အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : mizzimaburmese
စနေနေ့

၃ ဒီဇင်ဘာ ၂၀၂၂

၂၁:၀၀:၃၆
1328354

စစ်တပ် အာဏာသိမ်းပြီး ၂၂လအတွင်း ချင်းပြည်နယ်တွင် ချင်းလူမျိုး ၃၅၅ဦး အသက်ဆုံးရှုံးပြီး ၉၀,၀၀၀ ကျော် စစ်ဘေးရှောင်နေရ

မြန်မာနိုင်ငံတွင် ဖေဖော်ဝါရီလ ၁ရက်နေ့ စစ်ကောင်စီမှ အာဏာသိမ်းပြီးနောက် ၂၂လအတွင်း (နိုဝင်ဘာ ၃၀ရက် ၂၀၂၂အထိ) စစ်ကောင်စီကြောင့် ချင်းလူမျိုး ၃၅၅ ဦးအသက်ဆုံးရှုံးခဲ့ပြီး ပြည်သူ ၉၀,၀၀၀ (ကိုးသောင်း) ကျော် စစ်ဘေးရှောင်နေရကြောင်း ချင်းရေးရာအဖွဲ့ချုပ် (Institute of Chin Affairs) က ဒီဇင်ဘာလ ၂ရက်နေ့တွင် ထုတ်ပြန်သည်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

မြန်မာနိုင်ငံတွင် ဖေဖော်ဝါရီလ ၁ရက်နေ့ စစ်ကောင်စီမှ အာဏာသိမ်းပြီးနောက် ၂၂လအတွင်း (နိုဝင်ဘာ ၃၀ရက် ၂၀၂၂အထိ) စစ်ကောင်စီကြောင့် ချင်းလူမျိုး ၃၅၅ ဦးအသက်ဆုံးရှုံးခဲ့ပြီး ပြည်သူ ၉၀,၀၀၀ (ကိုးသောင်း) ကျော် စစ်ဘေးရှောင်နေရကြောင်း ချင်းရေးရာအဖွဲ့ချုပ် (Institute of Chin Affairs) က ဒီဇင်ဘာလ ၂ရက်နေ့တွင် ထုတ်ပြန်သည်။

အသက်ဆုံးရှုံးခဲ့ရသူ ၃၅၅ဦးထဲတွင် အပြစ်မဲ့ပြည်သူ ၁၆၇ဦး (ကျား ၁၃၂ ၊ မ ၃၅) ပါဝင်ပြီး ထိုအထဲတွင် အသက် (၁၈)နှစ်အောက် ကလေးသူငယ် ယောက်ျားလေး ၁၉ဦး နှင့် မိန်းကလေး ငါးဦး စုစုပေါင်း ၂၄ဦး နှင့် ခြောက်လနှင့် ခုနစ်လ အရွယ် နို့စို့ကလေးငယ်နှစ်ဦး ပါဝင်ကြောင်းဆိုသည်။

ထို့အပြင် သေဆုံးခဲ့သူများတွင် ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁၈၆ဦးနှင့် ဓမ္မအမှုတော်ဆောင် ဆရာတော် လေးပါး ပါဝင်ကြောင်းသိရသည်။

၂၂လတာအတွင်း စစ်ကောင်စီကြောင့် အသက်ဆုံးရှုံးသည့် ချင်းပြည်သူ ၃၅၅ဦး ထဲတွင် ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်နေစဉ် သေနတ်ဖြင့် ပစ်ခံရသူ ၁၀ဦး ၊ မုဒိမ်းကျင့်၊ ညှဥ်းပန်းနှိပ်စက်ပြီး သတ်ဖြတ်ခံရသူ ၃၃ဦး ၊ ဖမ်းဆီး နှိပ်စက်ပစ်သတ်ပြီး မီးရှို့အလောင်းဖျောက်ခံရသူ ကိုးဦး နှင့် အလောင်းကိုပင်ပြန်ရှာမရနိုင်တော့သူ ခုနှစ်ဦး ရှိကြောင်းဖော်ပြထားသည်။

