အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
တနင်္ဂနွေနေ့

၇ နိုဝင်ဘာ ၂၀၂၁

၂၀:၂၅:၁၆
1196508

ကမ္ဘာ့ ငြိမ်းချမ်းရေး အတွက် အခြေခံ မူ သုံးချက် အေမာမ် အလီ (အ.စ) ၏ အမြင်

ဒေါက်တာ မိုဟမ္မဒ် ယအ်ကူဗ်ဗရှှ်ဝီး ဆပ် ရေးသား သီးကုံးထား သည့် အဖိုးတန် ဆောင်းပါး တစ်ပုဒ်အား ချစ်ခင်လေးစားရသည့် အဗ်နာ ပရိတ်သတ် များအတွက် တင်ပြ လိုက်ပါသည်။ အင်န်ရှာ အလ္လာဟ် အကျိုး အမြတ် ရယူနိုင်မည် ဖြစ်ပါသည်။


                                                                                                            

အနှစ်ချုပ်

 

လူ့ပတ်ဝန်းကျင် အသိုင်းအဝိုင်း တွင် စုပေါင်း ၍ ဖြစ်စေ တစ်ဦးတစ်ယောက်တည်းဖြစ်စေ ဘဝ တည်ဆောက်ကြသည့် ဒဿန မှာ ငြိမ်းချမ်းမှု နှင့် ညီနောင် စိတ်ဓာတ်ဖြင့် နေထိုင်ရန် ဖြစ်ပါ သည်။ ၎င်းအခြေခံမှု ဘက်သို့ ကျမ်းတော်မြတ်ကုရ်အာန် မှ လမ်းညွှန် ထားပါသည်။ သာသနာ့ အကြီး အကဲများ အထူးသဖြင့် အမီးရွလ်မိုအ်မေနီးန် အေမာမ် အလီ (အ.စ) ၏ သြဝါဒတော်များ နှင့် ဘဝ တည်ဆောက်မှု မှလည်း ငြိမ်းချမ်းရေး နှင့် ပတ်သက်သည့် သတင်း စကား များ ကို တွေ့ မြင် နိုင်ပါသည်။ ယုတ်စွ ကိုယ်တော် အလီ (အ.စ) အနေဖြင့် ၂၅ နှစ် တိုင် သည်းခံမှု တရား ကိုလည်း ဤမီးမောင်းထိုးပြမှု ဖြင့် ကြည့် နိုင်ပါသည်။

 

ကျမ်းတော်မြတ်ကုရ်အာန် နှင့် အမီးရွလ်မိုအ်မေနီးန် အေမာမ် အလီ (အ.စ) ၏ သြဝါဒ တော် များ တွင် နိုင်ငံပေါင်းစုံ ၊ ယဉ်ကျေးမှုများ ၊ လူမျိုးများ နှင့် ပတ်ဝန်းကျင် အသိုင်းအဝိုင်း များ အကြား ငြိမ်းချမ်းရေး ပေါ်ပေါက်လာရန် အတွက် ရွှေအခြေခံ မူသုံးရပ် (ခ) သုံးချက် ရှိကြောင်း သိရှိရပါသည်။ ၎င်းအခြေခံ မူသုံးရပ် သည် အလွန်တရာ အရေးကြီး ပါသည်။ မနုဿ လူသားများ ၏ ရပိုင်ခွင့်ကို လေးစား ခြင်း (ခ) လူ့အခွင့်အရေးကို လေးစားခြင်း ၊ အခြားသူများ ၏ ရှက်စီယသ် (ခ) ကိုယ်ရည် ကိုယ်သွေး ကိုလေးစား ခြင်း ၊အခြားသူများအတွက် အသက်ရှင်သန်ပိုင်ခွင့်ကို အသိအမှတ် ပြုပေးခြင်း နှင့် ၎င်းတို့ကိုလည်းပဲ ပတ်ဝန်းကျင် တွင် နေထိုင်ခွင့် ပေးခြင်း တို့ဖြစ်ပါသည်။ လုံခြုံမှု ငြိပ်ဝပ်ပိပြား မှု မရှိခြင်း ၊ ပတ်ဝန်းကျင်နှင့် အများနှင့်ဆိုင်သည် အခက်အခဲ ဒုက္ခများ သည် ၎င်း အခြေခံ မူ သုံးချက် အပေါ် သို့မဟုတ် တစ်ချက်ချက်အပေါ် လိုက်နာ ကျင့်သုံးမှု မပြုသည့် အတွက်ကြောင့် ဖြစ်ပါသည်။

 

အစ္စလာမ်သာသနာ သည် မနုဿ လူသားများ အားလုံး အား ပြန်လည် သင့်မြတ် ရေး နှင့် ငြိမ်းချမ်းရေး အတွက် ဖိတ် ကြားပါသည်။ယုတ်စွ ကောင်းကင်ကျ ကျမ်းရရှိထားသူများ ကို လည်း ဘဲ စည်းလုံးညီညွတ် မှု ရှိရန် အတွက် သာလျင် ဖိတ်ခေါ် ထားပါသည်။ အစ္စလာမ် ဘာသာ တွင် ရန်သူများ ၏ လက်များ ဖြင့် အစ္စလာမ် ၏ ဂုဏ် ကျက်သရေ ကုန်ဆုံးအောင်ပြုချိန်မှသာလျင် စစ် ပွဲကို အရေးကြီး လိုအပ် ကြောင်း ပြဆိုထား ပါသည်။ အစ္စလာမ် ဘာသာ တွင် လူသားတစ်ဦး တစ်ယောက် ကို သတ် ဖြတ်ခြင်း အား လူသားအားလုံး ကို သတ်ဖြတ်ခြင်း မည်ကြောင်း လူသားတစ်ဦး တစ်ယောက် ကို ကယ်တင်ခြင်း သည် လူသား အားလုံး အား ကယ်တင်ခြင်း မည်ကြောင်း သတ်မှတ် ပြဋ္ဌာန်းထားပါသည်။ ဤအချက်သည် အစ္စလာမ် ဘာသာတွင် ငြိမ်းချမ်းရေး နှင့် လုံခြုံ ငြိပ်ဝပ်ပိပြား ရေးကို အရေးပါ အရေးကြီးကြောင်း ကို ပြသနေပါသည်။

 

ယခု အရေးကြီး လိုအပ်သည့် အချက်မှာ ဤသီအိုရီ နှင့် အခြေခံမူ အား ကျွန်ုပ်တို့၏ ဘဝ နှင့် ပတ်ဝန်း ကျင်တွင် အသက်ဝင်လာအောင် ပြုရန် ဖြစ်ပါသည်။ ၎င်းအခြေခံမူ အား ဘဝ၏ ကဏ္ဍ အမျိုးမျိုး အစုံစုံတွင် အသက်ဝင်လာအောင် ပြုလုပ်ရမည်ဖြစ်ပါသည်။ထိုမှသာ ကျွန်ုပ် တို့ပြောင်းလဲ ကြပေ မည်။ ကျွန်ုပ်တို့ ၏ ပတ်ဝန်းကျင် အသိုင်းအဝိုင်း လည်း ပြောင်းလဲ သွားပေမည်။

 

သော့ချက်ကြသည့် စကားလုံးများ ။ ။ အေမာမ် အလီ (အ.စ) ၊ အခြေခံ မူသုံးချက် ၊ ငြိမ်းချမ်း ရေးနယ်ပယ် ၊ လူ့အခွင့်အရေးအားလေးစားခြင်း ၊ အခြားသူများ ၏ ကိုယ်ကျင့်တရား အားလေးစား ခြင်း ၊ အခြားသူများ အတွက် အသက်ရှင် သန်ခွင့်ကို လက်ခံ ပေးခြင်း

 

နိဒါန်း

 

          အစ္စလာမ်သာသနာတော်၏ အခြေခံ အုတ်မြစ်များမှ တစ်ခုမှာ မနုဿာလူသားများ အားလုံးအတွက် အထူးသဖြင့် မွတ်စလင်မ်များ အကြား ငြိမ်းချမ်းရေး နှင့် ပြန်လည်သင့်မြတ်ရေး နှင့် အတူ လုံခြုံ စိတ်ချမှု အပြည့် နှင့် ဘဝတည်ဆောက်ရန် ဖြစ်ပါသည်။ အကြောင်းမှာ အစ္စလာမ် သာသနာ တော်သည် လုံခြုံစိတ်ချရသည့် နှင့် ငြိမ်းချမ်းသည့် ဘာသာ တစ်ခု ဖြစ်သည့် အတွက်ကြောင့် ဖြစ်ပါသည်။ အစ္စလာမ်သာသနာသည် မည်သည့်လူမျိုး ၏ဆန့်ကျင်ဘက် အကြပ်ကိုင်ခြင်း နှင့် ရက်စက် ညည်းပန်းခြင်းကို လက်ခံမှု မပြုထားချေ။ အစ္စလာမ် သာသနာ တော်၏ ရှိသမျှ ကြိုးပမ်းအားထုတ်မှု သည် ပတ်ဝန်းကျင် အသိုင်းအဝိုင်းတွင် ငြိမ်းချမ်းမှု နှင့် လုံခြုံ စိတ်ချ ရမှု ကို ဖန်တီး နိုင်ရန်သာ ဖြစ်ပါသည်။

 

ဆိုလိုသည့် သဘောတရားများကို နားလည်သဘောပေါက်စေရန်

 

          ဤနေရာတွင် ကျမ်းတော်မြတ်ကုရ်အာန် နှင့် အမီးရွလ်မိုအ်မေနီးန် မောင်လာအလီ (အ.စ) ၏ နှုတ်ကပဌ်တော်များလာ ငြိမ်းချမ်းရေး နှင့် ပတ်သက်သည့် စကားများ ၏အဓိပ္ပာယ် နှင့် စည်းမျည်း စည်းကမ်း ဆိုင်ရာများ ကို လေ့လာ သုံးသပ်မည်ဖြစ်ပါသည်။

 

ငြိမ်းချမ်းရေး၏ အဘိဓာန် အဓိပ္ပာယ်

 

ငြိမ်းချမ်းရေးဆိုသည့်စကားလုံးမှာ صلح ၏ အရဘီ စကားလုံးဖြစ်ပါသည်။ مُصالحه  နှင့် مَصالحهစကားလုံးသည် ဗါဗ်ဗေ မိုဖာအေလာ (باب مفاعله) ၏ ပင်းရင်း စကားလုံးမှဖြစ်ပါသည်။ ၎င်း၏ အဓိပ္ပာယ်မှာ ပြန်လည်သင့်မြတ်ရေး ဟု အဓိပ္ပာယ် ရရှိပါသည်။

 

 

ငြိမ်းချမ်းရေး၏ ပညာရပ်ဆိုင်ရာ အရ အဓိပ္ပာယ်

 

