အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
ဗုဒ္ဓဟူးနေ့

၁၄ စက်တင်ဘာ ၂၀၂၂

၁၁:၀၆:၃၆
1305654

လေ့လာ မှတ်သားသင့် သည့် ဟဒီးစ်တော်များ

မအ်စူမီး(န) (အ.စ) ၏မိန့်ကြားထားသည့် လေ့လာ မှတ်သားဖွယ်ရာ ဟဒီးစ်တော်များကို အကိုးအကား နှင့်တစ်ကွ အဗ်နာ ချစ်ပရိတ်သတ်ကြီးအတွက် ဖော်ပြလိုက်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

နမာဇ်ဇေ ရှက်ဗ် ၏ အရေးပါမှု

အေမာမ်ဟိုစိုင်းန် (အ.စ)မိန့်တော်မူ၏။

အိုငါ့၏နှမတော် (ဇိုင်နဗ်(စ.အ)) ငါကိုနမာဇ်ဇေရှက်ဗ် မှာ မမေ့ပါနှင့် ။
. بحار الأنوار ، ج 44 ، ص 284 .



ကျန်းမာရေး၏ အရေးပါမှု

အေမာမ်ဟိုစိုင်းန် ( عليه السلام ) မိန့်တော်မူ၏။
သင့်တို့၏ ဘဝ တစ်လျှောက်လုံး တွင် သင့်တို့၏ ကိုယ်ခန္ဓာ ကျန်းမာရေး ကို ဂရုစိုက်ပါ။
تحف العقول ، ص 239 .

အဲဟ်လေ့ဘိုက်(သ) (အ.စ) အားသတ်ဖြတ်သူများကို မိုအ်မင်ဟု မသတ်မှတ်ရန်


အေမာမ် ဂျအ်ဖရ် ဆွာဒစ် (အ.စ) မိန့်တော်မူ၏။
အကြင်မည်သူ မဆို ငါတို့အား သတ်ဖြတ်သူများကို မိုအ်မင် ဟု နားလည်မည်ဆိုလျင် မဲဟ်ရှရ်နေ့ လာရောက်ချိန် တွင် ၎င်းတို့၏ အဝတ်များသည် ငါတို့၏ သွေးများ နှင့် ပေနေပေမည်။
وسائل شیعه ، ج 16 ، باب 39 ، ح 21536

ယဉ်ကျေးသိမ်မွေ့ရန် အရေးကြီးကြောင်း

အမီးရွလ်မိုအ်မေနီ အေမာမ် အလီ (အ.စ) မိန့်တော်မူ၏။
သင်အတွက် ယဉ်ကျေးသိမ်မွေ့ခြင်း ကို လက်ကိုင်ထားရန် အရေးကြီးပါ
သည်။ အကြောင်းမှာ ဤ(ယဉ်ကျေး၊ သိမ်မွေ့ခြင်း) သည် မျိုးကောင်းမျိုးသန့်၊မျိုးမြတ်၏ ကျက်သရေမင်္ဂလာဖြစ်ပါသည်။
غررالحکم : 6092


မထိုက်တန်သူထံ မတောင်းခံရန်မိန့်ကြား


ဟဇရသ် အမီးရွလ်မိုအ်မေနီ အေမာမ်အလီ (အ.စ) မိန့်တော်မူသည်။
မထိုက်တန်သူထံ တောင်းခံတာထက် လိုအင်ဆန္ဒမပြည့်ဝသည်ကပိုမို၍ ကောင်းမြတ်ပေသည်။    
 هدایة العلم  و غرر الحکم - حصّه اوّل - صفحه 216


