အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
အင်္ဂါနေ့

၁၀ ဇန်နဝါရီ ၂၀၂၃

၁၉:၁၂:၂၀
1337596

အီရန်တရားစီရင်ရေးဆိုင်ရာ အမြင့်ဆုံးကောင်စီ အစည်းအဝေး

သခင်မကြီး ဖွာတွေမဟ် (စ.အ) ၏မွေးနေ့ အခါသမယ တွင် အကျဥ်းသားများ ကို လွတ်ပေးရန် နှင့် ပြစ်ဒဏ်များ လျော့ပေးရန် တရားသူကြီးချုပ်မှ အမိန့်ထုတ်ပြန်

အီရန်အစ္စလာမ်မစ် ပြည်သူ့သမ္မတ နိုင်ငံ ၏ တရားသူကြီးချုပ် H.I မိုဟ်စင် အရေအီ မှ များမကြာမီ ဇန်နဝါရီလ ၁၃ ရက်နေ့သောကြာနေ့တွင် ရောက်ရှိလာမည့် ဖြစ်သည့် သခင်မကြီး ဖွာတွေမဟ် (စ.အ) ၏မွေးနေ့ မင်္ဂလာ အခါသမယ အတွက် သက်ဆိုင်ရာ တရားစည်းမျဉ်းများ နှင့် အညီ အကျဥ်းသားများ ကို လွတ်ပေးရန် နှင့် ပြစ်ဒဏ်များ လျော့ပေးရန် မိန့် ကြားခဲ့ပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အီရန် တရားစီရင်ရေးကောင်စီ၏ အမြင့်ဆုံးကောင်စီ အစည်းအဝေးကို ယနေ့ တနင်္လာနေ့တွင် ကျင်းပခဲ့ကြောင်း သိရပါတယ် ။ ဤအစည်းအဝေး တွင်  တရားသူကြီးချုပ် တရားသူကြီးချုပ်  H.I  မိုဟ်စင် အရေအီ  မှ သခင်မကြီး ဖွာတွေမဟ် (စ.အ) သည် လူသားမျိုးနွယ် အထူးသဖြင့် အမျိုးသမီးများအတွက် စံနမူနာကောင်းတစ်ခုဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။  သခင်မကြီး  သည် ပညာရေး၊ နိုင်ငံရေးနှင့် လူမှုရေးကဏ္ဍများတွင် အမှန်တရားဘက်ကရပ်တည်း ပြီး အမှန်တရား အတွက်ကာကွယ်သူ ၊ အာလင်မ်ပီပီ နှင့် ကျွမ်းကျင် စွာဖြင့် အမှန်တရား ကို ရှင်းပြသူ ဖြစ်ကြောင်း မိန့်ကြားခဲ့ပါတယ်။

လာမည့် ဇန်နဝါရီလ ၁၃ ရက်နေ့သောကြာနေ့ သည် သခင်မကြီး ဟဇရသ် ဖွာတွေမဟ် (စ.အ) ၏ မွေးနေ့ ရက်မြတ်မင်္ဂလာ နေ့ ၊ အမေများနေ့ ၊ အမျိုးသမီးများနေ့ အား အီရန် တရားသူကြီးချုပ်မှ မိုဘာရတ်က် ပြောကြားပြီး အနောက်တိုင်း ယဉ်ကျေးမှုမှ ပေါက်ဖွားလာသည့် ခေတ်သစ် ဂျေဟာလသ် သည် အမျိုးသမီးများအား ၎င်းတို့၏စီးပွားရေး၊ နိုင်ငံရေးနှင့် သူလျှိုလုပ်ခြင်းဆိုင်ရာ ရည်ရွယ်ချက်များ အောင်မြင်စေရန်အတွက် ကိရိယာတစ်ခုဖြစ်စေခဲ့ကြောင်း အမျိုးသမီးများအား စဉ်ဆက်မပြတ် ဖိနှိပ်ခြင်းနှင့် အရှက်ရစေခဲ့ကြောင်း ၊ ယခုခေတ် ဂျေဟာလသ် သည်အမျိုးသမီးများအပေါ် ပြုနေသည့် ရက်စက်မှုသည် ခေတ်ဟောင်း ဂျေဟာလသ် ၏ ရက်စက်လူမဆန်မှုထက် ပိုကြောင်း ပြောကြား ခဲ့ ပါတယ်။


