အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ابنا
အင်္ဂါနေ့

၂၄ ဇန်နဝါရီ ၂၀၂၃

၁၈:၁၉:၀၆
1340789

ရဂျဗ်ဗိုလ်မိုရဂျဗ် လမြတ် ၏ အရေးကြီးနေ့များ ဖြစ်ရပ်မှန် များ

ရဂျဗ်ဗိုလ်မိုရဂျဗ် လမြတ် ၏ အရေးကြီးနေ့များ နှင့် ဖြစ်ရပ်မှန် များ ကို အဗ်နာ ချစ်ပရိတ်သတ်များ အတွက် ဗဟုသုတ အနေဖြင့် ဖော်ပြလိုက်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ဟဒီးစ်တော် အရ ရဂျဗ်ဗိုလ်မိုရဂျဗ်  လမြတ် သည် အလ္လာဟ် ဟို အရှင်မြတ် ၏ လ ဖြစ်ပါတယ်။ ဤလမြတ်တွင် အေဗါဒသ် အများ အပြား ပြုနိုင်ရန် ၊ သောင်ဗဟ်ပြုနိုင်ရန် အထူးကြိုးစားသင့်ပါတယ်။ ပြီးနောက် အဲဟ့်လေ့ဘိုက် (သ) (အ.စ)  ၏မွေးနေ့ရက်မြတ် များ တွင် ပျော်ရွှင်  ကြည်နူး ရမည် ဖြစ်ပြီး ရှဟာဒသ် နေ့များတွင် ဝမ်းနည်းကြေကွဲ၍ အဇါဒါရီ ပြု ရမည် ဖြစ်ပါတယ်။

အောက်တွင် ရဂျဗ်ဗိုလ်မိုရဂျဗ်  လမြတ် ၏ အရေးကြီးနေ့များ နှင့် ဖြစ်ရပ်မှန် များ ကို အဗ်နာ ချစ်ပရိတ်သတ်များ အတွက် ဗဟုသုတ အနေဖြင့် ဖော်ပြလိုက်ပါတယ်။

၁/ ရဂျဗ်လမြတ် ၁ ရက်  အေမာမ်မိုဟမ္မဒ်  ဘာကဲရ်(အ.စ) ၏ မွေးနေ့  ရက်မြတ် ဟီဂျရီ  ၅၇ ခုနှစ်

၂/ ရဂျဗ်လမြတ် ၃ ရက်  အေမာမ်မိုဟမ္မဒ် အလီ နကီ (အ.စ) ၏ ရှဟာဒသ်နေ့ ဟီဂျရီ  ၂၅၄ ခုနှစ်

၃/ ရဂျဗ်လမြတ် ၅ ရက်  အေမာမ်မိုဟမ္မဒ် အလီ နကီ (အ.စ) ၏ မွေးနေ့  ရက်မြတ်  ဟီဂျရီ  ၂၁၄ ခုနှစ်

၄/ ရဂျဗ်လမြတ် ၆ ရက်  ဟဇရသ် မိုင်းစန်မေ သမါရ်  (ရ.ဟ) ၏ ရှဟာဒသ် နေ့ ဟီဂျရီ ၅၇ ခုနှစ်

၅/ ရဂျဗ်လမြတ် ၈ ရက်  ရှိက္ခ်ဟူရ် ရေ အာမိုလီ  မွေးနေ့ ဟီဂျရီ ၁၀၃၃ ခုနှစ်

၆/ ရဂျဗ်လမြတ် ၁၀ ရက်   ဟဇရသ် အလီအဇ်ဂဲရ်  (အ.စ) မွေးနေ့  ရက်မြတ်

၇/ ရဂျဗ်လမြတ် ၁၀ ရက်  အေမာမ်မိုဟမ္မဒ်  သကီ (အ.စ) မွေးနေ့ ဟီဂျရီ ၅၇ ခုနှစ်

၈/ ရဂျဗ်လမြတ် ၁၂ ရက်  ‌အေမာမ် အလီ (အ.စ) ၏ ရန်သူ မိုအာဝေယဟ်အဘီဆိုဖိယန် သေသည့် နေ့ ဟီဂျရီ  ၆၀ ခုနှစ်

၉/ ရဂျဗ်လမြတ် ၁၃ ရက်  ‌အေမာမ် အလီ (အ.စ) ၏ မွေးနေ့ ရက်မြတ်  ၃၀ အာန်မိုလ်ဖီးလ် နှစ်

၁၀/ ရဂျဗ်လမြတ် ၁၄ ရက်  အေမာမ် ဟစန်အက္စ်ကရီ (အ.စ) အား သတ်သူ မိုအ်သမသ်အဘာစီ (လ.န) သေသည့်နေ့ ဟီဂျရီ  ၂၇၉ ခုနှစ်

၁၁/ ရဂျဗ်လမြတ် ၁၅ ရက်   ဟဇရသ် ဇိုင်နဗ်  (စ.အ) ၏  ရှဟာဒသ်နေ့ ဟီဂျရီ  ၆၂ ခုနှစ်

၁၂/ ရဂျဗ်လမြတ် ၁၅ ရက် ကဗ်လာ ပြောင်းသည့်ရက် ဟီဂျရီ ၂ ခုနှစ်

၁၃/ ရဂျဗ်လမြတ် ၁၅ ရက် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အဘူလ်ကာစင် ခူဝီ မွေးနေ့ ဟီဂျရီ ၁၃၁၇ ခုနှစ်

