အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
ဗုဒ္ဓဟူးနေ့

၂၃ နိုဝင်ဘာ ၂၀၂၂

၀၈:၂၇:၄၁
1325534

  ကိုရ်ဒစ်တန် (ခ) ကာဒစ်စတန်တက္ကသိုလ်ရှေ့တွင် ကျောင်းသား ၄ ဦးက လက်နက်များ၊ ယမ်းတောင့်များနှင့် မိုလော့တို ကော့တေး များ ရှာဖွေတွေ့ရှိ

ကိုရ်ဒစ်တန် (ခ) ကာဒစ်စတန် တက္ကသိုလ် တွင် ရုန်းရင်းဆန်ခတ် ဖြစ်အောင် ဆူပူ သောင်းကြမ်း မှု ဖြစ်အောင် ကျောင်းသားလေးဦးကို ဖမ်းဆီးလိုက် ကြောင်း ကာဒစ်စတန်ပြည်နယ် ရဲမှူးက မှ ပြောပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

 

စနန်ဒဂျ် ရှိ သစနှင်းမ်  သတင်းထောက်နှင့် တွေ့ဆုံမေးမြန်းခန်းတွင် ရဲမှူး အလီ အာဇါဒီ မှ ကိုရ်ဒစ်တန် (ခ) ကာဒစ်စတန် တက္ကသိုလ်ဝင်ပေါက်ရှေ့တွင် အတားအဆီးများပြုလုပ်၍ အနှောင့်အယှက်ဖြစ်စေရန် ရုန်းရင်းဆန်ခတ် ဖြစ်အောင် ဆူပူ သောင်းကြမ်း မှု ဖြစ်အောင် ကြိုးပမ်း သည့် ကျောင်းသားလေးဦးအား ဖမ်းဆီး ထားကြောင်း ပြောကြားခဲ့ပါတယ်။

ဤဖမ်းဆီးရသည့် သူတွေဟာ ဆူပူသောင်းကြမ်းမှု မြဖစ်အောင်  ဖြစ်အောင်ပြုရန် အတွက် တက္ကသိုလ် ကျောင်းသားများ ဖိတ်ခေါ် ခဲ့ကြကြောင်း ၊ အထူးတပါဖွဲ့ မှ ၎င်းတို့ နောက် လိုက်ရင်း အင်္ဂါနေ့ ညတွင် ဖမ်းဆီး ခဲ့ကြောင်း သိရှိရပါတယ်။

 

ကျောင်းသားမဟုတ်သော လူရမ်းကား လူရမ်းကားများသည်  လက်နက်များ အတူ ယူဆောင်လာပြီး ဆူပူ သောင်းကြမ်းမှု ဖြစ် စေရန် ရည်ရွယ်ချက်ဖြင့် ကိုရ်ဒစ်တန် (ခ) ကာဒစ်စတန် တက္ကသိုလ် ၏ ဝင်ပေါက်တစ်ခု  ဖြစ်သည့် ကရာဒီယန် ဗဟာရာန် ရပ်ကွက် ဘက် မှ  ဝင်ရောက်ပြီး တက္ကသိုလ် ကျောင်းသားများအား သတ်ဖြတ်ခြင်း၊ မီးရှို့ခြင်း၊ ပြည်သူပိုင် ပစ္စည်းများ ကို ဖျက်ဆီးခြင်း စီမံချက်ကို လုပ်ဆောင် ခဲ့ကြောင်း ရဲမှူး အလီ အာဇါဒီ မှ‌ ပြောြပပါတယ်။

 

ကာဒစ်စတန်ရဲမှူး မှ ဆက်လက်ပြီး  အဆိုပါလူများထံမှ မော်တော်ယာဉ်သုံးစီးကိုလည်း ရှာဖွေတွေ့ရှိပြီး သိမ်းဆည်း ထားကြောင်း ၊ ထို့အပြင် Winchester ခေါက်လက်နက်များ၊ Winchester ကျည်တောင့် ၄၀၊ တာယာဟောင်းနွမ်းနေသော ဓာတ်ဆီပုလင်းများနှင့် Molotov ကော့တေးများကိုလည်း အဆိုပါကားများအတွင်း၌ တွေ့ရှိခဲ့ ကြောင်း ပြောကြားခဲ့ပါတယ်။

 

စုံစမ်းစစ်ဆေးမှုများအပြီးတွင် ဖမ်းဆီးခံရသူများသည် အဆိုပါလက်နက်များဖြင့် သတ်ဖြတ်ခြင်းစီမံချက်ကို လုပ်ဆောင်ခဲ့ကြောင်း တွေ့ရှိခဲ့ရကြောင်းနှင့် အဆိုပါအကြမ်းဖက်သမားများက အဆိုပါရာဇ၀တ်မှုကျူးလွန်ခဲ့ပြီး ၊ ဤရာဇဝတ်မှု အား ရဲတပ်ဖွဲ့နှင့် အစ္စလာမ်မ် တော်လှန်ရေးအစောင့်တပ်များ မှ ပြုလုပ်သည်ဟု စွပ်စွဲ ဖို့ ပြုထား ကြောင်း သိရှိရပါတယ်။

 

ရဲမှူး အလီ အာဇါဒီ မှ နိုင်ငံသူ၊သားများ အတွက်  အထူးသဖြင့် ကျောင်းသားများ၏ ဘေးကင်းလုံခြုံမှုရှိစေရန် ကျွန်ုပ်တို့၏အသက်ကို စတေးမည် ဖြစ်ကြောင်း ၊ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ချစ်လှစွာသောနိုင်ငံသားများ၏ အန္တရာယ်ပေးမှု ကို ခွင့်ပြု မည် မဟုတ်ကြောင်း ပြောကြားခဲ့ပါတယ်။

 

****************************************************************

END / 251