မိမိမရ်ဟွန်မ်များကိုဇေယာရသ်ပြုရန်

အေမာမ်အလီ (အ.စ)မိန့်တော်မူ၏။
မိမိ၏ မရ်ဟွန်မ်များ၏ ဇေယာရသ် ပြုပါလေ။ (ဇေယာရသ်သွားလုပ်ကြ ပါလေ။ ) အကြောင်းမှာ ၎င်းမရ်ဟွန်မ်များသည် အသင်တို့လာကြည့်ခြင်း (ဇေယာရသ်ပြုခြင်း) ဖြင့် ဝမ်းသာ ပီတိ ဖြစ်ကြလေသည်။
الخصال ، ص 618 ، ح 10 / میزان الحکمه ، ج 5 ،ص 129


ဒဏ်ပြန်မှု

ဟဇရသ် အေမာမ် အလီ (အ.စ) မိန့်တော်မူ၏။
အကြင်မည်သူမဆိုသူ ၊ တစ်ဦးတစ်ယောက် ၏အပြစ်ကို ထုတ်မည်ဆိုလျင် ၎င်းအပေါ်လည်း အပြစ် ထုတ်ခြင်းခံရပေမည်။ အကြင်မည်သူမဆို တစ်ဦးတစ်ယောက် အားဆဲဆိုမည်ဆိုလျင် ထိုနည်းတူစွာ ၎င်းသည်လည်းဘဲ အဆဲခံရမည် ဖြစ်ပါသည်။
میزان الحکمت ، ج 7 ، ح15701


ဂုဏ်ရည် ၅ ခု မရှိသည့် သူ

အေမာမ်ဟိုစိုင်းန် (အ.စ)မိန့်တော်မူ၏။
အကြင်သူ တစ်ဦးတစ်ယောက်တွင် ဤ ဂုဏ်ရည် ၅ ခု မရှိလျင် ၎င်းထံ မှ အကျိုးအများကြီး အသုံးမပြုနိုင်ချေ။
(၁) အသိဉာဏ် (၂) ဘာသာသာသနာ (၃) ယဉ်ကျေးမှု (၄) အရှက်တရား နှင့် (၅) ကောင်းမြတ်သည့် ကိုယ်ကျင့်တရား၊စာရိတ္တ
موسوعة کلمات الامام الحسین - 743

သုံးမျိုးသုံးစားသော် သူများသည် ကေယမသ်နေ့ တွင် အလ္လာဟ်ဟိုအရှင်မြတ်၏ အရ်ရှ်တော်၏ အရိပ်အောက်တွင် ရှိမည်။


အေမာမ် မူစာကာစင်မ် (အ.စ)မိန့်တော်မူ၏။
ကေယမသ်နေ့တွင် သုံးမျိုးသုံးစားသော် သူများသည်လ္လာဟ်ဟိုအရှင်မြတ်၏ အရ်ရှ်တော်၏ အရိပ်အောက်တွင် ရှိမည်။
ထိုနေ့တွင်မည်သည့်အရိပ်မျှ ရှိမည်မဟုတ်ချေ။ (၎င်းသုံးမျိုးမှာ)
၁။ မိမိသာသနာ့ညီနောင် အားအိမ်ထောင်ပြုပေးသူ
၂။ မိမိ၏သာနာ့ညီနောင် ၏ခေသ်မသ်ပြုသူ
၃။ မိမိ၏သာသနာ့ညီနောင် ၏ လှိူ့ ဝှက်ချက် ကို လှိူ့ ဝှက်ချက်အတိုင်း ထား ပါသည်။
خصال - شخ الدوق ره

ဗေဝကွတ်ဖ် နှင့်ဆက်ဆံနည်း

ဟဇရသ် အေမာမ် အလီ (အ.စ) မိန့်တော်မူ၏။
ဗေဝကွတ်ဖ် (လူမိုက်၊ဦးနှောက်မရှိသူ) အား အဖြေမပေးဘဲ ခြင်းသည် လျင် ၎င်း အတွက် အကောင်း တကာ အကောင်းဆုံး အဖြေဖြစ်လေ၏။
ကျမ်းကိုး - اقوال علی علیه السلام ، ص269


