
အဲဟ္ေလ့ဘိုက္(သ) (အလိုင္ေဟမြစ္စလာမ္) သတင္းဌာန ၊ အဗ္နာ
Zawgyi
အဖြဲ႕အစည္းတစ္ခုသည္႐ုပ္ပိုင္းဆိုင္ရာအင္အားႀကီးေစကာမူစိတ္ဓာတ္ပိုင္းဆိုင္ရာအင္အားမရွိလွ်င္ေအာင္ျမင္ႏိုင္မည္မဟုတ္ေၾကာင္းရဲေဘာ္သုံးက်ိပ္မိသားစုဝင္မ်ားႏွင့္ေတြ႕ဆုံ စဥ္ႏိုင္ငံေတာ္၏ အတိုင္ပင္ခံ ပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က ေျပာၾကားသည္။
ဒီဇင္ဘာ ၂၆ ရက္ကရန္ကုန္ ၿမိဳ႕ ေတာင္ဥကၠလာပၿမိဳ႕နယ္ရွိ Grand Mercure Yangon Golden Empire Hotel ၌ ျပဳလုပ္ ေသာ ရဲေဘာ္သုံးက်ိပ္မိသားစုသာ ေရးနာ ေရးအဖြဲ႕(၃၂)ႀကိမ္ေျမာက္ မိသားစု မိတ္ဆုံစားပြဲတြင္ ရဲေဘာ္ သုံးက်ိပ္ဝင္ဗိုလ္ေတဇ(ခ)ဗိုလ္ခ်ဳပ္ ေအာင္ဆန္း၏သမီး ေဒၚေအာင္ ဆန္းစုၾကည္က အထက္ပါအတိုင္း ေျပာ ၾကားခဲ့သည္။
ျမန္မာႏိုင္ငံလြတ္လပ္ေရးရ ယူႏိုင္ရန္ ရည္႐ြယ္ကာ တပ္မ ေတာ္ကို လူငယ္ရဲေဘာ္အမ်ိဳး သား ၃၀ ဦးျဖင့္ ၁၉၄၁ တြင္စတင္ ထူေထာင္ခဲ့သည္။
‘‘ရဲေဘာ္ရဲဘက္ ၃၀ ကေနစ ၿပီး ျမန္မာႏိုင္ငံရဲ႕တပ္မေတာ္ ႀကီးက ေပါက္ဖြားလာတာပါ။ အ ခုဆိုရင္သိန္းနဲ႔ခ်ီၿပီး အင္အားရွိေန ပါၿပီ။ ႐ုပ္ပိုင္းဆိုင္ရာအင္အားရွိ ၿပီးေတာ့ စိတ္ ဓာတ္ပိုင္းဆိုင္ရာ အင္အားညံ့ဖ်င္းရင္ ႐ုပ္ပိုင္းဆိုင္ ရာ အင္အားေတြက ပ်က္စီးသြား ႐ုံတင္မကတစ္ခါတေလ ကိုယ့္ ကိုယ္ကိုယ္ေတာင္ ျပန္ၿပီးေတာ့ အႏၲရာယ္ျဖစ္တတ္ပါ တယ္’’ ဟု ေဒၚေအာင္ဆန္းစုၾကည္က သတိ ေပးသည္။
ႏိုင္ငံ့အက်ိဳးထမ္းေဆာင္ရာ တြင္ ေအာင္ျမင္မႈရရွိေစရန္ ရဲ ေဘာ္ရဲဘက္စိတ္သည္အင္မတန္ အေရးႀကီးၿပီးမိမိ၏ ေသြးသားအ ရင္းမ်ားထက္ ပို၍ ႏိုင္ငံသူ၊ ႏိုင္ငံ သားမ်ားအေပၚ ရဲေဘာ္ရဲဘက္ စိတ္ထားကာ တန္ဖိုးထားရမည္ ဟု ၎ကတိုက္တြန္းသည္။
လက္ရွိႏိုင္ငံတြင္ လုပ္ ေဆာင္စရာမ်ား မ်ားစြာက်န္ေန ေသးေၾကာင္းႏွင့္ ဖြံ႕ၿဖိဳးတိုးတက္ သည့္ ႏိုင္ငံတစ္ခုျဖစ္သည္ဟုေျပာ ၍ မရသျဖင့္ အားလုံးတြင္တာဝန္ ရွိသည္ဟု သတ္ မွတ္ထားေၾကာင္း ၎ကဆိုသည္။
