အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
တနင်္ဂနွေနေ့

၁၆ အောက်တိုဘာ ၂၀၂၂

၁၁:၀၂:၀၆
1302260

ဟဇရသ် အာယာ သွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် မိုဟမ္မဒ် ကာစင်မ် သွဗာ သွဗာအီ ယဇ်ဒီး (ရ.ဟ) ထားပြထားသည့် ဂိုနာဟ် ဟေကဘီရဟ်

ဟဇရသ် အာယာ သွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် မိုဟမ္မဒ် ကာစင်မ် သွဗာ သွဗာအီ ယဇ်ဒီး (ရ.ဟ)ထားပြထားသည့် ဂိုနာဟ် ဟေကဘီရဟ် နှင့်ပတ်သက်ပြီး အဗ်နာ ချစ်ပရိတ်သတ်ကြီး အတွက် တင်ပြလိုက်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ဖော်ပြပါ နည်းလမ်း လေးလမ်း နှင့်ပတ်သက် ပြီးအာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် မိုဟမ္မဒ် ကာစင်မ် သဗာသဗာအီ ယဇ်ဒီ (ရ.ဟ) ရေးသား သီးကုံး ထားသည့်  အိုရ်ဝသိုလ် ဝတ်စ်ကာ ကျမ်း ၏ စာသား အစစ်  

ပထမနည်း

الْمَعْصِیَةُ الْکَبِیْرة، هِیَ کُلُّ مَعْصِیَةٍ وُرِدَا النَّصُّ بِکَوْنِهَا کَبِیْرَةٌ کجُمْلَةٍ مِن المعًاصِیْ الْمَذْکُوْرَةِ فِیْ مَحِلْهَا۔

ဂိုနာဟ်ဟေကဘီရဟ် (ကြီးမားလေးလံသည့် အပြစ် များ) ဆို သည်မှာ ကျမ်းတော်မြတ်ကုရ်အာန်  နှင့် စွန္နသ်တော် တွင် ကဘီရဟ် ဖြစ်ကြောင်း အထင်အရှား သက်သေပြထားပြီး ဖြစ်ပါ သည်။ ဤအမျိုးအစား ဂိုနာဟ်ဟေကဘီရဟ်မှာ (လေးဆယ် ထက်ကျော်) လာရှိပါသည်။ ဂိုနာဟ်တိုင်း ခေါင်း စဉ် အလိုက် တစ်ခုခြင်းစီ ရှင်းလင်းတင်ပြမည် ဖြစ်ပါ သည်။


ဒုတိယနည်း


اَوْوُرِدَالتوْ عِیْدُ بِالنَّارِ عَلَیْهَا فی الْکِتَابِ اَوْ السُّنَّةِ صَرِیْحاً اَوْضِمْناً۔

သို့မဟုတ် ဂိုနာဟ်ဟေကဘီရဟ် ( ကြီးမားလေးလံသည့် အပြစ် များ) ဆိုသည်မှာ ကျမ်းတော်မြတ်ကုရ်အာန် နှင့် မှန်ကန် သည့် စွန္နသ် တော် တွင် ကျူးလွန်သူ အပေါ် ထင်ရှားသည့် အလ္လာဟ် ဟို အရှင်မြတ် ဘက်မှ ပြစ်ဒဏ် ပေးရန် ကတိကဝတ် ပေးထားသည်ကို ခေါ်ဆိုပါသည်။
          
                                                                                                                                                                                                                                                                 တတိယ နည်း

اَوْ وُرِدَ فِی الْکِتَابِ اَوِ السُنّةِ کوْنُهُ اَعْظَمَ مِنْ اَحَدِ الْکَبَائِر الْمَنصُوْصَةِ اَوِالْمَوْعُوْدُ عَلَیْهَا بِالنَّارِ .

သို့မဟုတ် ဂိုနာဟ်ဟေကဘီရဟ် (ကြီးမားလေးလံသည့် အပြစ် များ) ဆိုသည်မှာ ကျမ်းတော်မြတ်ကုရ်အာန် နှင့် မှန်ကန် သည့် စွန္နသ် တော် တွင် ဂိုနာဟ် တစ်ခု အား အခြား ဂိုနာဟ် တစ်ခု ထက် ကြီးကြောင်း အထင်အရှား ဖော်ပြထား သည့် ဂိုနာဟ်ကို ခေါ်ဆိုပါသည်။ ၎င်းဂိုနာဟ် ကျူးလွန်မှု နှင့် ပတ်သက်ပြီး ဂျဟန္နမ် မီး သည် ပြစ်ဒဏ် ဖြစ် ကြောင်း ကတိကဝတ် ပြုထားသည့် ဂိုနာဟ်ဖြစ်ပါသည်။


စတုတ္တနည်း


اَوْکَانَ عَظِیْمةً فِیْ اَنْفُسِ اَهْلِ الشَّرْعِ .

သို့မဟုတ် ဂိုနာဟ်ဟေကဘီရဟ် ( ကြီးမားလေးလံသည့် အပြစ် များ) ဆိုသည်မှာ ၎င်းဂိုနဟ်အား အကျယ်ဖွင့်ဆို သူများ အပြစ်အကြီး အဖြစ် သတ်မှတ်ထားသည့် ဂိုနဟ်များ ဖြစ်ပါသည်။ ယခု ကျွန်ုပ်အနေဖြင့် ဆဝါးဗ် အဖြစ် ဂိုနဟ်ဟေ ကဘီရဟ် (ခ) ကြီးမားလေးလံသည့် အပြစ်များ ၏ သက်သေ အထောက် အထားများ  နှင့် ဆက်နွယ်ပတ်သက်နေသည့် ရီဝါယသ် တော် များကို တင်ပြပါမည်။ ဂိုနဟ်ဟေ ကဘီရဟ် နှင့် ပတ်သက်ပြီး အသေးစိတ် အား တစ်ခုချင်းစီ သူနေရာနှင့် သူဖော်ပြ သွားပါမည်။

ပထမရီဝါယသ်


(၁)


