အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : DVB
သောကြာနေ့

၂၅ နိုဝင်ဘာ ၂၀၂၂

၁၇:၄၂:၅၄
1326125

ဘာလင်လေဆိပ်တွင် ဆန္ဒပြမှုကြောင့် နှောင့်နှေးခဲ့ရသည့် လေယာဉ်ခရီးစဉ်များ ပြန်စတင်

ဂျာမနီနိုင်ငံ၊ ဘာလင် ဘရန်ဒင်ဘာ့ဂ်လေယာဉ်ကွင်းဟာ နိုဝင်ဘာ ၂၄ ရက်က ရာသီဥတုအရေး ဆန္ဒပြသူတွေကြောင့် နှောင့်နှေးခဲ့ရတဲ့ လေယာဉ်ခရီးစဉ်တွေကို ပြန်စတင်လိုက်ပြီလို့ ကြေညာခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


ဂျာမနီနိုင်ငံ၊ ဘာလင် ဘရန်ဒင်ဘာ့ဂ်လေယာဉ်ကွင်းဟာ နိုဝင်ဘာ ၂၄ ရက်က ရာသီဥတုအရေး ဆန္ဒပြသူတွေကြောင့် နှောင့်နှေးခဲ့ရတဲ့ လေယာဉ်ခရီးစဉ်တွေကို ပြန်စတင်လိုက်ပြီလို့ ကြေညာခဲ့ပါတယ်။

ကွင်းထဲကို ဆန္ဒပြသူတွေ ဝင်ရောက်လာကြပြီး ကတ္တရာပြေးလမ်းမှာ အတင်းနေရာယူထားတာကြောင့် အစောပိုင်းမှာ လေယာဉ်ပြေးလမ်းတွေကို ပိတ်ထားခဲ့ ရတာပါ။

နောက်ဆုံးမျိုးဆက်ဆိုတဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့က တက်ကြွလှုပ်ရှားသူတွေဟာ ခြံစည်းရိုးကို ဖြတ်တောက်ခဲ့ပြီးတော့ လေဆိပ်ရဲ့ အငှားယာဉ်တွေ နေရာကနေ ဝင်ရောက်လာခဲ့ကြတာပါ။

သူတို့ဟာ လေယာဉ်ပြေးလမ်းကို ဖယ်မပေးဘဲ ကတ္တရာလမ်းမှာ ပုံစံအမျိုးမျိုး စက်ဘီးစီးပြကြပါတယ်။

လေကြောင်းအသွားအလာတွေ မိနစ် ၉၀ လောက် ရပ်တန့်ခဲ့ရပြီး ၁၈ နာရီ ၁၂ မိနစ်မှာတော့ လေယာဉ်လမ်းကြောင်းကို ပြန်စတင်ခဲ့ကြောင်း လေဆိပ်ပြောရေးဆိုခွင့်ရှိသူ ယန်ပီတာဟာ့ခ်က ရိုက်တာတီဗီွကို ပြောပါတယ်။ ဒါပေမဲ့ ဘယ်လိုအကျိုးဆက်တွေ ဖြစ်လာမလဲဆိုတာ ပြောဖို့စောလွန်းတယ်လို့လည်း ဆိုပါတယ်။

ဆန္ဒပြသူတွေကြောင့် ဘာလင် ဘရန်ဒင်ဘာ့ဂ်လေဆိပ်မှာ လေယာဉ် ၁၅ စင်း ဆင်းသက်လို့ မရတော့ဘဲ ဒွက်ဆဲလ်ဒေါ့ဖ်၊ ဒရက်စ်ဒန်နဲ့ လိုက်ပ်ဇစ်ဆီ လမ်းကြောင်းပြောင်းခဲ့ရတယ်လို့ သူကပြောပါတယ်။

လုံးဝပျံတက်လို့မရတဲ့ လေယာဉ်က ၅ စင်းရှိခဲ့ပါတယ်။ ပျံတက်လို့လည်းမရ၊ ဆင်းသက်လို့လည်း မရတဲ့ ခရီးသည်ပေါင်း အယောက် သုံးလေးထောင်လောက် ရှိတယ်လို့လည်း ဆိုပါတယ်။

ဂျာမနီမှာ ရာသီဥတု တက်ကြွလှုပ်ရှားသူတွေရဲ့ နောက်ဆုံးဆန္ဒပြမှုက စျေးသက်သာတဲ့ ရထားပြေးဆွဲမှုတွေကို တိုးချဲ့ဖို့ အစိုးရကို တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

****************************************************************
END / 251