၃၁ ဒီဇင်ဘာ ၂၀၁၉ - ၁၈:၁၇
တပ္ပိုင္စီးပြားေရးလုပ္ငန္းမ်ား ဗိုလ္ခ်ဳပ္မႉးႀကီးသြားေရာက္ ၾကည့္ရႈ

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္ လႈိင္နဲ႔ တပ္မေတာ္ထိပ္တန္း အရာရွိေတြပါဝင္တဲ့အဖြဲ႕ဟာဒီ ဇင္ဘာ ၃၀ ရက္က ရန္ကုန္တိုင္းရွိ တပ္မေတာ္ပိုင္စီးပြားေရး လုပ္ငန္းေတြကို သြားေရာက္ၾကည့္ရႉ စစ္ေဆးပါတယ္။

အဲဟ္ေလ့ဘိုက္(သ) (အလိုင္ေဟမြစ္စလာမ္) သတင္းဌာန ၊ အဗ္နာ

Zawgyi


တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္နဲ႔ တပ္မေတာ္ထိပ္တန္း အရာရွိေတြပါဝင္တဲ့အဖြဲ႕ဟာဒီဇင္ဘာ ၃၀ ရက္က ရန္ကုန္တိုင္းရွိ တပ္မေတာ္ပိုင္ စီး ပြားေရး လုပ္ငန္းေတြကို သြားေရာက္ၾကည့္ရႉ စစ္ေဆးပါတယ္။

ဗိုလ္ခ်ဳပ္မႉးႀကီးနဲ႔ အဖြဲ႕ဟာမဂၤလာဒုံၿမိဳ႕နယ္ရွိ Kha Yae Pin Mart တပ္မေတာ္စက္႐ုံ ထုတ္ပစၥည္းအေရာင္းဆိုင္ကို ဖြင့္လွစ္ခဲ့သလိုအင္းဝဘဏ္ လီမိတက္ရဲ႕ (၆၄) ခုေျမာက္ ဘဏ္ခြဲ ျဖစ္တဲ့ မဂၤလာဒုံဘဏ္ခြဲကိုလည္း ဖြင့္လွစ္ေပးခဲ့တယ္လို႔ တပ္မေတာ္က သတင္းထုတ္ျပန္ပါတယ္။

Kha Yae Pin Mart ကုန္တိုက္မွာတပ္မေတာ္စက္႐ုံေတြ၊ျမန္မာစီးပြားေရးဦးပိုင္ ကုမၸဏီလီမိတက္နဲ႔ ျမန္မာစီးပြားေရးေကာ္ပိုေရးရွင္းတို႔ကထုတ္လုပ္တဲ့ စားေသာက္ကုန္၊ လူသုံးကုန္ ပစၥည္းအမ်ိဳးမ်ိဳးကို ေစ်းႏႈန္းခ်ိဳသာစြာနဲ႔ ေန႔စဥ္ မနက္ ၈ နာရီမွ ည ၈ နာရီ အထိ ေရာင္းခ်ေပးမယ္လို႔ သိရပါတယ္။

ဒါ့အျပင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္နဲ႔ အဖြဲ႕ဟာ  ဒဂုံၿမိဳ႕သစ္(ေတာင္ပိုင္း)ၿမိဳ႕နယ္ရွိ ျမန္မာ့စီးပြားေရးဦးပိုကုမၸဏီရဲ႕ အထည္ခ်ဳပ္စက္႐ုံကို သြားေရာက္ၾကည့္ရႈစစ္ေဆးသ လို ျမန္မာ့သားေကာင္းစစ္မႈထမ္းေဟာင္း အိမ္ရာ(ေလးေထာင့္ကန္)ရွိ အဆင့္ျမင့္ဥစားၾကက္ၿခံလုပ္ငန္း ကိုလည္း သြားေရာက္ၾကည့္ရႈခဲ့တယ္လို႔ ဆိုပါတယ္။

