အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
အင်္ဂါနေ့

၉ ဇွန် ၂၀၂၀

၁၉:၂၈:၂၂
1044916

နမာဇ်၏ အရေးကြီး မှု နှင့် စည်းမျည်းစည်းကမ်းများ အချို့ / ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ခါမေနာ အီ

ရဲဟ်ဗရ် အင်န်ကေလာဗ် ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ခါမေနာ အီ ဖြေကြားထားပေးသည့် နမာဇ်၏ အရေးကြီး မှု နှင့် စည်းမျည်းစည်းကမ်းများ အချို့ ဆိုင်မေးခွန်း နှင့် အဖြေများ ဖြစ်ပါတယ်။ khamenei.ir ကို အဓိက ကိုးကားပါသည်။

 

(၁) မေးခွန်း ။ ။ တမင်သက်သက် နမာဇ် ကို စွန့်လွတ်သူ (မဖတ်သူ ) သို့မဟုတ် နမာဇ်အား ပေါ့တန်တန် သဘောထားသူများ နှင့်ပတ်သက်၍ မည်သည့် အမိန့်လာ ရှိပါသနည်း ?

 

(၁) အဖြေ ။ ။ နမာဇ် ၅ ကြိမ် ဝတ်ပြုခြင်းသည် အစ္စလာမ်မီ ရှရီအသ် တွင် အရေးကြီးပြီး ဝါဂျစ်ဗ် အလုပ်များ မှ ဖြစ်ပါတယ်။ တစ်နည်းအား ဖြင့် ဤ (နမာဇ်) သည် သာသနာ ၏ မဏ္ဍိုင် ဖြစ်ပါတယ်။ ပြီးနောက် နမာဇ်ကို ဝတ်မပြုဘဲ နေခြင်း (သို့မဟုတ်) ပေါ့တန်တန် သဘောထား ခြင်းသည် ရှအီအသ်တရားတော် အရ ဟရာမ် ဖြစ်ပြီး အဇါဒဗ်ကို ထိုက်စေသည့် လုပ်ရပ်ဖြစ် ပါတယ်။

ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ခါမေနာ အီ

 

မှတ်ချက် ။ ။ ကျနော် တို့ အကြား တွင် နမာဇ် ၅ကြိမ် မရလည်းနေပါစေ ၊အနည်းဆုံး ၂ကြိမ်ရရ ၊

၃ကြိမ် ဖြစ်ဖြစ်ရသလောက်ဖတ်ပေါ့ဆိုသည့် အယူအဆသည်လည်းလုံးဝ မှားယွင်းနေပါတယ်။ နမာဇ် ၅ ကြိမ် နေ့စဉ် ဖတ်ကို ဖတ်ရမည်။

 

 

(၂) မေးခွန်း ။ ။ အကယ်၍ တစ်ဦးတစ်ယောက်ကို ရေ (သို့မဟုတ်) သယမွန်မ်ပြုရန် ပိုင်သည့် ပစ္စည်းများ မရရှိသည့်အခါ ၎င်း အပေါ် နမာဇ် ဝါဂျစ်ဗ် ဖြစ်ပါသလား ?

 

(၂) အဖြေ ။ ။ အဲဟ်သေယာသ် အရ နမာဇ်အချိန် အတွင်း နမာဇ်ကို ဝတ်ပြုရပါမည်။ ပြီးနောက် နမာဇ်အချိန် ပြီးမှ ဝဇူ ဖြစ်စေ (သို့မဟုတ်) သယမွန်မ် ဖြစ်စေ နှင့် ကဇွာနမာဇ် ဖတ်ရမည်။

 

ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ခါမေနာ အီ

 

(၃) အမေး ။ ။ သောကြာနေ့ သောကြာနမာဇ် နှင့် ဇဟိုရ် နမာဇ် ၂ခု စလုံးဝတ်ပြုလိုလျှင် ၎င်းအနေဖြင့် နမာဇ် ၂ခု စလုံး အတွက် ကိုရ်ဗသန်အေလ္လာဟ် ၏ နီယသ် ချည်ရမည်လား ? (သို့ မဟုတ်) တစ်ခုတွင် ဝါဂျစ်ဗ် ကိုရ်ဗသန်အေလ္လာဟ် နီယသ် ချည် ပြီး နောက်တစ်ခု အတွက် ကိုရ်ဗသန်အေလ္လာဟ် နီယသ် ချည်ရမည် လား ? (သို့မဟုတ်) ၂ခုစလုံး အတွက် ဝါဂျစ်ဗ် ကိုရ်ဗသန်အေလ္လာဟ် နီယသ် ချည်ရမည်လား ?

 

(၃) အဖြေ ။ ။ နမာဇ် ၂ခု စလုံး တွင် ကိုရ်ဗသန်အေလ္လာဟ် ၏နီယသ် ချည် လျှင် လုံလောက် ပါသည်။ မည်သည့် နမာဇ် အတွက် ဝါဂျစ်ဗ် ကိုရ်ဗသန်အေလ္လာဟ် နီယသ် ချည်ရန် အရေးမကြီးပေ။

 

ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ခါမေနာ အီ

 

(၄) အမေး ။ ။ အကယ်၍ နမာဇ် ၏ ပထမအချိန် မှ စပြီး နောက်ဆုံးအချိန် နီသည့် အထိ ပါးစပ် (သို့မဟုတ်) နှာခေါင်းမှ သွေးထွက်နေလျှင် နမာဇ် အတွက် ဘာလိုမျိုးအမိန့်ရှိပါသနည်း ?

 

 

(၄) အဖြေ ။ ။ အကယ်၍ ကိုယ်ခန္ဓာ ကို သန့်ရှင်းအောင် ပြုရန် မဖြစ်နိုင်သည့်အခါ ပြီးနောက် နမာဇ် အချိန်ကုန်သွားမည်ကို စိုးရိမ် ပူပင်သည့်အခါ ဤအခြေအနေ ဖြစ်ပင်နမာဇ် ဝတ်ပြုရမည် ဖြစ်ပါတယ်။

 

ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ခါမေနာ အီ