထား ကြဲလြဲမႈေတြျဖစ္ေပၚခဲ့ပါတယ္။
မဟာမိတ္ပါတီ ၂၀ ထဲကပါတီတခ်ိဳ႕က အဖြဲ႕ထဲကထြက္မယ္လို႔ အသံေတြထြက္ေပၚခဲ့ၿပီး ေနာက္ေနာင္ ႀကံ့ခိုင္ေရးပါတီနဲ႔ ပူးတြဲေၾကညာခ်က္ေတြမထုတ္ျပန္ေတာ့ဘူးလို႔ လည္း သေဘာထားေတြ ထြက္ေပၚခဲ့ပါတယ္။
ဒါနဲ႔ပတ္သက္ၿပီး ပါတီ ၂၀ မဟာမိတ္မဖြဲ႕ခင္ကတည္းက သေဘာတူညီခ်က္ေတြအတိုင္း အဖြဲ႕ဝင္ေတြဟာ လြတ္လပ္စြာဆုံးျဖတ္ခြင့္ရွိတယ္လို႔ ႀကံ့ခိုင္ေရးပါတီ ဗဟိုအလုပ္အ မႈေဆာင္အဖြဲ႕ဝင္ ေဒါက္တာနႏၵာလွျမင့္က ေျပာပါတယ္။
ပါတီ ၂၀ထဲမွာ ပါဝင္တဲ့ ဒီမိုကရက္တစ္ပါတီ(ျမန္မာ)ကေတာ့ မဟာမိတ္အဖြဲ႕ဟာ ႏိုင္ငံရဲ႕အက်ိဳးစီးပြားအတြက္ လိုအပ္ရင္ ပူးေပါင္းေဆာင္႐ြက္ႏိုင္ဖို႔ဖြဲ႕စည္းခဲ့တာလို႔ ဆိုပါ တယ္။ ႏိုင္ငံအတြက္လိုအပ္ရင္ ဘယ္ပါတီနဲ႔မဆို ပူးေပါင္းေဆာင္႐ြက္သြားမယ္လို႔ ဒီမိုကရက္တစ္ပါတီ(ျမန္မာ) ဥကၠ႒ ဦးသုေဝ က ေျပာပါတယ္။
ႀကံ့ခိုင္ေရးအပါအဝင္ ပါတီ ၂၀နဲ႔ ဆက္ဆံေရးနီးစပ္ခဲ့တဲ့ပါတီတစ္ခုကေတာ့ ပါတီ ၂၀ ဟာ မူဝါဒခံယူခ်က္အတြက္ ပူးေပါင္းခဲ့တာမဟုတ္ဘဲ ေ႐ြးေကာက္ပြဲအခြင့္အေရးအတြက္ ပူးေပါင္းခဲ့တာလို႔ သုံးသပ္ပါတယ္။
အဲဒီ အတြက္ သေဘာထားမတိုက္ဆိုင္ရင္ လြတ္လပ္စြာဆုံးျဖတ္ၾကလိမ့္မယ္လို႔ အမ်ိဳးသားဒီမိုကေရစီအင္အားစုပါတီ ဥကၠ႒ ဦးခင္ေမာင္ေဆြက ေျပာပါတယ္။
ႀကံ့ခိုင္ေရးပါတီအပါအဝင္ ပါတီ ၂၀ တို႔ဟာ ႏိုဝင္ဘာ ၂ရက္ေန႔က ျပည္ေထာင္စုေ႐ြး ေကာက္ပြဲေကာ္မရွင္ကို ကန႔္ကက္ေၾကာင္း ပူးတြဲသေဘာတူညီခ်က္ကို ေနာက္ဆုံးအေန နဲ႔ ထုတ္ျပန္ထားပါတယ္။
၂၀၂၀ အေထြေထြေ႐ြးေကာက္ပြဲ မတိုင္ခင္မွာ ႏိုင္ငံေရးပါတီေတြဟာ ေ႐ြးေကာက္ပြဲ ေအာင္ႏိုင္ေရးအတြက္ မဟာမိတ္မူဝါဒအမ်ိဳးမ်ိဳးေျပာင္းလဲ ႏိုင္တဲ့အတြက္ လက္ရွိျဖစ္စဥ္ ဟာမထူး ဆန္းတဲ့အေၾကာင္း ေလ့လာသူေတြက သုံးသပ္ပါတယ္။
Unicode
ICJ ကြေညာချက်ကိစ္စ ကြံ့ခိုင်ရေးပါတီနှင့် မဟာမိတ်ပါတီတွေအကြား သဘောထားကွဲ
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် အိုင်စီဂျေ တရားရုံးမှာ အမှုရင်ဆိုင်ဖို့သွားရောက်တဲ့ကိစ္စကို ထောက်ခံကြောင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက တပါတီ တည်း ကြေညာချက်ထုတ်ပြန်ခဲ့တဲ့အတွက် မဟာမိတ်ပါတီ ၂၀ အကြား သဘောထားကွဲလွဲတာတွေ ဖြစ်ပေါ်နေပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ အိုင်စီဂျေခရီးစဉ်ကိုထောက်ခံကြောင်းနဲ့ လိုအပ်ရင် ပူးပေါင်း ကူညီသွားမယ်လို့ ကြံ့ခိုင်ရေးပါတီက ဒီဇင်ဘာ ၅ ရက်နေ့မှာ တပါတီတည်း သီး သန့် ကြေညာချက်ထုတ်ပြန်ခဲ့တာပါ။
