အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
တနင်္လာနေ့

၁၂ စက်တင်ဘာ ၂၀၂၂

၁၀:၃၄:၄၈
1305264

မိုင်စန်မ် မေသမါရ် ရောင်ဇာတော် တွင် အရ်ဗအီးန် ဧည့်သည် တော်များ နားနေရန် စီစဉ်ထား ပေး

ဟဇရသ် မိုင်စန်မ် မေသမါရ် (ရ.သွေ) ရောင်ဇာတော် ၏ ပြန်ကြားရေးဆိုင်ရာ တာဝန်ခံ မှ အရ်ဗအီးန် ဇေယာရသ်ပြုလာ ဧည့်သည်တော် များအနားယူ၊နားနေရန် နှင့် တစ်နေ့လျင် မနက်စာ ၊နေ့လည်စာ ၊ညစာများကို စီစဉ်ထား ပေးကြောင်း ကို အဗ်နာ သတင်းထောက်အား ပြောကြားခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ကြီးကျယ်လေးစားရမည့် သာဝကတော်ကြီး ဟဇရသ် မိုင်စန်မ်မေသမါရ် ဗင် ယဟ်ယာ သမါရ် (ရ.သွေ) ၏ ရောင်ဇာတော် သည် အီရတ်နိုင်ငံ ကူဖာမြို့ရှိ ဇေယာရသ် ပြုရမည့် နေရာများမှ တစ်ခုဖြစ်ပြီး အရ်ဗအီးန် ဇေယာရသ် ပြုဧည့်သည်တော်များ ၏ ဂရုပြု အလေးထားသည့်နေရာလည်း ဖြစ်ပါတယ်။
ဟဇရသ် မိုင်စန်မ် မေသမါရ် (ရ.သွေ့) ရောင်ဇာတော် ၏ ပြန်ကြားရေးဆိုင်ရာ တာဝန်ခံ အလီအစဒ်ဒီ မှ အဗ်နာ သတင်းထောက် အား အင်တာဗျူးပေးချိန်တွင် အရ်ဗအီးန် အချိန်အခါဆိုင်ရာ ရက်များနှင့်ပတ်သက်ပြီး ပြောကြားခဲ့ ပါတယ်။ ဟဇရသ် မိုင်စန်မ်မေသမါရ် (ရ.သွေ) ၏ရောင်ဇာတော် ဆိုင်ရာ တာဝန်ရှိသူများ မှ တစ်နှစ်တာ ခေသ်မသ်ပြု(ဝန်ဆောင်မှု) ပေးနေသည့်အစီအစဉ်များ မှ အရ်ဗအီးန် အချိန်အခါ အတွက် စီစဉ်ထားကြောင်း ၊ အစီအစဉ်များ မှာ ကျမ်းတော်မြတ်ကုရ်အာန် ၊ ဖေက်ဟီ (ဓမ္မသတ်၊ပညတ်ချက်များဆိုင်ရာ )  ၊ အဲသေကါဒီ (ယုံကြည်မှုများဆိုင်ရာ) ၊ အခလါကီ (ကိုယ်ကျင့် တရားနှင့်စာရိတ္တ ဆိုင်ရာ) ၊  ပဲ့ပြင်သွန်သင်မှု ဆိုင်၊ လမ်းညွှန်မှုဆိုင်ရာ အပြင် စားသောက် စရာများ ဝေငှခြင်း ၊ ဇေယာရသ်ပြုသူများ နားနေရန် စီစဉ်ပေးခြင်း  နှင့်အရ်ဗအီးန် ဇေယာရသ်ပြု ဧည့်သည် တော်များ အတွက် စံနမူနာ ယူစရာ ဝန်ဆောင်မှု ၊အကျိုးဆောင်မှုများပြုပေးနေကြောင်း ဇေယာရသ် အရ်ဗအီးန်သည် အေဗါဒသ် တစ်ခုဖြစ်သည့်အတွက် စံပြုနမူနာ ယူသင့်သည့် အကျိုးဆောင်မှုများကို မဖြစ်မနေ အသုံးပြုသင့်ကြောင်း ပြောကြားခဲ့ပါတယ်။