قَالَ الصَّدُوْقُ فِیْ عُیُوْنِ الْاَخْبَارِ عَنْ عَبْدِ الْعَظِیْمِ بْنِ عَبْدِاللّٰهِ الحَسَنِیْ قَالَ حَدَّ ثَنِیْ اَبُوْ جَعْفَر الثَّانِیْ قَالَ سَمِعْتُ اَبِیْ یَقُوْلُ: سَمِعْتُ اَبِیْ مُوْسیٰ بْنِ جَعْفَرٍ (ع) یَقُوْلُ دَخَلَ عَمْرُو بْن عُبَیْدٍ علی اَبی عَبْدُاللّٰهِ عَلَیْهِ السَّلاَمُ فَلَمَا سَلَّمَ وَجَلَسَ تَلاٰ هٰذِه الْآیَةَ (( ( الَّذِیْنَ یَجْتَنِبُوْنَ کَبَائِرَ الْاِثْمِ وَالْفَوَاحِشَ  ) ثُمَّ اَمْسَکَ ؟ قَالَ اُحِبُّ اَنْ اَعْرِفَ الْکَبَائِرِ مِنْ کِتَابِ اللّٰهِ تَعَالٰی وَمَنْ یُّشْرِکْ باللّٰهِ فَقَدْ حَرَّمَ اللّٰهُ عَلَیْهِ الجَنَّةَ۔(سورہ۵۔آیت۷۲)

ဆူဒူက် (ရ.ဟ) မှ အိုယွန်နိုလ် အက်ခ်ဗါရ် ကျမ်း တွင် (အေမာမ် သားတော်) ဟဇရသ် အဗ်ဒွလ်အဇီးမ် ဗင် အဗ်ဒွလ္လာဟ် အလ်ဟစန်နီ ထံမှ တဆင့် ၊ ဆင့်ပြန်ချက် ရီဝါယသ်တော် လာရှိပါသည်။ ၎င်းမှ မိန့်တော်မူ၏။  “ ကျွန်ုပ် အနေဖြင့် အဗူ ဂျအ်ဖရ် စာနီ  (အေမာမ် မိုဟမ္မဒ် သကီ (အ.စ) ) ထံမှ ကြားသိခဲ့ရပါသည်။ ၎င်းမှ ပြောကြားပါသည်။ ၎င်းမှ ပြောကြားပါသည်။ ကျွန်ုပ်အနေဖြင့် မိမိ ၏ ဖခမည်းတော် အေမာမ် ရေဇာ (အ.စ) ထံ မှ ကြားသိ ရပါသည်။ ၎င်းမှ ပြောကြားပါသည်။ ကျွန်ုပ် အနေဖြင့် ဟဇရသ် အေမာမ် မူစာ ကာစင်မ် (အ.စ) ထံတော်မှ ကြား သိခဲ့ရ ပါသည်။ ၎င်းမှ မိန့်ကြားတော်မူသည်။  တစ်နေ့ အမရ် ဗင် အိုဗိုင်ဒ် အနေဖြင့် အဘီအဗ်ဒွလ္လာဟ်  ဂျအ်ဖရ် ဆွာဒစ် (အ.စ) ထံတော်တွင် ခစားသည်အခါ ၎င်း အနေဖြင့် စလာမ် ပေးပြီဒနောက် ထိုင်သည့်အခါ  အမရ် ဗင် အိုဗိုင်ဒ် မှ ဤ အာယသ်တော်အား သေလာဝသ်ပြုလေ၏။  ”

ထိုသူများသည် ကြီးမားလေးလံသည့် အပြစ် များ နှင့် အရှက်မဲ့ မှုများကို ရှောင်ကြဉ်ကြလေ၏။ ပြီးနောက် အနည်း ငယ် တိတ်ဆိတ်နေသည့်အခါ အေမာမ်ဂျအ်ဖရ် ဆွာဒစ် (အ.စ) မှ မိန့်တော်မူလေ၏။  အသင်အနေဖြင့် အဘယ် ကြောင့် နှုတ် ဆိတ်သွားရပါသနည်း ? အဖြေပေး လျှောက် ထား လေ၏။ ကျနော်အနေဖြင့် အလ္လာဟ်ဟို အရှင်မြတ် ၏ ကျမ်းတော်မြတ်ကုရ်အာန် မှ ဂိုနာဟ်ဟေကဘီရဟ် (ခ) ကြီးမား လေးလံသည့် အပြစ် များကောက်နုတ်လိုပါသည်။ ပြီးနောက် အေမာမ် (အ.စ) မှ မိန့်လေ၏။ အို … အမရ်  ဂိုနာဟ်ဟေကဘီရဟ် (ခ) ကြီးမားလေးလံသည့် အပြစ် များမှ အကြီးမားဆုံး အပြစ်မှာ အလ္လာဟ်ဟို အရှင်မြတ် နှင့် ယှဉ်တွဲ ခဝပ်ကိုးကွယ် ခြင်းဖြစ်ပါသည်။ အလ္လာဟ်ဟို အရှင်မြတ် ကိုယ်တိုင်မိန့်တော်မူထား၏ ။ “ သတိ အကြင်မည်သူမဆို အလ္လာဟ် ဟို အရှင် နှင့် ယှဉ် တွဲခဝပ် ကိုးကွယ် မည်ဆိုလျင် အလ္လာဟ် ဟို အရှင်မြတ် သည် ၎င်းအတွက် ဂျန္နသ်အား ဟရာမ် ဖြစ်စေတော်မူပေမည်။ ”

စူရဟ်မာအေဒဟ် ၊ အာယသ်တော် ၇၆

(၂)


وَبَعْدُهُ الْیَاْسُ مِنْ رَّوْح اللّٰهِ تَعَالٰی لِاَنَّ اللّٰهَ تَعَالٰی یَقُوْلُ: یَایْئَسُ مِنْ رَّوحِ اللّٰهِ اِلاَّ الْقَوْمُ الْکَافِرُوْن۔ (سوره ۱۲۔آیت۸۷)



ပြီးနောက် အလ္လာဟ်ဟို အရှင်မြတ် ၏ ရဲဟ်မသ် (ခ) ဂရုဏာ တော် မှ မျှော်လင့်ချက် ကင်းမဲ့ခြင်းသည်လည်း ဂိုနာဟ် ဟေကဘီရဟ် (ခ) ကြီးမား လေးလံသည့် အပြစ် ဖြစ်ပါသည်။ အကြောင်းမှာ အလ္လာဟ်ဟို အရှင်မြတ် ကိုယ်တိုင် မိန့်တော်မူ သည်။ အလ္လာဟ်ဟို အရှင်မြတ် ၏ ဂရုဏာတော် အား ကာဖေရ်များ မှ အပ မည်သူမျှ မျှော်လင့်ချက် မထားဘဲ မနေကြ ချေ။

