အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : m-mediagroup
စနေနေ့

၁၀ စက်တင်ဘာ ၂၀၂၂

၁၅:၁၁:၂၇
1304957

ဗြိတိန်ထီးနန်းကို ချားလ်စ်မင်းသားက ဆက်ခံပြီး တတိယမြောက် ချားလ်စ်ဘုရင်ဖြစ်လာ

ဗြိတိန်ဘုရင်မကြီး ဒုတိယ အဲလိဇဘက် စက်တင်ဘာ ၈ ရက်နေ့က ကံတော်ကုန်သွားပြီးတဲ့နောက် အိမ်ရှေ့မင်းသားဖြစ်တဲ့ သားဖြစ်သူ ချားလ်စ်မင်းသားက ထိးနန်းအရိုက်အရာကို ဆက်ခံမှာ ဖြစ်ပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ဗြိတိန်ဘုရင်မကြီး ဒုတိယ အဲလိဇဘက် စက်တင်ဘာ ၈ ရက်နေ့က ကံတော်ကုန်သွားပြီးတဲ့နောက် အိမ်ရှေ့မင်းသားဖြစ်တဲ့ သားဖြစ်သူ ချားလ်စ်မင်းသားက ထိးနန်းအရိုက်အရာကို ဆက်ခံမှာ ဖြစ်ပါတယ်။

ဘုရင်မကြီး အဲလိဇဘက်ဟာ ဗြိတိန်သမိုင်းမှာ သက်တမ်းအရှည်ဆုံး ထီးနန်းစိုးစံခဲ့သူအဖြစ် မှတ်တမ်းဝင်ခဲ့ပြီး ချားလ်စ်မင်းသားကလည်း အိမ်ရှေ့စံ ဝေးလ်မင်းသားအဖြစ် အချိန်အကြာဆုံး နေခဲ့ရသူပါ။

စက်တင်ဘာ ၁၀ ရက်နေ့မှာ ချာလ်းစ်မင်းသားကို ဘုရင်အဖြစ် တရားဝင်ကြေငြာဖို့ ရှိပါတယ်။ ထုံးတမ်းစဉ်လာတွေအရ အခမ်းအနားနဲ့ ဘိတ်သိက်ခံယူပွဲကတော့ အချိန်အတိုင်းအတာတစ်ခုအထိ ကြာအုံးမှာပါ။

ဇနီးဖြစ်သူ ကာမီလာဟာ မိဖုရားခေါင်ကြီးအဖြစ် သတ်မှတ်ခံရမှာဖြစ်ပါတယ်။
တတိယမြောက် ချားလ်စ်ဘုရင်ရဲ့ သားအကြီးဆုံး မင်းသား ဝီလီယံဟာ ဖခင်ဖြစ်သူရဲ့ အိမ်ရှေ့မင်းသား အရိုက်အရာကို ဆက်ခံမှာပါ။ ဒါပေမယ့် အလိုအလျောက် ဆက်ခံရတာမျိုးမဟုတ်ဘဲ ချားလ်စ်ဘုရင်က ခန့်အပ်ပေးရမှာ ဖြစ်ပါတယ်။

လက်ရှိမှာ တတိယမြောက် ချားလ်စ်ဘုရင်လို့ ခေါ်တွင်နေပေမယ့် ဗြိတိန်ဘုရင်သစ်ဟာ ချားလ်စ်၊ ဖိလစ်၊ အာသာ၊ ဂျော့ဂျ် စတဲ့ ဘွဲ့အမည် ၄ ခုထဲက တစ်ခုကို စိတ်ကြိုက်ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။

ဗြိတိန်ရဲ့ဘုရင်ဖြစ်ပြီး၊ ဓနသဟာယနိုင်ငံ ၁၄ ခုရဲ့ ဦးသျှောင်ဖြစ်တဲ့ ချားလ်စ်ဘုရင်ဟာ သက်တော် ၇၃ နှစ်ရှိပြီ ဖြစ်ပါတယ်။ ကမ်းဘရစ်ချ် တက္ကသိုလ်က ဘီအေဘွဲ့ရထားပြီ၊ ဗြိတိန် လေတပ်နဲ့ ရေတပ်မှာ အမှုထမ်းခဲ့ဖူးပါတယ်။

ဗြိတိန်ရဲ့ လက်ရှိ နိုင်ငံတော်သီချင်း ‘God Save The Queen’ (ဘုရင်မကြီးကို ဘုရားသခင်စောင့်ရှောက်ပါစေ) ဟာ ‘God Save The King’ (ဘုရင်ကြီးကို ဘုရားသခင်စောင့်ရှောက်ပါစေ) အဖြစ် ပြောင်းလဲသွားမှာ ဖြစ်ပါတယ်။

****************************************************************
END / 251