အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
သောကြာနေ့

၂၁ အောက်တိုဘာ ၂၀၂၂

၀၈:၁၀:၅၆
1315779

အိုမန် နိုင်ငံ ((စူလ်သန် ကာဗူစ် )) ၏ ကျမ်းတော်မြတ်ကုရ်အာန်ဆိုင်ရာ ပြိုင်ပွဲ တွင် ကုရ်အာန် စင်တာ ပေါင်း ၂၅ မှ ပါဝင် ယှဉ်ပြိုင်

အိုမန် နိုင်ငံ ((စူလ်သန် ကာဗူစ် )) ၏ အကြိမ် ၃၀ မြောက် ပဏာမ အဆင့် ကျမ်းတော်မြတ် ကုရ်အာန်ဆိုင်ရာ ပြိုင်ပွဲ တွင် ကုရ်အာန် စင်တာ ပေါင်း ၂၅ မှ ပါဝင် ယှဉ်ပြိုင် နေကြောင်း သိရှိရပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အီးက်နာ ကုရ်အာန်  သတင်းဌာန မှ ဂျရီးဒဟ်အိုမန် ၏ အဆိုအား ကိုးကားပြီး အိုမန် နိုင်ငံ  ((စူလ်သန် ကာဗူစ် )) ၏  အကြိမ် ၃၀ မြောက် ကျမ်းတော်မြတ်ကုရ်အာန် ဆိုင်ရာ ပြိုင်ပွဲအား Sultan Qaboos Educational and Cultural Center ၏  အကူအညီ အထောက်အပံ့ဖြင့် ကျင်းပ ပြုလုပ်ခဲ့သည် ဖြစ်ကြောင်း ဤပြိုင်ပွဲ တွင် နိုင်ငံ အဝှမ်း ရှိ ကုရ်အာန် စင်တာ ပေါင်း ၂၅ ခု မှ ပါဝင် ယှဉ်ပြိုင်ကြမည် ဖြစ်ကြောင်း သိရှိရပါတယ်။

ဤကဲ့သို့ ပြိုင်ပွဲများကျင်းပရသည့် ရည်ရွယ်ချက်မှာ ကုရ်အာန်ကျမ်းမြတ်ကို အာဂုံဆောင် ကျက်မှတ် ရေး ကဏ္ဍ တွင်  လူငယ်များအား အားပေးရန်နှင့် ကုရ်အာန် နည်းကျ တည်ဆောက်ထားသည့် လူ့အဖွဲ့အစည်းကို ဖန်တီး နိုင်ရန်နှင့် ကုရ်အာန် ကျမ်းမြတ် ၏ သွန်သင်ချက်များကို မြှင့်တင် နိုင်ရန်ဖြစ်ပါတယ်။

ဤပြိုင်ပွဲတွင် ကုရ်အာန်အာဂုံဆောင်ခြင်းနှင့် ကေရာအသ် (ခ) လှပ ကောင်းမွန် နားဝင်ချို စွာ သေလာဝသ် ပြုခြင်း ဆိုင်ရာ အရည်အချင်းများ အရည်အသွေးများ ကို ဖော်ထုတ်နိုင် အောင်ကြိုး ပမ်းသွား မည်ဖြစ်ကြောင်း သိရှိရပါတယ်။

လက်ရှိတွင် ((စူလ်သန် ကာဗူစ် )) ကျမ်းတော်မြတ်ဆိုင်ရာ  ပြိုင်ပွဲသည် အိုမန်အရှေ့မြောက်ဘက်ရှိ Ira မြို့၌ စတင်ခဲ့ပြီး သုံးရက်ကြာကျင်းပမည်ဖြစ်ကြောင်း သိရှိရပါတယ်။

လက်ရှိတွင် ပြိုင်ပွဲတွင်  ၂၃၈ ဦး သည် ပါဝင်ယှဉ်ပြိုင်လျက်ရှိပြီး ပြိုင်ပွဲများတွင် ကုရ်အာန်တစ်ခုလုံး အာဂုံဆောင်ခြင်း၊ ကေရာအသ် (ခ) လှပ ကောင်းမွန် နားဝင်ချို စွာ သေလာဝသ် ပြုခြင်း ၊ ၂၂ ဂျွဇ် အား ကေရာအသ် နှင့်အတူ အာဂုံဆောင်ခြင်း၊ ၁၂ ဂျွဇ် အား ကေရာအသ် နှင့်အတူ အာဂုံဆောင်ခြင်း၊ ၄ ဂျွဇ် အား ကေရာအသ် နှင့်အတူ အာဂုံဆောင်ခြင်းတို့ ပါဝင်ကြောင်းသိရှိရပါတယ်။

မွတ်စလင်မ် ယောက်တိုင်း ကျမ်းတော်မြတ်ကုရ်အာန် အား အာဂုံဆောင် နိုင်ခွင့် ရရှိပြီး အနည်းဆုံး ကျမ်းတော်မြတ်ကုရ်အာန် ၏ အာယသ်တော်များ အတိုင်း လက်တွေ့ဘဝတည်ဆောက်နိုင်ကြပါစေဟု ဆနဒပြု ဆုတောင်းလိုက်ပါတယ်။

****************************************************************

END / 251