အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
စနေနေ့

၁၀ ဒီဇင်ဘာ ၂၀၂၂

၂၀:၄၉:၅၀
1330031

မအ် စူမ်မီးန် (အ.စ) ရွှေနှုတ်တော်လာ သခင်မကြီး ဖွာတွေမာဟ် (စ.အ) ၏ ဂုဏ် အင်္ဂါတော်များ

အလ္လာဟ်ဟို အက္က်ဘဲရ် ... မအ် စူမ်မီး န် (အ.စ) ရွှေနှုတ်တော်လာ သခင်မကြီး ဖွာတွေမာ (စ.အ) ၏ ဂုဏ် အင်္ဂါတော်များ ကို အဗ်နာ ပရိတ်သတ်များ အတွက် FACEBOOK စာမျက်နှာ မှ ကူးယူပြီး အနည်းငယ် ပြုပြင် ၍ ဖော်ပြလိုက်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အခုလိုအရာမ်းန်မေဖွာတွေမီယဟ် (စ.အ) အချိန်အခါဖြစ်၍  မြန်မာ ရှီအဟ် များ၊ အဟ်လေ့ဘိုက် (အ.စ) ကို အချစ်ထားသည့် မွတ်စလင်မ်များ အတွက် အချိန်ယူပြီး အနည်းငယ် ခေသ်မသ်ပြု ရေးသား သီးကုံးလိုက်ရပါသည်။  

 မဟာတမန်တော်မြတ်ကြီး ဟဇရသ် မိုဟမ္မဒ် (ဆွ) မိန့်တော်မူသည်မှာ -
 إنّ الله لیغضب لغضبک ویرضی لرضاک

စကားပြေအဓိပ္ပာယ် -
((အိုဖွာတွေမာ(စ.အ)မြတ်အလ္လာဟ်သည်အသင်မ၏အမျက်ဒေါသစိတ်ဆိုးမှုကြောင့်အမျက်ဒေါသ
ထွက်စိတ်ဆိုးတော်မူပြီး၊အသင်မ၏ပျော်ရွင်ပီတိဖြစ်မှုကြောင့်ပျော်ရွင်ပီတိဖြစ်တော်မူ လေ သည်။ (မြတ်အလ္လာဟ်၏ အမျက်ဒေါသ သည် သခင်မကြီး (စ.အ) ၏ အမျက်ဒေါသ ဖြစ်တော်မူပြီး ၊မြတ်အလ္လာဟ်၏ ကျေနပ်ပျော်ရွင်မူသည် သခင်မကြီး (စ.အ) ၏ ကျေနပ်ပျော်ရွင်မူ ဖြစ်တော် လေသည်။) )

ညွန်း - امالی شیخ طوسی ره ص 427

အေမာမ် အလီ (အ.စ) မိန့်တော်မူသည်မှာ
- إنّما سمّیت فاطمه ((فاطمه)) لأنّها فطمت هی وشیعتها وذرّیتها منّ النّار
စကားပြေအဓိပ္ပာယ် -

((ဖွာတွေမာ (စ.အ) အား ဖွာတွေမာ (စ.အ) ဟုမှည့်ခေါ်ရသည့် အကြောင်းမှာ သူမ နှင့် သူမ၏ ရှီအာ(နောက်လိုက်နောက်သားများ)သည်ဂျဟန္နမ်(ငရဲဘုံ)မှလုံခြုံမှုရထားသည့်အတွက်ကြောင့်ပင်တည်း ။ ))
 ညွန်း -دلائل الامه ص 148 حدیث 57
သတိပြုစရာ နှင့် အရေးအကြီးဆုံးအချက်သည်ကား - သခင်မကြီး (စ.အ) ကိုယ်တိုင်က မိမိ၏ ရှီအာ (နောက်လိုက်နောက်သား ) အဖြစ်လက်ခံမှ သာ တန်ဖိုးရှိပေသည်။ သို့မဟုတ်ပါက ရင်လေး စရာပင်တည်း …
ကျွန်တော်တို့ အားလုံးကို မြတ်အလ္လာဟ် မှ သခင်မကြီး (စ.အ)၏ စစ်မှန် သစ္စာ ရှိသည့် ရှီအဟ် (နောက်လိုက်နောက်သား ) ဖြစ်နိုင်စွမ်း၊စွမ်းအား ပေး သနား တော်မူ ပါစေ။သခင်မကြီး (စ.အ) ဖက်မှလည်း ဤကဲ့သို့ အရည် အသွေး စွမ်းအား မြတ် အလ္လာဟ် ချီးမြှင့်ပေး သနားတော်မူရန် အသနားခံပေး တော်မူပါစေလို မြတ်ဆု ဒိုအာ တောင်းလိုက်ရပါသည်။

