အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
သောကြာနေ့

၄ မတ် ၂၀၂၂

၁၁:၅၃:၅၄
1235639

ပါကစ္စတန် နိုင်ငံ ပေရှာဝရ်မြို့ ရှိ ရှီအာ မွတ်စလင်မ် ဗလီ ဝတ်ကျောင်းတော်တွင် အသေခံ ဗုံးဖောက်ခွဲမှု ဖြစ်ပွား ၃၀ သေဆုံး ၊ အများ အပြားဒဏ်ရာ ရ + ဗီဒီယို

ပါကစ္စတန် နိုင်ငံ ပေရှာဝရ် မြို့ ကစ်ဆေခွါနီ ပါဇာရ် အရပ်ရှိ ရှီအာ ဂျအ်မေမစ္စ်ဂျစ်ဒ် တွင် အသေခံ ဗုံးဖောက်ခွဲမှု တစ်ရပ် ယနေ့ ဖြစ်ပွားခဲ့ပါတယ်။ ဤလူမဆန်သည့် လုပ်ရပ်ကြောင့် ရှေ့ဆောင် နမာဇ် ဝတ်ပြုပေးသူ H.I အလာမာ အရ်ရှဒ် ဟိုစိန် ခလီးလ် အပါအဝင် နမာဇ် ဝတ်ပြုသူ ၃၀ ရှဟီးဒ် ဖြစ်ခဲ့ပြီး နမာဇ် ဝတ်ပြုသူ အယောက်၄၀ နှင့် ၅၀ အကြား ဒဏ်ရာ ရခဲ့ကြောင်း ဝမ်းနည်းစွာ ဖြင့် သတင်းရရှိခဲ့ပါတယ်။


သတင်းဌာနများ သတင်း အထောက်အထား များ အရ ပါကစ္စတန် နိုင်ငံ ပေရှာဝရ် မြို့ ရှိ အကျော်အေမာ် ကစ်ဆေခွါနီ ပါဇာရ် ၊ ကူဂျေ ရေစာဒါရ် အရပ်ရှိ ရှီအာ ဂျအ်မေမစ္စ်ဂျစ်ဒ် တွင် အသေခံ ဗုံးဖောက်ခွဲမှု တစ်ရပ် ယနေ့ ဖြစ်ပွားခဲ့ပါတယ်။ ဤလူမဆန်သည့် လုပ်ရပ်ကြောင့် ရှေ့ဆောင် နမာဇ် ဝတ်ပြုပေးသူ H.I အလာမာ အရ်ရှဒ် ဟိုစိန် ခလီးလ် အပါအဝင် နမာဇ် ဝတ်ပြုသူ ၃၀ ရှဟီးဒ် ဖြစ်ခဲ့ပြီး နမာဇ် ဝတ်ပြုသူ အယောက်၄၀ နှင့် ၅၀ အကြား ဒဏ်ရာ ရခဲ့ကြောင်း ဝမ်းနည်းစွာ ဖြင့် သတင်းရရှိခဲ့ပါတယ်။

 

ရဲတပ်ဖွဲ့ ၏ ပြောကြားချက်အရ ဗုံးဖောက်ကွဲမှု မဖြစ်ပွားမည်အလျင် အမည်မသိသူများဘက် မှာ ဤဧရိယာ အတွင်း သေနတ်ဖြင့် ပစ်ခတ်မှုများ ပြု ခဲ့ကြောင်း ပြီးနောက် ဗလီ ဝတ်ကျောင်းတော် အတွင်း ဗုံးဖောက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း အခင်းဖြစ်ပွားသည့်နေရာသို့ ရဲတပ်ဖွဲ့ဝင်များ ဗုံး ရှင်းလင်းရေး အဖွဲ့ ရောက်ရှိ လာကြောင်း ရဲတပ်ဖွဲ့ မှ ဖြစ်ပွားသည့်နေရာကို ဝိုင်းဝန်း၍ ပိတ်ဆို့ ထား ပြီး ဖြစ်ကြောင်း သိရှိရပါတယ်။

အခင်း ဖြစ်ပွားပြီးနောက် ဆေးရုံများတွင် အရေးပေါ် အခြေအနေကို ကြေညာထားပြီး ကယ်ဆယ်ရေး အဖွဲ့များကို အခင်းဖြစ်ပွားသည့်နေရာ သို့ စေလွတ်ခဲ့ပြီး ဖြစ်ပါတယ်။ လုံခြုံရေး အဖွဲ့ များလည်း အခင်းဖြစ်ပွားခဲ့သည့် ဗလီ ဝတ်ကျောင်းတော် သို့ရောက်ရှိနေပြီး ဖြစ်ပါတယ်။

