အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
ဗုဒ္ဓဟူးနေ့

၁၅ ဖေဖော်ဝါရီ ၂၀၂၃

၂၃:၄၉:၃၀
1346767

ရှိက္ခ် သွဗ်ရစီ ၏ တတိယ‌ မြောက် သဖ်စီးရ်ကျမ်း ဂျဝါမေအိုလ် ဂျာမေအ်

ရှိက္ခ်သွဗ်ရစီ ရေးသားထားသည့် သဖ်စီးရ်ကျမ်း ဂျဝါမေအိုလ် ဂျာမေအ် ကျမ်း သည် ကျမ်းတော် မြတ်ကုရ်အာန် ၏ အာယသ်တော်များ ကို ရှင်းလင်း ထားသည့် အကျည်းချုပ် နှင့် သဒ္ဒါသဖ်စီးရ် ဖြစ်ပါ တယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Iqna ကုရ်အာန် သတင်းဌာန အရ ရှိက္ခ် သွဗ်ရစီ အနေဖြင့် ဤ သဖ်စီးရ် ကျမ်းတွင် မိမိ၏ အရင် သဖ်စီးရ် ကျမ်း ၂ကျမ်း ဖြစ်သည့် မဂျ်မအိုလ်ဗယန်း ကျမ်း နှင့် အလ်ကာဖီ အလ်ရှာဖီ ကျမ်း တို့ အကျည်းချုပ် အနှစ်ချုပ်ကို တင်ပြထားခြင်း ဖြစ်ပါတယ်။  ဤကျမ်းအား မိမိ သား ၏ မေတ္တာ ရပ်ခံချက် အရ ရေးသား သီးကုံးခဲ့ခြင်း ဖြစ်ပါတယ်။ ဤသဖ်စီးရ်သည် အနှစ်ချုပ် အကျည်းချုပ် ဖြစ်ပေမဲ့ အကောင်းတကာ အကောင်းဆုံး သဒ္ဒါသဖ်စီးရ် ကျမ်းဖြစ်ပါတယ်။ ဤကျမ်းအား ရှိက္ခ် သွဗ်ရစီ အနေဖြင့် မဂျ်မအိုလ်ဗယန်း ကျမ်း နှင့် အလ်ကာဖီ အလ်ရှာဖီ ကျမ်း အပြီး  တစ်နှစ် အတွင်း ရေးသားသီးကုံး ခဲ့ခြင်း ဖြစ်ပါတယ်။

ကျမ်းရှင်အကြောင်း

ဖွဇ်လ် ဗင် ဟစန်  ဗင်ဖွဇ်လ်  သွဗ်ရစီ ဟုအမည် ရပြီး အမီးနိုလ်အစ္စလာမ် ဘွဲ့ရ အကျော်အမော် ရှီအဟ် သဖ်စီးရ် ပညာရှင် တစ်ပါး ဖြစ်ပါတယ်။ ကျမ်းရှင်၏ အဓိက လက်ရာ မှာ မဂျ်မအိုလ်ဗယန်း ကျမ်း ဖြစ်ပါတယ်။ ဟီဂျရီ ၆ ရာစု တွင် မွေးဖွားခဲ့သူ ဖြစ်ပါတယ်။ အကျော်အမော် မိုဟဒစ်၊ ဖကီးဟ် ၊မိုသကလင်မ်ဖြစ်ပါတယ်။ ၎င်း၏ အခြားကျမ်းများမှာ ဂျဝါမေအိုလ် ဂျာမေအ် ကျမ်း နှင့် အအ်လာန်မ်မိုလ်ဝရာ ကျမ်းလည်း ပါဝင်ပါတယ်။