စူရဟ်ယူစွဖ် ၊ အာယသ်တော် ၈၇


(၃)

ثُمَّ الْاَمْنُ مِنْ مَکْرِ اللّٰهِ لِاَنَّ عَزَّوَجلَّ یَقُوْلُ فَلاَ یَاْمَنُ مَکْرَ اللّٰهِ اِلاَّ الْقَوْمُ الخَاسِرُوْن (سوره ۷۔آیت۹۹)

အလ္လာဟ်ဟို အရှင်မြတ် ၏ မက်ရ်(ခ) ရုတ်တရက် လက်စား ချေခြင်းနှင့် အမျက်ဒေါသထွက်ခြင်း အား မကြောက်ရွံ့ ခြင်းသည် ဂိုနာဟ် ဟေကဘီရဟ် (ခ) ကြီးမား လေးလံသည့် အပြစ်ဖြစ်ပါသည်။ ဤအတွက်ကြောင့် ကြီးကျယ် မြင့်မြတ် တော်မူသည့် သာလွန်မြင့်မြတ်တော်မူသည့် အရှင်မြတ်မိန့် တော်မူသည်။ သတိရှိပါလေ ဆုံးရှုံးသူများ မှအပ မည်သူမှ အလ္လာဟ် ဟို အရှင်မြတ် ၏ အစီအစဉ် ချမှတ်မှုကို  စိုးရိမ် မှုကင်းမဲ့သူ မည်သူမျှ ရှိကြမည် မဟုတ်ချေ။

စူရဟ်အအ်ရာဖ်  ၊ အာယသ်တော် ၉၉


 (၄)

وَمِنْهَا عقوقِ الوَالِدَینِ لِاَنَّ اللّٰهَ سُبْحَانَه جَعَلَ الْعَاقَ جَبَّاراًشَقِیّاً .

ဂိုနာဟ် ဟေကဘီရဟ် (ခ) ကြီးမား လေးလံသည့် အပြစ်များ မှ တစ်ခုမှာ မိဘ နှစ်ပါး  အား မိမိ နှုတ်နှင့် ဖြစ်စေ ကိုယ်ကျင့် တရားဖြင့် ဖြစ်စေ နစ်နာစိတ်ထိခိုက်အောင် ပြုခြင်း လည်း ဖြစ်ပါသည်။ အကြောင်းမှာ အလ္လာဟ်ဟို အရှင်မြတ် မိန့်တော်မူ သည်မှာ - وَبَرّاًبِوَالِدَیهِ وَلَمْ یَکُنْ جَبَّاراً عَصِیّاً  အဓိပ္ပာယ် မှာ ထိုပြင်မိမိ၏ မိဘ နှစ်ပါး အား အလွန်ကျေးဇူး ပြုတတ်သူဖြစ်ခဲ့ပြီး ပုန်ကန် ဖီဆန်သူ ၊အမိန့်မနာခံသူ မဖြစ်ခဲ့ချေ။ ဤနေရာတွင် မိဘနှစ်ပါးအမိန့်ကို မနာခံသူ အား ပုန်ကန် ဖီဆန်သူအဖြစ်မိန့်ကြားထားပါသည်။

စူရဟ် မရ်ယန်မ်  ၊ အာယသ်တော် ၁၄

(၅)

وَقَتْلُ النَّفْسِ الَّتِیْ حَرَّمَ اللّٰهُ اِلاَّ بِالْحَقِّ لِاَن اللّٰهَ عَزَّوَجَلَّ یَقُوْلُ ( فَجَزَاو جَهَنَّمُ خَالِداً فِیْهَا)   

မိုအ်မင် တစ်ဦးတစ်ယောက်ကို မရား သတ်ခြင်းသည်လည်း ဂိုနာဟ် ဟေကဘီရဟ် ဖြစ်ပြီးဟရာမ် ဖြစ်ပါသည်။ အကြောင်း မှာ ဤကိစ္စ နှင့်ပတ်သက်ပြီး အလ္လာဟ်ဟို အရှင်မြတ် မိန့် တော် မူ၏။

وَمَنْ یَقْتُلْ مُومِناً مُّتَعَمِّداً فَجَزَآءُ هُ جَهَنَّمُ خَالِداً فِیْهَا وَغَضِبَ اللّٰهَ عَلَیْهِ وَلَعَنَه وَاَعَدَّ لَه عَذَاباً عَظِیما .

ပြီးနောက် အကြင်မည်သူမဆို မိုအ်မင် တစ်ဦး တစ်ယောက် အား တမင် သတ်မည် ဆိုလျင် (၎င်း အတွက်မည်သည့် ဒဏ်ကြေးမျှမရှိချေ။ တစ်နည်း အားဖြင့် ) ၎င်းအတွက် ပြစ်ဒဏ်သည် ဂျဟန္နမ် (ခ) ငရဲဘုံ ဖြစ်လေ၏။ ပြီးနောက် ၎င်းသည် ထိုနေရာ တွင် ထာဝရ နေရမည် ဖြစ်ပါ သည်။၎င်းအပေါ် အလ္လာဟ် ဟိုအရှင်မြတ် သည် အမျက် ဒေါသ ထွက် တော်မူပြီးလအ်နသ် ပြုတော်မူ၏။ ၎င်း အတွက် ပြင်းထန်သည့် ပြစ်ဒဏ် ကို အသင့်ထား၍ ထား တော် မူ ထားပေသည်။

စူရဟ် နေစာ ၊ အာယသ်တော် ၉၃


(၆)

وَقَذْفُ الْمُحْصَنَاتِ لِاَنَّ تَعَالٰی یَقُوْلُ (  اِنَّمَا یَاْکُلُوْنَ فِیْ بُطُوْنِهِمْ نَاراً وَسَیَصْلَوْنَ سَعِیْراً .
ကိုယ်ကျင့်တရား ကောင်းမြတ်သူ မည်သည့်အမျိုးသား ဖြစ်စေ ၊သို့မဟုတ် အမျိုးသမီးဖြစ်စေ အား တရားမဝင် လိင်ဆက်ဆံမှု ပြုကြောင်း  သို့မဟုတ် လိင်တူဆက်ဆံ ကြောင်း စွပ်စွဲ ခြင်းသည်လည်း ဂိုနာဟ် ဟေကဘီရဟ် ဖြစ်ပါ သည်။ ဤအတွက် သက်သေ အထောက်အထားမှာ အလ္လာဟ်ဟို အရှင်မြတ် ၏ ဤမိန့်မှာချက် ဖြစ်ပါသည်။