          ဆိုလ်ဟ် ဆိုသည့် စကားလုံး အား အဓိပ္ပာယ် နှစ်မျိုး နှစ်စားတွင် အသုံးပြုပါသည်။ ပထမအဓိပ္ပာယ် မှာ လက်ရှိ နိုင်ငံတကာ ဥပဒေများ တွင် အသုံး ပြုသည့်   ငြိမ်းချမ်းရေး ဖြစ်ပြီး စစ်ပွဲ နှင့် ပဋိပက္ခ ၏ ဆန့်ကျင်ဘက် ဖြစ်ပါသည်။ ဒုတိယ အဓိပ္ပာယ် မှာ တစ်ဦးတည်း ရပိုင်ခွင့်များမှ စာချုပ်စာတမ်း အဖြစ် အသုံးပြုရန် အဓိပ္ပာယ် ဖွင့်ဆို ထားခြင်း ဖြစ်ပါသည်။

 

          ငြိမ်းချမ်းရေး ၏ ဆန့်ကျင်ဘက်ဆိုသည်မှာ ( အေမာမ် (အ.စ) ခေတ်ကာလ တွင် ပုန်ကန် ထကွသူများ ၊သာသနာ့သူပုန်များ အား ခုခံတိုက်ခိုက်ခြင်း(ခုခံစစ်) စသည် ဖြစ်) အဓိပ္ပာယ် ဖွင့်ဆိုပါ သည်။ ထိုအခါ ငြိမ်းချမ်းရေးကို ခံစား၍ ရပါသည်။ သို့သော် အစ္စလာမ် ဘာသာနှင့် မွတ်စလင်မ်များ ၏ မတ်ဆ်လဟသ် (မြတ်အလ္လာဟ်၏ဆန္ဒ) ၏တောင်းဆိုချက်မှာ ရန်သူ နှင့် ငြိမ်းချမ်းရေး အတွက် သဘောတူလက်မှတ်ရေးထိုးခြင်းဖြစ်ပါသည်။ မွတ်စလင်မ်များ ၏ အရေအတွက်နည်းပါးပြီး ရန်သူအား ယှဉ် ရန် မဖြစ်နိုင်သည့်အခါ သို့မဟုတ် အင်အား၊စွမ်းအား ဆွတ်ခူး နိုင်ရန် (အာဏာ ရရှိရန်) စစ်ကို စွန့်ခွာ ပေးခြင်း သို့မဟုတ် အခြားတစ်ဘက်မှသူများသည် မွတ်စလင်မ်ဖြစ်လာဖို့ မျှော်လင့်ချက် ရှိသည့်အခါ ဖြစ်ပါသည်။ သို့သော် ငြိမ်းချမ်းပြုခြင်းသည် လုပ်ပိုင်ခွင့်မရှိ မဖြစ်ရန်တော့လိုအပ်ပါသည်။[1]

 

အဓိကမေးခွန်း ။ ။ ဤဆောင်းပါး ၏ အဓိက မေးခွန်း။ ။ အေမာမ်အလီ (အ.စ) အမြင်အရ ကမ္ဘာ့ ငြိမ်းရေးတည်ဆောက်ရန် အခြေခံ မူသုံးချက် ဆိုသည်မှာ အဘယ်နည်း? ဖြစ်ပါသည်။

 

ကျမ်းတော်မြတ်ကုရ်အာန် နှင့် အေမာမ် အလီ (အ.စ) ၏ သြဝါဒ တော်များ အရ ငြိမ်းချမ်းရေး ဆိုသည်မှာ ။ ။ ကျမ်းတော်မြတ်ကုရ်အာန် နှင့် အေမာမ် အလီ (အ.စ) ၏ သြဝါဒတော်များ အရလူမျိုးများ အကြား ငြိမ်းချမ်းရေး ကိုတည်ဆောက်ရန် အခြေခံ မူ သုံးချက် ကို ပြဆို ထားကြောင်း တွေ့ရှိရပါမည်။ ပြီးနောက် ကျွန်ုပ်တို့ အနေဖြင့် ဤ အခြေခံ မူ များ အပေါ် လက်တွေ့ ကျင့်သုံး လိုက်နာခြင်းဖြင့် အစ္စလာမ့် အသိုင်းအဝိုင်း များ နှင့် အစ္စလာမ်မဟုတ်သည့် အသိုင်းအဝိုင်း များ အကြား ထာဝရ ငြိမ်းချမ်း ကို တည်ဆောက် နိုင်ရန် ဖြစ်ပါသည်။ ပြီးနောက် ဤ ငြိမ်းချမ်းရေး ဆောင်းပါး ၏ အဓိပ္ပာယ်မှာ ကျမ်းတော်မြတ် ကုရ်အာန် နှင့် အဲဟ်လေ့ဘိုက်သ် (အ.စ) ၏ အလေးပေး တိုက်တွန်းချက်များ အရ ပြန်လည် သင့်မြတ်သည့်ဘဝ ၊ ပြန်လည် ရင်ကြားစေ့ရေး ဘဝ ကို တည်ဆောက်ရန် ဖြစ်ပါသည်။

         

          ကျမ်းတော်မြတ် ကုရ်အာန်အနေဖြင့် မွတ်စလင်မ်များ အသိုင်းအဝိုင်း တွင် ယုတ်စွ မွတ်စလင်မ် မဟုတ်သည့် သူများ နှင့်အတူ ကျောသားရင်သားမခွဲခြားဘဲ ၊ တရားမျှတ မှု ပြုရန် အမိန့်ပေး ထားပါသည်။

 

لا يَنْهاكُمُ اللَّهُ عَنِ الَّذينَ لَمْ يُقاتِلُوكُمْ فِي الدِّينِ وَ لَمْ يُخْرِجُوكُمْ مِنْ دِيارِكُمْ أَنْ تَبَرُّوهُمْ وَ تُقْسِطُوا إِلَيْهِمْ إِنَّ اللَّهَ يُحِبُّ الْمُقْسِطين.[2]

 

အဓိပ္ပာယ်။ ။ ၎င်းသူများအနေဖြင့် သာသနာ နှင့် ပတ်သက်ပြီး အသင်တို့နှင့် စစ်တိုက်ခြင်းမပြုလုပ် မည်။ပြီးနောက် အသင်တို့အား အသင်တို့၏ နေအိမ်များ မှ မနှင်ထုတ်ကြသူများဖြစ်ကြမည်။ အလ္လာဟ် ဟို အရှင်မြတ် သည် အသင်တို့အား ၎င်းတို့ အပေါ် ကျေးဇူးပြုရန်နှင့် ကျောသား ရင်သား မခွဲခြားဘဲ တရားမျှတစွာ ဆက်ဆံပြုရန် တားမြစ်တော်မမူထားချေ။ မုချဧကန် အလ္လာဟ်ဟို အရှင်မြတ်သည် ကျောသား ရင်သားမခွဲခြားသည့်တရားမျှတသူများကို နှစ်သက် မြတ်နိုးတော်မူ လေ သည်။

 

ထိုနည်းတူစွာ ကျမ်းတော်မြတ်ကုရ်အာန် တွင် ကောင်းကင်ကျ ကျမ်း ရရှိထားသူများ နှင့် ပတ်သက်ပြီး ရှင်းလင်းစွာ မိန့် ကြားတော်မူထားပါသည်။

 

وَ لا تُجادِلُوا أَهْلَ الْكِتابِ إِلاَّ بِالَّتي‏ هِيَ أَحْسَنُ إِلاَّ الَّذينَ ظَلَمُوا مِنْهُمْ وَ قُولُوا آمَنَّا بِالَّذي أُنْزِلَ إِلَيْنا وَ أُنْزِلَ إِلَيْكُمْ وَ إِلهُنا وَ إِلهُكُمْ واحِدٌ وَ نَحْنُ لَهُ مُسْلِمُون .[3]

 

 

အဓိပ္ပာယ်။ ။အသင်တို့အနေဖြင့် ကောင်းကင်ကျ ကျမ်းရရှိထားသူများ နှင့် စကား အငြင်းအခုံ မပြုကြပါနှင့်။ သို့သော် နှိပ်စက်ညှဉ်းပန်းသူများမှ အပ အကောင်းဆုံး နည်းလမ်း ဖြင့် ပြောဆိုပါလေ။ ပြောကြားပါလေ။ ကျွန်ုပ်တိုသည် ကျွန်ုပ်ဘက်သို့ ချပေးတော်မူသည့်အရာများ အပေါ် အီမာန် သက်ဝင်ယုံကြည် ကြပါသည်။ ပြီးနောက် အသင်တို့ဘက်သို့ ချပေးတော်မူသည့် အရာများကို လည်း အီမာန် သက်ဝင် ယုံကြည်ပါသည်။ အသင်တို့နှင့် ကျွန်ုပ်တို့၏ ခဝပ်ကိုး ကွယ်ထိုက်သည့် အရှင်မြတ် သည် တစ်ဆူတည်း တစ်ပါးတည်း ဖြစ်တော်မူ၏။ ပြီးနောက် ကျွန်ုပ်တို့သည် ထိုအရှင်မြတ်၏ အမိန့်များ ကို နားခံကြသူများ (မွတ်စလင်မ်များ) ဖြစ်ကြပါသည်။

 

 

قُلْ يَأَهْلَ الْكِتَابِ تَعَالَوْاْ إِلىَ‏ كَلِمَةٍ سَوَاءِ بَيْنَنَا وَ بَيْنَكمُ‏ْ أَلَّا نَعْبُدَ إِلَّا اللَّهَ وَ لَا نُشرْكَ بِهِ شَيْا وَ لَا يَتَّخِذَ بَعْضُنَا بَعْضًا أَرْبَابًا مِّن دُونِ اللَّهِ فَإِن تَوَلَّوْاْ فَقُولُواْ اشْهَدُواْ بِأَنَّا مُسْلِمُون .[4]

 

အဓိပ္ပာယ်။ ။အသင်ပြေကြားပါလေ။ အို!ကောင်းကင်ကျကျမ်းရရှိထား သူများ အပေါင်းတို့ ! ဤ ကလေမဟ် (စကားစုဘက်) သို့ လာရောက်ကြပါလေ။ ထိုစကားစုသည် အသင်တို့နှင့် ကျွန်ုပ်တို့ အကြားတူညီလေ ၏။ ထိုအချက်မှာ ကျွန်ုပ်တို့သည် အလ္လာဟ်ဟိုအရှင်မြတ် မှ အပ မည်သူကိုမျှ ခပ်ဝပ်ကိုးကွယ်ခြင်း မပြုလေနှင့်။ ပြီးနောက် ၎င်းအရှင်မြတ်အား တစ်စုံတစ်ရာမျှ ယှဉ်တွဲ ၍ ခဝပ်ကိုးကွယ်ခြင်း မပြုပါလေနှင့်။ပြီးနောက် အလ္လာဟ်ဟိုအရှင်မြတ် မှအပအချင်းချင်း တစ်ယောက်မှ အခြား တစ်ယောက် ကို မိမိတို့၏ ရဗ် (အဆင့်ဆင့် ပြုစု ပျိုးထောင်တော်မူသည့် အရှင် ) အဖြစ် မပြုလုပ်ကြပါနှင့်။ ပြီးနောက်အကယ်၍ ၎င်းတို့သည် လက်မခံမည်ဆိုလျှင် ၎င်းတို့အား ပြောကြား ပါလေ။ သက်သေအဖြစ်ရှိပါလေ။ ကျွန်ုပ်တို့သည်မွတ်စလင်မ်မ် ဖြစ်ပါသည်။