သွဗ်ရစီ အနေဖြင့် ဤကျမ်းကို ရေးသားခြင်း နှင့်ပတ်သက်ပြီး မိမိအနေဖြင့် ဗဟုသုတ အမျိုးမျိုးပါဝင်သည့် မဂျ်မအိုလ်ဗယန်း ကျမ်း ကိုရေးသားခဲ့ကြောင်း ပြီးနောက် ဇမက်ခ်ရှရီ ၏ ကရှာဖ်ကျမ်း ကို လေ့လာပြီး အလ်ကာဖီ အလ်ရှာဖီ ကျမ်း ကိုရေးသားခဲ့ကြောင်း ၎င်းကျမ်းကို လူအများစု မှ သဘောကျမှူကိုရခဲ့ကြောင်း  ပြီးနောက် မိမိချစ်သား အဘူနစ်ရ် မှ အားလုံး အကျိုးအမြတ်ရယူနိုင်ရန် မိမိအား ကျမ်းကြီး ၂ကျမ်း ၏ အနှစ်ချုပ် ၊ အကျည်းချုပ် ကို ရေးသားပေး ‘ပါ ရန်မေတ္တာ ရပ်ခံ ချက်အရ  မိမိအနေဖြင့် ၎င်း ကျမ်း ၂ကျမ်း ပါ အရေးကြီး သဒ္ဒါအပိုင်းများ ကို စုစည်း၍ ဂျဝါမေအိုလ် ဂျာမေအ် ကျမ်းကိုရေးသားခဲ့ကြောင်း ထိုအချိန် မိမိ အသက်မှာ ၇၀ကျော် နေပြီး ဖြစ်ကြောင်း ခက်ခဲသည့် အလုပ်ဖြစ်ပေမဲ့ သားတော်မောင် နှင့် မိတ်ဆွေ သူငယ်ချင်းများ ၏ တောင်း ဆိုမှုကြောင့် ရေးသားပြုစုပြီး ဂျဝါမေအိုလ် ဂျာမေအ်ဟု အမည် ပေးခဲ့ကြောင်း တင်ပြထား ပါတယ်။

သဖ်စီးကျမ်း ရေးထားသည့်နည်းလမ်း မှာ မဂျ်မအိုလ်ဗယန်း ကျမ်း ပမာ စနစ်တကျ မရှိပေမဲ့ ကရှာဖ်ကျမ်း ပမာ ခေါင်းစဥ်များ တပ်ထား ခြင်း မရှိဘဲ ရေးသား ထားပါတယ်။ အကျည်းချုပ် အနှစ်ချုပ် ကျမ်း ဖြစ်ပြီး သဒ္ဒါဆိုင်ရာ ပွိုင့်များကို တစ်နေရာတည်း အတိုချုပ် စုစည်းတင်ပြထားသည့် ကျမ်း ဖြစ်ပါတယ်။

ဤသဖ်စီးရ် ကျမ်းတွင်  အဘိဓာန် ဆိုင်ရာ ပြဿနများ ၊အအ်ရာဗ် ၊ ကေရာအသ် ၊ နစ်မ်အကြောင်း နှင့် သဒ္ဒါဆိုင်ရာ ပွိုင့်များ နှင့် အခြား သဒ္ဒါဆိုင်ရာ အသေးစိတ် အချက်များကို တင်ပြထားပါတယ်။

ဤသဖ်စီးရ် ကျမ်း၏ အစ တွင် မက္ကီစူရဟ်များ ၊ မဒနီ စူရဟ်များ ၊အဓိပ္ပာယ် များ နှင့် အာယသ်တော်များ ၏ အရေ အတွက် ကြီးကျယ် မြင့်မြတ်မှု ကိုတင်ပြထားပါတယ်။ ပြီးနောက် ကျမ်း အစတွင် သက်ဆိုင်ရာ ဆက်နွယ်နေသည့် အာယသ်တော်များကိုတင်ပြထားပြီး အာယသ် တော်များ ကို ခွဲစိတ်ထားခြင်း ဖေက် နှင့်  ကလာန်မ် ၏ အခြေခံများ အရ တင်ပြထားပါတယ်။ အာယသ်တော်များ သဖ်စီးရ် အကျည်းချုပ်ကို ဖော်ပြထားပြီး အကျယ်သဖ်စီးရ် အတွက် မဂျ်မအိုလ်ဗယန်း ကျမ်း ၏လိပ်စာ ကိုဖော်ပြ တင်ပြထားပါတယ်။

ဤကျမ်းသည် အရဘီ ဘာသာနှင့် ရေးသားထားပြီး အတွဲ ၆တွဲ ၊အချို့ ပုံနှိပ်တိုက်အရ ၄တွင် ရှိပြီး ဖွာရစီဘာသာဖြင့်လည်း ဘာသာပြန် ထုတ်ဝေပြီး ဖြစ်ပါတယ်။

****************************************************************

END / 251