اِنَّ الَّذِیْنَ یَرْمُوْنَ الْمُحْصَنَاتِ الْغَافِلَاتِ الْمُومِنَاتِ لُعِنُوْا فِیْ الدُّنیَا وَالْآخِرَةِ وَلَهُمْ عَذَابٌ عَظِیْمٌ . (سوره ۲۴۔آیت۲۳)

ဧကန်မုချ အကြင်မည်သူမဆို ကိုယ်ကျင့် တရားကောင်း မြတ်သည့် ၊ စွပ်စွဲမှုနှင့်ပတ်သက်ပြီး သတင်းမရှိသည့် အီမာန် သက်ဝင် ယုံကြည် သူ အမျိုးသမီးများ အပေါ် တရားမဝင် လိင်ဆက်ဆံသူများ အဖြစ် စွပ်စွဲကြသည်။ ၎င်းတို့အပေါ် သို့ လောကီ နှင့် လောကုတ္တရာ တွင်အလ္လာဟ်၏ လအ်နသ် ဖြစ်ပါသည်။ ထိုပြင် ၎င်းတို့အပေါ် သို့ ကြီးမား (ပြင်းထန်) သည်ပြစ်ဒဏ် ကျရောက်မည် ဖြစ်ပါသည်။  

စူရဟ် နူးရ် ၊ အာယသ်တော် ၂၃

(၇)
وَاَکْلُ مَالِ الْیَتِیْمِ لِاَنَّ اللّٰهِ تَعَالٰی یَقُوْلُ (( اِنَّمَا یَاْکُلُوْنَ فِیْ بُطُوْنِهِمْ نَاراً وَّسَیَصْلَوْنَ سَعِیْرًا  ))۔

ပြီးနောက် ဖတဆိုးကလေး၏ ပစ္စည်းဥစ္စာကို စားခြင်း သည်  ဂိုနာဟ် ဟေကဘီရဟ် ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ အလ္လာဟ် ဟို အရှင်မြတ် မိန့်ထားတော်မူ၏။

اِنَّ الَّذِیْنَ یَاْکُلُوْنَ اَمْوَالَ الْیَتَامٰی ظُلْماً اِنَّمَا یَاْکُلُوْنَ فِیْ بُطُوْنِهِمْ نَاراً ط وَسَیَصْلَوْنَ سَعِیْراً  . (سورہ۴۔آیت۱۰)

ထိုသူများသည် ဘတဆိုးကလေးများ ၏ ပစ္စည်း ဥစ္စာ ပစည်း ကို မတရား စားသုံးကြလေ၏။ ၎င်းတို့သည်မိမိတို့၏ ဝမ်းဗိုက် များ တွင်  မီးတောက်များကို ဖြည့်နေခြင်းဖြစ်ပါသည်။ ပြီး နောက် များမကြာမီ ၎င်းတို့သည် ဂျဟန္နမ် (ခ)ငရဲဘုံ သို့ရောက် ရှိမည် ဖြစ်ါသည်။

စူရဟ် နေစာ၊ အာယသ်တော် ၁၀

(၈)

وَالْفرَارُ مِنَ الزَّحْفِ لِاَنَّ اللّٰهَ تَعَالٰی یَقُوْلُ :وَمَنْ یَوَلّهِمْ یَوْمَئِذٍدُبْرَه اِلاَّ مُتَحَرِّفاً لِقِتَالٍ اَوْمُتَحَیِّزاً اِلٰی فِٴَةٍ فَقَدْ بَآءَ بَغَضَبٍ مِّنَ اللّٰهِ وَمَاْوٰهُ جَهَنَّمُ وَبِئسَ الْمَصِیْرُ .   

ဂျေဟာဒ်တိုက်ပွဲတွင် ချီတက်ရမည့်အစား ထွက်ပြေးခြင်း သည် ဂိုနာဟ် ဟေကဘီရဟ် ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ အလ္လာဟ် ဟို အရှင်မြတ် မိန့်ထားတော်မူ၏။

ပြီးနောက် (သတိရှိပါလေ) ။ အကြင်မည်သူမဆို စစ်ပွဲနေ့ တွင်ရန်သူ အား ကျောပေးမည် (ထွက်ပြေးမည်) ဆိုလျင် အလ္လာဟ်ဟို အရှင်မြတ် ၏ အမျက်တော်စူးရှ ခြင်းကို ခံရပေမည်။ ၎င်း၏ နေရာ ဌာန သည် ဂျဟန္နမ် (ခ)ငရဲဘုံ ဖြစ်လေ၏။ ထိုနေရာဌာနသည် မကောင်းသည့်နေရာဌာန ဖြစ်ပါသည်။ သို့သော် ရန်သူကို ပြန်၍ တိုက်နိုင်ရန် ဗျူဟာ သုံးပြီးနောက်ဆုတ် သူ သို့မဟုတ် မိမိ၏ အင်အားစုများ နှင့် ပူးပေါင်းရန် သွားသူသည် မပါဝင်ချေ။
 
စူရဟ် အန်ဖာလ်၊ အာယသ်တော် ၁၆

(၉)


وَاَکْلُ الرِّبْوا لِاَنَّ اللّٰهَ تَعَالٰی یَقُوْلُ: اَلَّذِیْنَ یَاْکُلُوْنَ الرِّبْوا یَقُوْمُوْنَ اِلاَّکَمَایَقُوْمُ الَّذِیْ یَتَخَبَّطُهُ الشَّیْطٰنُ مِنَ الْمَسِّ .