 

          အစ္စလာမ် သာသနာတော် အနေဖြင့် ငြိမ်းချမ်းရေး နှင့် ပြန်လည် သင့်မြတ် ရေး ကို အခြေခံ မူအဖြစ် သတ်မှတ်ထားပါသည်။ ပြီးနောက် ယုတ်စွ ကောင်းကင်ကျ ကျမ်းရရှိထားသူများ အားလုံးကို ကိစ္စတစ်ခုတည်း ၏ အခြေခံ အုတ်မြစ်အပေါ် စည်းလုံး ညီညွတ်ရန်တောင်းဆိုထားပါသည်။ မွတ်စလင်မ် ညီနောင်များ အတွက် ညီအစ်ကို စိတ်ဓာတ် ဆိုသည့် အခြေခံမှု ကိုတင်ပြထားပါသည်။ ထိုမှသာ အစ္စလာမ်သာသနာဝင်ညီနောင်များ အကြား ညီအစ်ကို စိတ်ဓာတ် ဆက်ဆံမှု ရှိနေရန် ဖြစ်ပါသည်။ ယုတ်စွ ကောင်းကင်ကျ ကျမ်းရရှိသူများ အား တစ်ခုတည်းသော ကိစ္စ၏ ဝင်ရိုး အပေါ် စည်းလုံးညီညွတ်ကြရန် တောင်းဆို ထားပါသည်။ ထို့မှသာ ဘာသာရေးဆိုင်ရာဂျမာအသ်သူ ၊ ဂျမာအသ်သား များဆက်ဆံရေးကို ထူထောင်နိုင်ရန် ဖြစ်ပါသည်။ ၎င်းတို့ အနေဖြင့် လုံခြုံ စိတ်ချရမှု အပြည့်အဝ နှင့်ဆက်ဆံ ရေး ပြုနိုင်ရန် ဖြစ်ပါသည်။ မသင်္ကာ စရာများကို အဆုံးသတ်နိုင်ရန် ဖြစ်ပါ သည်။

 

إِنَّمَا الْمُؤْمِنُونَ إِخْوَةٌ فَأَصْلِحُوا بَيْنَ أَخَوَيْكُمْ وَ اتَّقُوا اللَّهَ لَعَلَّكُمْ تُرْحَمُون .[5]

အဓိပ္ပာယ်။ ။မိုအ်မင်များ သည် အချင်းချင်း ညီနောင်များ ဖြစ်ကြပါသည်။ ဤအတွက်ကြောင့် အသင် တို့ အနေဖြင့် မိမိတို့၏ ညီနောင် နှစ်ဦး အကြား ငြိမ်းချမ်းရေး ကို တည်ဆောက်ပေးပါလေ။ ပြီးနောက် မြတ်အလ္လာဟ် အား ကြောက်ရွံ့ ကြပါလေ။ ထိုမှသာ (အလ္လာဟ်ဟိုအရှင်မြတ်ဘက်မှ) အသင်တို့ အပေါ် ကရုဏာ ပြုနိုင် ကောင်း ပြုနိုင်ရန် ဖြစ်ပါသည်။

 

          မနုဿလူသားများ ၊ ပတ်ဝိုင်းကျင်အသိုင်းအဝိုင်းများ ၊ နိုင်ငံများ နှင့် လူမျိုးများ အကြား ငြိမ်းချမ်းရေး ကို ဖန်တီးခြင်းသည် သက္က်ဝါး (သီလ၊သမာဓိ) နှင့် အလ္လာဟ်ဟို အရှင်မြတ် အား ကြောက်ရွံ့ခြင်း ၏ လက္ခဏာ ဖြစ်ပါသည်။ ဤသည် မွတ်သကီ (သူတော်စင်၊ သူတော်ကောင်းများ) ၏ လက္ခဏာ ဖြစ်ပါသည်။ ဤလုပ်ရပ်ကြောင့် အလ္လာဟ်ဟိုအရှင်မြတ် ၏ အထူး ဂရုဏာပြုမှု ၊ သနားကြင်နာမှုကို ရရှိမည် ဖြစ်ပါသည်။ အေမာမ်အလီ (အ.စ) သြဝါဒတော်များ တွင် ငြိမ်းချမ်းရေး နှင့်ပတ်သက်ပြီး အလွန်တရာ တိုက်တွန်းချက် လာရှိပါသည်။ အမီးရွလ်မိုအ်မေနီးန် အေမာမ် အလီ (အ.စ) အနေဖြင့် မာလစ်က် ကေအရှ်သရ် အား စာတစ်စောင် တွင် ဆုံးမ ထားတော်မူပါသည်။

 

وَلاَ تَدْفَعَنَّ صُلْحاً دَعَاکَ إِلَيْهِ عَدُوُّکَ وَلِلَّهِ فِيهِ رِضًا.[6]

 

အဓိပ္ပာယ်။ ။အကယ်၍ အသင်၏ရန်သူ အနေဖြင့် အသင်အား ငြိမ်းချမ်းရေး အတွက် ဖိတ်ခေါ် ကမ်းလှမ်း မည်။ပြီးနောက် ၎င်းကိစ္စတွင် အလ္လာဟ်ဟို အရှင်မြတ် ၏ နှစ်မြို့မှု လည်း ပါဝင်မည် ဆိုလျှင် ၎င်း (ငြိမ်းချမ်းရေး(ကို မငြင်းပယ်ပါလေနှင့်။

 

အမီးရွလ်မိုအ်မေနီးန် အေမာမ် အလီ (အ.စ)   အနေဖြင့် မိမိသားတော်အေမာမ် ဟစန် (အ.စ) နှင့် အခြား သားသမီးများ ၊ဆွေမျိုးသားချင်းများ နှင့် မိုအ်မင်များ ကို သေတမ်းစာ မှာပြီး လူသားများ တွင် ငြိမ်းချမ်းရေး ပြုရန်အတွက် တိုက်တွန်းမိန့်ကြားပြီး ၎င်းတို့၏ ဘဝ ၏ ပထမဦးစားပေး အဖြစ် အလေးပေးသင့်ကြောင်း မိန့်ကြားထားတော်မူ၏။

 

اوصِيکُمَا وَ جَمِيعَ وَلَدِی وَ أَهْلِی وَ مَنْ بَلَغَهُ کِتَابِی‏ بِتَقْوَى اللَّهِ وَ نَظْمِ أَمْرِکُم و صلاح ذات بينکم.[7]

 

အဓိပ္ပာယ်။ ။ငါ့အနေဖြင့် မင်းတို့နှစ်ဦး (အေမာမ် ဟစန် (အ.စ) နှင့် အေမာမ် ဟိုစိုင်းန် (အ.စ) ) ၊ မိမိ၏ သားမြေးများနှင့်အခြား ဆွေမျိုးသားချင်းများနှင့် ငါ့၏စာရောက်မည့် သူများအထိ သက္က်ဝါး (သီလ၊သမာဓိ)ရှိရန် စည်းစနစ်ရှိရန် နှင့် အလုပ်များတွင် ပြုပြင်ပြောင်းလည်တည်းမတ်ပေးမှု ရှိရန် သေတမ်း မှာခဲ့ပါသည်။

 

ငြိမ်းချမ်းရေး အတွက် ရွှေအခြေခံ မူ သုံးချက်

 

          ပတ်ဝန်းကျင် အသိုင်းအဝိုင်းတစ်ခုတွင် အခြားသူများ ပတ်သက်ပြီး ထမ်းဆောင်ရမည့် တာဝန် ဝတ္တရား များ မပျက်မကွက်ဆောင်ရွက်ရန် ၊အခြားသူများ ၏သိက္ခာ ကို မဲ့အောင် ကျအောင်ပြုခြင်း အခြားသူများ နှင့်ပတ်သက်ပြီး ထမ်းဆောင် ရမည့် တာဝန် ဝတ္တရား များ ကို မထမ်း ဆောင်ခြင်းကြောင့် အကျင့်ပျက်ခြစားမှု နှင့် ပုန်ကန် မှုများ ပေါ်ပေါက်လာပါသည်။အကယ်၍ ပတ်ဝန်း ကျင်အသိုင်းအဝိုင်း တစ်ခု တွင် အခြားသူများ ပတ်သက်ပြီး ထမ်းဆောင်ရမည့် တာဝန် ဝတ္တရား များ ၊ သူတစ်ပါး သိက္ခာကို လေးစားတန်ဖိုးထားခြင်း အခြားသူများနှင့်ပတ်သက်သည့် တာဝန် ဝတ္တရားများ ကို ထမ်းဆောင်ခြင်းတို့ကို ပြုလုပ်မည်ဆိုလျှင် ငြိမ်းချမ်းမှု နှင့် လုံခြုံမှု ခိုင်မာ လာမည်ဖြစ်ပါသည်။ အစ္စလာမ် သဘာသာအရ ငြိမ်းချမ်း ရေး အတွက် ရွှေ အခြေခံ မူ သုံးချက်၊သုံးရပ် ရှိကြောင်း တင်ပြနိုင် ပါသည်။ ၎င်းသုံးရပ်မှာ

          ၁။လူအခွင့်အရေး အား ဂရုပြုပေးခြင်း

          ၂။ ကိုယ်ရည် ကိုယ်သွေးရှိသူ ၏ ဂုဏ်သိက္ခာ အား ရိုသေလေးစား ခြင်း

          ၃။သူတစ်ပါး ၏ ရပိုင်ခွင့်များကို ပေးဆောင် ခြင်း၊လက်ခံပေးခြင်းတို့ ဖြစ်ပါသည်။

 

 

 

၁။ လူအခွင့်အရေး အား ဂရုပြုပေးခြင်း

 

          အေမာမ် အလီ (အ.စ) မှမိမိ၏ဘဝ သက်တမ်း တစ်လျှောက် လုံး ဤ အခြေခံမှု အား မိမိဘဝ၏ အခြေခံ မူအဖြစ် ပြုလုပ်ကျင့်သုံးခဲ့ပါသည်။ ပြီးနောက်မိမိ၏ လူသိရှင်ကြား ခေလာဖသ် အချိန်အခါတွင် လည်း မိမိအစိုးရ ၏ အမှုထမ်းများ ကို ဤ အခြေခံ မှု အား လက်တွေ့ လိုက်နာ ကျင့်သုံးရန် တင်းကြပ်စွာ အမိန့် ပေးတော်မူခဲ့ပါသည်။

