
အဲဟ္ေလ့ဘိုက္(သ) (အလိုင္ေဟမြစ္စလာမ္) သတင္းဌာန ၊ အဗ္နာ
Zawgyi
မိဘျပည္သူေတြအေနနဲ႔ တပ္မေတာ္နဲ႔လက္တြဲၿပီး ၂၀၂၀ ကာလကို ေက်ာ္လြန္ျဖတ္ေက်ာ္ၾကဖို႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က တိုက္တြန္း လိုက္ပါတယ္။
၂၀၂၀ ျပည့္ႏွစ္ ဇန္နဝါရီ ၁ ရက္ေန႔ ႏွစ္သစ္ကူးႏႈတ္ခြန္းဆက္စကားေျပာၾကားရာမွာ တပ္မေတာ္အႀကီးအကဲက တိုက္တြန္း ေျပာၾကားသြားတာျဖစ္ပါတယ္။
၂၀၁၁ ခုႏွစ္ကစၿပီး ျမန္မာႏိုင္ငံအေနနဲ႔ ပါတီစုံဒီမိုကေရစီလမ္းေၾကာင္းေပၚမွာ ေလွ်ာက္လွမ္းခဲ့တာ ၉ ႏွစ္တာကာလကို ေရာက္ရွိခဲ့ၿပီးျဖစ္ပါတယ္၊အတိတ္ကို ျပန္ၾကည့္မယ္ ဆိုရင္ ေအာင္ျမင္တာေတြ ရွိသလို အခက္အခဲေတြကို ေက်ာ္လႊားခဲ့ရတာေတြလည္း ရွိတယ္လို႔ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ေျပာပါတယ္။
“၂၀၂၀ ျပည့္ႏွစ္ဟာ ႏိုင္ငံအတြက္ၿငိမ္းခ်မ္းေရးအတြက္ေသာ္လည္းေကာင္း၊ႏိုင္ငံေရးအတြက္ေသာ္လည္းေကာင္းအေရးပါတဲ့ႏွစ္တစ္ႏွစ္ျဖစ္တယ္၊တပ္မေတာ္အေနနဲ႔အေကာင္း ဆုံးျဖစ္ေအာင္ ေဆာင္ၾကဥ္းလုပ္ေဆာင္သြားပါမယ္၊မိဘျပည္သူမ်ားကလည္းအစစအရာရာခ်င့္ခ်ိန္သုံးသပ္ၿပီးေတာ့မွ တပ္မေတာ္နဲ႔လက္တြဲၿပီးဒီ ၂၀၂၀ ကာလကိုလည္း ေက်ာ္ လြန္ျဖတ္ေက်ာ္ႏိုင္ပါေစလို႔ ဆုမြန္ေကာင္းေတာင္းပါတယ္။”လို႔ တပ္မေတာ္ ကာကြယ္ေရး ဦးစီးခ်ဳပ္က ႏွစ္သစ္ ဆုေတာင္းစကား ေျပာၾကားသြားပါ တယ္။
Unicode
တပ်မတော်နှင့် လက်တွဲပြီး ၂၀၂၀ ကာလကိုကျော်ဖြတ်ကြရန် ပြည်သူလူထုကို ကာချုပ်တိုက်တွန်း
မိဘပြည်သူတွေအနေနဲ့တပ်မတော်နဲ့လက်တွဲပြီး၂၀၂၀ကာလကိုကျော်လွန်ဖြတ်ကျော်ကြဖို့တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတိုက်တွန်း လိုက်ပါတယ်။
၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၁ ရက်နေ့ နှစ်သစ်ကူးနှုတ်ခွန်းဆက်စကားပြောကြားရာမှာတပ်မတော်အကြီးအကဲကတိုက်တွန်း ပြောကြားသွားတာဖြစ်ပါတယ်။
၂၀၁၁ ခုနှစ်ကစပြီး မြန်မာနိုင်ငံအနေနဲ့ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်မှာလျှောက်လှမ်းခဲ့တာ ၉ နှစ်တာကာလကိုရောက်ရှိခဲ့ပြီးဖြစ်ပါတယ်၊အတိတ်ကို ပြန်ကြည့် မယ်ဆိုရင် အောင်မြင်တာတွေ ရှိသလို အခက်အခဲတွေကို ကျော်လွှားခဲ့ရတာတွေလည်း ရှိတယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။
“၂၀၂၀ ပြည့်နှစ်ဟာနိုင်ငံအတွက် ငြိမ်းချမ်းရေးအတွက်သော်လည်းကောင်း၊ နိုင်ငံရေးအတွက်သော်လည်းကောင်း အရေးပါတဲ့နှစ်တစ်နှစ်ဖြစ်တယ်၊ တပ်မတော်အ နေနဲ့အကောင်းဆုံးဖြစ်အောင် ဆောင်ကြဉ်းလုပ်ဆောင်သွားပါမယ်၊မိဘ ပြည်သူများကလည်း အစစအရာရာချင့်ချိန်သုံးသပ်ပြီးတော့မှ တပ်မတော်နဲ့လက်တွဲပြီးဒီ ၂၀၂၀ ကာလကိုလည်းကျော်လွန်ဖြတ်ကျော်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပါတယ်။” လို့တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကနှစ်သစ်ဆုတောင်းစကား ပြောကြားသွားပါ တယ်။
====================================
END / 251