ဆက်လက်ပြီး အီရန် တရားသူကြီး ချုပ် မှအစ္စလာမ် ဘာသာသည် အမျိုးသမီးများ ၏ အဆင့် အတန်း ကို သိက္ခာ ပေး လေးစားမှုပေးထားကြောင်း အမျိုးသမီးများ ၏တန်ဖိုး ကို ကာကွယ်ပေးရန်  ကိုယ်ကျင့်တရား ကောင်းမှု နှင့် ဟေဂျာဗ် အားအလေးပေးတိုက်တွန်းထားကြောင်း ခေတ်သစ် ဂျာဟေလီယသ် ၏အလံ ကိုင်ဆောင်သူမှ ကိုယ်ကျင့်တရား ကောင်းမှု အား သံသယဖြစ်အောင် ၊ ဒဏ်ရာရအောင် ကြိူးပမ်းနေကြောင်း ဤအတွက်ကြောင့် မိမိတို့အနေဖြင့် လည်း ဤနယ်ပယ် တွင် မိမိတို့တာဝန် များကို ကျေပွန် အောင် ထမ်းဆောင်နိုင်မည်ဟု မျှော်လင့် ကြောင်း ပြောကြားခဲ့ပါတယ်။

ရှဟီးဒ် ဗိုလ်ချုပ်ကြီး ဆိုလိုင်းမါနီ ၏ရှဟာဒသ်နေ့ တွင် အကျဉ်းသား ၃၀၀၀ ခန့်ကို လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ပြီး ပြည်နယ်တိုင်း၊ အသီးသီးမှ  (ရှဟီးဒ် ဆိုလိုင်းမါနီ ၏ အသက် ၆၃ နှစ် နှင့်အညီ ) အနည်းဆုံး အကျဉ်းသား ၆၃ ဦး ကို လွှတ်ပေးရန် အမိန့်ပေးခဲ့ကြောင်း အီရန် တရားသူကြီး ချုပ်က မှ မိမိ ၏  မိန့်ခွန်းတွင် ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး အီရန် တရားသူကြီးချုပ် မှ သက်ဆိုင်ရာ တရား ရုံးများ ၏ အရာရှိများ နှင့် တာဝန်ရှိ သူများအားသခင်မကြီး ဟဇရသ် ဖွာတွေမဟ် ဇဲဟ်ရာဟ် (စ.အ) ၏ မွေးးနေ့ရက်မြတ် အထိမ်းအမှတ် အနေဖြင့် တရားရုံး ၏ စည်းမျည်းစည်းကမ်း များ နှင့် ညီသည့် အကျဥ်းသားများ ကို လွတ်ငြိမ်းချမ်းသာ ခွင့် ပေးရန် နှင့် ပြစ်ဒဏ်များ လျော့ပေးရန် မိန့်ကြားခဲ့ပါတယ်။

ဆက်လက်ပြီး အီရန် တရားသူကြီး မှ ဤ အခွင့်အရေး ထူးအား တရားရုံး ၏ စည်းမျည်းစည်းကမ်း များ နှင့် ညီသည့် အကျဥ်းသားများသာ ရရှိမည် မဟုတ်ဘဲ စွပ်စွဲခံထားရသည့်တရားခံများ နှင့် ယာယီ ထိန်းသိမ်း ရန် အမိန့်ချခံထားရသူများနှင့် ယာယီ ထိန်းသိမ်းခံထားရမှု ရက်ပြည့်သွားသူများကိုလည်း တရက် သို့မဟုတ် နေ့တစ်ဝက် အတွင်း မိမိတို့၏ မိသားစု များထံပြန်သွား နိုင်ရန် အာမခံဖြင့် လွတ်ပေးရန် တိုက်တွန်း မိန့်ကြားခဲ့ပါတယ်။

ပြီးနောက် လာမည့် မင်္ဂလာအပေါင်း နှင့် ပြည့်စုံသည့် သခင်မကြီး  (စ.အ) မွေးနေ့ကို အကြောင်းပြုပြီး သက်ဆိုင်ရာ တရား ရုံးများ ၏ အရာရှိများ နှင့် တာဝန်ရှိ သူများ မှ အာမခံ မပေးနိုင်ကြသည့် သူများ ကိုလည်း လွယ်ကူမှုများ ကို စီစဥ်ပေးရန် မိန့်ကြားခဲ့ပါတယ်။

****************************************************************

END / 251