အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
တနင်္ဂနွေနေ့

၁၅ ဇန်နဝါရီ ၂၀၂၃

၁၈:၅၅:၁၄
1338745

ရှိုင်တွာန် နှင့် ကြံရာပါကို သိထားပါလေ

အေမာမ် ဂျအ်ဖရ်ဆွာဒစ်က် (အ.စ) မှ ရီဝါယသ် တော် တစ်ခု တွင် ရှိုင်တွာန် နှင့် ကြံရာပါ ကို သိထားရန် ဘက်သို့ ညွှန် ပြ၍ မိန့်တော် မူထား ပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ရီဝါယသ် ၏ ကျမ်း များ မှ တစ်ကျမ်း ဖြစ်သည့် အလ်ကာဖီ ကျမ်း လာရှိမှု ကို တင်ပြပါ မည်။

ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။

 

قال الامام الصادق علیه السلام:

(إنّ) مِن علاماتِ شِركِ الشَّيطانِ الذي لا يُشَكُّ فيهِ أن يكونَ فَحّاشا، لا يُبالي ما قالَ و لا ما قيلَ فيهِ.

အေမာမ် ဂျအ်ဖရ်ဆွာဒစ်က် (အ.စ)   မိန့်တော် မူ၏။

ရှိုင်တွာန် နှင့် ကြံရာပါသူ ၏ လက္ခဏာများ မှ တစ်ခု မှ ၊ ၎င်းလက္ခဏာ နှင့်ပတ်သက်ပြီး မည်သို့ မျှသံသယ ဖြစ်စရာ ပင်မလိုသည့် အချက်မှာ  ၎င်းသည် ဆဲရေးတိုင်းထွာသူ ဖြစ်ပါသည်။ ၎င်းအနေဖြင့် ဘာပြောနေလဲ ဘာနားထောင်နေလည်းဆိုတာကို ဂရုမစိုက်သူဖြစ်ပါသည်။

ကျမ်းကိုး ။ ။ အလ်ကာဖီ ကျမ်း ၊ အတွဲ ၂ ၊ စာမျက်နှာ ၃၂၁

မှတ်ချက်  -  အထက်ပါဟဒီးစ်တော် ကို ကြည့်ပြီး ကျနော်တို့ သည် မိမိတို့ ၏ ပတ်ဝန်းကျင်တွင် ရှိုင်တွာန် ၏ ကြံရာပါများ ကို ကောင်းစွာ သိနိုင်မည် ဖြစ်ပါတယ်။

****************************************************************

END / 251