ဂိုနာဟ်ဟေကဘီရဟ် (ခ) ကြီးမားလေးလံသည့် အပြစ် များ မှ တစ်ခု မှာ အတိုးစားခြင်း ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ အလ္လာဟ် ဟို အရှင်မြတ် မိန့်ထားတော်မူ၏။

အတိုး စားသူများ မည်သူမဆိုသည် ကေယာမသ်နေ့ တွင် မတ်တပ် ရပ်နိုင်မည် မဟုတ်ချေ။ သို့သော် ၎င်းတို့သည် ရှိုင်တွာန် (ခ) မာရ်နတ် ဝင်ပူးထားသူများကဲ့သို့ မတ်တပ် ရပ်ကြ ပေမည်။

ذٰلِکَ بِاَنَّهُمْ قَالُوْ اِنَّما الْبَیْعُ مِثْلُ الرِّبوْا ط وَاَحَلَّ اللّٰهُ الْبَیْعَ وَحَرَّمَ الرِّبْوا .

အတိုးကိစ္စသည်ရောင်းဝယ်ကိစ္စ ပမာဖြစ်သည်ဟု ပြောဆိုကြ သည် အတွက်ကြောင့် ဤသို့ဖြစ်ရသည်ဟု ပြောဆိုခြင်း ကြောင့် ဖြစ်ပါသည်။ အမှန်တကယ် ရောင်းဝယ်ရေး ကိစ္စ အား အလ္လာဟ်ဟို အရှင်မြတ် မှ တရားဝင် ခွင့်ပြုထား တော်မူပြီး အတိုးအား ဟရာမ် တရားမဝင် သတ်မှတ် ထားတော် မူလေသည်။

စူရဟ် ဗကရာဟ်၊ အာယသ်တော် ၂၇၅

(၁၀)

وَالْسِّحرُ لِاَنَّ تَعَالٰی وَلَقَدْعَمِلُوْا لَمَن اِشْتَراهُ مَالَهُ فِیْ الْآخِرَةِ مِنْ خَلَاقٍ ط .


စုန်း၊ပရောဂ၊မှော်အတတ်ပညာသည် ဂိုနာဟ် ဟေကဘီရဟ် ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ အလ္လာဟ် ဟို အရှင်မြတ် မိန့်ထား တော်မူ၏။

အကြင် မည်သူမဆို ထို (စုန်း၊ပရောဂ၊ မှော် အတတ်၏ မကောင်း မှုများနှင့် ) ဝယ်ယူ ထားခြင်း (ပြုလုပ်ထားခြင်း) သည် အာခေရသ် (ခ) တမလွန် အတွက် ကံမကောင်းသူများ ဖြစ်ကြောင်း ၎င်းတို့ သည် အမှန်တကယ် သိရှိပြီး ဖြစ်ချေ သည်။

وَلَبِئسَ مَاشَرَوُا اَنْفُسِهِمْ لَوْکَانُوْایَعْلَمُوْنَ .

၎င်းတို့သည် မိမိတို့၏ အသက်များအား အလွန်ဆိုးရွားလှစွာ အရောင်း အဝယ်  ပြုခဲ့ကြပါသည်။အကယ်၍ ၎င်းတို့သည် နားလည် သဘောပေါက်ကြလျင် ကောင်းလေစွ ။

စူရဟ် ဗကရာဟ်၊ အာယသ်တော် ၁၀၂


(၁၁)

وَالزِّنَالِاَنَّ اللّٰهَ تَعَالٰی یَقُوْلُ : وَمَنْ یَّفْعَلْ ذٰلِکَ یَلْقَ اَثَاماً یُصنَاعَفْ لَه الْعَذَابُ یَوْمَ الْقِیَامَة، وَیَخْلُدْفِیهِ مُهَاناً .


ဂိုနာဟ်ဟေကဘီရဟ် (ခ) ကြီးမားလေးလံသည့် အပြစ် များ မှ တစ်ခု မှာ တရားမဝင် လိင်ဆက်ဆံခြင်း ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ကျမ်းတော်မြတ် ကုရ်အာန် တွင် အလ္လာဟ် ဟို အရှင်မြတ် မိန့်ထားတော်မူ၏။

وَالَّذِیْنَ لَایَدْعُوْنَ مَعَ اللّٰهِ الٰهاً آخَرَ وَلَا یَقْتُلُوْنَ النَّفْسَ الَّتِیْ حَرَّمَ اللّٰهُ الاَّ بالْحَقِّ وَلَایَزْنُوْنَ وَمَنْ یَّفْعَلْ ذٰلِکَ یَلْقَ اثاماً یُّضاعَفْ لَه الْعَذابُ وَیَخْلُدُ فِیْهِ مُهَاناً . (سورہ ۱۹  آیت۶۸،۶۹)

ပြီးနောက် ထိုသူများသည် အလ္လာဟ်ဟို အရှင်မြတ် နှင့် တွဲ၍ အခြား ခဝပ်ကိုးကွယ်ရာများကိုမခပ်ဝပ် မကိုးကွယ်ကြချေ။ အလ္လာဟ်ဟို အရှင်မြတ် ဟရာမ် ပြုထားသည့် အသက် ကို မတရား မသတ်ဖြတ်ချေ။ ပြီးနောက် တရားမဝင် လိင် ဆက်ဆံမှုကို မပြုကြချေ။ပြီးနောက် အကြင်မည်သူမဆို ဤကဲ့သို့ (အလ္လာဟ်နှင့်တွဲ၍ အခြား ခဝပ်ကိုးကွယ်စရာများကို ခဝပ် ကိုးကွယ်မှု ၊ ဟရာမ်အသက်ကိုသတ်ဖြတ်မှု ၊တရားမဝင် လိင်ဆက်ဆံမှု ) ကို ပြုမည်ဆိုလျင် ၎င်းတို့သည် မိမိတို့ ပြုလုပ်သည့် ဂိုနာဟ် (ခ)အပြစ် ၏ ဒဏ်ကို ခံရပေမည်။ ကေယာမသ်နေ့ တွင် ၎င်းတို့၏ ပြစ်ဒဏ် ကို နှစ်ဆ ပေးခြင်း ခံရပေ မည်။ပြီးနောက် ထိုအပြစ်ဒဏ် တွင် အမြဲ သိက္ခာမဲ့စွာ နေရပေမည်။

စူရဟ် ဖိုရ်ကန်၊ အာယသ်တော် ၆၈ ၊ ၆၉

 (၁၂)

