အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
သောကြာနေ့

၁၁ နိုဝင်ဘာ ၂၀၂၂

၁၈:၀၀:၀၅
1322052

ရန်သူများ၏ အခြေအနေသည် ပျော့ပျောင်းနေပြီး စစ်မတိုက်ရန် သတင်းစကား ပေးပို့နေပါတယ် / ဗိုလ်ချုပ် ကြီး ဟိုစိုင်းန် စလာမ်မီ

အီရန် အစ္စလာမ္မစ် တော်လှန်ရေး အစောင့်တပ်၏ ဗိုလ်ချုပ်ကြီး ဟိုစိုင်းန် စလာမ်မီ မှ ရန်သူဟာ အီရန်ကို ကြောက်နေပြီး မတိုက်ခိုက်ဖို့ သတင်းစကား အဆက်မပြတ် ပေးပို့ နေကြောင်း ပြောကြားခဲ့ပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Sahartv ၏ သတင်း အထောက်အထားများ အရ အီရန် အစ္စလာမ္မစ် တော်လှန်ရေး အစောင့်တပ်၏ ဗိုလ်ချုပ်ကြီး  ဟိုစိုင်းန် စလာမ်မီ မှ ဒုံးကျည် တည်ထောင်သူ ရှဟီးဒ် ဗိုလ်ချုပ် ကြီး ဟစန်တီဟီရန်နီ အတွက်ကျင်းပသည့်   အောက်မေ့ပွဲ တွင် တွင် ကျနော်တို့၏ ရန်သူတွေဟာ လည်းကောင်းတို့၏ ဆန္ဒများ အချင်းချင်း ချိတ်ဆက်ပြီး လမ်းများအားလုံးကို ပိတ်ထားနိုင် ပြီးဟု တွေးနေကြ ‌ကြောင်း အီရန်ပြည်သူများသည် မြေပြင်ပေါ်တွင် ၎င်းတို့၏နှာခေါင်းများကို ပွတ်တိုက် ပြီး  တိုးတက်မှုလမ်းကြောင်းကို လျှောက်လှမ်းနေ ‌ကြောင်း ပြောကြားခဲ့ပါတယ်။

ဗိုလ်ချုပ်ကြီး  ဟိုစိုင်းန် စလာမ်မီ မှ ဆက်လက်ပြီး  ကျွန်ုပ် တို့ သည် ရန်သူများ အေးဆေးစွာ ပေးနေမည်မဟုတ်ကြောင်း ၊  ဤအတွက် မိမိတို့ မှာ အရည်အချင်းနှင့် စွမ်းရည် ရှိ ကြောင်း ပြီးခဲ့သည့် ရက်များ အတွင်း ရန်သူများ၏ အခြေအနေမှာ ပျော့ လာပြီး ကြောက်လန့်ကာ အချို့နိုင်ငံများ၏ ဖျန်ဖြေ မှုဖြင့် တိုက်ခိုက်ခြင်းမပြုရန် သတင်းစကားများ အဆက်မပြတ် ပေးပို့နေကြောင်း ပြောကြားခဲ့ ပါတယ်။

အီရန် အစ္စလာမ္မစ်တော်လှန်ရေးအစောင့်တပ်၏ ဗိုလ်ချုပ်ကြီး မှ ရန်သူများသည် အီရန်ပြည်သူများ၏ အခြေအနေနှင့်ပတ်သက် ပြီး  ပြန်လည် သုံးသပ်နေကြောင်း အလေးပေးပြောကြားခဲ့ပါတယ်? ပြီးနောက် ရန်သူများ အနေဖြင့် ကျွန်ုပ်တို့၏  လူငယ် အချို့ ကို လှည့်ဖြား ကာလမ်းမပေါ်ထွက် ဆန္ဒပြခြင်းစေခြင်း ဖြင့် ကမ္ဘာ အံ့သြ ဖွယ် အစ္စလာမ်မစ် တော်လှန်ရေး ကို ၏ လမ်းကြောင်းကို ရပ်စေ   နိုင်မည်ဟု အထင်မှားနေကြောင်း ပြောကြားခဲ့ပါတယ်။

ဗိုလ်ချုပ်ကြီး  ဟိုစိုင်းန် စလာမ်မီ မှ ရန်သူ၏ ရာဇ၀တ်မှုတိုင်းကို အဖြေပေးမည်ဖြစ်ပြီး ရှဟီးဒ် (ခ) အာဇာနည်တစ်ဦးစီ၏ သွေးကြွေးကိုယူသွား မည်ဖြစ်ကြောင်း ၊ ရန်သူက သူ့အမှားတွေကြောင့် အမြဲတမ်း ကျရှုံး နေပြီး  ဒီတစ်ကြိမ်လည်း ကျရှုံးမှုကို ခံရမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

****************************************************************

END / 251