၉ နိုဝင်ဘာ ၂၀၂၂ - ၀၆:၁၇
ထင်ရှားသည့် ပြင်သစ် မော်ဒယ်ကြယ်ပွင့် အစ္စလာမ် ဘာသာ ကို သက်ဝင် ယုံကြည် ကူးပြောင်းကြောင်း ကြေငြာ

ထင်ရှားသည့် ပြင်သစ်မော်ဒယ်တစ်ဦးဟာ သူမအစ္စလာမ်ဘာသာသို့ယုံကြည်သက်ဝင်ကူးပြောင်းကြောင်း ကြေငြာခဲ့ပြီး သူမရဲ့ဘဝမှာ အပျော်ဆုံး နေ့အဖြစ် ဖော်ပြခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ထင်ရှားသည့် ပြင်သစ်မော်ဒယ်တစ်ဦးဟာ သူမအစ္စလာမ် ဘာသာသို့ ယုံကြည်သက်ဝင် ကူးပြောင်းကြောင်း ကြေငြာခဲ့ပြီး သူမရဲ့ဘဝမှာ အပျော်ဆုံး နေ့အဖြစ် ဖော်ပြခဲ့ပါ တယ်။

ပြင်သစ်မော်ဒယ်နဲ့ ရုပ်သံကြယ်ပွင့် မာရင်အီလ်ဟီမာဟာ သူမအစ္စလာမ်ဘာသာကိုသက်ဝင်ယုံကြည်ကြောင်း ပြီးခဲ့တဲ့အပတ်ကကြေငြာခဲ့ပြီး အထွတ်အမြတ်ထားရာ မက္ကာမြို့ရဲ့ ကာအ်ဘာကျောင်းတော်ဘေးမှာ ဟီဂျဗ်ဝတ်ဆင်ထားတဲ့ပုံတွေကို သူမရဲ့အင်စတာဂရမ်အကောင့်မှာတင်ပြီးဝေမျှခဲ့ပါတယ်။

"ဒီအချိန်မှာ တွေ့ကြုံခဲ့ရတဲ့ ပျော်ရွှင်မှုနဲ့ စိတ်ခံစားမှုတွေရဲ့ ပြင်းထန်မှုကို ဖော်ပြဖို့ လုံလောက်တဲ့ စကားလုံးတွေ မရှိပါဘူး။ ဘာသာရေးခရီးလမ်းဟာ ကျွန်မကိုမြှင့် တင်ပြီးဆက်လက်လမ်းပြပေးလိမ့်မယ်လို့ မျှော်လင့်ပါတယ် အင်ရှာအလ္လာ” လို့ အီလ်ဟီမာက လူမှုမီဒီယာပို့စ်မှာရေးသားခဲ့ပါတယ်။ သူမရဲ့ဆုံးဖြတ် ချက်ဟာ စိတ် နှလုံးသားရဲ့ရွေးချယ်မှုဖြစ်ကြောင်း ထပ်ဖြည့်ပြောကြားခဲ့ပါတယ်။

ပြင်သစ်မီဒီယာရဲ့ဖော်ပြချက်အရာ အီလ်ဟီမာဟာ ဘာသာတရားအပေါ်ရှာဖွေလေ့လာမှုတွေပြုလုပ်ရင်း သူမရဲ့မွေးဖခင်နဲ့သူတို့ရဲ့မူလဇစ်မြစ်တွေကို လေ့လာ နေချိန်မှာ သူမရဲ့ဆုံးဖြတ်ချက်ကိုချခဲ့ခြင်းဖြစ်ကြောင်း သူမဟာလွန်ခဲ့တဲ့လပိုင်းလောက်ကတည်းက ဘာသာကူးပြောင်းခဲ့တာဖြစ်ပေမယ့် ယခုမှသာလူသိရှင်ကြား ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားပါတယ်။ ပြင်သစ်မှာလူကြိုက်များတဲ့ လက်တွေ့ဖူးစာရှာဒိတ်ခြင်း ရုပ်သံအစီအစဉ် Les Princes et les Princess de l’Amour (မင်းသားများနှင့် အချစ်ရဲ့မင်းသမီးများ) ရဲ့ မော်ဒယ်နဲ့ကြယ်ပွင့်ဖြစ်သူဟာ မကြာသေးမီက မော်ရိုကိုနိုင်ငံသားကတ်နဲ့ နိုင်ငံသားဖြစ်ခွင့်ရရှိခဲ့ပါတယ်။


အီလ်ဟီမာရဲ့ အစ္စလာမ်ကိုသက်ဝင်ယုံကြည်ကြောင်းကြေငြာမှုဟာ မကြာသေးမီကမှ အနောက်နိုင်ငံကထင်ရှားတဲ့ ဆယ်လီပုဂ္ဂိုလ်တစ်ဦး အစ္စလာမ်ကို သက်ဝင် ယုံကြည် ကြောင်း ဒုတိယမြောက်ကြေငြာမှုပဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့လကပဲ ထင်ရှားကျော်ကြားတဲ့လက်ဝှေ့ချန်ပီယံဟောင်း အန်ဒရူးစ်တိတ်ဟာ အစ္စလာမ် ကိုသက်ဝင် ယုံကြည်ကူးပြောင်းခဲ့ပါတယ်။

Middle East Monitor သတင်းဌာနပါ “French model converts to Islam” အမည်ဖြင့်ဖော်ပြထားသည့် သတင်းကိုညောင်နီရွက်(Myanmar Muslim Media) က မြန်မာဘာသာသို့ ဆီလျော်အောင်ပြန်ဆိုသည်။

****************************************************************
END / 251