وَالیَمِیْنِ الْغَمُوسِ الْفَاجِرَةِ لِاَنَّ اللّٰه تَعَالٰی یُقوْلُ :  اِنَّ اَلَّذِیْنَ یَشْتَرُوْنَ بِعَهْدِ اللّٰهِ وَاَیْمَانِهِم ثَمَناً قَلِیلاً اُوْلئِٓکَ لَاخَلَاقَ لَهُمْ فِیْ الْآخِرةِ وَلَایُکَلِمُهُمُ اللّٰهُ وَلَایَنْظُرُ الَیْهِمْ یَوْمَ اَلقیٰامَةِ لَایُزَکِیْهِمْ وَلَهُمْ عَذَابٌ اَلَیْمٌ .  (سوره ۳۔آیت۷۷)



ဂိုနာဟ်ဟေကဘီရဟ် (ခ) ကြီးမားလေးလံသည့် အပြစ် များ မှ တစ်ခု မှာ ယမင်ဂမူစ်(ခ) လိမ်၍ ကျိန်ဆို ခြင်း ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ အလ္လာဟ် ဟို အရှင်မြတ် မိန့်ထားတော်မူ၏။

ဧကန်မုချ ထိုသူများ သည် မိမိတို့  အလ္လာဟ်ဟို အရှင်မြတ် အတွက် ပြုထားသည့် ကတိ ကဝတ် နှင့် ကျိန်ဆိုမှုများ အစား အနည်းငယ် (လောကီအတွက်) လဲလှယ်ကြလေ သည်။ ၎င်း သူများ ၏ လောကုတ္တရာ အတွက် မည်သည့်  ဝေစုမျှမရှိချေ။ ပြီးနောက် ကေယာမသ်နေ့ တွင် အလ္လာဟ်ဟို အရှင်မြတ် သည် ၎င်းတို့နှင့် စကားပင် ပြောဆိုမည် မဟုတ်ချေ။ ၎င်းတို့အား ဂရုဏာ တော်အကြည့် နှင့် ကြည့်တော်မူမည် မဟုတ်ချေ။ ပြီးနောက် ၎င်းတို့အား (၎င်းတို့ ကျူးလွန်ခဲ့ သည့်အပြစ်များ ၏ အညစ်အကြေးမှ ) သန့်စင်ပေး တော်မူ မည်မဟုတ်ချေ။ ပြီးနောက် ၎င်းတို့အတွက် ပြင်းထန်သည် ပြစ်ဒဏ် ရှိပေမည်။

စူရဟ် အာလေအင်န်မရာန်၊ အာယသ်တော် ၇၇

(၁၃)

وَالْغُلُوْلُ لِاَنَّ اللّٰهَ تَعَالٰی یَقُوْلُ :وَمَنْ یّغْلُلُ یَاْتِ بِمَاغَلَّ یَوْمَ الْقِیَامَةِ  .


ထင်ရှားပြတ်သားစွာ လာရှိသည့် ဂိုနဟ် (အပြစ်များမှ) တစ်ခု မှာဂိုလူလ် (ခ) သစ္စာဖောက်ခြင်း ၊ အလွဲသုံးစားပြုခြင်း ဖြစ်ပါ သည်။ သို့ဖြစ်ပါ၍ အလ္လာဟ် ဟို အရှင်မြတ် မိန့်ထား တော်မူ ၏။

وَمَاکَانَ لِنَبیّ اَنْ یَغُلَّط وَمَنْ یَّغْلُلْ یَاْتِ بِمَاغَلَّ یَوْمَ الْقِیَامَةِ ثُمَّ تُوَفّیٰ کُلُّ نَفْسٍ مَّاکَسَبَتْ وَهُمْ لَایُظْلَمُوْنْ اَفَمَنِ اَتَّبَعَ رِضْوَانَ اللّٰهِ کَمَنْ بَآءَ بِسَخَطٍ مِّنَ اللّٰهِ وَمَأ وهُ جَهَنَّمُ ط وَبِئْسَ الْمَصِیْرِ . (سورہ۳۔آیت۱۶۱،۱۶۲)  


သစ္စာဖောက်ခြင်း ၊ အလွဲသုံးစားပြုခြင်း မည်သည်နဘီ တစ်ပါးပါး အတွက်(လုံးဝ) သင့်လျော်သည့် လုပ်ရပ် မဟုတ် ချေ။ အကြင်မည်သူမဆို သစ္စာဖောက် ၊ အလွဲ သုံးစား ပြုမည် ဆိုလျင် ကေယာမသ်နေ့တွင် ၎င်း သစ္စာဖောက်၊ အလွဲ သုံးစား ပြုခဲ့သည့် အရာကို ( နဂိုအရှိအတိုင်း အလ္လာဟ်ဟို အရှင်မြတ် ရှေ့တော်တွင် ) ယူဆောင်လာရ ပေမည်။ ပြီးနောက် မည်သူမဆို မိမိတို့ပြုခဲ့သည့် အတိုင်း အစား အပြည့် အဝ ပြန်ရမည် ဖြစ်ပါသည်။ ပြီးနောက် ၎င်းတို့၏ ရပိုင်ခွင့် အား မည်သည့်နည်းဖြင့် ချိုးဖောက်ခံကြရမည် မဟုတ် ချေ။ အလ္လာဟ်ဟို အရှင်မြတ် ၏ ကျေနပ်နှစ်မြို့ မှု အတွက် အလုပ်လုပ်ခဲ့သူ နှင့် အလ္လာဟ်ဟို အရှင်မြတ် ၏ အမျက်ဒေါသထွက်ခြင်းခံ ထားသူသည် မည်သို့ ဖြစ်၍ အတူတူ ဖြစ်နိုင်မည်နည်း။ ပြီးနောက် ၎င်း၏နေရာသည် ဂျဟန္နမ်(ခ)ငရဲဘုံ ဖြစ်လေ၏။ ထိုနေရာသည် အလွန် မကောင်းသည့်နေရာ ဖြစ်လေ၏။

စူရဟ် အာလေအင်န်မရာန်၊ အာယသ်တော် ၁၆၁ ၊ ၁၆၂

(၁၄)

وَمَنْعُ الزَّکوٰة، الْمَعرُوْضَةِ لِاَنَّ اللّٰهَ تَعَالٰی یَقُوْلُ فَتُکوْیٰ بِهَاجِبَاهُهُمْ وَجُنُوبُهُمْ وَظُهُوْرُهِمْ .