 

          အကယ်၍ ပတ်ဝန်းကျင် အသိုင်းအဝိုင်း တစ်ခုခု တွင် ငွေရေးကြေရေးဆိုင်ရာ တာဝန် ဝတ္တရားများကို မပျက်ကွက်ခဲ့မည်၊ နိုင်ငံများ နှင့် အစိုး များ၏ ရပိုင်ခွင့်များကို လေးစား ရိုသေကြမည်ဆိုလျှင် ၎င်း ပတ်ဝန်းကျင် အသိုင်းအဝိုင်း တွင် မည်သည့် စစ်ပွဲ မှ ဖြစ်ပေါ်မည် မဟုတ် ချေ။ ဤကဲ့သို့သော် ပတ်ဝန်းကျင်အသိုင်းအဝိုင်း သည် ကျောသားရင်သားမခွဲခြားမှု ၊တရားမျှတမှု ဘက်သို့ ဦးတည် သွားမည် ဖြစ်ပါသည်။

 

လူ့အခွင့်အရေးကို ရိုသေလေးစားခြင်း (ယနေ့ အနောက်နိုင်ငံများ မှ အခြားသူများ ကို ဤလူ့ အခွင့်အရေး ဆိုသည့် ခေါင်းစဉ် ဖြင့် ဆွဲဆောင်နေပါသည်။) သည် အခြေခံမူအားဖြင့် အစ္စလာမ် သာသနာ တော်၏ မဖြစ်မနေ နှင့် မတုန်မလှုပ် စေသည့် အခြေခံမူများမှ တစ်ခု ဖြစ်ပါသည်။ ၎င်းအား ကျမ်းတော်မြတ် ကုရ်အာန် မှ ((ဝေကာရ်)) ဟု ခေါ်ဆိုထားပါသည်။

 

وَ لَقَدْ كَرَّمْنا بَني‏ آدَمَ وَ حَمَلْناهُمْ فِي الْبَرِّ وَ الْبَحْرِ وَ رَزَقْناهُمْ مِنَ الطَّيِّباتِ وَ فَضَّلْناهُمْ عَلى‏ كَثيرٍ مِمَّنْ خَلَقْنا تَفْضيلاً .[8]

 

အဓိပ္ပာယ်။ ။ပြီးနောက် ဧကန်စင်စစ် ငါအရှင်မြတ်သည် အာဒံ (အ.စ) ၏သားမြေးများအား ဂုဏ်သိက္ခာ နှင့် ရိုသေလေးစားမှုကို ပေးသနားတော်မူခဲ့ပါသည်။ ပြီးနောက် ငါအရှင်မြတ် သည် ၎င်းတို့ အား ကုန်းပိုင်း နှင့် ပင်လယ် တွင်စီးနင်း စရာ ပေးသနားတော်မူခဲ့ပါသည်။ ပြီးနောက် ၎င်းတို့ အား သန့်ရှင်းသန့်စင်သည့် အရာများ ကို ပေးသနား တော်မူခဲ့ပါသည်။ ပြီးနောက် မိမိ၏ အဖန် ဆင်းခံ အမြောက်အများ မှ ၎င်းတို့ကို ပိုမို၍ မြင့်မြတ်မှု ကို ပေးသနားတော်မူထားပါသည်။

 

          ဤအာယသ်တော်တွင် အလ္လာဟ်ဟိုအရှင်မြတ် သည် မနုဿာလူသားများ အား ဂုဏ်သိက္ခာ နှင့် အခြား အဖန်ဆင်းခံများထက် မြင့်မြတ်မှု ကို ပေးသနားတော်မူထားပါသည်။အလ္လာဟ်ဟို အရှင်မြတ် အနေဖြင့် မနုဿ လူသား အား မိမိ၏ ရူဟ် (ဝိညာဉ်) ၏ သိက္ခာ နှင့် ရိုသေလေးစား မှု ကို ပေးသနားတော်ပြီးမိန့်တော်မူပါသည်။

 

فَإِذا سَوَّيْتُهُ وَ نَفَخْتُ فيهِ مِنْ رُوحي‏ فَقَعُوا لَهُ ساجِدين.[9]

 

မနုဿလူသားသည် အလ္လာဟ်ဟိုအရှင်မြတ် ၏ ရူဟ် (ဝိညာဉ်) ဆိုင်ရာ အလံကိုင်ဆောင်သူ ဖြစ်ပါသည်။ ဤအတွက်ကြောင့် ကောင်းကင်တမန်များ ၏ စဂ်ျဒဟ်(သအ်ဇီးမီး) ပြု ထိုက်သူ အဖြစ် သတ်မှတ်ခဲ့ပါသည်။ ရှိသမျှ ကောင်းကင်တမန်များ အားလုံးကို ရိုကျိုး ၍ မနုဿ လူသား၏ ကြီးကျယ်မြင့်မြတ် မှု ကို စဂ်ျဒဟ်ပြုရန် အမိန့် ပေးတော်မူခဲ့ပါသည်။ မနုဿလူသားအား အရိုအသေ မပေးခဲ့သူသည် လမ်းလွဲလမ်းမှား ရောက်သွားခဲ့ပါသည်။ပြီးနောက် အလ္လာဟ်ဟို အရှင်မြတ် ၏ နန်းတော် မှ နှင်ထုတ် ခြင်းခံရလေ၏။

 

قالَ أَ رَأَيْتَكَ هذَا الَّذي كَرَّمْتَ عَلَيَّ لَئِنْ أَخَّرْتَنِ إِلى‏ يَوْمِ الْقِيامَةِ لَأَحْتَنِكَنَّ ذُرِّيَّتَهُ إِلاَّ قَليلاً.[10]

 

အဓိပ္ပာယ်။ ။ပြီးနောက်(အီဗလီစ်) မှ ပြောလေ၏။ ကျနော်ကို ပြပါ။ အရှင်အနေဖြင့် ကျနော် ထက်ပိုပြီး မြင့်မြတ်မှုကို ပေးသနားထားသူသည် ဤပုဂ္ဂိုလ် ဖြစ်ပါသလား? အကယ်၍ အရှင်အနေဖြင့် ကျနော်အား ကေယာမသ် တိုင် အခွင့်အရေး ပေးမည်ဆိုလျှင် အနည်းငယ်သော် သူများ မှအပ ၎င်း (အာဒွ(အ.စ) ၏ သားမြေးများ အားလုံး ၏ အမြစ်များ ကို လုံးဝ ဖြတ်တောက်ပစ်ပါမည်။

 

          လူ့အခွင့်အရေး ကို ပထမဆုံး ချိုးဖောက်ခဲ့သူမှာ ရှိုင်တွာန် (ခ) မာရ်နတ်ဖြစ်ပါသည်။ ၎င်းအနေ ဖြင့် မနုဿလူသားသည် အလ္လာဟ်ဟို အရှင်မြတ် ၏ ခေလာဖသ် ရာထူးကို ရရှိထားကြောင်း မသိရှိချေ။

 

وَ إِذْ قالَ رَبُّكَ لِلْمَلائِكَةِ إِنِّي جاعِلٌ فِي الْأَرْضِ خَليفَةً.[11]

 

          ပြီးနောက် လူသားသည် အလ္လာဟ်ဟို အရှင်မြတ် ၏ ပေးသနားထားသည့် ပညာ ကို လည်း ရရှိ ထားပါသည်။

 

وَ عَلَّمَ آدَمَ الْأَسْماءَ كُلَّها.[12]

 

          မနုဿလူသား၏ ဂုဏ်သိက္ခာ နှင့် ရိုသေလေးစားရမည်ကို မှတ်သားရမည်ဖြစ်ပါသည်။ သို့သော် ရှိုင်တွာန် အနေဖြင့် ပထမဆုံး မနုဿလူသားအား မရိုမသေ မလေးမစားပြုခဲ့သူ သိက္ခာချခဲ့သူဖြစ်ပါသည်။ လူ့အခွင့်အရေး အား ချိုးဖောက်ခဲ့သူ ဖြစ်ပါသည်။

 

وَ إِذْ قُلْنا لِلْمَلائِكَةِ اسْجُدُوا لِآدَمَ فَسَجَدُوا إِلاَّ إِبْليسَ أَبى‏ وَ اسْتَكْبَرَ وَ كانَ مِنَ الْكافِرين .[13]

 

       မနုဿလူသားနှင့် ရှိုန်တွာန် အကြား အဆုံးမဲ့သည် စစ် ဖြစ်ခဲ့ပါသည်။ ဤစစ်ပွဲသည် ကိုယ်ခန္ဓာ နှင့်လက်နက်များ အသုံးပြုရသည့် စစ်မဟုတ်ချေ။ တစ်နည်းအား ဖြင့် စစ်အေး နှင့် ယဉ်ကျေးမှု ဆိုင်ရာ စစ်ဖြစ်ပါသည်။

 

          အမီးရွလ်မိုအ်မေနီးန် မောင်လာအလီ (အ.စ) မှ ဤဖြစ်ရပ်မှန်ကို တင်ပြရင်း ဟဇရသ် အာဒံ (အ.စ) အား စဂ်ျဒဟ် ပြုခြင်းကို လူသားအား အရိုအသေ ပြုခြင်း၏ အကြောင်းခံတစ်ခု အဖြစ် ဖော်ပြထားပါသည်။

 

وَ اسْتَأْدَى اللَّهُ سُبْحَانَهُ وَ تَعَالَى الْمَلائِكَةَ وَدِيعَتَهُ‏ لَدَيْهِمْ‏ وَ عَهْدَ وَصِيَّتِهِ إِلَيْهِمْ فِي الْإِذْعَانِ بِالسُّجُودِ لَهُ وَ الْخُنُوعِ لِتَكْرِمَتِهِ فَقَالَ سُبْحَانَهُ وَ تَعَالَى اسْجُدُوا لآِدَمَ فَسَجَدُوا إِلَّا إِبْلِيسَ وَ قَبِيلَهُ اعْتَرَتْهُمُ الْحَمِيَّةُ وَ غَلَبَتْ عَلَيْهِمُ الشِّقْوَةُ.[14]

 