၎င်းမှဆက်လက်ပြီး ဘာသာရေးဆိုင်ရာ အမေးအဖြေများ ကိုလည်း စီစဉ်ထားကြောင်း အဖြေအား ဟောင်ဇေအေလ်မီယေနဂျဖ် မှအာလင်မ်များ နှင့်အီရန် နိုင်ငံသားအာလင်မ်များ ဖြေပေးနေကြောင်း ၊ဇေယာရသ်ပြုသူများ ၏ အမေးများကို အဖြေများ ပေး၊ပေးနေကြောင်း ပြောကြားခဲ့ပါတယ်။ပြီးနောက် ဆက်လက်၍ ဟဇရသ် မိုင်စန်မ်မေသမါရ် (ရ.သွေ) ၏ ရောင်ဇာတော် တွင် အရ်ဗအီးန် အချိန်အခါ ရက်များအတွင်း နေ့စဉ် တရားပွဲများ အထူးသဖြင့် ဇေယာရသ် အရ်ဗအီးန် ၏ ရည်ရွယ်ချက် များ ကိုဟောကြားပေးနေကြောင်း ၊ ဟောင်ဇေအေလ်မီယေ နဂျဖ်နှင့် တွဲဖက်ပြီး အကျိုးပြုနေကြောင်း ၊ ပြည်တွင်းပြည်ပဆိုင်ရာ အမျိုးသား၊အမျိုးသမီး အတွက်ကျမ်းတော်မြတ်ကုရ်အာန် အစီအစဉ် ၊ နမာဇ် ဖတ်သည့်အခါ ဖတ်ရသည့်စူရဟ်များ ၊ဇေက်ရ်များ မှန်မမှန်စိစစ်ပြီးပြုပြင်ပေးသည့် အစီအစဉ်များပါ ထားရှိထားကြောင်း ပြောကြားခဲ့ပါတယ်။
ဟဇရသ် မိုင်စန်မ် မေသမါရ် ရောင်ဇာတော် ၏ ပြန်ကြားရေးဆိုင်ရာ တာဝန်ခံ အလီအစဒ်ဒီ မှ ဆက်လက်ပြီး အရ်ဗအီးန် ဇေယာရသ်ပြုလာ ဧည့်သည်တော် များအနားယူ၊နားနေရန် နှင့် တစ်နေ့လျင် မနက်စာ ၊နေ့လည်စာ ၊ညစာများကို စီစဉ်ထား ပေးကြောင်း ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး မိုင်စန်မ် မေသမါရ် ရောင်ဇာတော်ဆိုင်ရာ တာဝန်ရှိသူများ မှ အရ်ဗအီးန် ဇေယာရသ်ပြုသူများ ၏လုံခြုံရေး အတွက် အရေးကြီး ဆောင်ရွက်စရာများကို အီရတ် နိုင်ငံတာဝန်ရှိသူများ နှင့်ပူးတွဲဆောင်ထားကြောင်း ရောင်ဇာတော်ဘက်မှ စေတနာ ဝန်ထမ်းများ အကျိုးပြု ဝန်ဆောင်မှုများ ပေးနေကြောင်း ပြောကြားခဲ့ပါတယ်။
၎င်းမှဆက်လက်ပြီး ဟဇရသ် မိုင်စန်မ် မေသမါရ် ဗင်ယဟ်ယာ သမါရ် ရောင်ဇာတော် ၏ စီပံခန့်ခွဲမှုများ တွင်အပြောင်းအလဲ ရှိကြောင်း ၊ ရောင်ဇာတော်၏ ဂေါပကလူကြီးသည် ကြီးမားသည့် လုပ်ဆောင်မှုများကိုပြုခဲ့ကြောင်း ရောင်ဇာတော်၏ တိုးတက်ဖို့ အတွက် ဆောင်ရွက်မှုများ ပြုခဲ့ကြောင်း ရောင်ဇာတော်၏ ဂေါပကလူကြီး သည် အွန်စ်သါဒ် အာဒေလ်ဂျအ်ဖရီ ဖြစ်ကြောင်း ၎င်းမှ စီမံခန့်ခွဲမှုများတွင် တိုးတက်သည့်ပြောင်းလဲမှု အများအပြား ကို ပြုပေးခဲ့ကြောင်း ပြောင်းလဲမှုများတွင် ရောင်ဇာတော်၏နေရာအား ချဲ့ထွင်မှု နှင့် လုံခြုံရေး ဆိုင်ရာဌာနများ နှင့်အဆင့်မြင့် ပူးတွဲ ဆောင်ရွက်မှု ကိုပြုခဲ့ခြင်း ၊ ယဉ်ကျေးမှု သင်တန်း၊ ဘာသာရေးသင်တန်း ၊ကျမ်းတော်မြတ် ကုရ်အာန် သင်တန်းများ ကျင်းပခြင်းများ ပါဝင်ကြောင်း ပြောကြားခဲ့ပါတယ်။

****************************************************************
END / 251