၂၆ ဒီဇင်ဘာ ၂၀၁၉ - ၁၇:၁၅
ေအေအ ဖမ္းဆီးထားသည့္ ဘူးသီးေတာင္ အန္အယ္လ္ဒီ ဥကၠ႒ ဦးရဲသိန္း ေသဆုံး

ေအေအက ဖမ္းဆီးထားတဲ့ ဘူးသီးေတာင္ၿမိဳ႕နယ္ အမ်ိဳးသား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ဥကၠ႒ ဦးရဲသိန္း ေသဆုံးသြားၿပီလို႔ ေအ ေအက သတင္းထုတ္ျပန္ပါတယ္။

အဲဟ္ေလ့ဘိုက္(သ) (အလိုင္ေဟမြစ္စလာမ္) သတင္းဌာန ၊ အဗ္နာ

Zawgyi


ေအေအက ဖမ္းဆီးထားတဲ့ ဘူးသီးေတာင္ၿမိဳ႕နယ္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ဥကၠ႒ ဦးရဲသိန္း ေသဆုံးသြားၿပီလို႔ ေအေအက သတင္းထုတ္ျပန္ပါတယ္။

တပ္မေတာ္ဘက္က ဒီဇင္ဘာ ၂၅ ရက္က ပစ္ခတ္တဲ့ လက္နက္ႀကီးက်ည္ထိမွန္ၿပီး ပြဲခ်င္းၿပီး ေသဆုံးခဲ့တယ္လို႔ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

ဒါေပမဲ့ အဆိုပါ ထုတ္ျပန္ခ်က္အတိုင္း အမွန္တကယ္ ဟုတ္၊ မဟုတ္ ဆိုတာကေတာ့ ဒီဗြီဘီက သီးျခားအတည္ျပဳခ်က္ မရယူႏိုင္ေသးပါဘူး။

ဘူးသီးေတာင္၊ အန္အယ္လ္ဒီ ဥကၠ႒ ဦးရဲသိန္းဟာ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ အျပည္ျပည္ဆိုင္ရာ တရား႐ုံး (အိုင္စီေဂ်)မွာ သြားေရာက္တဲ့အခ်ိန္ မွာ ေဒၚေအာင္ဆန္းစုၾကည္ ေထာက္ခံပြဲ ျပဳလုပ္ဖို႔ ျပင္ဆင္ေနတုန္း ေအေအတပ္ဖြဲ႕က ဖမ္းဆီးခဲ့တာပါ။

ေအေအကေတာ့ ဦးရဲသိန္းကို ဒီဇင္ဘာလ ၁၁ ရက္ေန႔မွာ စစ္ေဆးဖို႔ ေခတၱေခၚယူထားတယ္လို႔ သတင္းထုတ္ျပန္ထားပါတယ္။

Unicode

အေအေ ဖမ်းဆီးထားသည့် ဘူးသီးတောင် အန်အယ်လ်ဒီ ဥက္ကဋ္ဌ ဦးရဲသိန်း သေဆုံး

အေအေက ဖမ်းဆီးထားတဲ့ ဘူးသီးတောင်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးရဲသိန်း သေဆုံးသွားပြီလို့ အေအေက သတင်းထုတ်ပြန်ပါတယ်။

တပ်မတော်ဘက်က ဒီဇင်ဘာ ၂၅ ရက်က ပစ်ခတ်တဲ့ လက်နက်ကြီးကျည်ထိမှန်ပြီး ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါပေမဲ့ အဆိုပါ ထုတ်ပြန်ချက်အတိုင်း အမှန်တကယ် ဟုတ်၊ မဟုတ် ဆိုတာကတော့ ဒီဗွီဘီက သီးခြားအတည်ပြုချက် မရယူနိုင်သေးပါဘူး။

ဘူးသီးတောင်၊ အန်အယ်လ်ဒီ ဥက္ကဋ္ဌ ဦးရဲသိန်းဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပြည်ပြည်ဆိုင်ရာ တရားရုံး (အိုင်စီဂျေ)မှာ သွား ရောက်တဲ့အချိန်မှာ ဒေါ်အောင်ဆန်းစုကြည် ထောက်ခံပွဲ ပြုလုပ်ဖို့ ပြင်ဆင်နေတုန်း အေအေတပ်ဖွဲ့က ဖမ်းဆီးခဲ့တာပါ။

အေအေကတော့ ဦးရဲသိန်းကို ဒီဇင်ဘာလ ၁၁ ရက်နေ့မှာ စစ်ဆေးဖို့ ခေတ္တခေါ်ယူထားတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

====================================

END / 251