အဓိပ္ပာယ်။ ။အလ္လာဟ်ဟို အရှင်မြတ် သခင်မှ ကောင်းကင်တမန်များ အား မိန့်တော်မူလေ၏။ ၎င်း (ကောင်းကင်တမန်များ ) တို့အား အပ်နှင်းထားသည့် အရာကို ဆောင်ရွက်ရန်ဖြစ်ပါသည်။ ပြီး နောက်၎င်းတို့ထံ ယူထားသည့် ကတိကဝတ်ကို တည်စေရန် ဖြစ်ပါသည်။ ပြီးနောက် ဟဇရသ် အာဒံ (အ.စ) ကို စဂ်ျဒဟ် ပြုရန် အမိန့်ပေးတော်မူခဲ့ပါသည်။ ပြီး နောက် ၎င်း (အာဒံ(အ.စ) ) ၏ ရုဏ်သိက္ခာတော် နှင့် ကြီးကျယ်မြင့်မြတ် မှု အားရိုသေ အလေးထား စေပါ သည်။ ပြီးနောက် အလ္လာဟ်ဟို အရှင်မြတ် မှ မိန့်တော်မူလေ၏။ အာဒံ (အ.စ) အား စဂ်ျဒဟ် ပြုပါလေ။ အီဗလီစ်မှ အပ အားလုံးမှ စဂ်ျဒဟ် ပြုခဲ့ကြပါသည်။အဗဗလီစ် ၏ အပေါင်းအပါး မိတ်ဆွေ များသည် လည်း သိက္ခာမဲ့ အရှက်ရခဲ့ကြပါသည်။ မနုဿ လူသားသည် ငြိမ်းချမ်းရေး နှင့် လုံခြုံ စိတ်ချရေးဖြင့် တစ်ဦးနှင့် တစ်ဦး အပြန်အလှန် သိက္ခာပေး ဂုဏ်ပေးသင့်ပါသည်။

 

يا أَيُّهَا النَّاسُ إِنَّا خَلَقْناكُمْ مِنْ ذَكَرٍ وَ أُنْثى‏ وَ جَعَلْناكُمْ شُعُوباً وَ قَبائِلَ لِتَعارَفُوا إِنَّ أَكْرَمَكُمْ عِنْدَ اللَّهِ أَتْقاكُمْ إِنَّ اللَّهَ عَليمٌ خَبيرٌ.[15]

၂။ ကိုယ်ရည် ကိုယ်သွေးရှိသူ ၏ ဂုဏ်သိက္ခာ အား ရိုသေလေးစား ခြင်း

 

၂။ ကိုယ်ရည် ကိုယ်သွေးရှိသူ ၏ ဂုဏ်သိက္ခာ အား ရိုသေလေးစား ခြင်း ဖြင့် ပုဂ္ဂိုလ်များ၊ နိုင်ငံများ အကြား ပဋိပက္ခ ဖြစ်မှု ၊ခိုက်ရန် ဖြစ်ပွား ပြဿနာ တက် မှုကို တားဆီး ပေးပါသည်။ ပြီးနောက် ပတ်ဝန်းကျင် အသိုင်း အဝိုင်းအကောင်းတကာ အကောင်းဆုံး စံနမူနာ တစ်ခု ဖြစ်စေပါ သည်။

 

အမှန်တကယ် မနုဿ လူသား အား ရိုသေ လေးစားခြင်းသည် သက္က်ဝါး (သီလ ၊သမာဓိ) မှ ဖြစ်ပါသည်။ မနုဿ လူသားသည် အလ္လာဟ် ဟို အရှင်မြတ် နှင့်နီးကပ်လေလေ နီးကပ်သလောက် အလ္လာဟ် ဟို အရှင်မြတ် သည်လည်း ဂုဏ်သိက္ခာ ချီးမြှင့်ပေးသနားတော်မူမည် ဖြစ်ပါသည်။ ပတ်ဝန်းကျင်အဝိုင်း တွင် လူသားများ အား ဂုဏ်ပေးလေးစားသည့် အခြေခံမူများ ရှိနေသ၍ ငြိမ်းချမ်းရေး နှင့် လုံခြုံစိတ်ချ ရေး လည်း ရှိနေပါမည်။ အေမာမ် အလီ (အ.စ) အနေဖြင့် ဤ အခြေခံမူများကို (( မနုဿ လူသားကိုယ်တိုင်အား ရိုသေလေးစားခြင့် နှင့် ၎င်း၏ ဂုဏ်သက္ခာ အား ရိုသေလေးစားခြင်း )) ကို မနုဿ လူသား၏ လက်တွင်း ထည့်ပေးပြီး လူသားများ ကို ဤ ဖြစ်ရပ်မှန် ဘက်သို့ ဂရုပြု စေရန် တင်ပြရင်း မိန့်တော်မူထားပါသည်။

 

لا تکن عبد غيرک وقد جعلک الله حراً .[16]

 

အဓိပ္ပာယ် ။ ။မိမိကိုယ်ကိုအား မည်သူတစ်ဦးတစ်ယောက်၏ ကျေးကျွန်အဖြစ် အရောက်မခံပါနှင့်။ အကြောင်းမှာ အလ္လာဟ်ဟို အရှင်မြတ် သည် အသင် အား လွတ်လပ်မှု ပေးထားသည့် အတွက် ကြောင့် ဖြစ်ပါသည်။

 

          ကျွန်ပြုခြင်းသည် မနုဿ လူသား၏ ဂုဏ်သိက္ခာ၏ဆန့်ကျင်ဖက် ဖြစ်ပါသည်။ ယုတ်စွ အဆုံး ပတ်ဝန်းကျင် အသိုင်းအဝိုင်း တွင် ကျွန်လုပ်ခြင်း အတွေးအခေါ် သည်လည်း မလွမ်းမိုးမိရန် လိုအပ်ပါသည်။ မနုဿလူသားအနေဖြင့် လူသား ဖြစ်သည့်အလျောက်ရိုသေလေးစားမှု ပြုသင့်ပါ သည်။

 

خَرَجَأَمِيرُالْمُؤْمِنِينَ(عليه السلام)عَلَىأَصْحَابِهِ وَهُوَرَاكِبٌ فَمَشَوْا خَلْفَهُ فَالْتَفَتَ إِلَيْهِمْ فَقَالَ لَكُمْ حَاجَةٌ فَقَالُوا لَا يَاأَمِيرَالْمُؤْمِنِينَ وَلَكِنَّا نُحِبُّ أَنْ نَمْشِيَ مَعَكَ فَقَالَ لَهُمُ انْصَرِفُوا فَإِنَّ مَشْيَ الْمَاشِي ‏مَعَ الرَّاكِبِ مَفْسَدَةٌ لِلرَّاكِبِ وَمَذَلَّةٌ لِلْمَاشِي .[17]

      

မြင်းစီးသူနှင့်အတူ လမ်းလျှောက်ခြင်းသည် အစီးအနင်း အားလမ်းလွဲ ၊လမ်းမှား မှု ကို ဖြစ်စေပါသည်။ ပြီးနောက် မိုအ်မင်အား သိက္ခာချမှု ကိုဖြစ်စေပါသည်။ အကြောင်းမှာ ရှိသမျှ လူသားအားလုံး အတူတူ ဖြစ်ပါသည်။ အေမာမ် အလီ (အ.စ) အနေဖြင့် အီဂျစ်နိုင်ငံ သို့ ဘုရင်ခံ မာလစ်ကေ အရှ်သရ် အား မိမိ၏ စာတွင် ဤဖြစ်ရပ်မှန် ဘက်သို့ ညွှန်ပြထားတော်မူပါသည်။

 

وَ لَا تَكُونَنَّ عَلَيْهِمْ سَبُعاً ضَارِياً تَغْتَنِمْ أَكْلَهُمْ فَإِنَّهُمْ صِنْفَانِ إِمَّا أَخٌ لَكَ فِي الدِّينِ وَ إِمَّا نَظِيرٌ لَكَ‏ فِي الْخَلْق[18].

 

အေမာမ်အလီ (အ.စ) အုပ်ချုပ်သည့် ကာလတွင် ရှိသမျှလူသားများ အားလုံးအကြား အပြန်အလှန် ရိုသေလေးစားမှု နှင့် ကျောသားရင်သား မခွဲ ခြားမှု ရှိခဲ့ပါသည်။ အေမာမ် အလီ (အ.စ) ၏ အုပ်ချုပ်မှု အောက်တွင် မည်သူတစ်ဦး တစ်ယောက်အပေါ် ရက်စက်၊ ညှဉ်းပန်းနှိပ်စက်မှု မရှိခဲ့ချေ။ ဤအတွက်ကြောင့် မိုအာဝေယဟ် ၏ လုယက်အကြမ်းဖက်သည်စစ်သားများမှ လူများကို တိုက်ခိုက် ပြီး ၎င်းတို့၏ အမျိုးသမီးများ ၏ လက်ဝတ်ရတနာများ ကို အရှက်ကွဲ၍ သိက္ခာ ကိုမထောက်၍ အကြမ်း ဖက်လုယူသည့် သတင်းကို ကြားသည်ရသည့်အခါ မောင်လာအလီ (အ.စ) အလွန်တရာ ဒုက္ခ သောက ဖြစ်ပြီး မိန့်တော်မူလေ၏။

 

لَقَدْ بَلَغَنِي أَنَّهُ كَانَ الرَّجُلُ مِنْ أَهْلِ‏ الشَّامِ‏ يَدْخُلُ عَلَى الْمَرْأَةِ الْمُسْلِمَةِ وَ الْمُعَاهَدَةِ فَيَنْتَزِعُ أَحْجَالَهُمَا وَ رُعُثَهُمَا، ...فَلَوْ أَنَّ امْرَأً مُسْلِماً مَاتَ مِنْ دُون هَذَا أَسَفاً، مَا كَانَ عِنْدِي فِيهِ مَلُوماً، بَلْ كَانَ عِنْدِي بِهِ جَدِيراً.[19]

 

အဓိပ္ပာယ် ။ ။ ၎င်းအုပ်စုမှ (လုယက်သူ) တစ်ဦးတစ်ယောက်သည် မွတ်စလင်မ်အမျိုးသမီးတစ်ဦး နှင့် မွတ်စ်လင်မ်အမျိုးသမီး မဟုတ်သူတစ်ဦးအိမ်ထဲ့သို့ ဝင်ရောက်ပြီး ၎င်းတို့၏ လက်ဝတ်ရတနာများကို ၎င်းတို့၏ ကိုယ်ခန္ဓာမှလုယူခဲ့ပြီးပြေးသွားကြောင်း ကျွန်ုပ်သတင်းရထားပါသည်။အကယ်၍ ဤဖြစ်ရပ် မှန် ကို မွတ်စလင်မ်တစ်ဦးတစ်ယောက်မှ ကြားပြီး နာကြင်သည့်အတွက်ကြောင့် သေဆုံး သွားမည် ဆိုလျှင် ကျွန်ုပ် သည် ၎င်းအား ပြစ်တင် ရှုံ့ချရန် ထိုက်သူ မဟုတ်ဟု ယူဆပါမည်။ တစ်နည်းအားဖြင့် ကျွန်ုပ်၏အနီးတွင် ၎င်းသည် ချီးကျူးဂုဏ်ပြု ထိုက်သူ ဖြစ်ပါသည်။

