အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
အင်္ဂါနေ့

၁၄ မတ် ၂၀၂၃

၂၁:၂၂:၀၀
1352307

မဇာရ် ရေရှရီးဖ် မြို့ ရှိ သစ်ဘယန်း စင်တာနှင့် အာဝါ သတင်းဌာနရုံး တွင် အကြမ်းဖက် ပေါက်ကွဲ မှုကြောင့် ၃၃ ဦး ရှဟီးဒ် နှင့် ဒဏ်ရာရ

အာဖဂန်နစ္စတန်မြောက်ပိုင်းရှိ မဇာရ် ရေရှရီးဖ် မြို့ ရှိ သစ်ဘယန်း စင်တာနှင့် အာဝါ သတင်းဌာနရုံး တွင် အကြမ်းဖက် ပေါက်ကွဲ မှုကြောင့် ၃ ဦး ရှဟီးဒ် ဖြစ်ခဲ့ ပြီး အယောက် ၃၀ ဒဏ်ရာ ရခဲ့ ကြောင်း ဝမ်းနည်းစွာ သိရှိရပါတယ် ။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

 အာဖဂန်နစ္စတန်မြောက်ပိုင်း  မရ်ကဇ် ဝေလာယသ် ဘလ်ခ် ပြည်နယ်  ၏ မဇာရ် ရေရှရီးဖ် မြို့ ၏  ဒုတိယ လုံခြုံရေး ဧရိယာရှိ ရှိ သစ်ဘယန်း  စင်တာနှင့် အာဝါ  သတင်းဌာနရုံး တွင် အကြမ်း ဖက် ပေါက်ကွဲ မှု ဖြစ်ပွား ခဲ့ပါတယ်။

အစီရင်ခံစာအရ အာဖဂန်နစ္စတန်နိုင်ငံ အမျိုးသားသတင်းစာဆရာများနေ့ အထိမ်းအမှတ် မဇာရ် ရေရှရီးဖ် မှာ တက်ကြွတဲ့ သတင်းထောက်တွေကို ဂုဏ်ပြုတဲ့ "Mahadvit, Media and Culture Promotion" ညီလာခံမှာ ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ ပေါက်ကွဲမှုကြောင့် လူ ၃ ဦး ရှဟီးဒ် ဖြစ်ခဲ့ပြီး  ၃၀ ဦး ဒဏ်ရာရခဲ့ ကြောင်း အများစုမှာ အာဖဂန် မီဒီယာ အသီးသီးမှ သတင်းထောက်များ ဖြစ်  ကြ‌ ကြောင်း သိရှိရပါတယ်။

တာလီဘန် အစိုးရ  ၏ ပြည်ထဲရေး ၀န်ကြီး ဌာန က ပေါက်ကွဲမှု သည် သစ်ဘယန်း  စင်တာတွင် စိုက်ထားသော မြေမြှုပ်မိုင်း ကြောင့် ဖြစ်သည်ဟု ကြေညာ ခဲ့ပါတယ်။

အထူးသဖြင့် သတင်းသမားတွေကို တိုက်ခိုက်တဲ့ ဒီအကြမ်းဖက်တိုက်ခိုက်မှုအား မီဒီယာကာ ကွယ်စောင့်ရှောက်ရေးအဖွဲ့အစည်းတွေမှ ပြင်းပြင်းထန်ထန် ရှုတ်ချ ခဲ့ကြပါတယ်။