အရင်က ကြေညာချက်ထုတ်ပြန်ပါက မဟာမိတ်ပါတီတွေကို အသိပေးဆွေးနွေးပြီး ပူးပေါင်း ကြေညာချက်ထုတ်ပြန်လေ့ရှိပေမယ့် ဒီကိစ္စမှာတော့ ကြံ့ခိုင်ရေးပါတီက တ ပါတီထဲသီးခြား ထုတ်ပြန်ကြေညာခဲ့တာဖြစ်လို့ မဟာမိတ်ပါတီ ၂၀ အကြားမှာ သဘောထား ကွဲလွဲမှုတွေဖြစ်ပေါ်ခဲ့ပါတယ်။
မဟာမိတ် ပါတီ ၂၀ ထဲက ပါတီတချို့က အဖွဲ့ထဲကထွက်မယ်လို့ အသံတွေထွက်ပေါ်ခဲ့ပြီး နောက်နောင် ကြံ့ခိုင်ရေးပါတီနဲ့ ပူးတွဲကြေညာချက်တွေမထုတ်ပြန်တော့ဘူးလို့ လည်း သဘောထားတွေ ထွက်ပေါ်ခဲ့ပါတယ်။
ဒါနဲ့ပတ်သက်ပြီး ပါတီ ၂၀ မဟာမိတ်မဖွဲ့ခင်ကတည်းက သဘောတူညီချက်တွေအတိုင်း အဖွဲ့ဝင်တွေဟာ လွတ်လပ်စွာဆုံးဖြတ်ခွင့်ရှိတယ်လို့ ကြံ့ခိုင်ရေးပါတီ ဗဟိုအ လုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာနန္ဒာလှမြင့်က ပြောပါတယ်။
ပါတီ ၂၀ထဲမှာ ပါဝင်တဲ့ ဒီမိုကရက်တစ်ပါတီ(မြန်မာ)ကတော့ မဟာမိတ်အဖွဲ့ဟာ နိုင်ငံရဲ့အကျိုးစီးပွားအတွက် လိုအပ်ရင် ပူးပေါင်းဆောင်ရွက်နိုင်ဖို့ဖွဲ့စည်းခဲ့တာလို့ ဆိုပါ တယ်။ နိုင်ငံအတွက်လိုအပ်ရင် ဘယ်ပါတီနဲ့မဆို ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ဒီမိုကရက်တစ်ပါတီ(မြန်မာ) ဥက္ကဋ္ဌ ဦးသုဝေ က ပြောပါတယ်။
ကြံ့ခိုင်ရေးအပါအဝင် ပါတီ ၂၀နဲ့ ဆက်ဆံရေးနီးစပ်ခဲ့တဲ့ပါတီတစ်ခုကတော့ ပါတီ ၂၀ ဟာ မူဝါဒခံယူချက်အတွက် ပူးပေါင်းခဲ့တာမဟုတ်ဘဲ ရွေးကောက်ပွဲအခွင့်အရေးအ တွက် ပူးပေါင်းခဲ့တာလို့ သုံးသပ်ပါတယ်။
အဲဒီ အတွက် သဘောထားမတိုက်ဆိုင်ရင် လွတ်လပ်စွာဆုံးဖြတ်ကြလိမ့်မယ်လို့ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေက ပြောပါတယ်။
ကြံ့ခိုင်ရေးပါတီအပါအဝင် ပါတီ ၂၀ တို့ဟာ နိုဝင်ဘာ ၂ရက်နေ့က ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်ကို ကန့်ကက်ကြောင်း ပူးတွဲသဘောတူညီချက်ကို နောက်ဆုံး အနေနဲ့ ထုတ်ပြန်ထားပါတယ်။
၂၀၂၀ အထွေထွေရွေးကောက်ပွဲ မတိုင်ခင်မှာ နိုင်ငံရေးပါတီတွေဟာ ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် မဟာမိတ်မူဝါဒအမျိုးမျိုးပြောင်းလဲ နိုင်တဲ့အတွက် လက်ရှိ ဖြစ်စဉ်ဟာမထူး ဆန်းတဲ့အကြောင်း လေ့လာသူတွေက သုံးသပ်ပါတယ်။
====================================
END / 251