ထို႔အျပင္ ရဲေဘာ္သုံးက်ိပ္ မိသားစုဝင္မ်ားအေနျဖင့္ မိဘအ ေမြကိုဆက္ခံပါက တာဝန္မ်ား ကိုပါ ဆက္ခံရမည္ျဖစ္ၿပီး ဖခင္ မ်ားအေပၚ သတိရျခင္းရွိပါက ဖခင္မ်ား၏ ရည္႐ြယ္ ခ်က္၊ ေမွ်ာ္ မွန္းခ်က္မ်ားကို ျဖည့္ဆည္းေပး ႏိုင္ေရး ဝိုင္းဝန္းေဆာင္႐ြက္ႏိုင္ ပါေစဟု ဆုေတာင္းေမတၱာပို႔ပါ ေၾကာင္း ေဒၚေအာင္ဆန္းစုၾကည္ က ဆက္လက္ေျပာၾကားသည္။
ရဲေဘာ္သုံးက်ိပ္မိသားစုသာ ေရးနာေရးအဖြဲ႕ကို ရဲေဘာ္သုံး က်ိပ္ဝင္ ကိုးဦးက ဦးေဆာင္၍ ၁၉၈၃ ဒီဇင္ဘာ ၂၆ ရက္တြင္ စတင္ဖြဲ႕စည္းခဲ့သည္။ လက္ရွိ တြင္ ယင္းသာေရး နာေရးအဖြဲ႕ တြင္ ရဲေဘာ္သုံးက်ိပ္ဝင္ ဗိုလ္ျမင့္ ေဆြ၏ဇနီး အသက္ (၉၄) ႏွစ္အ ႐ြယ္ ေဒၚၾကည္ၾကည္ဝင္း တစ္ဦး တည္းသာ သက္ရွိထင္ရွားက်န္ရွိ သည္။
Unicode
အဖွဲ့အစည်းတစ်ခုသည် ရုပ်ပိုင်းဆိုင်ရာအင်အားကြီးသော်လည်း စိတ်ဓာတ်ပိုင်းဆိုင်ရာ အင်အားမရှိလျှင် အောင်မြင်မည်မဟုတ်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော
အဖွဲ့အစည်းတစ်ခု သည်ရုပ်ပိုင်းဆိုင်ရာ အင်အားကြီး စေကာမူ စိတ်ဓာတ်ပိုင်းဆိုင်ရာ အင်အားမရှိလျှင် အောင်မြင်နိုင် မည်မဟုတ်ကြောင်း ရဲဘော်သုံး ကျိပ်မိသားစု ဝင်များနှင့် တွေ့ဆုံ စဉ်နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
ဒီဇင်ဘာ ၂၆ ရက်ကရန်ကုန် မြို့ တောင်ဥက္ကလာပမြို့နယ်ရှိ Grand Mercure Yangon Golden Empire Hotel ၌ ပြုလုပ် သော ရဲဘော်သုံးကျိပ်မိသားစုသာ ရေး နာရေးအဖွဲ့(၃၂)ကြိမ်မြောက် မိသားစု မိတ်ဆုံစားပွဲတွင် ရဲဘော် သုံးကျိပ်ဝင်ဗိုလ်တေဇ(ခ)ဗိုလ်ချုပ် အောင်ဆန်း၏သမီး ဒေါ်အောင် ဆန်းစုကြည်က အထက်ပါအ တိုင်း ပြောကြားခဲ့သည်။
မြန်မာနိုင်ငံလွတ်လပ်ရေးရ ယူနိုင်ရန် ရည်ရွယ်ကာ တပ်မ တော်ကို လူငယ်ရဲဘော်အမျိုး သား ၃၀ ဦးဖြင့် ၁၉၄၁ တွင်စတင် ထူထောင်ခဲ့သည်။
