အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
သောကြာနေ့

၉ အောက်တိုဘာ ၂၀၂၀

၂၀:၂၉:၅၈
1076955

ယခုနှစ် အရ်ဗအီးန် အစီအစဉ် နှင့် ဇေယာရသ်ပြုသူ ၁၄သန်း နှင့် ၅သိန်း ပါဝင် တက်ရောက်

ဟဇရသ် အဘာစ် (علیه السّلام) ရောင်ဇာတော် ဘက် မှ ယခုနှစ် အရ်ဗအီးန် အတွက် လာရောက် သူ အရေအတွက် မှာ ၁၄သန်း နှင့် ၅သိန်း ရှိ ကြောင်း ကြေညာ ခဲ့ပါတယ်။


ဟဇရသ် အဘာစ် (علیه السّلام) ရောင်ဇာတော် ဘက်မှ ထုတ်ပြန် ကြေညာစာ တစ်စောင်တွင် အရ်ဗအီးန် အတွက် လာရောက် သူ အရေအတွက် မှာ ၁၄သန်း နှင့် ၅သိန်း ရှိ ကြောင်း ကြေညာ ခဲ့ပါတယ်။

ဤ ထုတ်ပြန် ကြေညာ စာတွင် ဖော်ပြထား သည်မှာ ဝင်ရောက် လာ သူများ အား အက်လက်ထရောနစ် စနစ်ဖြင့် ရေတွက် မှတ်တမ်းတင် ထားခြင်းဖြစ်ကြောင်း ၊ ကရ်ဗလာ မြို့ ၏ အဓိ က ဝင်ပေါက်များ မှ ဝင်ရောက်သူများ ၏ အရေအတွက် ကို မှတ်တမ်းတင် ထားကြောင်း ၊ ဆဖရ်လ ၉ ရက်နေ့ မှ ၂၀ရက်နေ့ အထိ ဝင်ရောက်လာသူ ဇေယာရသ် ပြုသူများ ၏ အရေအတွက် ဖြစ်ပြီး ၎င်းတို့ ၏ အရေအတွက်မှာ ၁၄သန်း ၅သိန်း ၅သောင်း ၃ထောင် ၃ရာ နှင့် ၈ ဦး ရှိ ကြောင်း ဖော်ပြထားပါတယ်။

ဟဇရသ် အဘာစ် (علیه السّلام) ရောင်ဇာတော် ဘက် မှ ပြီးခဲ့သည့် နှစ် (၂၀၁၉) အရ်ဗအီးန် အတွက် လာရောက် သူ အရေအတွက် မှာ ၁၅ သန်း ၂သိန်း ၂သောင်း ၉ ထောင် ၉ ရာ ၅၅ ဦး ရှိကြောင်း ကြေညာ ခဲ့ပါတယ်။

ကရ်ဗလာ မြို့တွင် ဆဖရ် လ ၏ အရ်ဗအီးန် အချိန်အခါ တွင် အေမာမ် ဟိုစိန် (علیه السّلام) နှင့် ဟဇရသ် အဘာစ် (علیه السّلام) တို့ ၏ ဇေယာရသ် ပြုသူများ ကို ဧည့်ခံ လာသည်မှာ ဓလေ့ ဟောင်း တစ်ခု ဖြစ်ပြီး နှစ်ပေါင်း ၁ ထောင် ၃ ရာ အရင်ကတည်း က ဖြစ်ပါတယ်။

××××××××××××××××××××××××××××××××××××××××××××××××

END / 251