         

          မဇ်ဟဗ် နှင့် ယုံကြည်ချက်များ ကို ဖယ်ထားပြီး လူသားဆိုသည့် အမြင် နှင့် အရို အသေပေး လေးစားခြင်း သည် တစ်နည်းအားဖြင့် လူသားဆိုင်ရာ အရိုအသေပြုလေးစားခြင်းနှင့်ဂုဏ်သိက္ခာ ပေးမှု အတွက် အစားထိုးစရာ မရှိသည့် လုပ်ရပ်ဖြစ်ပါသည်။

 

وَ أَكْرِمْ نَفْسَكَ عَنْ كُلِّ دَنِيَّةٍ وَ إِنْ سَاقَتْكَ إِلَى رَغْبَةٍ فَإِنَّكَ لَنْ تَعْتَاضَ‏ بِمَا تَبْذُلُ مِنْ نَفْسِكَ عِوَضاً وَ لَا تَكُنْ عَبْدَ غَيْرِكَ وَ قَدْ جَعَلَكَ اللَّهُ حُرّا.[20]

 

သိက္ခာမဲ့မှု မှန်သမျှကိစ္စ မှ ရှောင်ကြဉ်ပါလေ။ လောကီ အကျိုးအမြတ် အတွက် မိမိ ဂုဏ်သိက္ခာ ရင်းပြီးလုပ်မည်ဆိုလျှင် အသင်ရရှိမည်ဖြစ်ပါသည်။သို့သော် ဘာမှ ရရှိမည်မဟုတ်ချေ။ မည်သူ တစ်ဦး တစ်ယောက်၏ ကျေးကျွန် မဖြစ်ပါစေနှင့်၊(မလုပ်ပါနှင့်)။ အကြောင်းမှာ အလ္လာဟ်ဟို အရှင်မြတ် သည် အသင်အား လွတ်လပ်မှု ပေးသနားတော်မူထားသည်အတွက်ကြောင့် ဖြစ်ပါသည်။

 

          မောင်လာအလီ (အ.စ) ၏ ကျောသားရင်သား မခွဲခြားသည့်တရားမျှတသည့် အုပ်ချုပ်မှု အောက်တွင် အားလုံး ငြိမ်းချမ်း စွာ လုံခြုံ စွာဖြင့် ဘဝတည်ဆောက်ခဲ့ကြပါသည်။ သို့ပေမဲ့လည်း အစ္စလာမ့်ရန်သူများ မှ မောင်လာအလီ (အ.စ) အားဆန့်ကျင်ပြီး စစ်ပွဲ သုံးခု ( ဂျမလ် ၊ စစ်ဖီးန် နှင့်နဲဟ်ရဝါန်) ကို ပြုခဲ့ကြပါသည်။ သို့သော် မောင်လာအလီ (အ.စ) အနေဖြင့် ပတ်ဝန်းကျင် အသိုင်းအဝိုင်း ရှိ လူသား အားလုံးကို ကျောသားရင်သား မခွဲခြားဘဲ ဆက်ဆံမှု ၊ တရားမျှတမှု နှင့် အနှိပ်စက် အညှဉ်းပန်းခံ လူသားများ၊ အားနည်းသည့်သူများကို ကူညီ ခြင်းပြု၍ အလ္လာဟ်ဟို အရှင်မြတ် ၏လူ ဖြစ်ကြောင်း ပြသခဲ့ပါသည်။

 

          ဤအတွက်ကြောင့် မောင်လာအလီ (အ.စ) အနေဖြင့် ပတ်ဝန်းကျင် အသိုင်းအဝိုင်း မှ တစ်ယောက်တည်းကျန်အောင် ရှောင်ဖယ်နေကြသည့် မသန်မစွမ်း ဖြစ်နေသည့် ခရစ်ယာန် ဘာသာဝင် တစ်ယောက်နှင့်တွေ့ဆုံချိန် သည်းမခံနိုင်တော်ဘဲ အမိန့်ပေး မိန့်တော်မူလေ။

 

أَبِي حَمْزَةَ عَنْ رَجُلٍ بَلَغَ بِهِ أَمِيرَ الْمُؤْمِنِينَ (علیه السلام) قَالَ: مَرَّ شَيْخٌ مَكْفُوفٌ كَبِيرٌ يَسْأَلُ فَقَالَ أَمِيرُ الْمُؤْمِنِينَ (عليه السلام) مَا هَذَا فَقَالُوا يَا أَمِيرَ الْمُؤْمِنِينَ (عليه السلام) نَصْرَانِيٌّ قَالَ فَقَالَ أَمِيرُ الْمُؤْمِنِينَ (علیه السلام) اسْتَعْمَلْتُمُوهُ‏ حَتَّى إِذَا كَبِرَ وَ عَجَزَ مَنَعْتُمُوهُ أَنْفِقُوا عَلَيْهِ مِنْ بَيْتِ الْمَالِ.[21]

 

အေမာမ်အလီ(အ.စ) အနေဖြင့် မသန်စွမ်းသည့် အဘိုး အိုတစ်ဦးအနီးမှ ဖြတ်သွားတော်မူလေ၏။ ထိုအဘိုးအိုသည် ဆင်းရဲမွဲတေသည့်အတွက်ကြောင့်တောင်းရမ်းနေလေ၏။ အေမာမ် (အ.စ) မှ မိန့်တော်မူလေ၏။ ဤသည်ဘာဖြစ်သနည်း ? ဤသူသည်မည်သူမည်ဝါ ဖြစ်ပါသနည်း ? ဟု မမိန့် တော်မူချေ။ တစ်နည်းအားဖြင့် ၎င်း၏ အခြေအနေ ကို မေးတော်မူလေ၏။ ထိုအခါ တစ်ဦးတစ်ယောက် မှ အဖြေပေး ပြောလေ၏။ ၎င်းသည် ခရစ်ယာန် ဘာသာဝင် တစ်ဦး ဖြစ်ပါသည်။ (ဆိုလိုသည်မှာ ၎င်းသည် မွတ်စလင်မ်မဟုတ်ပါ။ ဤအတွက်ကြောင့် ၎င်းနှင့်ပတ်သက်ပြီး ပူစရာ သောကဖြစ်စရာ မလိုပါဟုဆိုချင်ပါသည်။ ) ထိုအခါ မောင်လာ (အ.စ) မှ မိန့်တော်မူလေ၏။ ဤပုဂ္ဂိုလ်သည် အလုပ် လုပ်နိုင် သည် စွမ်းအား၊ခွန်အား နှင့် သတ္တိ ရှိခဲ့သည့် အချိန် အထိ ၎င်းအား အလုပ်လုပ်ခိုင်း ကြပါသည်။ ယခု ၎င်းမှာ အလုပ်လုပ်နိုင်သည့်ခွန်အား မရှိတော့သည့်အတွက် ၎င်းကို ပစ်ထားကြပါ သည်။ ၎င်း၏ အသုံးစရိတ်အား ပြည်သူ့ ဘဏ္ဍာတိုက်မှပေးရပေမည်။

 

          ဘာလဲ အသင်အနေဖြင့် ဤခရစ်ယာန် ဘာသာဝင် အား အလုပ်ခိုင်းလို့ ရသလောက် အလုပ်လုပ်စေခဲ့ပြီး ယခုအခါ အိုသွားမင်းသွားပြီး၊ မသန်စွမ်းတော့သည့်အခါမှ ၎င်းကို ပစ်ထား မည်လော ? ၎င်းအဘိုးအို အတွက် အသုံးစရိတ်အား ပြည်သူ့ ဘဏ္ဍာတိုက်မှပေးရပေမည်။ ကိုယ်ရည်ကိုယ်သွေးရှိသူ အား ဂုဏ်ပေးလေးစားခြင်းဖြင့် တစ်ဦးချင်း ဖြစ်စေ သို့မဟုတ် ညီနှောင် ဖြစ်စေ ၊မြို့ သို့မဟုတ် နိုင်ငံဖြစ်စေ ၊ ကျောင်း သို့မဟုတ် လူမျိုးအတွင်းဖြစ်စေ ငြိမ်းချမ်းရေး နှင့် လုံခြုံရေး ကို ဖြစ်စေမည် ဖြစ်ပါသည်။ အကယ်၍ သူတစ်ပါး အား ဂုဏ်ပေးလေးစား ခြင်း အား မည်သည့် နေရာမှ မတွေ့ရတော့သည့် အခါ စစ်ပွဲ အစ နှင့် ပဋိပက္ခ၏ အစ ဆိုတာသိထားရပါမည်။ ထိုအခါမည်သည့်နေရာကို ဦေးဆာင်ရမည် ၊ လူမျိုးများ နှင့်နိုင်ငံများ မှ ဘာဖြစ်မည်ဆိုလည်း သိတော့မည် မဟုတ်ချေ။

 

၃။ သူတစ်ပါး ၏ ရပိုင်ခွင့်များကို ပေးဆောင် ခြင်း၊လက်ခံပေးခြင်း

     

       ၃။ သူတစ်ပါး ဘဝ၏ ရပိုင်ခွင့်များကို ပေးဆောင်ခြင်း၊လက်ခံပေးခြင်းသည် ငြိမ်းချမ်းရေး အပြည့်အဝ ရှိသည့် ပတ်ဝန်းကျင် အသိုင်းအဝိုင်း ကို ဖြစ်စေပါသည်။ ပတ်ဝန်းကျင်အား ပြည့်စုံမှု ဘက်သို့ ခေါ် ဆောင်သွားမည် ဖြစ်ပါသည်။ လူတိုင်း လူသားဖြစ်သည့် အလျှောက် အခွင့်အရေး ရှိကြပါသည်။ မည်သူမျှ ၎င်း အခွင့်အရေး ကို လုပိုင်ခွင့် မရှိပေ။ ပတ်ဝန်းကျင်တွက် ဤရပိုင်ခွင့်ကို အရိုအသေပြုအလေးပေးနေသ၍ လူများအနေဖြင့် ဤ ရပိုင်ခွင့်ကို ကျေးဇူးပြုနေသ၍ မည်သည့် ပြဿနာ မျှ ဖြစ်မည်မဟုတ်ချေ။ နောက်တစ်နည်းပြောရလျှင် ဤအခြေခံမူ သုံးခု အား ရိုသေ လေးစား နေသ၍ စစ်ပွဲ ဖြစ်မည် မဟုတ်ချေ။

 