တပ္ပိုင္စီးပြားေရးလုပ္ငန္းေတြဟာ အမ်ားျပည္သူအတြက္လူသုံးကုန္ပစၥည္းေတြ ထုတ္လုပ္ေပးႏိုင္ဖို႔နဲ႔ တပ္မေတာ္သားေတြ၊စစ္မႈထမ္းေဟာင္းေတြရဲ႕ မွီခိုသူဇနီး၊ သားသမီးေတြ အလုပ္အကိုင္ အခြင့္အလမ္းရရွိေစဖို႔ ရည္႐ြယ္ေဆာင္႐ြက္တာလို႔ ကာကြယ္ေရးဦးစီးခ်ဳပ္က ေျပာပါတယ္။

Unicode

တပ်ပိုင်စီးပွားရေးလုပ်ငန်းများ ဗိုလ်ချုပ်မှူးကြီးသွားရောက် ကြည့်ရှု

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့တပ်မတော် ထိပ်တန်း အရာရှိတွေပါဝင်တဲ့အဖွဲ့ဟာဒီဇင်ဘာ ၃၀ ရက်ကရန်ကုန်တိုင်းရှိ တပ်မ တော်ပိုင် စီးပွားရေး လုပ်ငန်းတွေကို သွားရောက်ကြည့်ရှူ စစ်ဆေးပါတယ်။

ဗိုလ်ချုပ်မှူးကြီးနဲ့အဖွဲ့ဟာ မင်္ဂလာဒုံမြို့နယ်ရှိ Kha Yae Pin Mart တပ်မတော်စက်ရုံ ထုတ်ပစ္စည်းအရောင်းဆိုင်ကို ဖွင့်လှစ်ခဲ့သလိုအင်းဝဘဏ် လီမိတက်ရဲ့ (၆၄) ခုမြောက် ဘဏ်ခွဲ ဖြစ်တဲ့ မင်္ဂလာဒုံဘဏ်ခွဲကိုလည်း ဖွင့်လှစ်ပေးခဲ့တယ်လို့ တပ်မတော်က သတင်းထုတ်ပြန်ပါတယ်။

Kha Yae Pin Mart ကုန်တိုက်မှာ တပ်မတော်စက်ရုံတွေ၊ မြန်မာစီးပွားရေးဦးပိုင် ကုမ္ပဏီလီမိတက်နဲ့မြန်မာစီးပွားရေးကော်ပိုရေးရှင်းတို့ကထုတ်လုပ်တဲ့ စားသောက် ကုန်၊ လူသုံးကုန် ပစ္စည်းအမျိုးမျိုးကို ဈေးနှုန်းချိုသာစွာနဲ့ နေ့စဉ် မနက် ၈ နာရီမှ ည ၈ နာရီ အထိ ရောင်းချပေးမယ်လို့ သိရပါတယ်။

ဒါ့အပြင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ အဖွဲ့ဟာ  ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရှိ မြန်မာ့စီးပွားရေးဦးပိုကုမ္ပဏီရဲ့ အထည်ချုပ်စက်ရုံကို သွားရောက်ကြည့်ရှုစစ် ဆေးသလို မြန်မာ့သားကောင်းစစ်မှုထမ်းဟောင်း အိမ်ရာ(လေးထောင့်ကန်)ရှိ အဆင့်မြင့်ဥစားကြက်ခြံလုပ်ငန်း ကိုလည်း သွားရောက်ကြည့်ရှုခဲ့တယ်လို့ ဆိုပါတယ်။

တပ်ပိုင်စီးပွားရေးလုပ်ငန်းတွေဟာ အများပြည်သူအတွက် လူသုံးကုန်ပစ္စည်းတွေ ထုတ်လုပ်ပေးနိုင်ဖို့နဲ့ တပ်မတော်သားတွေ၊ စစ်မှုထမ်းဟောင်းတွေရဲ့ မှီခိုသူဇနီး၊ သားသမီးတွေ အလုပ်အကိုင် အခွင့်အလမ်းရရှိစေဖို့ ရည်ရွယ်ဆောင်ရွက်တာလို့ ကာကွယ်ရေးဦးစီးချုပ်က ပြောပါတယ်။

====================================

END / 251