အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : DVB
စနေနေ့

၃၀ ဧပြီ ၂၀၂၂

၁၉:၁၈:၂၃
1253495

ဘရာဇီးတွင် ကမ္ဘာ့အကြီးဆုံး ယေရှုရုပ်တု ထပ်မံတည်ဆောက်

ဘရာဇီး နိုင်ငံ သည် တောင်အမေရိက တိုက်တွင် အကြီးဆုံးနိုင်ငံဖြစ် ပါတယ် ။ တောင်အမေရိက တိုက် ဆိုင်ရာ စာမျက်နှာ သီးသန့် မပြုထားသည့် အတွက် အမေရိကန် စာမျက်နှာတွင် တင်ပြလိုက် ခြင်း ဖြစ်ပါတယ်။





ဘရာဇီးနိုင်ငံမှာ နိုင်ငံရဲ့ အမှတ်အသားတခုလို ဖြစ်နေတဲ့ ရီယို ဒီ ဂျနဲရိုး ပင်လယ်ကမ်းခြေမြို့က ဧရာမယေရှု ခရစ်တော် ရုပ်တုကြီးနဲ့အပြိုင် နောက်ထပ် ရုပ်တုကြီးတခုကို တည်ဆောက်လိုက်ပါတယ်။

အခု အသစ် တည်ဆောက်လိုက်တဲ့ ယေရှုရုပ်တုက နိုင်ငံတောင်ပိုင်းက အန်ကန်တာဒို Encantado မြို့ငယ်လေးမှာ တည်ရှိပြီး ရီယို ဒီ ဂျနဲရိုး မြို့က ရုပ်ထုထက် ပိုပြီး မြင့်မားပါတယ်။

ရုပ်တုသစ်က အမြင့်ပေ ၄၃ မီတာ (၁၄၁ ပေ) ရှိတာကြောင့် ၃၈ မီတာ (၁၂၅) ပေ ရှိတဲ့ ရုပ်တုထက် ပိုမြင့်မားထည်ဝါပါတယ်။

ဒီ ဧရာမရုပ်တုကြီးကို ကွန်ဂရစ်၊ သတ္တုတွေနဲ့ တည်ဆောက်ထားပြီး မြို့ရဲ့ အပေါ်စီးမှာရှိတဲ့ တောင်ပေါ်မှာ စိုက်ထူထားတာပါ။

လောလောဆယ်မှာတော့ အများပြည်သူကို ဖွင့်မပေးသေးဘဲ နောက်နှစ်ကျမှ ဖွင့်ပေးမယ်လို့ ရုပ်တုကို တည်ဆောက်ဖို့ အကုန်ကျခံတဲ့အဖွဲ့က ရိုဘင်ဆင် ဂွန်ဇက်တီက ပြောပါတယ်။

 ဒီရုပ်တုဟာ ကမ္ဘာ့အကြီးဆုံး ယေရှုရုပ်တုလည်း ဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။



****************************************************************
END / 251