အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
ဗုဒ္ဓဟူးနေ့

၁၈ ဇန်နဝါရီ ၂၀၂၃

၁၇:၂၂:၃၀
1339392

ဆော်ဒီအာရေဗျနိုင်ငံရှိ နာမည်ကျော် တရားဟောဆရာ မိသားစု အပေါ် ဘေး ဒုက္ခကျရောက် / ၎င်း၏သားများအား နှစ် ရှည် ထောင်ဒဏ် ချမှတ်

မီဒီယာ အသီးသီး ၏ ဖော်ပြချက်အရ ဆော်ဒီ အကျော် အမော် တရားဟော ဆရာ ဆဖရ်အလ်ဟဝါလီ ၏ သားများ အပေါ် ဆော်ဒီ အာဏာ ပိုင်များ မှ မတရား သဖြင့် နှစ် ရှည် ထောင်ဒဏ် ချမှတ် လိုက်ကြောင်း သိရှိ ရပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Sahar News ၏ သတင်း အထောက်အထား များ အရ ဆော်ဒီ တက်ကြွလှုပ်ရှားသူ အဗ်ဒိုရဲဟ်မန် အလ်ဟဝါလီ မှ ဆော်ဒီအာရေဗျ နိုင်ငံ ၏ တရားစီရင်ရေး စနစ်သည် ဆော်ဒီ တရားဟောဆရာ ဆဖရ်အလ်ဟဝါလီ  ၏ မိသားစု  အပေါ်   နှစ် ရှည် ထောင်ဒဏ် ချမှတ် လိုက်ကြောင်း ပြောကြားခဲ့ ပါ တယ်။

သတင်းအချက်အလက်များ အရ အဗ်ဒိုရဲဟ်မန် အလ်ဟဝါလီ အား ထောင်ဒဏ် ၁၄ နှစ် ၊ အဗ်ဒိုရဲဟ်မန် ဆဖရ် အား ထောင်ဒဏ် ၁၇ နှစ် ၊ အဗ်ဒို္လာဟ် ဆဖရ်  အား ထောင်ဒဏ် ၁၆ နှစ် ၊ အဗ်ဒိုရဟီးမ် ဆဖရ်  အား ထောင်ဒဏ် ၁၅ နှစ် ၊ ၎င်းတို့ ရုံး ၏ မန်နေဂျာ ဒေါက်တာ အီစ္စမာအီးလ် အား ထောင်ဒဏ် ၁၀ နှစ် အသီးသီး မတရား သဖြင့် ချမှတ် ခဲ့ကြောင်း သိရှိခဲ့ရပါတယ်။

 

ဆရာ ဆဖရ်အလ်ဟဝါလီ  ၏ သားများ မှ  ၎င်းတို့အား ဆန့်ကျင်သည့် စီရင်ချက်များနှင့် တရားမျှတမှုမရှိသော တရားစီရင်မှုကို ဆန့်ကျင်သည့်  အနေဖြင့်  ဆော်ဒီ အကျဉ်း ထောင်များ တွင် အစာငတ်ခံဆန္ဒပြမှု စတင် ခဲ့ ကြောင်း သိရှိရပါတယ်။

 

Detainees of Freedom of Expression အကောင့် အသုံး ပြုသူမှ  အဗ်ဒို ရဲဟ်မန် နှင့် အဗ်ဒိုရဟီးမ် အပါအဝင် ဆဖရ် အလ်ဟဝါလီ သားများ  မိမိတို့အပေါ် မတရား ချမှတ်ခဲ့သည့် အမိန့်ကို ဆန့်ကျင့ ကန့်ကွက်သည့် အနေဖြင့် အစာ ငတ်ခံ ဆန္ဒ ပြ ခဲ့ ကြောင်း ရေး သား ထားပါတယ်။

 

အထက်ပါ ကိစ္စ သည် ဆော်ဒီတရားရေးမဏ္ဍိုင်သည် ထင်ရှားသော ဆော်ဒီတရားဟောဆရာ အဝါဒ် အလ်ဖရ်နီ အား ၅ နှစ်ကျော် ထိန်းသိမ်းထားပြီးနောက် သေဒဏ်ချ မှတ်လိုက်ကြောင်း ဂါးဒီးယန်း အင်္ဂလိပ် သတင်းစာက ကြေငြာလိုက်သည့်အချိန်ဖြစ်ပါတယ်။

ဆဖရ် ဗင်န် အဗ်ဒိုရဲဟ်မန် အလ်ဟဝါနီ သည် ဆော်ဒီအိမ်ရှေ့စံ အိမ်ရှေ့မင်းသား မိုဟမ္မဒ် ဗင် ဆလ်မန် ၏ နိုင်ငံတကာ ပေါ်လစီကို ဝေဖန်ပြီး ယင်းနှင့်ပတ်သက်၍ အကြံပြုချက် များ ပေး သည့် စာအုပ်ကို ထုတ်ဝေမှု ကြောင့် ဖမ်းဆီးခံခဲ့ရ ခြင်း ဖြစ်ပါတယ်။

 

ဆဖရ် ဗင်န် အဗ်ဒိုရဲဟ်မန် အလ်ဟဝါနီ သည် ထင်ရှား ကျော်ကြားသည့် အကျော် အမော် တရားဟောဆရာ တစ်ပါး နှင့် (ဆဟာဟိုလ်အစ္စလာမ်မီ ) လှုပ်ရှား မှု ၏ အဖွဲ့ ဝင် ဖြစ်ပါတယ်။ ဤ အဖွဲ၏ အဖွဲ့ ဝင်များ သည် ဆော်ဒီ အိမ်ရှေ့စံ အိမ်ရှေ့မင်းသား မိုဟမ္မဒ် ဗင် ဆလ်မန် ၏  အနောက်တိုင်း အကြိုက် အစ္စလာမ် ဆန့်ကျင် နေသည့် ပေါ်လစီများ ကို  ပွင့်လင်းစွာ ဝေဖန် ခဲ့ကြသူများ ဖြစ်ကြပါ တယ်။

****************************************************************

END / 251