အေမာမ် အလီ (အ.စ) မိန့်တော်မူသည်မှာ -
فوالله .... لا أعضبتنی و لا عصت لی أمرا ولقد کنت أنظر إلیها فتکشف عنّی الهموم والأحزان
စကားပြေအဓိပ္ပာယ် -
(( မြတ်အလ္လာဟ် ၏ ကစမ် … ဖွာတွေမာ (စ.အ) သည် ကျွန်ုပ်အားအမျက်ဒေါသထွက်အောင် မလုပ်ခဲ့သလို ကျွန်ုပ် အမိန့် ကိုလည်း မဖီဆန်ခဲ့ချေ။ဖွာတွေမာ (စ.အ) ၏ ဇေယာရသ်(တွေ့ဆုံမှု) ကြောင့် ကျွန်ုပ်၏ သောကဒုက္ခ ၊ဝေဒနာ အားလုံး ဝေးကွာ သွားခဲ့ပေသည် ။ ))

ညွန်း -بحارالانوار ، ج 43 ص 134

အေမာမ် ဟစန် (အ.စ) မိန့်တော်မူသည်မှာ -
 کلّ ما فی کتاب الله عزوجلّ (( إنّ الأبرار ... )) فوالله ماأرادبه إلاعلی بن أبی طالب و فاطمه وأنا والحسین لأنا نحن أبرار بآبائنا وامّهاتنا و قلوبنا علت بالطّاعات والبرّ وتبرأت من الدنیا و حبّها و أطعنا الله فی جمیع فرائضه وآمنّا بوحدانیّته وصدّقنا برسوله .

စကားပြေအဓိပ္ပာယ် -
 (( မြတ်အလ္လာဟ် အနေဖြင့် ကျမ်းတော်မြတ် ကုရ်အာန် တွင် အဗ်ရာရ် ဆိုသည့် စကားလုံးကို သုံးတော်မူတိုင်း ဆိုလိုချက်မှာဟဇရသ်အလီအေဗ်နေအဘီသွာလစ်ဗ်(အ.စ) ဟဇရသ် ဖွာတွေမာ (စ.အ) ၊ကျွန်ုပ်နှင့် ဟဇရသ် ဟိုစိုင်း (န) (အ.စ) ဖြစ်ပါသည်။ အကြောင်းမှာ နေကီ (ခ) ကောင်းမှု ကုသိုလ် သည် ကျွန်ုပ်တို့ ၏ အဖေများ (ဘိုးဘေး…) နှင့်အမေများ (အဖွား …) တို့ဖက်မှ ရလာသည့် အမွေအနှစ် ဖြစ်ပေသည် ။ ကျွန်ုပ်တို့၏နှလုံးသားသည် ကောင်းမှု ကိုသိုလ် အတွက် ဖြစ်ပြီး မြတ်အလ္လာဟ်၏ အမိန့်တော် မြေဝယ်မကျနာ ခံ မှု ကြောင့် ကျွန်ုပ်တို့ ၏ မအ် ရေဖသ် အဆင့်မှာ မေအ်ရာဂျ် အဆင့် ဖြစ်နေပေသည်။ကျွန်ုပ်တို့၏ နှလုံးသား သည်လောကနှင့်လောကရှိ အရာများကို တပ်မက်မှု မရှိချေ ။ ကျွန်ုပ်တို့အနေဖြင့် မြတ်အလ္လာဟ် ၏ အမိန့်တော်များ (အားလုံး)ရှေ့ ဝယ် ဦးညွတ် မြေဝယ်မကျနာခံပြီး မြတ်အလ္လာဟ် ပြဌာန်းထားသည့် ဝါဂျစ်ဗ် မပြုမနေရ တာဝန်များ ကို ကျေပွန်စွာ ထမ်းဆောင်ပေသည်။ပြီးနောက် မြတ်အလ္လာဟ် တစ်ဆူတည်း တစ်ပါးတည်း ဖြစ်ကြောင်းကို သက်သေခံပြီး မြတ်အလ္လာဟ်၏ရစူလ် (ဆွ) ကို (အပြည့်အဝ) ထောက်ခံ ပါသည်။ ))

ညွန်း - بحارالانوار ، ج 24 ص 3

****************************************************************
END / 251