အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
အင်္ဂါနေ့

၁၇ ဇန်နဝါရီ ၂၀၂၃

၁၅:၁၂:၀၂
1339199

အမီရိုလ်မိုအ်မေနီ အေမာမ် အလီ (အ.စ) မှ ရီဝါယသ် တော် တစ်ခု တွင် မိုနာဖေက်များ ၏ လက္ခဏာ လေးရပ် ဘက်သို့ ညွှန် ပြ၍ မိန့်တော် မူထား ပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ရီဝါယသ် ၏ ကျမ်း များ မှ တစ်ကျမ်း ဖြစ်သည့် နဲဟ်ဂျိုလ်ဘလာဂဟ် ကျမ်း လာရှိမှု ကို တင်ပြပါ မည်။

ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။

 

قال الامام العلی علیه السلام:

أُوصِيکمْ عِبَادَ اللَّهِ بِتَقْوَى اللَّهِ وَ أُحَذِّرُکمْ أَهْلَ النِّفَاقِ فَإِنَّهُمُ الضَّالُّونَ الْمُضِلُّونَ وَ الزَّالُّونَ الْمُزِلُّونَ.

အမီရိုလ်မိုအ်မေနီ အေမာမ် အလီ (အ.စ)   မိန့်တော် မူ၏။

အို ... အလ္လာဟ်ဟို အရှင်မြတ်၏ ကျေးကွန် အပေါင်းတို့ ။ ငါအနေဖြင့် အသင်တို့အား အလ္လာဟ်ဟို အရှင်မြတ်အား ကြောက်ရွံ့ ရိုသေကြရန် (ခ) သီလ၊သမာဓိ ရှိကြရန် သေတမ်းစာ အဖြစ်မှာ လိုပါသည်။ မိုနာဖေက်များ (အရေခြုံ များ ) ကို ‌ရှောင်ကြဥ်ရန်လည်း အိန့်ပေးပါသည်။ အကြောင်းမှာ မိုနာဖေက်များ သည် ကိုယ်တိုင် လမ်းလွဲလမ်းမှား ပြီး  အခြားသူများကိုလည်း လမ်းလွဲလမ်းမှား အောင် ပြုကြပါသည်။  သူတို့ကိုယ်တိုင်  လမ်းမရှိသူများ ဖြစ်ပြီး အခြားသူများကို လည်း လမ်း မရှိအောင် ပြုသူများ ဖြစ်ကြပါသည်။

အထက်ပါဟဒီးစ်တော် အရ မိုနာဖေက် များ ၏ လက္ခဏာ  ၄ ရပ်မှာ -

 (၁) ကိုယ်တိုင်လည်း လမ်းမှားသူများ ဖြစ်ကြ  ပြီး

(၂) သူတစ်ပါးအားလည်း လမ်းမှား အောင်ပြု ကြပါတယ်။

(၃) ကိုယ်တိုင်လည်း လမ်းမရှိသူများ ဖြစ်ကြပြီး

(၄) သူတစ်ပါးကိုလည်း လမ်းမရှိ အောင် ပြု ကြသူများ ဖြစ်ပါတယ်။

ကျမ်းကိုး ။ ။ နဲဟ်ဂျိုလ်ဘလာဂဟ် ကျမ်း ၊ ခွသ်ဗာ အမှတ်တော် ၁၉၄

မှတ်ချက်  -  အထက်ပါဟဒီးစ်တော် ကို ကြည့်ပြီး ကျနော်တို့ အနေဖြင့် တရားတော် က ပြထားသည့် မိုနာဖေက်များ ကို သိအောင် ပြုပြီး ရှောင်ကြဥ်ရမည် ဖြစ်ပါတယ်။

****************************************************************

END / 251