မဖြစ်မနေပေးဆောင်ရမည့် ဇကာသ် အား မပေးဆောင်ခြင်း သည်လည်း ဂိုနာဟ်ဟေကဘီရဟ် (ခ) ကြီးမားလေးလံသည့် အပြစ် တစ်ခု ဖြစ်ပါသည်။ ဤအကြောင်းအရာ နှင့် ပတ်သက် ပြီး အလ္လာဟ် ဟို အရှင်မြတ် မိန့်ထားတော်မူ၏။

وَالَّذِیْنَ یَکْنِزُوْنَ الذَّهَبَ وَالْفِضَّةَ وَلَایُنْفِقُوْنَهَا فی سَبِیْلِ اللّٰهِ فَبَشِرّهُمْ بِعَذَابٍ اَلِیْمٍ  .

ပြီးနောက် ထိုသူများသည် ရွှေ နှင့်ငွေ ကို စုဆောင်းကြပြီး ၎င်းကို အလ္လာဟ်ဟို အရှင်မြတ် ၏ လမ်းတော်တွင် မသုံးစွဲြ့ချေ။ သို့ဖြစ်ပါ၍ အို တမန်တော်မြတ် (ဆွ) ၎င်းတို့အား ပြင်းထန်သည် အပြစ်ဒဏ်နှင့် ပတ်သက်သည့် သတင်း ပေးပါလေ။

(၁၅)

وَشَهَادَةُ الزُّوْرِ لِاَنَّ اللّٰهَ تَعَالٰی یَقُوْلُ: وَاجْتَنِبُوا قَوْلَ الزُّوْرِ .  

ပြီးနောက် လိမ်လည် သက်သေ ထွက်ဆိုခြင်းသည် ဂိုနာဟ် ဟေက ဘီရဟ် (ခ) ကြီးမားလေးလံသည့် အပြစ် တစ်ခု ဖြစ်ပါ သည်။ သို့ဖြစ်ပါ၍ အလ္လာဟ် ဟို အရှင်မြတ် မိန့်ထား တော်မူ ၏။ အသင်တို့သည် လိမ်ညာ သက်သေ ထွက်ခြင်းမှ ရှောင်ကြဉ် ကြပါလေ။

(၁၆)

وَکِتْمانُ الشَّهَادَةِ لِاَنَّ اللّٰهَ تَعَالٰی یَقُوْلُ : لَاتَکْتُمُوْا الشَّهَادَةَ ط وَمَنْ یَکْتُمْهَا فَاِنَّهُ اٰثِمٌ قَلْبُه ط وَاللّٰهُ بِمَا تَعْمَلُوْنَ عَلِیْمٌ.

အသင်တို့ သက်သေခံ အထောက်အထားကို မဖုံးကွယ်ကြ ပါနှင့်။ပြီးနောက် မည်သူမဆို ဖုံးကွယ်မည်ဆိုပါက မုချဧကန် ၎င်း၏ နှလုံးသားသည် ဂိုနာဟ် အပြစ် ကျူးလွန် သည် နှလုံးသားဖြစ်ပေသည်။ ပြီးနောက် အသင်တို့ ပြုလုပ်သည့် အရာ အလ္လာဟ်ဟိုအရှင်မြတ်သည် ကောင်းစွာ (အကြွင်းမဲ့) သိတော်မူသည့် အရှင် ဖြစ်ပါသည်။

 (၁၇)

وَشُرْبِ الْخَمْرِ لِاَنَّ تَعَالٰی انَهٰی عَنْهَا کَمَا نَهٰی عَنْ عِبَادَةِ الْاَوْثانِ.
ပြီးနောက် အရက်သေစာသောက်သုံးခြင်းသည် ဂိုနာဟ် ဟေက ဘီရဟ် (ခ) ကြီးမားလေးလံသည့် အပြစ် တစ်ခု ဖြစ်ပါ သည်။ သို့ဖြစ်ပါ၍ အလ္လာဟ် ဟို အရှင်မြတ်သည် ကျမ်း တော်မြတ် ကုရ်အာန် တွင် တားမြစ် မိန့် တော်မူထား ၏။ ရုပ်တု ဆင်းတုများကို ခဝပ်ကိုးကွယ်ခြင်းကို တားမြစ် ထား သကဲ့သို့ ဖြစ်ပါသည်။သို့ဖြစ်ပါ၍ မိန့်တော်မူထားပါသည်။

وَیَسْئَلُوْنَکَ عَنِ الْخَمْرِ وَالْمیَْسِرِط قُلْ فِیْهِمَا اِثْمٌ کَبِیْرٌ وَّمَنَافِعُ لِلنَّاسِ وَاِثمُهُمَا اَکْبَرُ مِنْ نَّفْعِهِمَا .  (سوره۲آیت۲۱۹)


အိုတမန်တော်မြတ် (ဆွ) အသင်ထံ လူများသည် အရက် သေစာ သောက်စားခြင်း လောင်းကစားခြင်း နှင့်ပတ်သက်ပြီး မေးမြန်း ကြမည်။ထိုအခါ အသင်ပြောကြားပါလေ။  ဤအရာ နှစ်ခု စလုံးသည် ကြီးမားသည့် ဂိုနာဟ် (အပြစ်) ဖြစ်ပါသည်။ ပြီးနောက် (အချို့ အကျိုးအမြတ်)လည်းပဲ ရှိပေသည်။ သို့သော် ၎င်း၏ အကျိုးအမြတ် ထက် ဂိုနာဟ် (အပြစ်) သည် ပိုမို၍ ကြီးလေ၏။

စူရဟ် ဗကရာဟ်၊ အာယသ်တော် ၂၁၉

 (၁၈)

وَتَرْکُ الصَّلٰوةِ مُتَعَمِّدًا .

တမင်တကာ နမာဇ် ဝတ်မပြုခြင်းသည် ဂိုနာဟ် ဟေက ဘီရဟ် (ခ) ကြီးမားလေးလံသည့် အပြစ် တစ်ခု ဖြစ်ပါ သည်။

(၁၉)

اَوَشَیْئاً مِمَّا فَرَضَ اللّٰهُ عَزَّوَجَلَّ لِاَنَّ رَسُوْلَ اللّٰهِ قَالَ مَنْ تَرَکَ الصَّلوٰةَ مُتَعَمِّدًا فَقَدْ بَرَءَ مِنْ ذِمّةِ اللّٰهِ وَذِمَّةِ رَسُوْلِهِ.

