အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ရှီးရာဇ်မြို့ ဆိုင်ရာဟောင်ဇဟ် သတင်းဌာန ၏ သတင်း အထောက်အထား များ အရ ပရဟိတသမား ၊ ရောင်ဇာတော်များ ကို ကာကွယ်သူ H.I မိုဟမ္မဒ် ဇါရေအ် မိုအီဒီ အား နိုဝင်ဘာလ ၁၅ ရက်နေ့ က အကြမ်း ဖက်သမားများ သစ္စာဖောက်များ မှ ၎င်း ဗလီ မှ အိမ်သို့ ပြန်လာချိန် တွင် Molotov cocktail ဖြင့် ပစ်ပေါက်ခဲ့ ကြပါတယ်။ မောင်လာနာ ၏ ခေါင်း ကို ထိမှန် ပြီး ပြင်းထန်စွာ ဒဏ်ရာ ရရှိခဲ့ပါတယ်။ ပြင်းထန်သည့် ဒဏ်ရာ ကြောင့် မောင်လာနာ အားဆေးရုံသို့ ပို့ဆောင် ခဲ့ပါတယ် ။ ပြီးနောက် ရှဟီးဒ် ဖြစ်သွား ကြောင်း ဝမ်းနည်း စွာ ဖြင့် သိရှိခဲ့ရပါတယ်။
ရှီးရာဇ်ပြည်နယ် ၏ အစိုးရ ရှေ့နေ့ ဖြစ်သူ ဆရက်ဒ် မွတ်စ်သဖွာ ဘဲဟ်ရိန်းနီ မှ H.I မိုဟမ္မဒ် ဇါရေအ် မိုအီဒီ ၏ ရှဟာဒသ် နှင့်ပတ်သက်ပြီး အသေးစိတ် အား ဤသို့ ပြောကြားခဲ့ပါတယ်။ ယနေ့ အကြမ်းဖက်သမား များ အဓိကရုဏ်း သမားများ မှ ရှီးရာဇ် မြို့ အတွင်း မဆူပူ ၊ ဆူပူအောင်အတင်းပြုပြီး အဓိကရုဏ်း အတွင်း ပရဟိတသမား ၊ ရောင်ဇာတော်များကို ကာကွယ်သူ H.I မိုဟမ္မဒ် ဇါရေအ် မိုအီဒီ အား Molotov cocktail ဖြင့်ပစ်ပေါက် ခဲ့ကြ ကြောင်း မောင်လာနာ ၏ ခေါင်း ကို ထိမှန် ပြီး ပြင်းထန်စွာ ဒဏ်ရာ ရရှိခဲ့ ကြောင်း ပြင်းထန်သည့် ဒဏ်ရာ ကြောင့် မောင်လာနာ အားဆေးရုံသို့ ပို့ဆောင် ပေး ခဲ့ ကြောင်း ဆေးဘက်ဆိုင်ရာ တာဝန်ရှိသူများ မှ ကြိုးပမ်းနေလျက် မောင်လာနာ ရှဟီးဒ် ဖြစ်သွားကြောင်း ပြောကြားခဲ့ပါတယ်။
ဆရက်ဒ် မွတ်စ်သဖွာ ဘဲဟ်ရိန်းနီ မှ ဆက်လက် ပြီး ၎င်းမှ ဤ ကိစ္စ အတွက် တရားရုံးမှာ အမှု ဖွင့်ထားကြောင်း ပြောကြားထားပါတယ်။
နောက်ဆက်တွဲ သတင်းအချက်အလက်များ ကို ထပ်မံ ဖော်ပြပေးပါမယ် ။ အင်န်ရှာအလ္လာဟ်
မှတ်ချက် ။ ။ Molotov cocktail ဆိုသည်မှာ အလွယ်တတူကွဲနိုင်သောဖန်ပုလင်းထဲမှာ ဓာတ်ဆီ ကဲ့သို့သောမီးလောင်လွယ်သောအရာဝတ္ထုများထဲ့ပြီး လောင်ကျွမ်းလွယ်မဲ့ အ၀တ်ကို ဆီစိမ်ကာ မီးစာ အနေဖြင့် တပ်ဆင်ထားခြင်းဖြစ်ပါတယ်။
အသုံးပြုပုံကတော့ မီးစာကို မီးရှို့ ပြီး ပုလင်းကို ပစ်မှတ်သို့ ပစ်ချလိုက်ရုံပါပဲ၊ ပုလင်းကွဲပြီး မီးတောက်က ကျန်ရှိသောလောင်စာဆီကိုလောင်ကျွမ်းစေခြင်းဖြင့် တိုက်ခိုက်ရတဲ့ အရာတစ်ခုဖြစ် ပါ တယ်။အခြားလောင်ကျွမ်းနိုင်တဲ့ အရည်များဖြစ်တဲ့ ဒီဇယ်၊ အရက်ဆီ့ကိုလည်းအသုံးပြုလို့ရပါတယ်။
****************************************************************
END / 251