
အဲဟ္ေလ့ဘိုက္(သ) (အလိုင္ေဟမြစ္စလာမ္) သတင္းဌာန ၊ အဗ္နာ
Zawgyi
ရခိုင္ျပည္နယ္၊ တည္ၿငိမ္ေအးခ်မ္းေရး အေထာက္အကူျပဳေကာ္မတီရဲ႕ အၿပီးသတ္ အစီရင္ခံစာ ျပဳစုၿပီးစီးသြားၿပီလို႔ ေကာ္မတီဥကၠ႒ ဦးေအးသာေအာင္က ေျပာတဲ့အေၾကာင္း အစိုးရ ျပန္ၾကားေရးက သတင္းထုတ္ျပန္ပါတယ္။
အစီရင္ခံစာထဲမွာ ဘယ္လိုအေၾကာင္းအရာေတြ ထည့္သြင္းထားသလဲဆိုတဲ့ အေသးစိတ္ အခ်က္အလက္ေတြကေတာ့ သတင္းမွာ ေဖာ္ျပျခင္းမရွိပါဘူး။
အမ်ိဳးသားလႊတ္ေတာ္ဒုဥကၠ႒ ဦးေအးသာေအာင္ ဦးေဆာင္တဲ့ အဲဒီေကာ္မတီရဲ႕ အႀကံျပဳ ညႇိႏႈိင္းအစည္းအေဝးကို ဒီဇင္ဘာ ၂၃ ရက္က ေနျပည္ေတာ္ လႊတ္ေတာ္ေရးရာ ေဆာင္မွာ ျပဳလုပ္ခဲ့တာပါ။
အၿပီးသတ္ အစီရင္ခံစာလို႔ ေျပာရမယ့္ ေနာက္ဆုံး တတိယအႀကိမ္ အစီရင္ခံစာ မူၾကမ္းတခုကို ေရးၿပီးျဖစ္သလို သူအပါအဝင္ ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာေဖျမင့္၊ ဒုတိ ယေရွ႕ေနခ်ဳပ္ ဦးဝင္းျမင့္၊ ဒုတိယဝန္ႀကီး ဦးတင္ျမင့္တို႔နဲ႔အတူ တည္းျဖတ္သင့္တဲ့ ကိစၥေတြကို တည္းျဖတ္ထားၿပီးၿပီလို႔ အစည္းအေဝးမွာ ဦးေအးသာေအာင္က ေျပာပါတယ္။
ၿပီးေတာ့ ေကာ္မတီအတြင္းေရးမႉး ျပည္ေထာင္စုအစိုးရအဖြဲ႕႐ုံးဝန္ႀကီးဌာန ဒုတိယဝန္ႀကီးဦးတင္ျမင့္က အစီရင္ခံစာမူၾကမ္းကို တပိုဒ္ခ်င္းစီ ေကာ္မတီအဖြဲ႕ဝင္ေတြက မူၾကမ္းမွာ ျပင္ဆင္၊ ျဖည့္စြက္၊ ပယ္ဖ်က္ခ်င္တဲ့ အခ်က္ေတြကို ေဆြးေႏြးခဲ့ၾကပါတယ္။
ဒီေကာ္မတီကို ႏိုင္ငံေတာ္သမၼတက မတ္လ ၁၄ ရက္မွာ အမိန႔္ထုတ္ျပန္ ဖြဲ႕စည္းေပးခဲ့တာျဖစ္ၿပီး စုစုေပါင္း အဖြဲ႕ဝင္ ၁၄ ေယာက္ ပါပါတယ္။
ဒါေပမဲ့ အဖြဲ႕ဝင္ေတြျဖစ္တဲ့ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးဦးလွေစာနဲ႔ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚထုေမတို႔ကေတာ့ ေကာ္မတီမွာ ပါဝင္ေဆာင္႐ြက္တာ မရွိခဲ့ပါဘူး။
အဲဒီအၿပီးသတ္အစီရင္ခံစာ ေဆြးေႏြးတဲ့ အစည္းအေဝးမွာလည္း ဥကၠ႒၊ ဒုဥကၠ႒-၁ နဲ႔ ၂၊ အတြင္းေရးမႉး၊ အဖြဲ႕ဝင္ေတြ အပါအဝင္ စုစုေပါင္း ၉ ေယာက္ပဲ တက္ေရာက္ခဲ့ပါ တယ္။
Unicode
ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အထောက်အကူပြုကော်မတီ အစီရင်ခံစာပြုစုပြီးစီး