အလီ (အ.စ) နှင့် ကိုယ်တော်မြတ် (ဆွ) ပတ်သက်ဆက်နွယ်မှု

မဟာတမန်တော်မြတ်ကြီး မိုဟမ္မဒ် (ဆွ) ၏မိန့်မှာချက်
အလီ (အ.စ) နှင့် ကျွန်ုပ်၏ ပတ်သက်ဆက်နွယ်မှု သည် ကျွန်ုပ်၏ ဦးခေါင်းနှင့် ကိုယ်ခန္ဓာ ၏ ဆက်နွယ်ပတ်သက်နေသည့် ပမာ ဖြစ်ပေသည်။
ကျမ်းကိုး - کنز العمال ، 277 / 6 ، حدیث 32911


မနုဿလူသားအား ပျက်စီးစေသည့်အရာ များ


အေမာမ်ဟစန် (အ.စ ) မိန့်တော်မူ၏။
သုံးခုသောအရာသည့်လူသားအားပျက်စီးစေပါသည်။ မာန်မာန၊လောဘ ၊မနာလိုစိတ်
 
الروائع المختارة ، ص116


လူတွေ၏ စွပ်စွဲချက်များအပေါ် ဝမ်းမနည်းရန်

ဟရသ် အီစာဗင်မရ်ယန်မ် (အ.စ) အနေဖြင့် ဟဇရသ် ယဟ်ယာ (အ.စ) အားမိန့်ကြားပါသည်။
အကယ်၍လူများ အနေဖြင့် အသင်၏ ဟက္က် တွင် အသင်ထံတွင်မရှိသည့် ဂိုနဟ်အား ပြုပါသည်ဆိုပြီး ပြောဆိုလာလျင် အသင်အတွက် ပင်ပန်းစရာ မလိုဘဲ ရရှိသည်ကောင်းမှုကုသိုလ် တစ်ခုဖြစ်ပေသည်။
امالی شیخ صدوق ره -ص 475

မိုနာဖေက်၏ အကျင့်တစ်ခု

ဂျနာဗ်ဗေရစူလ်လေခိုဒါ (ဆွ) မိန့်တော်မူ၏။
မိုအ်မင်သည် ကိုယ်တိုင် စလာမ်ကို စပေးလေ၏။သို့သော် မိုနာဖေက် (အရေခြုံ) သည် လူတွေမှ ၎င်းအား စလာမ်(စ)ပေးတာကိုလိုလားလေ၏။
میزان الحکمت ، ج 2 ، ص29


ဗေဝကွတ်ဖ်၏ အကျင့်တစ်ခု

ဟဇရသ် အေမာမ် အလီ (အ.စ) မိန့်တော်မူ၏။
ဦးနှောက်မရှိ တကာမရှိဆုံးလူ (အမိုက်တကာအမိုက်ဆုံးလူ) ဆိုသည်မှာ မိမိ၏ ဗဒ်ကလါမ် (အဆဲ၊အလိမ်၊အညာ၊ကလိမ်ကကျစ် စသည်ဖြင့်) အပေါ် ဂုဏ်ယူလေ၏။
میزان الحکمت ، ج 7 ، ح 15685


မိတ်ဆွေနှင့်ရန်သူအားဆိုင်ရာ


မိမိ၏ မိတ်ဆွေ အား မနက်ဖန်(တစ်နေ့) တွင်အသင်၏ ရန်သူဖြစ်သွားနိုင်သည်ဆိုသည့် အတွေးဖြင့် မိတ်ဆွေပြုပါလေ။
ပြီးနောက် မိမိ၏ရန်သူအား မနက်ဖန် (တစ်နေ့) အသင်၏ မိတ်ဆွေ ဖြစ်သွား နိုင်သည်ဆိုပြီး လိုရမယ်ရ ရန်ငြိုးထားပါလေ။

المحتضر ( سبیل سکینه پبلیشرز ) ص 108

+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++
END / 251