အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန၊အဗ်နာ
စူရဟ် နဇေအာသ် အကြောင်း သိကောင်းစရာအမည် - နဇေအာသ်
အဓိပ္ပာယ် - နဇေအအ်၏ အများကိန်း ၊ အသက်ဝိဥာဉ် နှုတ်သည့် ကောင်းကင်တမန် များ
ဤ အမည်ထွင်ရသည့် အာယသ်တော် - အာယသ်တော် အမှတ် ၁
နဇေအာသ် ဆိုသည့် စကားလုံး ဤ စူရဟ်တော် တွင်ပါဝင်သည့် အကြိမ် - ၁ ကြိမ်
နဇေအာသ် ဆိုသည့် စကားလုံး ကျမ်းမြတ်ကုရ်အာန်တွင်ပါဝင် သည့် အကြိမ် - ၁ ကြိမ်
အစောင် - ၃၀ရကူအပိုဒ်တော်ပေါင်း - ၂
အာယသ်တော်ပေါင်း - ၄၆
စကားလုံးတော်ပေါင်း - ၁၇၉
အက္ခရာတော်ပေါင်း - ၇၈၅
ဤစူရဟ်တော် တွင် အလ္လာဟ်ဆိုသည့် စကားလုံးတော်ပါဝင်မှု - ၁ ကြိမ်ကျရောက်တော်မူသည့်နေရာ - မက္ကာဟ် ရွှေမြို့တော်
ကျရောက်သည့် အနေအထား - - ဒဖ်အီ (အစအဆုံးကျရောက်ခြင်း) ၊
သဒ်္ဒရေဂျီ (တဖြည်းဖြည်းခြင်း) ကျရောက်သည်ဟုလည်း လာရှိပါတယ်။
ကျရောက်သည့်အမှတ်စဉ် - ၈၁ ဤစူရဟ် အလျင်း ကျရောက်သည့်စူရဟ် - စူရဟ် နဗအ်
ဤစူရဟ် ပြီးနောက် ကျရောက်သည့်စူရဟ် - စူရဟ် အန်ဖေသွာရ်
အမည့်ထွင်ရသည့်အကြောင်း - ဤစူရဟ် ၏ အစ သည် ဤ စကားလုံး နှင့် စတင်ခဲ့ သည့် အတွက် ကြောင့် ဖြစ်ပါတယ်။
အကျိုးအာနိသင် - အေမာမ် ဂျအ်ဖရ် ဆွာဒစ် (علیه السّلام) မိန့်တော်မူသည်။
“စူရဟ် နဇေအာသ် သေလာဝသ် ပြုသူ သည် ဗိုက်ပြည့် ဝပြီး (ဆာလောင်ခြင်းမရှိဘဲ ) လောက ၊ကနေ ထွက်ခွာရမည် (သေဆုံးရမည်) ။ ကဗဲရ် ကနေပြန်ထ ရပါမည်။ ဂျန္နသ် သို့ ဝင်ရောက် ရမည် ။ ”
(မဂ်ျမအိုလ်ဗရန်းန်ကျမ်း အတွဲ ၁၀ ၊ စာမျက်နှာ ၂၅၀ )
ကျမ်းကိုး - (( ကုရ်အာန်နီ စူရို(န) က သအာရိုဖ် )) ကျမ်း - ရေးသားသူ -ဟွဂ်ျဂျသွလ်အစ္စလာမ် ဝလ်မွစ်လေမီး မောင်လာနာ ဆရက်ဒ်မက်စ် အူးဒ် အခ် သဲရ်ရေဇာဝီးဆပ် ( အိန္ဒိယ) ((အလာဝီး ဒါရိုကုရ်အာန်၊ကွမ်းမြို့))တည်ထောင်သူA.F.H.M
******************************************
END / 251