၃၀ အောက်တိုဘာ ၂၀၂၅ - ၁၅:၅၄
ယောက်ျား တစ်ယောက် အနေဖြင့် မိမိ ဇနီး နှင့် သမီးများ ကို ဟေဂျာဗ် ဝတ်ဖို့ အတင်းအကျပ် လုပ်လို့ ရပါ သလား?

ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီ စစ်သာနီ မှ ယောက်ျား တစ်ယောက် အနေဖြင့် မိမိ ဇနီးနှင့် သမီးများ ကို ဟေဂျာဗ် ဝတ်ဖို့ အတင်းအကျပ် လုပ်လို့ ရပါ သလား? နှင့် ပတ်သက်သည့် ရှရီအီ မေးမြန်း ချက်အား ဖြေကြား ပေးထား ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

sistani.org ၏ တင်ပြထားချက်ကို ကိုးကားပြီး တင်ပြမည် ဖြစ်ပါတယ်။ ဟဇရသ် အာယာ သွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီ စစ်သာနီ မှ ယောက်ျား တစ်ယောက် အနေဖြင့် မိမိ ဇနီးနှင့် သမီးများ ကို ဟေဂျာဗ် ဝတ်ဖို့ အတင်းအကျပ် လုပ်လို့ ရပါ သလား? ? ဆိုင်ရာ ဥပဒေ ၏ ရှရီအီ မေးမြန်း ချက်အား ဖြေကြား ပေးထား ပါတယ်။

ရှရီအီဆိုင်ရာ ဥပဒေများ ကို  စိတ်ဝင်စားသူများအတွက် ဤနေရာတွင် ဖော်ပြပေးခြင်းဖြစ်ပါတယ်။ ဖြစ်ပါ  တယ်။ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီ စစ်သာနီ  ထံမေးထားသည့် အမေး နှင့် အဖြေမှာ အောက်ပါ အတိုင်းဖြစ်တယ်။

မေးခွန်း

ယောက်ျား တစ်ယောက် အနေဖြင့် မိမိ ဇနီး နှင့် သမီးများ ကို ဟေဂျာဗ် ဝတ်ဖို့ အတင်းအကျပ် လုပ်လို့ ရပါ သလား?

အဖြေ

လုပ်လို့မရပါ။ မိမိ၏ ဇနီးကို ဟေဂျာဗ် ဝတ်ဖို့ အတင်းအကျပ် လုပ်လို့မရပေမယ့် အိမ်ကနေ အပြင်ထွက်ခွင့် ပေးမပေးနှင့်  ဟေဂျာဗ် ဝတ်လျင် အိမ်အပြင် ပေးထွက်မည်ဟုစည်းကမ်းချက်သတ်မှတ် ခွင့် ပြုလုပ်နိုင်ပါသည်။ အလားတူပဲ အရွယ်ရောက်ပြီးတဲ့ မိန်းကလေးတွေကို ဟေဂျာဗ် ဝတ်ဖို့ အတင်းအကျပ် လုပ်လို့မရပါ။ အရွယ် ရောက် မိန်းကလေးများကို ဆုံးမခြင်း နှင့် ကောင်းရာ ကို ညွှန်ကြားခြင်း အားဖြင့် တားဆီးနိုင်ပါသည်။

အကြံပြုချက် - အထူးသတိပြုသင့်သည့် ကိစ္စ တစ်ခု ဖြစ်ပါတယ်။ အရွယ်ရောက် ရှီအဟ် မွတ်စလင်မ် အမျိုး သမီး တစ်ဦး တစ်ယောက် သည် ဟေဂျာဗ် မဝတ်လျင် ၎င်းအား ခင်ပွန်းသည် အနေဖြင့် အဖေ အနေဖြင့် တောင် အတင်း ကြပ် ဝတ်ခိုင်းဖို့ တရားတော် မှ ခွင့်မပြုထားချေ။ ဤအတွက်ကြောင့် အရွယ်ရောက် အမျိုးသမီးများ နားလည်အောင် ဝတ်လာ အောင် ဆုံးမခြင်း လမ်းညွှန်ခြင်းဖြင့် ဟေဂျာဗ် ဝတ်အောင် ကြိုးပမ်းသင့်ပါတယ်။

ရှရီအီဥပသေများကို လိုက်နာ ကျင့်သုံးသူတိုင်း လောကီ၊လောကုတ္တရာ အောင်မြင်ကြပါစေ။

****************************************************************

END / 251

Tags

Your Comment

You are replying to: .
captcha