သတင်းဌာနများ ၏ သတင်း အထောက်အထားများ အရ ကစ်ဆေခွါနီ ပါဇာရ် ၏ အတွင်းလမ်းတွင် ဗုံးဖောက်ခွဲမှု ဖြစ်ပွားခဲ့ပြီး ဒဏ်ရာရရှိသူများ ကို ဆေးရုံ ပို့ဆောင်ရာတွင် အခက်အခဲများ ရှိနေကြောင်း သိရှိရပါတယ်။

ရပ်တပ်ဖွဲ့ ၏ အကြေီးအကဲများ အခင်း ဖြစ်ပွားသည့် နေရာသို့ရောက်ရှိပြီးဖြစ်ပါတယ်။ မျက်မြင် သက်သေများ ၏ ထွက်ဆိုချက်များ အရ ကူဂျေ ရေစာဒါရ် အရပ်ရှိ ရှီအာ ဂျအ်မေမစ္စ်ဂျစ်ဒ် တွင် သောကြာနမာဇ် ဝတ်ပြုနေစဉ် အချိန် တွင် ဖောက်ခွဲမှု ဖြစ်ပွား ခဲ့ကြောင်း သိရှိရပါတယ်။

သတင်း အထောက်အထားများ အရ အကြမ်းဖက်သမား ၂ဦးမှ ဗလီ ဝတ်ကျောင်းတော် အတွင်းသို့ ဝင်ရောက်ရန် ကြိုးစားခဲ့ကြောင်း ၎င်းတို့အား တားဆီးမှု ပြုခဲ့သည့် အတွက် သေနတ်များ နှင့်ပစ်ခေတ်မှုများ ဖြစ်ပွား ခဲ့ ကြောင်း သိရှိရပါတယ်။

Lady Reading ဆေးရုံမှ ရှဟီးဒ် ဖြစ်သွားသူ အယောက် ၃၀ ဖြစ်ကြောင်းကို အတည်ပြုပြေကြားရင်း ဒဏ်ရာရရှိထားသူ များ မှ ၁၀ဦးမှာ စိုးရိမ် ရသည့် အခြေ အနေဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်

ပါကစ္စတန် နိုင်ငံ ဝန်ကြီးချုပ် အန်မ်ရာန် ခါန် ၊ ခိုင်းရိ ဗခ်သူခွါ ၏ ဝန်ကြီးနှင့် J.U.I ၏ ဥက္ကဋ္ဌ မောင်လာနာ ဖွဆ်ွလေရဲမာန် တို့ မှ ဤ ဖြစ်ပွား နှင့် ဖြစ်ရပ်ကို ပစ်တင် ရှုတ်ချ ခဲ့ကြပါတယ်။

မောင်လာနာ ဖွဆ်ွလေရဲမာန် မှ မိမိ၏ တင်ပြ မှု တွင် အဖိုးတန် အသက်များ ဆုံးရှုံး ရသည့် အတွက် ဝမ်းနည်း ရကြောင်း သောကြာနမာဇ် ဝတ်ပြုနေစဉ် တိုက်ခိုက်မှုသည်ရက်စက် ကြမ်းကြုတ် မှု အတွက် အဆိုးရွား တကာ အဆုံးဝါးဆုံး သက်သေ နမူနာ ဖြစ် ကြောင်း မိမိအနေဖြင့် ပါကစ္စတန် အစိုးရ အာား ဒဏ်ရာ ရှိသူများ ကို ချက်ချင်း ဆေးဘက်ဆိုင်ရာ အကူအညီ ပေးရန် မိမိ၏ J.U.I အဖွဲ့ ၏ အဖွဲ့ဝင်များ အား ဆေးရုံသို့ အလျင်အမြန် သွားရောက်ပြီး ဒဏ်ရာ ရသူများ အား တတ်နိုင်သမျှ အကူအညီ ပေးကြရန် မေတ္တာရပ်ခံ ထားကြောင်း ပါရှိပါတယ်။

မောင်လာနာ ဖွဆ်ွလေရဲမာန် မှ ပါကစ္စတန် အစိုးရ အား ပြစ်တင် ရှုတ်ချပြီး ပါကစ္စတန် အစိုးရ အနေဖြင့် လုံခြုံရေး ငြိပ်ဝပ်ပိပြားရေး တရားဥပဒေစိုးမိုးရေး ကိစ္စတွင် မအောင်မြင်တော့ကြောင်း ပြည်သူ လူထုများ အနေဖြင့် မိမိတို့၏ လုံခြုံရေး ကို မိမိတို့ကိုယ်တိုင် ယူရတော့မည်ကာကွယ် ရတော့မည် ဖြစ်ကြောင်း ပြေကြားခဲ့ပါတယ်။

 

****************************************************************

END / 251