အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ဆော်ဒီအာရေဗျဘုရင် မလစ်က် စလ်မာန် ဘင်န် အဗ်ဒိုလ်အဇီးဇ် အာလေ့ စအူးဒ် သည် ဗုဒ္ဓဟူးနေ့တွင် ဆော်ဒီအာရေဗျနိုင်ငံတော် ၏ မုဖ်သီ ချုပ် အဖြစ် ရှိက်ခ် ဒေါက်တာ ဆွာလေဟ် အလ်ဖောင်ဇန် ဘင်န် အဗ် ဒွလ္လာဟ် အလ်ဖောင်ဇန် အား ခန့်အပ်သည့် တော်ဝင်အမိန့်တစ်ရပ် ထုတ်ပြန်ခဲ့ပါတယ်။
တရားဝင် ဆော်ဒီသတင်းအေဂျင်စီ (SPA) ၏ အဆိုအရ အမိန့်စာတွင် “အိမ်ရှေ့စံ မိုဟမ္မဒ် ဘင်န် စလ်မာန် ၏ အဆိုပြုချက်အပေါ် အခြေခံ၍အဖြစ် ရှိက်ခ် ဒေါက်တာ ဆွာလေဟ် အလ်ဖောင်ဇန် ဘင်န် အဗ် ဒွလ္လာဟ် အလ် ဖောင်ဇန် အား ဆော်ဒီအာရေဗျနိုင်ငံ၏ မုဖ်သီချုပ် ၊ အကြီးတန်းပညာရှင်များဘုတ်အဖွဲ့၏ အကြီးအကဲနှင့် ပညာရေးဆိုင်ရာ သုတေသန ပြုချက်များ နှင့် အစ်ဖ်သာအ် ( အမေး၊အဖြေများ ) အထွေထွေညွှန်ကြားရေးမှူးရုံး ၏ အကြီးအကဲအဖြစ် ဝန်ကြီးရာထူးဖြင့် ခန့်အပ်ခဲ့သည်” ဟု ဖော်ပြထားပါတယ်။
ဆော်ဒီအာရေဗျ၏ ယခင် မွဖ်သီနှင့် အကြီးတန်းပညာရှင်များကောင်စီ၏ အဗ်ဒိုလ်အဇီးဇ် ဘသ်န် အဗ်ဒွလ္လာဟ် အာလွတ်ရှ်ရှိက်ခ် ပြီးခဲ့သည့် စက်တင်ဘာလတွင် ကွယ်လွန်ပြီးနောက် ဤ ခန့်အပ်မှု ပေါ်ပေါက်လာခြင်း ဖြစ်ပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment