အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : DVB
ဗုဒ္ဓဟူးနေ့

၁၆ နိုဝင်ဘာ ၂၀၂၂

၁၈:၅၀:၁၃
1323821

ရခိုင်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ စနိုက်ပါဖြင့် ပစ်ခတ်ခံရပြီး ၃ ဦးသေဆုံး

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းနဲ့ ကျောက်တော်မြို့နယ်အစပ်မှာ နိုဝင်ဘာ ၁၆ ရက် မနက်ပိုင်းက ရက္ခိုင့်တပ်တော် (အေအေ) က စနိုက်ပါနဲ့ ပစ်ခတ်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ယောက် သေဆုံးခဲ့တယ်လို့ အေအေနဲ့ နီးစပ်သူတယောက်က ဒီဗွီဘီကို ပြောပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းနဲ့ ကျောက်တော်မြို့နယ်အစပ်မှာ နိုဝင်ဘာ ၁၆ ရက် မနက်ပိုင်းက ရက္ခိုင့်တပ်တော် (အေအေ) က စနိုက်ပါနဲ့ ပစ်ခတ်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ယောက် သေဆုံးခဲ့တယ်လို့ အေအေနဲ့ နီးစပ်သူတယောက်က ဒီဗွီဘီကို ပြောပါတယ်။

ပုဏ္ဏားကျွန်းနဲ့ ကျောက်တော်မြို့နယ်အစပ်က နနွင်းတောင်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေ ရေခပ်ဆင်းချိန်မှာ ရက္ခိုင့်တပ်တော် (အေအေ) က စနိုက်ပါနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ယောက်သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

အဲဲဒီလို ပစ်ခတ်တိုက်ခိုက်ခံရပြီးနောက် ကျောက်တော်မြို့နယ် ကန်စောက်တောင်မှာ အခြေစိုက်ထားတဲ့ ခမရ ၅၃၉ တပ်ရင်းက နိုဝင်ဘာ ၁၆ ရက် မနက် ၁၁ နာရီကျော်လောက်မှာ ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးနဲ့ပစ်ခတ်တာကြောင့် အပြစ်မဲ့ပြည်သူ ၄ ယောက် သေဆုံးကာ ၃ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

လက်နက်ကြီးထိမှန် သေဆုံးခဲ့သူတွေကတော့ ဦးကြီးအောင်မောင်၊ ဦးခင်မောင်၊ ဦးဖြူသာထွန်းနဲ့ ဦးစောသိန်းတို့ဖြစ်ပြီး ဦးမောင်မောင်ထွေး၊ ဒေါ်ဝေသာစိန်နဲ့ မအေးနုရီတို့မှာ ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ ဆိုပါတယ်။

ပုဏ္ဏားကျွန်းမြို့နယ် ကွန်းတောင်ကျေးရွာမှာလည်း မနေ့ နိုဝင်ဘာ ၁၅ ရက် မနက်ပိုင်းက စစ်ကောင်စီတပ်စခန်းကို ရက္ခိုင့်တပ်တော် (အေအေ) က စနိုက်ပါနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သားတယောက် သေဆုံးခဲ့ပြီး ပါဒလိတ်အခြေစိုက် ခမရ ၃၄၄ တပ်ရင်းက လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ ကွန်းတောင်ရွာက အသက် ၃၄ နှစ်အရွယ် အမျိုးသားတဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။


****************************************************************
END / 251