၁၄/ ရဂျဗ်လမြတ် ၁၆ ရက် ဖွာတွေမဟ် ဗင်သေအဆဒ် (အ.စ) မောင်လာအလီ (အ.စ) ကို မွေးဖွားပေးပြီး ၃ ရက်ပြည့် နေ့ ၊ ကအ်ဗဟ် ဝတ်ကျောင်းတော် မှ ထွင်ခွာတော်မူသည့်နေ့  ဟီဂျရီမတိုင်ခင် ၂၂ နှစ် အလျင်

၁၅/ ရဂျဗ်လမြတ် ၁၈ ရက်  တမန်တော်မြတ် (ဆွ) သားတော် ဟဇရသ် အီဗရာဟီးမ်  (ရ.ဟ) ၏ ဝဖါးသ်နေ့  ဟီဂျရီ ၁၀ ခုနှစ်

၁၆/ ရဂျဗ်လမြတ် ၁၈ ရက်  ယဇီးဒ် (လ.န) ဗင်မိုအာဝေယဟ်  မတရား နန်းစတက်သည့်နေ့ ဟီဂျရီ ၆၀ ခုနှစ်

၁၇/ ရဂျဗ်လမြတ် ၁၉ ရက် သူဗူက်စစ် ဖြစ်ပွား ဟီဂျရီ ၉ ခုနှစ်

၁၈/ ရဂျဗ်လမြတ် ၂၀ ရက်  ဘီဘီ စကီနဟ် (စ.အ) ၏မွေးနေ့ ရက်မြတ်

၁၉/ ရဂျဗ်လမြတ် ၂၂ ရက်  နဇ်ရေ အေမာမ် ဂျအ်ဖရ်ဆွာဒစ်က် (အ.စ)  ကွန်ဒဟ်

၂၀/ ရဂျဗ်လမြတ် ၂၄ ရက်  မောင်လာအလီ (အ.စ) ကြောင့် ခိုင်ဗဲရ် စစ်ပွဲ အောင်သည့်နေ့ ဟီဂျရီ ၇ ခုနှစ်

၂၁/ ရဂျဗ်လမြတ် ၂၄ ရက်  ဂျအ်ဖရ် သွယာရ် ဟဗ်ရှေဟ် (အာဖရိက) မှ ပြန်လာသည့်နေ့  ဟီဂျရီ ၇ ခုနှစ်

၂၂/ ရဂျဗ်လမြတ် ၂၅ ရက်  အေမာမ်မိုဟမ္မဒ်  မူစာ ကာစင်မ် (အ.စ)၏ ရှဟာဒသ်နေ့  ဟီဂျရီ ၈၃ ခုနှစ်

၂၃/ ရဂျဗ်လမြတ် ၂၅ ရက်  အာယာသွလ္လာဟ် အလ်အွဇ်မာ အဗ်ဒိုလ်ကာရီးမ် ဟာအေရီ (ရ.ဟ) မှ ဟောင်ဇေအေလ်မီယေကွမ်း ကို စတင်တည်ထောင်သည့် နေ့ ဟီဂျရီ ၁၃၀၁ ခုနှစ်

၂၄/ ရဂျဗ်လမြတ် ၂၆ ရက်  ဟဇရသ် အဘူ သွာလစ်ဗ် ၏ ဝဖါသ် နေ့  ၁၀ ဗဲအ်စသ်

၂၅/ ရဂျဗ်လမြတ် ၂၇ ရက်  ဗအ်စသ်သေ ရစူလ် (ဆွ) ဟီဂျရီမတိုင်ခင် ၁၃ နှစ် အလျင်

၂၆/ ရဂျဗ်လမြတ် ၂၇  ရက်  မေအ်ရာဂျ် ရစူလေခိုဒါ (ဆွ)

၂၇/ ရဂျဗ်လမြတ် ၂၈ ရက်  အေမာမ်မိုဟမ္မဒ်  ဟိုစိုင်းန် (အ.စ) မဒီနာ မှ ခရီး စထွက်သည့် နေ့ ဟီဂျရီ ၆၀ ခုနှစ်

၂၈/ ရဂျဗ်လမြတ် ၂၈ ရက်  အစ္စလာမ် သာသနာ တွင် ပထမဆုံး နမာဇ် စ ဝတ်ပြုသည့်နေ့  ၄၀ အာန်မိုလ်ဖီးလ် နှစ်

၂၉ / ရဂျဗ်လမြတ် ၂၉ ရက် ဟဇရသ် ခတီဂျဟ် (စ.အ) ဝဖါးသ် ဖြစ်သည့် နေ့ ဟီဂျရီမတိုင်ခင် ၂ နှစ် အလျင်

၃၀ / ရဂျဗ်လမြတ် ၂၉ ရက်  အေမာမ်အဘူဟနီဖွာ ကွယ်လွန်သည့် နေ့  ဟီဂျရီ ၁၅၀ ခုနှစ်

ကိုးကား

၁ /  موسسه تحقیقات و نشر معارف اهل بیت علیهم السلام

၂ / درسگاه قرآن و عترت  علیهم السلام  


 ****************************************************************

END / 251