‘‘ရဲဘော်ရဲဘက် ၃၀ ကနေစ ပြီး မြန်မာနိုင်ငံရဲ့တပ်မတော် ကြီးက ပေါက်ဖွားလာတာပါ။ အ ခုဆိုရင်သိန်းနဲ့ချီပြီး အင်အားရှိနေ ပါပြီ။ ရုပ်ပိုင်းဆိုင်ရာအင်အားရှိ ပြီးတော့ စိတ်ဓာတ်ပိုင်းဆိုင်ရာ အင်အားညံ့ဖျင်းရင် ရုပ်ပိုင်းဆိုင် ရာ အင်အားတွေက ပျက်စီးသွား ရုံတင်မကတစ်ခါတလေ ကိုယ့် ကိုယ်ကိုယ်တောင် ပြန်ပြီးတော့ အန္တရာယ် ဖြစ်တတ်ပါတယ်’’ ဟု ဒေါ်အောင်ဆန်းစုကြည်က သတိ ပေးသည်။
နိုင်ငံ့အကျိုးထမ်းဆောင်ရာ တွင် အောင်မြင်မှုရရှိစေရန် ရဲ ဘော်ရဲဘက်စိတ်သည်အင်မတန် အရေးကြီးပြီးမိမိ၏ သွေးသားအ ရင်းများထက် ပို၍ နိုင်ငံသူ၊ နိုင်ငံ သား များအပေါ် ရဲဘော် ရဲဘက် စိတ်ထားကာ တန်ဖိုးထားရမည် ဟု ၎င်းကတိုက်တွန်းသည်။
လက်ရှိနိုင်ငံတွင် လုပ် ဆောင်စရာများ များစွာကျန်နေ သေးကြောင်းနှင့် ဖွံ့ဖြိုးတိုးတက် သည့် နိုင်ငံတစ်ခုဖြစ်သည်ဟုပြော ၍ မရသဖြင့် အားလုံးတွင်တာဝန် ရှိသည် ဟု သတ်မှတ်ထားကြောင်း ၎င်းကဆိုသည်။
ထို့အပြင် ရဲဘော်သုံးကျိပ် မိသားစုဝင်များအနေဖြင့် မိဘအ မွေကိုဆက်ခံပါက တာဝန်များ ကိုပါ ဆက်ခံရမည်ဖြစ်ပြီး ဖခင် များအပေါ် သတိရခြင်းရှိပါက ဖခင်များ၏ ရည် ရွယ်ချက်၊ မျှော် မှန်းချက်များကို ဖြည့်ဆည်းပေး နိုင်ရေး ဝိုင်းဝန်းဆောင်ရွက်နိုင် ပါစေဟု ဆုတောင်းမေတ္တာပို့ပါ ကြောင်း ဒေါ်အောင်ဆန်းစုကြည် က ဆက်လက် ပြောကြားသည်။
ရဲဘော်သုံးကျိပ်မိသားစုသာ ရေးနာရေးအဖွဲ့ကို ရဲဘော်သုံး ကျိပ်ဝင် ကိုးဦးက ဦးဆောင်၍ ၁၉၈၃ ဒီဇင်ဘာ ၂၆ ရက်တွင် စတင်ဖွဲ့စည်းခဲ့သည်။ လက်ရှိ တွင် ယင်းသာ ရေးနာရေးအဖွဲ့ တွင် ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မြင့် ဆွေ၏ဇနီး အသက် (၉၄) နှစ်အ ရွယ် ဒေါ်ကြည်ကြည်ဝင်း တစ်ဦး တည်းသာ သက်ရှိထင်ရှားကျန်ရှိ သည်။
====================================
END / 251