          ကိုယ်ရည်ကိုယ်သွေးရှိသူ၏ ဂုဏ်သိက္ခာ ကို အရိုအသေပေးလေးစားခြင်းသည် ရှိသင့်ပါသည်။ ဤလုပ်ရပ်သည် တစ်ဦးချင်းကို ဖြစ်စေ သို့မဟုတ် ပတ်ဝန်းကျင်အသိုင်းအဝိုင်း ဖြစ်စေ ၊ မြို့ဖြစ်စေ သို့မဟုတ် နိုင်ငံ ဖြစ်စေ ၊မဇ်ဟဗ်များ ဖြစ်စေ သို့မဟုတ် လူမျိုး ဖြစ်စေ အကြား ငြိမ်းချမ်းရေး နှင့် လုံခြုံမှုကို ဖြစ်စေ ပါသည်။ အကယ်၍မည်သည့် နေရာတွင် မဆို အပြန်အလှန် ရိုသေလေးစားမှု မရှိလျှင် ထိုနေရာတွင် စစ် ပွဲနှင့် ရန်ပွဲ ဖြစ်လာပေမည်။ ဤစစ်ပွဲ နှင့်ရန်ပွဲသည် မည်သည့်နေရာတွင် အဆုံးသတ်မည် ပြီးနောက် လူမျိုးများကို ဘာဖြစ်သွားမည် ဆိုသည်ကို မသိချေ။

 

          အမီးရွလ်မိုအ်မေနီးန် အေမာမ် အလီ (အ.စ) အနေဖြင့် အမြဲတမ်း ငြိမ်းချမ်းရေးကို အားပေး ထောက်ခံခဲ့ ပါသည်။ မောင်လာ (အ.စ) ဆုံးမသြဝါဒတော်များ နှင့် ဘဝ တည်ဆောက်မှု တွင် လည်း ငြိမ်းချမ်းရေး ကို အလေးပေးထားကြောင်း တွေ့မြင်နိုင်ပါသည်။ ယုတ်စွာ အဆုံး အီဂျစ် ဘုရင်ခံ မာလစ်က်ကေ အရှ်သရ် ကို ရေးခဲ့သည့် ဆွေးနွေးတိုင်ပင်စာတွင်လည်း ဤကိစ္စဘက်သို့ အလေးပေး တိုက်တွန်း ရေးသားထားပါသည်။

 

إِيَّاكَ وَالدِّمَاءَ وَسَفْكَهَا بِغَيْرِحِلِّهَا،فَإِنَّهُ لَيْسَ شَيْءٌ أَدْنَي لِنِقْمَهٍ وَلَاأَعْظَمُ لِتَبِعَهٍ،وَلاأَحْرَ يبِزَوَ الِنِعْمَهٍ،وَانْقِطَاعِمُدَّهٍ،مِنْ سَفْكِ الدِّمَاءِ بِغَيْرِحَقِّهَا.[22]

 

အဓိပ္ပာယ် ။ ။ လူသားများအား မတရား (အပြစ်မဲ့) သွေးထွက်သံယိုပြုခြင်း (သတ်ခြင်း) မှ ရှောင်ကြဉ် ပါလေ။ အကြောင်း မှာ ဤလုပ်ရပ်ကြောင့် အလ္လာဟ်ဟိုအရှင်မြတ် ၏ ဖမ်းဆီးမှု ၊ အပြစ်ပေးမှု ၊ နေအ်မသ် တော်များ ၏ ကျဆုံးမှု နှင့် သေခြင်းဆီသို့ နီးကပ်မှု ကို ဖြစ်စေပါသည်။

 

          ၎င်းစာစောင်တွင် မောင်လာအလီ (အ.စ) အနေဖြင့် မာလစ်က် အား လမ်းညွှန် ထားပါသည်။ လူသားများအား မတရား (အပြစ်မဲ့) သွေးထွက်သံယိုပြုခြင်း (သတ်ခြင်း) မှ ရှောင်ကြဉ် ရန် မိန့်ထားပါသည်။ အကြောင်းမှာ ဤ လုပ်ရပ်သည် အလ္လာဟ်ဟို အရှင်မြတ် ၏ ပြစ်ဒဏ်အား အမြန် ဖိတ်ခေါ်စေ သည့်အတွက်ကြောင့် ဖြစ်ပါသည်။ ပြီးနောက်ရက်စက် ကြမ်းကြုတ် သူ၏ ရက်စက် ကြမ်းကြုတ်မှုကြောင့် ပြစ်ဒဏ်ပေးခံရမည် ဖြစ်ပါသည်။ ၎င်းထံမှ ရက်စက်ကြမ်းကြုတ်မှု အတွက် သွေးကြွေးပြန် ယူခြင်း ခံရပေမည်။

 

          အေမာမ်အလီ (အ.စ)မှ ဆက်လက်ပြီးမိန့်တော်မူလေ၏။

 

وَاللهُ مُبْتَدِءُبِاالْحُكْمِ بَيْنَ الْعِبَادِفِيْمَا تَسَافَكُوامِنَ الدِّمَاءِ يَوْمَ الْقِيَامَهِ[23] .

 

အလ္လာဟ်ဟို အရှင်မြတ် သခင်သည် ကေယာမသ်နေ့ တွင် အခြားသူများ အတွက် တရားစီရင် မဆုံးဖြတ်မည်အလျှင် မတရား မတရား (အပြစ်မဲ့) သွေးထွက်သံယိုပြုခြင်း(သတ်ခြင်း) နှင့်ပတ်သက် ပြီး တရား စီရင်တော်မူပေမည်။ အာဏာရှင်များ အနေဖြင့် အလ္လာဟ်ဟိုအရှင်မြတ် အား ကြောက်ရွံ့ သင့်ပေသည်။ ပြီးနောက် အကယ်၍ အာဏာ ပိုင်များ အနေဖြင့် အလ္လာဟ်ဟို အရှင်မြတ် အား ကြောက်ရွံ့ မည်ဆိုလျှင် ပတ်ဝန်းကျင်အသိုင်းအဝိုင်းသည် ပန်းဥယျာဉ် ဖြစ်သွားပါမည်။ ပြီးနောက် ပတ်ဝန်းကျင် အသိုင်းအဝိုင်းတွင် မည်သည့် မလုံခြုံမှု မျိုး ကိုမျှ တွေ့ရမည် မဟုတ်တော့ပေ။ များသော အားဖြင့် အုံကြွ ပုန်ကန်မှုသည် အာဏာပိုင်များ ၏ မတရား သတ်ဖြတ်မှုကြောင့် စတင်ပါသည်။ ပြီးနောက် တစ်နိုင်ငံလုံးကို ကူးစက်စေပါသည်။

 

မောင်လာအလီ(အ.စ) အနေဖြင့် ဤအချက်ကို ရှေ့ဆက်ပြီး မာလစ်က်ကေ အရှ်သရ်အား မိန့်တော်မူလေ၏။

 

فَلاتُقَوِّيَنَّ سُلْطَانَكَ بِسَفْكِ دَمٍ حَرَامٍ،فَإِنَّ ذَالِكَ مِمَّا يُضْعِفُهُ وَيُوْهِنُهُ بَلْ يُزِيْلُهُ وَيَنْقُلُهُ،وَلاعُذْرَلَكَ عِنْدَاللهِ وَلاعِنْدِي فِي قَتْلِ الْعَمْدِ .

 

ထို့အတွက်ကြောင့် မတရားသတ်ဖြတ်မှု ကို ပြုခြင်းဖြင့် မိမိ၏ အစိုးရ အား အားနည်းအောင် မပြုလေနှင့်။ အကြောင်းမှာ မတရားသတ်ဖြတ်မှု သည် အစိုးရ၏ အောက်ခြေများကို အားနည်း စေပါသည်။ အစိုးရအား ဖြုတ်ချစေပြီး အခြားသူများလက်သို့ လွဲပြောင်းပေးလေသည်။ ကျွန်ုပ်၏ အရှေ့ နှင့် အလ္လာဟ်ဟို အရှင်မြတ် ၏နန်းတော်တွင် အသင်၏ မတရား သတ်ဖြတ်မှု အတွက် ဆင်ခြေ ဆင်လက် အား လက်ခံမည် မဟုတ်ပေ။ အကြောင်းမှာ ဤ အတွက် ပြစ်ဒဏ် မှာ လက်စား ချေခြင်း ၊သေစားသေစေ ဖြစ်သည့် အတွက်ကြောင့် ဖြစ်ပါသည်။ ဤအပြစ်အား (ကျူးလွန်သူ) မည်သူ မျှ လွတ်မြောက်မည် မဟုတ်ချေ။

 

          ယနေ့ ဤအချက်လိုအပ်ပါသည်။ မောင်လာအလီ (အ.စ) ၏ ဤ အာနိသင် ပြည့် သြဝါဒ တော်အား ဝန်ကြီးချုပ် ၊ သမ္မတ ၊ ဝန်ကြီးများ ၊ ဘုရင်ခံများ ၏ အိမ် တော်များတွင် ရေးသား ချိတ်ဆွဲ ထားသင့်ပါသည်။ မတရား သတ်ဖြတ်ခြင်းဖြင့် အစိုးရ မခိုင်မာသည့်အပြင် ပိုပြီး ပြိုလဲ မှု အတွက် ပြုတ်ကျရန်အတွက်ကို ဖြစ်စေပါသည်။ တစ်နည်းအားဖြင့် မတရားသည့် သတ်ဖြတ်မှု သည်အစိုးရ၏ အခြေခံ အုတ်မြစ်များကို လှုပ်ခါစေပါသည်။ အာဏာပိုင်များ ၏ စွမ်းအား နှင့်ခွန်အားကို ဖျက်စီး စေပါသည်။

 

          ဤမောင်လာအလီ (အ.စ) ၏ မိန့်မှာ ချက်အတိုလေးတွင် မောင်လာအလီ (အ.စ) ၏ အလွန် တရာ အာဝဇ္ဇန်း ဖြစ်မှု နှင့်အတူ သူတစ်ပါး၏ ရပိုင်ခွင့်များကို ရှင်းလင်းစွာ ရုပ်လုံး ဖော်ပြထားပါသည်။ အကယ်၍ လူသားအနေဖြင့် လူအခွင့်အရေးများကို ပေးကမ်းထမ်းဆောင်ရမည်ကို သဘောတူ လက်ခံလိုက်မည်ဆိုလျှင် စစ်ပွဲ ရန်ပွဲ ၏အခြေအမြစ်ကို ဖျက်သိမ်းလိုက်ခြင်း ဖြစ်ပေမည်။ အကြောင်းမှာ အာဏာ ၊စွမ်းအားနှင့် စည်းစိမ်ဥစ္စာတို့ အတွက် ဖြစ်ပွားသည့် စစ်ပွဲတွင် သူတစ်ပါး ၏ ရပိုင်ခွင့် များ ကို မပေးသည့် အတွက်ကြောင့် ဖြစ်ပါသည်။ ပြီးနောက် စွမ်းအားအင်အား ကို များသ ထက်များ အောင် ဆွတ်ခူး နိုင်ရန်နှင့် အစိုးရ၏ နယ်ပယ်ကို ကျယ်ပြန့်စေရန် ပြုလုပ်မှု ကြောင့် ပတ်ဝန်း ကျင်အသိုင်းအဝိုင်း တွင် ငြိမ်းချမ်းရေး နှင့်လုံခြုံရေး ပျက်စီးရပါသည်။ ပြီးနောက် ပြဿနာ၊ ပဋိပက္ခ နှင့် ဆူပူအုံကြွမှုများ ကို ဖြစ်စေပါသည်။

