အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : DVB
သောကြာနေ့

၉ ဒီဇင်ဘာ ၂၀၂၂

၂၀:၃၄:၁၉
1329822

ဒေါ်အောင်ဆန်းစုကြည်ကို NLD ပါတီ၀င်အချို့နှင့် စစ်ကောင်စီ ပေးတွေ့ခဲ့ဟုဆို

ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ပေး ဖို့ နိုင်ငံတကာက ကိုယ်စားလှယ်တွေက တောင်းဆိုတာကို အကြောင်းအမျိုးမျိုး ငြင်းဆန်ခဲ့ပေမယ့် NLD ပါတီ၀င်အချို့နဲ့ ပြီးခဲ့တဲ့ နို၀င်ဘာလထဲမှာ ပေးတွေ့ခွင့်ပြုခဲ့တယ်လို့ နေပြည်တော်အချုပ်ထောင်အသိုက်အဝန်းနဲ့ နီးစပ်သူတွေတွေက ပြောပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ပေး ဖို့ နိုင်ငံတကာက ကိုယ်စားလှယ်တွေက တောင်းဆိုတာကို အကြောင်းအမျိုးမျိုး ငြင်းဆန်ခဲ့ပေမယ့် NLD ပါတီ၀င်အချို့နဲ့ ပြီးခဲ့တဲ့ နို၀င်ဘာလထဲမှာ ပေးတွေ့ခွင့်ပြုခဲ့တယ်လို့ နေပြည်တော်အချုပ်ထောင်အသိုက်အဝန်းနဲ့ နီးစပ်သူတွေတွေက ပြောပါတယ်။

“အချုပ်ထောင်ထဲက သီးသန့်အဆောင်ထိ လာတွေ့တာဆိုတော့ အန်တီကလည်း ဘယ်လိုပုဂ္ဂိုလ်လည်း မသိဘူးဆိုပြီး ထွက်တွေ့လိုက်တယ် ပြောတယ်။ ပြီးမှ ပါတီ၀င်အချို့ဖြစ်နေတော့ အန်တီ တော်တော်စိတ်ဆိုးသွားတယ်လို့ သိရတယ်။ သိတဲ့အတိုင်းလေ ဒီလိုနေရာထိ သီးသန့်လာတွေ့နိုင်ဖို့က ဘယ်သူ့ခွင့်ပြုချက်နဲ့လည်းဆိုတာ” လို့ အချုပ်ထောင်နဲ့နီးစပ်သူတဦးက ပြောပါတယ်။

သီးခြားအတည်ပြုနိုင်ခြင်း မရှိပေမယ့် လာတွေ့သူတွေဟာ NLD ပါတီအမတ်ဟောင်း ဒေါ်စန္ဒာမင်းနဲ့ ပါတီ၀င် ဦးတိုးလွင် ဆိုသူတို့ဖြစ်ပြီး ပါတီရုံးခန်းဖွင့်ခွင့်ပြုဖို့နဲ့ ရွေးကောက်ပွဲကိစ္စတို့အတွက် လာရောက်တွေ့ဆုံတာလို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

အာဏာသိမ်းစစ်ကောင်စီအနေနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ရုံးချိန်းရှိတဲ့ ရက်တွေမှာ သူ့ရဲ့ ရှေ့နေတွေနဲ့ သီးခြားတွေ့ခွင့်ပေးတာကလွဲပြီး ပြည်တွင်း၊ ပြည်ပမှ မည်သည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းတို့နဲ့မှ သီးသန့်တွေ့ဆုံဖို့ ခွင့်ပြုတာမရှိသေးပါဘူး။

****************************************************************
END / 251