ရခိုင်ပြည်နယ်၊ တည်ငြိမ်အေးချမ်းရေး အထောက်အကူပြုကော်မတီရဲ့ အပြီးသတ်အစီရင်ခံစာ ပြုစုပြီးစီးသွားပြီလို့ ကော်မတီဥက္ကဋ္ဌ ဦးအေးသာအောင်က ပြောတဲ့အ ကြောင်း အစိုးရ ပြန်ကြားရေးက သတင်းထုတ်ပြန်ပါတယ်။
အစီရင်ခံစာထဲမှာ ဘယ်လိုအကြောင်းအရာတွေ ထည့်သွင်းထားသလဲဆိုတဲ့ အသေးစိတ် အချက်အလက်တွေကတော့ သတင်းမှာ ဖော်ပြခြင်းမရှိပါဘူး။
အမျိုးသားလွှတ်တော်ဒုဥက္ကဋ္ဌ ဦးအေးသာအောင် ဦးဆောင်တဲ့ အဲဒီကော်မတီရဲ့ အကြံပြု ညှိနှိုင်းအစည်းအဝေးကို ဒီဇင်ဘာ ၂၃ ရက်ကနေပြည်တော် လွှတ် တော်ရေးရာဆောင်မှာ ပြုလုပ်ခဲ့တာပါ။
အပြီးသတ် အစီရင်ခံစာလို့ ပြောရမယ့် နောက်ဆုံး တတိယအကြိမ် အစီရင်ခံစာ မူကြမ်းတခုကို ရေးပြီးဖြစ်သလို သူအပါအဝင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ ဒုတိ ယရှေ့နေချုပ် ဦးဝင်းမြင့်၊ ဒုတိယဝန်ကြီး ဦးတင်မြင့်တို့နဲ့အတူ တည်းဖြတ်သင့်တဲ့ ကိစ္စတွေကို တည်းဖြတ်ထားပြီးပြီလို့ အစည်းအဝေးမှာ ဦးအေးသာအောင်က ပြောပါ တယ်။
ပြီးတော့ ကော်မတီအတွင်းရေးမှူး ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးတင်မြင့်က အစီရင်ခံစာမူကြမ်းကို တပိုဒ်ချင်းစီ ကော်မတီအဖွဲ့ဝင်တွေက မူကြမ်း မှာ ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ချင်တဲ့ အချက်တွေကို ဆွေးနွေးခဲ့ကြပါတယ်။
ဒီကော်မတီကို နိုင်ငံတော်သမ္မတက မတ်လ ၁၄ ရက်မှာ အမိန့်ထုတ်ပြန် ဖွဲ့စည်းပေးခဲ့တာဖြစ်ပြီး စုစုပေါင်း အဖွဲ့ဝင် ၁၄ ယောက် ပါပါတယ်။
ဒါပေမဲ့ အဖွဲ့ဝင်တွေဖြစ်တဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဦးလှစောနဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ထုမေတို့ကတော့ ကော်မတီမှာပါဝင် ဆောင်ရွက်တာ မရှိခဲ့ပါဘူး။
အဲဒီအပြီးသတ်အစီရင်ခံစာ ဆွေးနွေးတဲ့ အစည်းအဝေးမှာလည်း ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ-၁ နဲ့ ၂၊ အတွင်းရေးမှူး၊ အဖွဲ့ဝင်တွေ အပါအဝင် စုစုပေါင်း ၉ ယောက်ပဲ တက် ရောက်ခဲ့ပါတယ်။
====================================
END / 251