အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
စနေနေ့

၁၇ စက်တင်ဘာ ၂၀၂၂

၂၀:၀၃:၀၀
1306088

အီရန်နိုင်ငံသား အယောက် ၃သန်းနှင့်၄သိန်း အရ်ဗအီးန် အတွက် အီရတ်သွား ကြောင်း အီရန် ပြည်ထဲရေး ဝန်ကြီးမှ ပြောကြား

အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ ပြည်ထဲရေး ဝန်ကြီး မှ ယခုနှစ်တွင် အီရတ်နိုင်ငံ သို့ အရ်ဗအီးန် အတွက် ဇေယာရသ် ပြုရန် အီရန် နိုင်ငံသူ၊သား အယောက် ၃သိန်းနှင့်၄သိန်း သွားရောက်ခဲ့ကြောင်း ကြေငြာခဲ့ပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ ပြည်ထဲရေး ဝန်ကြီး အဲဟ်မဒ်ဒီ ဝဟီးဒ်ဒီ  မှ ယခုနှစ်တွင် အီရတ်နိုင်ငံ သို့ အရ်ဗအီးန် အတွက် ဇေယာရသ် ပြုရန် အီရန် နိုင်ငံသူ၊သား အယောက် ၃သိန်းနှင့်၄သိန်း သွားရောက်ခဲ့ကြောင်း ကြေငြာခဲ့ပါတယ်။ပြီးနောက် ယခုအချိန်အထိ အယောက် ၂သန်း နှင့် ၄သိန်း သည် အမိမြေ အီရန် သို့ ပြန်ရောက်လာပြီး ဖြစ်ကြောင်းကို ပြောကြားခဲ့ပါတယ်။
အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ ပြည်ထဲရေး ဝန်ကြီး အဲဟ်မဒ်ဒီ ဝဟီးဒ်ဒီ  မှ ဆက် လက်ပြီး ယခုလက်ရှိအချိန်တွင် အီရန်အီရတ်နယ်စပ် တွင် သွားလာမှုသည် အဆင်ပြေချောမွေ့နေပြီး အရ်ဗအီးန် အတွက် ထွက်ခွာခွင့်ပြုကတ်များအား ပိတ်လိုက်ပြီးဖြစ်ကြောင်း သို့သော် အရ်ဗအီးန် ထွက်ခွာကတ်များ ယူထားပြီး သူများ အနေဖြင့် ဆဖရ်လကုန်အထိ ခွင့်ပြုချက်ရှိ ပြီး အမိနိုင်ငံသို့ ပြန်လာ နိုင်ကြောင်း ပြောကြားခဲ့ပါတယ်။
အီရန် ပြည်ထဲရေးဝန်ကြီး မှ ဆက်လက်ပြီး  ဇေယာရသ်ပြုသူများ အတွက် ၎င်းတို့ ၏နေရပ် မြို့များနေရာများသို့ ပြန်ပို့ရန် စီစဉ်ထားသည့် အစီအစဉ်သည် ယခုနှစ်သည် ယခင်နှစ်ထက် မိနစ် ၂၀လျော့ သွားကြောင်း ပြီးခဲ့သည့်နှစ်က တစ်ခါတစ်ရံ ကြာချိန်မှာ တစ်ရက်ထိ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
အီရန် ၏ ပြည်ထဲရေး ဝန်ကြီး အဲဟ်မဒ်ဒီ ဝဟီးဒ်ဒီ  မှ ဆက်လက်ပြီး အီရန်နယ်စပ် အီလန်ဘက်အား တစ်လမ်းမောင်းပြုလုပ်ခဲ့သည့်အတွက် ဇေယာရသ်သွား ခရီးသည်များအတွက် ယာဉ်ကြောပြဿနာ မရှိခဲ့ကြောင်း ဤနှစ်အရ်ဗအီးန် ခရီးစဉ်သည် အကောင်းတကာအကောင်းဆုံး စည်းစနစ် အကျတကာအကျဆုံး ဖြစ်ကြောင်း ဤကိစ္စအတွက် အီရတ် အစိုးရမှလည်း ပူးပေါင်းဆောင်ရွက်မှုများ ပြုပေးခဲ့ကြောင်း ဇေယာရသ် ခရီးသွား အများပြည်သူအား သယ်ယူပို့ဆောင်ရေး ကဏ္ဍတွင် အီရန် အစ္စလာမ်မစ် အစောင့်တပ်ဖွဲ့ ၊ ရဲတပ်ဖွဲ့ ၊ စစ်တပ် နှင့် စည်ပင်အုပ်ချုပ်ရေး အဖွဲ့များ ပါဝင်ကူညီ ဆောင်ရွက်ပေးခဲ့ကြောင်းပြောကြားခဲ့ပါတယ်။
၎င်းမှဆက်လက်ပြီး သွားလာရေးလွယ်ကူစေရန် အီလန် နယ်စပ်ဘက်တွင် စည်ပင်သာယာရေး အဖွဲ့ များ နှင့်ပူးပေါင်း၍ ဘတ်စ်ကား အစီးရေ ၁၀၀၀ ကို  စီစဉ်ပေးနိုင်ခဲ့ကြောင်း ယခုနှစ်တွင် အီရတ်နိုင်ငံ သို့ အရ်ဗအီးန် အတွက် ဇေယာရသ် ပြုရန် အီရန် နိုင်ငံသူ၊သား အယောက် ၃သန်းနှင့်၄သိန်း သွားရောက်ခဲ့ကြောင်း ကြေငြာခဲ့ပါတယ်။ပြီးနောက် ယခုအချိန်အထိ အယောက် ၂သန်း နှင့် ၄သိန်း သည် အမိမြေ အီရန် သို့ ပြန်ရောက်လာပြီး ဖြစ်ကြောင်းကို ပြောကြားခဲ့ပါတယ်။
****************************************************************
END / 251