စစ်ကောင်စီ၏ အကြမ်းဖက်မှုကို တိမ်းရှောင်ရင်း ဆေးဝါးမကုသနိုင်၍ အသက်ဆုံးရှုံးသူ ၁၇ဦး ၊ လူသားဒိုင်းအဖြစ် ကိုးဦး ၊ တိုက်လေယာဉ်ဗုံးကြဲမှုကြောင့် သုံးဦး ၊ အကျဉ်းထောင်ထဲတွင်၌ ပစ်သတ်ခံရသူ သုံးဦးနှင့် နင်းမိုင်းကြောင့် အပြစ်မဲ့ပြည်သူ ၁၇ဦး သေဆုံးသွားခဲ့ကြောင်း သိရသည်။
၎င်းအပြင် ချင်းပြည်နယ်အတွင်း၌ လူနေအိမ်ခြေ စုစုပေါင်း ၁,၅၀၅ လုံး ကို စစ်ကောင်စီက မီးရှို့ဖျက်ဆီးခဲ့ကြပြီး စစ်ဘေးရှောင် ၉၀,၀၀၀ ကျော် ထဲတွင် ပြည်တွင်း၌ တိမ်းရှောင်နေရသူ ၄၀,၀၀၀ ကျော်နှင့် အိမ်နီးချင်း အိန္ဒိယနိုင်ငံ မီဇိုရမ် နှင့် မဏိပူပြည်နယ်သို့ ၅၀,၀၀၀ကျော် ထွက်ပြေးခိုလှုံနေရကြောင်း ဆိုသည်။

“အချက်အလက်တွေကို ကာကွယ်ရေးတပ်ဖွဲ့များနဲ့ ကျွန်တော်တို့ ချင်းရေးရာအဖွဲ့ ချုပ်က ပြုစုထားတာပါ ၊ နိုင်ငံတကာအသိုင်းအဝိုင်း အဖွဲ့အစည်းများတွေက လက်ပိုက်ကြည့်နေတာမျိုး ၊ ဝမ်းနည်းကြောင်း ထုတ်ပြန်ကြေညာချက်မျိုးလောက် တင်မဟုတ်ဘဲ တကယ့်ထိရောက်တဲ့ အရေးယူမှု ၊ ထိရောက်တဲ့လုပ်ဆောင်မှု တစ်ခုခု အမြန်ဆုံးလုပ်ပေးဘို့ တိုက်တွန်းချင်ပါတယ်” ဟု ICA လက်ထောက်ညွှန်ကြားရေးမှူး Salai Van Sui San က မဇ္စျိမ ကိုပြောသည်။

စစ်ကောင်စီ၏ ပြည်သူများ လိုလားခြင်းမရှိမှန်းသိလျှက်နှင့် ၎င်းတို့အာဏာတည်မြဲရေးအတွက် လုပ်ရပ်များကို ရပ်တန်းကရပ်နိုင်ရေးအတွက် ၎င်းတို့ အနေနဲ့ အတတ်နိုင်ဆုံး လုပ်ဆောင်သွားမည်ဖြစ်ကြောင်းဆိုသည်။

အကယ်၍ စစ်ကောင်စီက အာဏာမသိမ်းခဲ့ပါက ကျောင်းတက် ၊ အလုပ်လုပ် (သို့မဟုတ်) မိသားစုကိုအေးချမ်းစွာ ပြုစုပျိုးထောင်မည့်လူငယ်များသည် ငြိမ်းချမ်းစွာ ဆန္ဒပြပွဲမှတစ်ဆင့် စစ်ကောင်စီ၏ အကြမ်းဖက်ဖြိုခွင်းမှုကြောင်း တောခိုခဲ့ကြကြောင်း ရေးသားဖော်ပြထားသည်။