သို့မဟုတ် အလ္လာဟ်ဟို အရှင်မြတ် အနေဖြင့် မပြုမနေ ရဟု သတ်မှတ်ထားသည့် သာသနာအတွက် အချို့ အရေးကြီး ကိစ္စ များကို တမင်တကာ ရှောင်ကြဉ်ခြင်း ၊ မပြုခြင်း သည်လည်း အရက်သေစာသောက်သုံးခြင်းသည် ဂိုနာဟ် ဟေက ဘီရဟ် (ခ) ကြီးမားလေးလံသည့် အပြစ် တစ်ခု ဖြစ်ပါ သည်။အကြောင်းသည်ကား တမန်တော်မြတ် (ဆွ) မိန့်တော်မူထားပါသည်။ အကြင်မည်သူမဆို နမာဇ် အား တမင်တကာလွတ်မည် ၊ဝတ်မပြုမည်ဆိုလျင် ဧကန်မုချ ထိုသည် အလ္လာဟ်ဟို အရှင်မြတ် နှင့် အလ္လာဟ့် တမန် တော်မြတ် (ဆွ) ၏ လုံခြုံမှု  မှ ထွက်သွား ချေပြီး ။

 (၂၀)

 نَقْضُ اِلْعَھْدِ (ခ) ကတိကဝတ် ပျက်ခြင်း ၊ပဋိညာဉ် ကို ဖောက် ဖျက်ခြင်း

ကတိကဝတ် ပျက်ခြင်း ၊ ကတိကဝတ်မတည်ခြင်း ၊ ပဋိ ညာဉ် ကို ဖောက်ဖျက်ခြင်းသည်  ဂိုနာဟ် ဟေက ဘီရဟ် (ခ) ကြီးမားလေးလံသည့် အပြစ် တစ်ခု ဖြစ်ပါ သည်။ ဤ အကြောင်း အရာ နှင့် ပတ်သက် ပြီး အလ္လာဟ် ဟို အရှင်မြတ် မိန့်ထားတော်မူ၏။

الَّذِیْنَ یَنْقُضُوْنَ عَهْدَ اللّٰهِ مِنْ بَعْدِ مِیْثَاقِهِ الخ .  (سوره رعدآیت۲۵)

ပြီးနောက် ထိုသူများသည် အလ္လာဟ်ဟို အရှင်မြတ် နှင့် ကတိကဝတ်ပြုပြီးနောက် ၊ ပဋိညာဉ်ပြုပြီးနောက် ဖောက်ဖျက် ကြလေသည် …. စူရဟ်ရအ်ဒ် ၊အာယသ်တော်အမှတ် ၂၅ အား လေ့လာ နိုင်ပါသည်။

(၂၁)

وَقَطِیعَةُ الرَّحِمِ لِاَنَّ اللّٰه تَعَالٰی یَقُوْلُ  ( وَیَقْطَعُوْنَ مَا اَمَرَاللّٰهُ بِراَنْ یُّوْصَلَ وَیُفْسِدُوْنَ فِیْ الْاَرْضِط اُوْلٰئِکَ لَهُمُ اللَّعْنَهُ وَلَهُمْ سُوْءُ الدَّارِ . (سوره رعد۔آیت۲۵)

ဆွေမျိုးသားချင်းများ နှင့် အဆက်အသွယ် ဖြတ်တောက်ခြင်း သည် ဂိုနာဟ် ဟေက ဘီရဟ် (ခ) ကြီးမားလေးလံသည့် အပြစ် တစ်ခု ဖြစ်ပါ သည်။ သို့ဖြစ်ပါ၍ အထက် ဖော်ပြပါ အာယသ်တော် တွင် အလ္လာဟ်ဟို အရှင်မြတ် မှ မိန့်ကြား တော်မူပါသည်။ပြီးနောက် ဆွေမျိုးသားချင်းများ (အပြန် အလှန် အဆက်အသွယ်ပြုရန် ) အလ္လာဟ်ဟို အရှင်မြတ် မှ အမိန့်ပေးထားတော်မူပါသည်။ ၎င်းသူတို့သည် ဆွေမျိုးသား ချင်းများ အဆက်အသွယ် ဖြတ်တောက်ကြလေသည်။ ပြီး နောက် မြေပထဝီ တွင်ပြဿနာ ကို ဖြန့်ချိကြလေသည်။ ဤကဲ့သို့သော် သူများ အတွက် လအ်နသ် ဖြစ်ပေသည်။ ပြီးနောက် ၎င်းကဲ့သို့သော် သူများ အတွက် မကောင်းသည့် အိမ် (ဂျဟန္နမ်(ခ)ငရဲဘုံ) ဖြစ်ပေသည်။

ဟဇရသ် အေမာမ် ဂျအ်ဖရ်ဆွာဒစ် (အ.စ) မှ ဂိုနာဟ် ဟေက ဘီရဟ် (ခ) ကြီးမားလေးလံသည့် အပြစ် များ တင်ပြပြီး မိမိ ၏စကားကို အဆုံးသတ်လိုက်တော်မူ၏။ ထိုအခါ ရဝီ အမရ် ဗင် အိုဗိုင်ဒ် မှ အော်ဟစ် တိုင်တည် ပြောကြားပြီး အပြင်သို့ ထွက်လာခဲ့၏။ (အော်ဟစ်တိုင်တည်ပြောကြားသည်မှာ )  ဧကန်မုချ အကြင်မည်သူမဆို မိမိ၏ ထင်မြင်ချက်အရ တစ်ခုခု ပြောဆိုမည် ပြီးနောက် အေမာမ်ဂျအ်ဖရ်ဆွာဒစ် (အ.စ) နှင့်အဲဟ်လေ့ဘိုက် (အ.စ) ၏ ပညာနှင့် ကြီးကျယ် မြင့်မြတ် မှုကို ငြင်းဆိုမည် ဆိုလျင် ပျက်စီး မည်ဖြစ်ပါသည်။

ဤနေရာတွင် ပထမရီဝါယသ်တော် ပြီးဆုံးပြီး ဖြစ်ပါသည်။

****************************************************************
END / 251