အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
ဗုဒ္ဓဟူးနေ့

၁၆ မတ် ၂၀၂၂

၂၀:၃၀:၅၆
1239992

ဗရာသ် ညမြတ် သည် အီရန် နိုင်ငံ တွင် မတ်လ ၁၇ ရက်ည ကြာသပတေးနေ့ည ဖြစ်ပြီး အမိမြန်မာပြည်တွင် မတ်လ ၁၈ ရက်ည သောကြာနေ့ ည ဖြစ်ပါတယ်။


ဗရာသ်ညမြတ် ၏ ကြီးကျယ် မြင့်မြတ် မှု နှင့်ပတ်သက်ပြီး အေမာမ် ဂျအ်ဖရ်ဆွာဒစ်က် (အ.စ) ထံ တစ်ဦး တစ်ယောက်မှ မေးမြန်းလျှောက်ထားလေ၏။

 

အေမာမ် ဂျအ်ဖရ်ဆွာဒစ်က် (အ.စ) အဖြေပေးမိန့်တော်မူလေ၏။ ကဒဲရ် ညမြတ် ပြီးနောက် အမြင့်မြတ် ဆုံး ညမြတ် ဖြစ်လေ၏။ မနုဿလူသားအနေဖြင့် အလ္လာဟ်ဟိုအရှင်မြတ် နှင့်နီးစပ်အောင် ပြုကျင့်ရမည် ဖြစ်ပါသည်။

 

မည်သည့် ဗန်ဒဲဟ် (အလ္လာဟ့်ကျေးကျွန်) မဆို မိမိ၏ အပြစ်ဂိုနာဟ် များ ကို ဝန်ချတောင်းပန်မည်ဆို လျင် အလ္လာဟ်ဟို အရှင်မြတ် သည် ၎င်း ၏ အပြစ် ဂိုနာဟ်များကို ခွင့်လွတ်တော်မူပေမည်။

 

အကယ်၍ စားနပ်ရိက္ခာ အတွက် တောင်းခံ မည် ဆိုလျင် ၎င်းအတွက် စားနပ်ရိက္ခာ ကို တိုးပွား ၊ပွားများစေတော်မူမည်။

 

မည်သည့် အခက်အခဲ၊ဒုက္ခတွင်မဆို လွတ်မြောက်ရန်တောင်းခံမည်ဆိုလျင် အလ္လာဟ်ဟို အရှင်မြတ် သည် ဗရာသ် ညမြတ် ၏ဆဒ်ကာဖြင့် ၎င်းအခက်အခဲ ၊ဒုက္ခ ကို ဖယ်ရှားပေးတော်မူသည်။

 

ဤဗရာသ် ညမြတ် တွင် အလ္လာဟ် ဟို အရှင် မြတ် သည် မနုဿလူသား ၏ နဖူးစား ၊ သေဆုံးရမည့်နေ့ နှင့် စားနပ်ရိက္ခာ နှင့်ပတ်သက်ပြီး ရေးသားတော်မူပေသည်။

 

ကောင်းကင်တမန် အိမ်သို့လာရောက်ပါသည်။

 

မည်သည့် ဗန်ဒဲဟ် (အလ္လာဟ့်ကျေးကျွန်) မဆို အလ္လာဟ် ဟို အရှင်၏ အေဗါဒသ် ၊ အလ္လာဟ်အားခဝပ်ကိုးကွယ်မှု တွင် ပျော်မွေ့ နေမည်ဆိုလျင် အလ္လာဟ် ဟို အရှင်မြတ် သခင်သည် ၎င်း အတွက် စားနပ် ရိက္ခာ အား ပွားများ စေပြီး ၊ အသက်ကို ရှည်စေတော်မူပေသည်။

 

ဤအတွက်ကြောင့် မိုအ်မင် ၊ မိုအ်မေနသ်များ အနေဖြင့် ၎င်း ညမြတ် နှင့်ပတ်သက်ပြီး မပေါ့လျော့ကြဖို့ မမေ့ကြဖို့ လိုအပ်ပါတယ်။ ညလုံးပေါက် အလ္လာဟ့်၏ အေဗဒသ် ပြုနိုင်ဖို့ ကြိုးစားရမည် ဖြစ်ပါတယ်။

 

မအ်စူမ် (အ.စ) မိန့်တော်မူ၏။ အကယ် ၍ မည်သည့် ဗန်ဒဲဟ် (အလ္လာဟ့်ကျေးကျွန်) မဆို ဤညမြတ် တွင် နဘီတမန်တော်မြတ် ပေါင်း တစ်သိန်း နှစ်သောင်းလေးထောင်နှင့် တွေ့ဆုံ လိုသည်ဆန္ဒ ရှိမည် ဆိုလျင် ဇေယာရသ် သေ အေမာမ် ဟိုစိုင်းန် (အ.စ) ဖတ် ရွတ် ရမည် ဖြစ်ပါတယ်။

 

မည်သည့် ဗန်ဒဲဟ် (အလ္လာဟ့်ကျေးကျွန်) မဆို အပြစ်ဂိုနာဟ်များ အတိတ်မှ အပြစ် ဂိုနာဟ်များ ရှိရှိသမျှ အပြစ်များ အား အလ္လာဟ် အရှင်မြတ် မှ ခွင့်လွတ်ပေးမှု ကို လိုလားတော်မူလျင် ဤ ညမြတ် တွင် သက်စ်ဘီဟာသ်သေ အရ်ဗအ် အား အကြိမ် ၁၀၀ ဖတ်ရွတ်ရမည် ဖြစ်ပါတယ်။

 

သက်စ်ဘီဟာသ်သေ အရ်ဗအ်

))سُبْحانَ اللهِ، وَ الْحَمْدُ لِلهِ، وَ لا إلهَ إلاّ اللهُ، وَ اللهُ أکْبَر((

 

မိုအ်မင် ၊ မိုအ်မေနသ်များ အနေဖြင့် ဤ ညမြတ် တွင် နမာဇ် ၊ သေလာဝသ် ကုရ်အာန် ၊ ဒိုအာ ၊ ဆဒ်ကာ ထုတ်ခြင်း ၊ သောင်ဗဟ် ပြုခြင်း ၊ ဇေယာရသ် အေမာမ် ဟိုစိုင်းန် (အ.စ) ဖတ်ရွတ်ခြင်း ၊ အေမာမ် မဲဟ်ဒီ (အ.စ) ၏ကျန်းမာရေးအတွက် ဒိုအာ ပြုခြင်း ၊ ဒိုအာယေ ကိုမှိုင်းဖတ်ရွတ်ခြင်း ၊ မိမိ၏ မိဘ နှစ်ပါး အိမ်ထောင်စုဝင်များ ၊မရ်ဟွန်မ်များ အတွက်လည်း အထူးဒိုအာ ပြုခြင်း စသည်ဖြင့် ကျော်ဖြတ်သင့်ကြောင်း တင်ပြအပ်ပါတယ်။

 

အလာမာဖေဒါဟိုစိုင်းန် ဆပ်၏ ဟောပြောမှု ကို လည်း မှီငြမ်းထားပါတယ်။

Crd

****************************************************************

END / 251