ပြုစုထားသော စာရင်းဇယားအချက်အလက်များအရ မတရားစစ်အာဏာသိမ်းခဲ့သည့် စစ်ကောင်စီသည် ၎င်းတို့၏ အာဏာတည်မြဲရေး အတွက် ချင်းပြည်နယ်အပါအဝင် နိုင်ငံတစ်ဝန်းတွင် ပြင်းထန်ဆိုးဝါးလှသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ပြောင်ပြောင်တင်းတင်း ဆက်လက် ကျူးလွန်လျက် ရှိကြောင်းဆိုသည်။

ချင်းပြည်နယ်တွင် လူဦးရေး ၅၀၀,၀၀၀(ငါးသိန်း) ခန့်ရှိပြီး မြန်မာနိုင်ငံတွင် အဆင်းရဲဆုံးနှင့် ဖွံ့ဖြိုးမှုအနည်းဆုံးပြည်နယ်ဖြစ်ပြီး သတ်ဖြတ်ခံရသူ လူဦးရေ အချိုးအစားမြင့်မားပြီး ပျက်စီးဆုံးရှုံးခဲ့သည့် အိုးအိမ်အဆောက်အဦီ ပစ္စည်းတန်းဖိုးလည်း များပြားကြောင်း Salai Van Sui San ကဆက်လက်ပြောဆိုသည်။

ယင်းသို့ အရပ်သားပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်အပေါ် ပစ်မှတ်ထားခြင်း ၊ အပြစ်မဲ့ ပြည်သူများ အထူးသဖြင့် အမျိုးသမီးနှင့် ကလေးသူငယ်များအပေါ် တိုက်ခိုက် သတ်ဖြတ်ခြင်းများ ချက်ချင်းရပ်တန့်ရန်နှင့် အရပ်သားများအပေါ် လက်နက်ကြီးငယ်များ အသုံးပြု၍ တိုက်ခိုက်ခြင်းများမှ ရှောင်ကျဉ်ရန် စစ်ကောင်စီအား အလေးအနက် တိုက်တွန်းထားသည်။

စစ်ကောင်စီ၏ ချင်းတိုင်းရင်းသားများအပေါ် သာမက မြန်မာနိုင်ငံရှိ ပြည်သူများအပေါ် စာနာမှုကင်းမဲ့စွာ ပြည်ပရန်သူအလား လေကြောင်း ၊ ကုန်းကြောင်းဖြင့် စစ်ဆင်ရေးဆောင်ရွက်မှုနှင့် လူအခွင့်အရေးချိုးဖောက်မှုများအား ရပ်တန့်စေရန် ကြားဝင်ဆောင်ရွက်နိုင်သည့် ထိရောက်သော အရေးယူမှုများအား အမြန်ဆုံး လုပ်ဆောင်ပေးရန် နိုင်ငံတကာအသိုင်းအဝိုင်းကို တောင်းဆိုကြောင်း ICA ထုတ်ပြန် ချက်တွင်ဖော်ပြထားသည်။

ချင်းရေးရာအဖွဲ့ချုပ် ICA ကို ၂၀၂၁ ခုနှစ်တွင် ချင်းပြည်နယ်တိုးတက်ဖွံ့ဖြိုးရေးအတွက် နိုင်ငံတကာရောက် ချင်းလူမျိုးများနှင့် ဖွဲ့စည်းထားခဲ့ပြီး စစ်အာဏာသိမ်းပြီးနောက် လူသားချင်းစာနာထောက်ထားမှုလုပ်ငန်းများ လုပ်ကိုင်လျက်ရှိကြောင်းသိရသည်။

ICA သည် မီဇိုရမ်တက္ကသိုလ် MZU နှင့် နားလည်မှုစာချုပ်လက်မှတ်ရေးထိုးပြီး မြန်မာဘာသာစကားသင်တန်းအပါအဝင် ပညာရေးကိစ္စများ ၊ စစ်ဘေးရှောင်စခန်း အချို့တွင် ကျောင်းနှင့် ဆေးခန်းဖွင့်လှစ်ပေးခြင်းများ လုပ်ဆောင်လျက်ရှိကြောင်း သိရှိရသည်။

****************************************************************
END / 251