အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
ကြာသပတေးနေ့

၃ နိုဝင်ဘာ ၂၀၂၂

၀၉:၁၂:၅၄
1319934

ကမ်းခြေ ကမ္ဘာ့ဖလား ဘောလုံး ပြိုင်ပွဲမှာ အီရန်က အမေရိကန်အား ၆ဂိုး ၊ ၄ ဂိုးဖြင့် အနိုင်ရ

International Beach Football Cup ပွဲစဉ်မှာ အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတနိုင်ငံ အသင်းက အမေရိကကို အနိုင်ယူပြီး နောက်တစ်ဆင့်ကို တက်လှမ်းနိုင်ခဲ့ကြောင်း သိရှိရပါတယ်


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Sahar News ၏ သတင်း အထောက်အထားများ အရ ကမ်းခြေဘောလုံးကမ္ဘာ့ဖလားပွဲစဉ်တွင် အီရန်အသင်းက အမေရိကန်နှင့် ခက်ခဲသောပွဲစဉ်တွင် အီရန်က အမေရိကန်ကို ၆ ဂိုး ၄ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး အီရန်အသင်းက နောက်တစ်ဆင့်သို့ တက် သွားကြောင်း ဤအဆင့်သို့ ရောက် ရန် နှစ်ပွဲ အနိုင်ရပြီးမှ ရောက်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရပါတယ်။
အီရန်အသင်းမှ မိုဟမ္မဒ် ဇါဒေ နှင့် မိုဟမ္မဒ်အလီ မွတ်ခ်သာရီ တို့မှ  နှစ်ဂိုးစီ သွင်းယူကြပြီး ဆရက်ဒ် မဲဟ်ဒီမီးရ်မွတ်ခ်သာရ် နှင့် စအီးဒ်ပိုင်ရာမွန်တို        တစ်ဂိုး စီ သွင်း ခဲ့ကြ ကြောင်း သိရှိခဲ့ရပါတယ်။
မနေ့က ကစားခဲ့တဲ့ ပွဲစဉ်မှာ အီရန်က ပါရာဂွေးကို ရှုံးနိမ့်ခဲ့ပါတယ်။
သဲသောင်ပြင်ဘောလုံး ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပါရာဂွေးအသင်းက ဂျပန်ကို ၈ ဂိုး ၅ ဂိုးဖြင့် အနိုင်ရခဲ့ ပါတယ်။

အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ အသင်း သည် သဲသောင်ပြင်ဘောလုံး ကမ္ဘာ့ဖလားကို သုံးကြိမ်တိုင်တိုင် ဆွတ်ခူးနိုင်ခဲ့ ပြီး ဖြစ်ပါတယ်။
****************************************************************
END / 251