အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
ဗုဒ္ဓဟူးနေ့

၁၂ အောက်တိုဘာ ၂၀၂၂

၁၃:၀၄:၀၁
1312925

ဟီဘရွန်တွင် ကျမ်းတော်မြတ်ကုရ်အာန် အား စော်ကားခြင်း

အလ်အဇ်ဟရ်စင်တာ ၊ ကွဒ်စ် (ဂျေရုစလင်) နှင့်ပါလက်စတိုင်း မွဖ်သီ နှင့် တရားသူကြီး မှ ဟီဘရွန် မြို့ တွင် ကျမ်းတော်မြတ်ကုရ်အာန် စော်ကားမှုအား အပြင်းအထန် ရှုတ်ချ ကန့်ကွက်ပြီး တစ်ဘီလီယံ ခွဲခန့် ရှိသည့် မွတ်စလင်မ်များ အား စိတ်ထိခိုက် စေကြောင်း ပြောကြားခဲ့ပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အေက်နာ သတင်းဌာန ၏ သတင်းအထောက်အထား များအရ arabdown.org သတင်းဝက်ဘ်ဆိုဒ် ၏ အဆိုအရ အလ်အဇ်ဟရ်စင်တာ ထုတ်ပြန်ချက် တစ်ခု တွင် ဟီဘရွန် မြို့ တွင် ကျမ်းတော်မြတ် ကုရ်အာန်  စော်ကားမှုအား အပြင်းအထန် ရှုတ်ချ ကန့်ကွက် ကြောင်း ပြောကြားရင်း ကျမ်းတော်မြတ် ကုရ်အာန် သည် လမ်းမှန်ကိုညွှန်ပြသည့် ကျမ်းတစ်ဆူ ဖြစ်ကြောင်း လူသား ထု တရပ်လုံး အားလုံး အတွက် ကောင်း တာ နှင့် ကံကောင်း စေမည့် သတင်းစကားများ ကို တင်ဆက်ထားကြောင်း အစွန်းရောက်  များ ၏ ရန်အငြိုးအတေးကြောင့် ကျမ်းတော်မြတ် ကုရ်အာန် ၏ ကြီးကျယ်မြင့်မြတ် တွင် လျော့သွား မည် မဟုတ်ကြောင်း ပါရှိပါတယ်။

ထုတ်ပြန်ချက်တွင် စိတ်ဓာတ်ရောဂါသည် ၊ အစွန်းရောက်သမား၊ တစ်ယူသန် အမြင် ကျဉ်းမြောင်းသူ များသည် အကြမ်းဖက်မှု နှင့် ရန် အငြိုးအတေးကို ကြီးပြင်းအောင် ပြုသူများ ဖြစ်ကြကြောင်း ၎င်းတို့၏ လက်များ သည် ပါလက်စတိုင်းများ ၏သွေးများ ဖြင့် စွန်းထင်း နေကြာင်း ၎င်းတို့သည် ကြီးကျာ် မြင့်မြတ်သည့် ကျမ်းတော်မြတ် ကုရ်အာန် ၏ တန်ဖိုး ကို ကျအောင် မပြုနိုင် ကြကြောင်း ပြောကြားခဲ့ပါတယ်။

၎င်းထုတ်ပြန်ချက်တွင် အလေးပေးပြောကြားထားသည်မှာ အလ်အဇ်ဟရ်စင်တာ ယုံကြည်ချက်မှာ ကျမ်းတော်မြတ် ကုရ်အာန် အား အကောင်းတကာ အကောင်းဆုံး စောင့် ရှောက်သူမှာ  အနှိုင်းမဲ့ အလ္လာဟ် ဟိုအရှင်မြတ် ဖြစ်ကြောင်း ၊ လောကကြီး ရှိနေသ၍ ကျမ်းတော်မြတ် ကုရ်အာန် လည်း ရှိနေမည် ဖြစ်ကြောင်း  လူသားမျိုးနွယ် ၏ ရန်သူ များသည် ကျမ်းတော်မြတ်ကုရ်အား ဖျက်ဆီးခြင်းဆိုသည့် ပန်းတိုင် မည်သသည့်အခါ မှ အောင်နိုင်မည် မဟုတ်ကြောင်း တင်ပြထား ပါသည်။

အလ်အဇ်ဟရ်စင်တာ ထုတ်ပြန်ချက် တွင် ဇီယွန် အစိုးရ (အစ္စရေး အစိုးရ ) သည် အစွန်းရောက် မှုကို လူမျိုးကြီးဝါဒကို ကြီးထွားအောင်ပြုသူ အပြည်ပြည်ဆိုင်ရာ အပြန်အလှန် သဘောတူချက်များ ကို ပျက်စီး အောင် ၊ ကျမ်းတော်မြတ်ကုရ်အာန် အားစော်ကားခြင်းကြောင့် အာရပ်များ နှင့် အစ္စလာမ် လောက စုစည်း ၊စည်းလုံးရေး ကို ပျက်အောင် ပြုသူ ဖြစ်ကြောင်း ပါရှိပါတယ်။

ကွဒ်စ် (ဂျေရုစလင်) နှင်ါ ပါလက်စတိုင်း မွဖ်သီ မိုဟမ္မဟိုစိုင်းန် မှလည်း ဇီယွန် အစိုးရ ၏ စော်ကားမှု အား ရှုတ်ချ ကန့်ကွက် ကြောင်း ပြောဆိုရင်း ဤတရားမဝင်လုပ်ရပ် (ကုရ်အာန် စော်ကားခြင်း) သည် ဇီယွန် အစိုးရ ၏ ရာဇဝတ်မှု များအတွက် သက်သေ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
ပါလက်စတိုင်း တရားလွှတ်တော် နှင့် ပါလက်စတိုင်း အာဏာပိုင်အဖွဲ့ ၏ အကြံပေး ပုဂ္ဂိုလ် ရှိက်ခ် မဲဟ်မူဒ် အလ်ဟဗါရှ် မှလည်း ဟီဘရွန် မြို့ ရှိ ကျမ်းတော်မြတ်ကုရ်အာန် အား စော်ကားမှုအား ရှုတ်ချ ပြီး ဤလူမဆန်သည့် လုပ်ရပ်သည် အစ္စလာမ် နှင့်တိုက်ပွဲ လုပ်နေခြင်းဖြစ်ကြောင်း ထင်ရှားသည် စော်ကားမှု ၊ရာဇဝတ်မှု ဖြစ်ကြောင်း တစ်ဘီလီယံ ခွဲခန့် ရှိသည့် မွတ်စလင်မ်များ အား စိတ်ထိခိုက်အောင်ပြုခြင်း ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

အဗ်နာ သတင်းဌာန မှလည်း ကျမ်းတော်မြတ်ကုရ်အာန် နှင်ပြတ်သက်သည့် စော်ကား မှုမှန်သမျှအား ပြင်းပြင်းထန်ထန် ရှုတ်ချ ကန့်ကွက် ကြောင်း တင်ပြအပ်ပါတယ် ။


****************************************************************
END / 251