 

          သူတစ်ပါး၏ ရပိုင်ခွင့်များ ကို ပေးဆောင်၊ထမ်းဆောင်ရမည့် ကိစ္စ နှင့်ပတ်သက်ပြီး ကျမ်းတော်မြတ် ကုရ်အာန် ၏ အထူးအမြင်မှာ ဤသို့ ဖြစ်ပါသည်။ လူသားပီသမှု ကို ထို မှန်ကန်မှု ဘက်သို့ ခေါ်ဆောင် သွားပါသည်။ လူသားတစ်ယောက် ၏ လွတ်မြောက်မှု ၊ကယ်တင်မှု အား လူသား အားလုံး ၏ လွတ်မြောက်မှု ကယ်တင်မှု နှင့်ထပ်တူ ထပ်မျှ ဖြစ်ကြောင်း ပြဆို ထားပါသည်။ ထိုနည်းတူစွာ လူတစ်ယောက်ကို (မတရား) သတ်ခြင်းကို လူသားအားလုံးကို သတ်ဖြတ်ခြင်း နှင့် အတူတူ ဖြစ်ကြောင်း သတ်မှတ်ထားပါသည်။

 

مِنْ أَجْلِ ذلِكَ كَتَبْنا عَلى‏ بَنِي إِسْرائِيلَ أَنَّهُ مَنْ قَتَلَ نَفْساً بِغَيْرِ نَفْسٍ أَوْ فَسادٍ فِي الْأَرْضِ فَكَأَنَّما قَتَلَ النَّاسَ جَمِيعاً وَ مَنْ أَحْياها فَكَأَنَّما أَحْيَا النَّاسَ جَمِيعا.[24]

 

အဓိပ္ပာယ် ။ ။ဤအတွက်ကြောင့်ငါအရှင်မြတ် အနေဖြင့် ဘနီ အစ္စရာအီလ် လူမျိုးများ အပေါ် ဤ (အမိန့်) ကို ချတော်မူခဲ့ပါသည်။ အကြင်သူတစ်ဦးတစ်ယောက်သည် တစ်ဦးတစ်ယောက်အား လူသတ်မှုအတွက် သွေးကြေးပေးရန် သို့မဟုတ် မြေပထဝီတွင် ပြဿနာ ပဋိပက္ခ ဖြစ်ပွား အောင်ပြုသည့် ပြစ်တင်မှအပ သတ်ဖြတ်ခဲ့မည်ဆိုလျှင် တစ်နည်းအား ဖြင့် ၎င်းသည် လူသား အားလုံး ကို သတ်ဖြတ် လိုက်ခြင်း ဖြစ်ပေသည်။ အကြင်သူတစ်ဦးတစ်ယောက်သည် တစ်ဦးတစ်ယောက်၏ အသက်အား ကယ်တင်ခဲ့မည်ဆိုလျှင် တစ်နည်းအားဖြင့် ၎င်းသည် လူသား အားလုံး အား ကယ်တင်ခဲ့ခြင်းဖြစ်ပေသည်။ ။ပြီးနောက် ဧကန် စင်စစ် ငါ၏ရစူလ်များသည် ထင်ရှားသည့် သက်သေ အထောက်အထား များ ဖြင့် ၎င်းတို့ထံ ရောက်ရှိခဲ့ပါသည်။ ပြီးနောက်လည်း ၎င်းတို့မှ အများစု သည် မြေပထဝီ တွင်ရက်စက်ကြမ်းကြုတ်မှုများကို ဆက်လက် ကျူးလွန်နေသူများ ဖြစ်ကြပါသည်။

 

          ဤကဲ့သို့ဘာသာဆိုင်ရာစာပေများ အရ ပတ်ဝန်းကျင်အသိုင်းအဝိုင်း တွင် ငြိမ်းချမ်းမှု နှင့်လုံခြုံမှု ကို တည်ဆောက်နိုင်ရန် သူတစ်ပါး ၏ အခွင့်အရေးများကို ဂရုပြု ရမည်မှာ ကျမ်းတော်မြတ်ကုရ်အာန် အခြေခံမှုများ မှ တစ်ခု ဖြစ်ကြောင်း သိရှိရပါသည်။ ပြီးနောက် သူတစ်ပါး ၏ အခွင့်အရေးများကို ဂရုပြု ခြင်းသည် ပတ်ဝန်းကျင် အသိုင်းအဝိုင်း တွင် လူမျိုးရေး ၊ နိုင်ငံရေး ၊ ယဉ်ကျေးမှု ရေး ၊ မဇ်ဟဗ်အရေး နှင့်ဘာသာရေး ပဋိပက္ခ များမှ လွတ်မြောက်စေပါသည်။

 

အနှစ်ချုပ်ရလာဒ်

 

လူမှုရေးဘဝတွင် ငြိမ်းချမ်းရေး ဆိုသည့် အုတ်မြစ် အပေါ် ရပ်တည်ပြီး အတူတစ်ကွ နေထိုင် သင့်ပါသည်။ ပြီးနောက် ကျမ်းတော်မြတ်ကုရ်အာန် နှင့် အမီးရွလ်မိုအ်မေနီးန် အေမာမ် အလီ (အ.စ) ၏ ဘဝ သမိုင်း အတ္ထုပ္ပတ္တိ တွင်လည်း ဤ အချက်ကို အလေးပေးတိုက်တွန်းထားပါသည်။ ပြီးနောက် ကျမ်းတော်မြတ်ကုရ်အာန် နှင့် အမီးရွလ်မိုအ်မေနီးန် အေမာမ် အလီ (အ.စ) ၏ သြဝါဒတော်များ တွင် လူမျိုးများ ၊ နိုင်ငံများ ၊ မျိုးနွယ်စုများ အချင်းချင်း ငြိမ်းချမ်းရေး ကို ဖန်တီး နိုင်ရန်အတွက် အရေးအလွန်ကြီးသည့် ကံကြမ္မာကို ဖြစ်စေသည့် အခြေခံ အချက် သုံးချက် ကို ဖော်ပြထားပါသည်။

 

       အစ္စလာမ် သာသနာတော်သည် လူသားအားလုံး ကို ငြိမ်းချမ်းရေးးနှင့် လုံခြုံရေး အတွက် ဖိတ်ခေါ် ထားပါသည်။ ယုတ်စွ အဆုံး ကောင်းကင်ကျ ကျမ်းရရှိထားသူများကိုပင် ကလေမဟ် ယေဟက် တစ်ခုတည်း ဘက်သို့ စည်းလုံးညီညွတ်ရန် ၊ သဟဇာတ ဖြစ်ရန် ဖိတ်ခေါ် ထားပါသည်။အစ္စလာမ်သာသနာတော်တွင် ပတ်ဝန်းကျင် အသိုင်းအဝိုင်း များတွင် မင်းမဲ့စရိုက် နှင့် ရန်သူများ၏ လက်မှ အစ္စလာမ် ၏ ဂုဏ်သိက္ခာ ကို ကာကွယ်ရန် အတွက် သာ စစ်ကို ခွင့်ပြုထားပါသည်။ အခြားတစ်ဖက်တွင် လူတစ်ယောက်အား သတ်ဖြတ်ခြင်းကို လူသားအားလုံးကို သတ်ဖြတ်ခြင်းနှင့် ထပ်တူထပ်မျှ ဖြစ်ကြောင်း သတ်မှတ်ထားပါသည်။ ပြီးနောက် လူတစ်ယောက်ကို ကယ်တင်ခြင်းကို လူသားအားလုံးကို ကယ်တင်ခြင်း နှင့် တပ်တူ ထပ်မျှ ဖြစ်ကြောင်း သတ်မှတ်ထားပါသည်။

 

 

ကျမ်းကိုးများ

  1. قرآن کریم.
  2. نهج البلاغه.
  3. جعفری لنگرودی ،محمد جعفر ،ترمینولوژی حقوق،کتابخانه گنج دانش،1367ش.
  4. شیخ طوسی،تهذيب الاحكام، دار الاضواء، بیروت1430ق1430.
  5. عمید ، حسن ،فرهنگ عمید،انتشارات امیر کبیر تهران،1363.
  6. فيض الإسلام ،علی نقی، نهج البلاغه ، تهران،بی نا،1364.
  7. مجلسی ،محمد باقر ،بحارالانوار، بيروت، بی نا،موسسة الوفاء.
  8. مطهری،مرتضی،مجموعه آثار ،انتشارات صدرا،قم.

 

الحمدلله ربّ العالمین ****************************************************************

END / 251

[1]شرایع الاسلام، محقق حلی، کتاب جھاد( نقل از مجموعہ آثار شھید مطھری) ج ۱۶، ص۶۲۸

[2]سوره ممتحنہ، آیہ ۸

[3]سوره عنکبوت، آیہ ۴۶

[4]سوره آل عمران، آیہ 64

[5]سوره حجرات، آیہ ۱۰

[6]محمد باقر مجلسی، بحارالانوار، ج۳۳، ص۶۰۰

[7]نھج البلاغہ، فیض الاسلام، نامہ ۵۳

[8]سوره اسراء، آیہ ۷۰

[9]سوره ص، آیہ ۷۲۔ و سوره حجر، آیہ ۲۹

[10]سوره اسراء، آیہ ۶۲

[11]سوره بقره، آیہ ۳۰

[12]سوره بقرہ، آیہ ۳۱

[13]سورہ بقرہ، آیہ ۳۴

[14]محمد باقر مجلسی، بحارالانوار، ج۱۱، ص97

[15]سورہ حجرات، آیہ ۱۳

[16]نھج البلاغۃ ، فیض الاسلام، خطبہ ۲۷

[17]محمد باقر مجلسی، بحارالانوار، ج۵۵، ص۴۱

[18]محمد باقر مجلسی، بحارالانوار، ج۳۳، ص۶۰۰

[19]محمد باقر مجلسی، بحارالانوار، ج۳۴، ص۱۴۳

[20]محمد باقر مجلسی، بحارالانوار، ج۷۴، ص۲۲۶

[21]شیخ طوسی، تھذیب الاحکام، ج۶، ص ۲۹۲، ح ۸۱۱

[22]محمد باقر مجلسی، بحارالانوار، ج۳۳، ص۶۱۱

[23]محمد باقر مجلسی، بحارالانوار، ج۳۳، ص۶۱۱

[24]سورہ مائدہ، آیہ ۳۲