အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : mizzimaburmese
ကြာသပတေးနေ့

၈ စက်တင်ဘာ ၂၀၂၂

၁၉:၁၉:၅၆
1304745

ရုရှ၏ နျူလက်နက်ဖြင့် တိုက်ခိုက်လာနိုင်သည့် အန္တရာယ်ကို ယူကရိန်းထိပ်တန်းဗိုလ်ချုပ်ကြီး သတိပေး

ယူကရိန်းတွင် ရုရှတို့ နျူကလီးယားလက်နက်များ အသုံးပြုနိုင်သည့် ခြိမ်းခြောက်မှု ရှိနေကြောင်း ယူကရိန်းစစ်တပ်အကြီးအကဲက စက်တင်ဘာ ၇ ရက်တွင် အများပြည်သူထံ ရှားရှားပါးပါး ပြောကြားသည့် မှတ်ချက်စကားများတွင် သတိပေးသွားခဲ့သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


ယူကရိန်းတွင် ရုရှတို့ နျူကလီးယားလက်နက်များ အသုံးပြုနိုင်သည့် ခြိမ်းခြောက်မှု ရှိနေကြောင်း ယူကရိန်းစစ်တပ်အကြီးအကဲက စက်တင်ဘာ ၇ ရက်တွင် အများပြည်သူထံ ရှားရှားပါးပါး ပြောကြားသည့် မှတ်ချက်စကားများတွင် သတိပေးသွားခဲ့သည်။ ယင်းသို့ ဖြစ်လာပါက အခြားသော အင်အားကြီးနိုင်ငံများနှင့် “အကန့်အသတ်ရှိ” နျူကလီးယား ပဋိပက္ခတစ်ခု ဖြစ်နိုင်ခြေကို ပေါ်ပေါက်စေလိမ့်မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

ဖေဖေါ်ဝါရီ ၂၄ ရက်က စတင်ခဲ့သည့် ယူကရိန်းအပေါ် ရုရှ ကျူးကျော်စစ်ပွဲက လာမည့်နှစ်ထဲအထိ ဆက်ဖြစ်နေဖွယ် ရှိကြောင်း ယူကရိန်းစစ်တပ် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဗယ်လာရီ ဇာလူဇနီက ဥပဒေအမတ် မိုင်ခေးလို ဇာဘရော့စကီးနှင့် အတူ ပူးတွဲရေးသားပြီး နိုင်ငံပိုင် Ukrinform သတင်းအေဂျင်စီက ဖော်ပြသည့် ဆောင်းပါးတစ်ပုဒ်တွင် ပြောသည်။

အဆိုပါ ဆောင်းပါးတွင် စစ်ပွဲနှင့်ပတ်သက်ပြီး လက်ရှိအချိန်အထိ ယူကရိန်းစစ်တပ်အကြီးအကဲ၏ အသေးစိတ်အကျဆုံး အကဲဖြတ်သုံးသပ်ချက်များ ပါဝင်သည်။ ထို့ပြင် ၎င်းသည် အခြားသော ယူကရိန်းအဆင့်မြင့်အရာရှိများ၏ မှတ်ချက်စကားများနှင့် အတိုင်းသာ ဆန့်ကျင်ကွဲလွဲသည့် မက်ဆေ့ချ်စကားများကိုလည်း ပေးသွားခဲ့သည်။

“အခြေအနေတချို့အောက်မှာ ရုရှစစ်တပ်ဘက်က နည်းဗျူဟာ နျူကလီးယားလက်နက်တွေ အသုံးပြုလာနိုင်တယ် ဆိုတဲ့ တိုက်ရိုက် ခြိမ်းခြောက်မှုတစ်ခု ရှိပါတယ်” ဟု ဇာလူဇနီက ပြောသည်။

“အကန့်အသတ်ရှိ နျူကလီးယား ပဋိပက္ခတစ်ခုမှာ ကမ္ဘာ့ဦးဆောင်နိုင်ငံတွေ တိုက်ရိုက်ပါဝင်ပတ်သက်လာနိုင်တဲ့ အလားအလာကို လုံးလုံးလျားလျား ဖယ်ထုတ်ပစ်ဖို့ကတော့ မဖြစ်နိုင်ပါဘူး။ အဲဒီလိုသာဆိုရင် တတိယကမ္ဘာစစ် အလားအလာကို တိုက်ရိုက် မြင်သာနေပြီးသား ဖြစ်ပါလိမ့်မယ်” ဟု ဆောင်းပါးတွင် ဖော်ပြ ပါရှိသည်။

ဤမတိုင်မီက ယူကရိန်းစစ်ပွဲတွင် နျူကလီးယား သို့မဟုတ် ဓာတုလက်နက်များ အသုံးပြုနိုင်ခြေ ရှိသည် ဆိုသည့် မှန်းဆပြောကြားချက်များကို ရုရှက ပယ်ချထားခဲ့သည်။


(ကိုလူအေး ဘာသာပြန်သည်)


****************************************************************
END / 251