အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : M-Media
တနင်္ဂနွေနေ့

၁၂ မတ် ၂၀၂၃

၂၀:၁၉:၅၅
1351872

အိန္ဒိယနိုင်ငံ အရှေ့ပိုင်းတွင် မွတ်စလင်အမျိုးသားတစ်ဦး ရိုက်နှက် သတ်ဖြတ်ခံရ

အိန္ဒိယနိုင်ငံအရှေ့ပိုင်း ဘီဟာရ်ပြည်နယ်မှာ မွတ်စလင် သက်ကြီးရွယ်အိုတစ်ဦး နွားချစ်သူများအဖွဲ့ရဲ့ ရိုက်နှက် သတ်ဖြတ်ခြင်းကို ခံလိုက်ရပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အိန္ဒိယနိုင်ငံအရှေ့ပိုင်း ဘီဟာရ်ပြည်နယ်မှာ မွတ်စလင် သက်ကြီးရွယ်အိုတစ်ဦး နွားချစ်သူများအဖွဲ့ရဲ့ ရိုက်နှက် သတ်ဖြတ်ခြင်းကို ခံလိုက်ရပါတယ်။

အသက် ၅၆ နှစ်အရွယ် နာဆင်း ကိုရိုက်ရှီဆိုသူဖြစ်ပြီး အခုတစ်ပတ်အစောပိုင်းက အမဲသားသယ်ဆောင်တယ်လို့ စွပ်စွဲကာ လူ ၂၀ လောက်ပါ၀င်တဲ့ အုပ်စုတစ်စုက ၀ိုင်းရိုက်ခဲ့တာပါ။

ရဲတပ်ဖွဲ့က ၀င်ရောက်တားဆီးခဲ့ပေမယ့် ကိုရိုက်ရှီဟာ ရရှိတဲ့ ဒဏ်ရာတွေကြောင့် ဆေးရုံးသွားတဲ့ လမ်းတစ်၀က်မှာပဲ သေဆုံးသွားခဲ့ပါတယ်။

ရဲတပ်ဖွဲ့က ကျူးလွန်သူတွေထဲက ၃ ဦးကို ဖမ်းဆီးထားတယ်လို့ ထုတ်ပြန်ပါတယ်။

၂၀၁၄ ခုနှစ် ဟိန္ဒူအမျိုးသားရေးပါတီ BJP အာဏာရပြီးနောက်ပိုင်း နွားချစ်သူများအဖွဲ့တွေ ပိုမိုအတင့်ရဲလာပြီး ဒါလစ်ဇာနိမ့်တွေ၊ မွတ်စလင်တွေနဲ့ ခရစ်ယာန်တွေကို အမဲသားကိစ္စ စွပ်စွဲကာ တိုက်ခိုက်သတ်ဖြတ်မှုတွေ ပြုလုပ်လာခဲ့ပါတယ်။

ကိုဗစ်ကာလအတွင်း ဒီလိုအကြမ်းဖက်မှုတွေ လျော့သွားပေမယ့် အခုနောက်ပိုင်းမှာ ပြန်လည်မြင့်တက်လာပါတယ်။

ဘီဟာရ်ပြည်နယ်မှာပဲ ဖေဖော်၀ါရီလနှောင်းပိုင်းမှာ ဟိန္ဒူအမျိုးသားတစ်ဦးကို အမဲသားစားတယ်လို့ စွပ်စွဲကာ နွားချစ်သူတွေက ရိုက်နှက်သတ်ဖြတ်ပြီး နှိပ်စက်ထားတဲ့ ဗီဒီယိုကို ဆိုရှယ်မီဒီယာမှာ လွှင့်တင်ခဲ့ပါတယ်။

****************************************************************
END / 251