အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
တနင်္လာနေ့

၂၇ မတ် ၂၀၂၃

၂၃:၀၅:၃၁
1354641

မဟာတမန်တော်မြတ်ကြီး (ဆွ) ၏ လူငယ်များ နှင့်ပတ်သက်သည့် အရေးကြီး ဆုံးမစကား

မဟာတမန်တော်မြတ် ကြီး မိုဟမ္မဒ် (ဆွ) မှ ရီဝါယသ် တော် တစ်ခု တွင် လူငယ်များ နှင့်ပတ်သက်သည့် အရေးကြီး ဆုံးမစကား ဘက်သို့ ညွှန် ပြ၍ မိန့်တော် မူထား ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


ရီဝါယသ် ၏ ကျမ်း များ မှ တစ်ကျမ်း ဖြစ်သည့် စဖီနသိုလ်ဘေဟာရ် ကျမ်း လာရှိမှု ကို တင်ပြပါ မည်။

ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။

قال رسول الله صلی الله علیه وآله وسلم:

اوصيكُمْ بِالشُّبّانِ خَيْرا فَاِنَّهُمْ اَرَقُّ اَفـْئِدَةً اِنَّ اللّه َ بَعَثَنى بَشيرا وَ نَذيرافَحالَـفَنِى الشُّبّانُ وَ خالَفَنِى الشُّيوخُ، ثُمَّ قَرَاَ «فَطالَ عَلَيْهِمُ الاَْمَدُ فَقَسَتْ قُلوبُهُمْ.

မဟာတမန် တော်မြတ်ကြီး မိုဟမ္မဒ် ( ဆွလ်လ္လာဟ် ဟို အလိုင်းဟေ ဝအာလေဟီ ဝစလာမ် ) မိန့်တော် မူ၏။

“ ကျွန်ုပ်အနေဖြင့် အသင် တို့ အား လူငယ်များ ကို ကောင်းမွန်စွာ ဆက်ဆံဖို့  ဆုံးမ ပါသည်။ အကြောင်းမှာ ၎င်းလူငယ်များ ၏ နှလုံးသားများ အလွန် နူးညံ့ သိမ်မွေ့သည့် အတွက်ကြောင့် ဖြစ်ပါသည်။ မုချဧကန် အလ္လာဟ် ဟို အရှင်မြတ် ကျွန်ုပ်အား သတင်းကောင်း ပေးသူ ၊ သတိပေး နိုးစော်သူ အဖြစ် စေလွတ်တော်မူခဲ့ပါသည်။ ပြီးနောက် ကိုယ်တော်မြတ် (ဆွ) မှ ဤ အာယသ်တော် فَطالَ عَلَيْهِمُ الاَْمَدُ فَقَسَتْ قُلوبُهُمْ" အားသေလာဝသ်ပြုတော်မူ၏။ (အဓိပ္ပာယ် - ပြီးနောက် ၎င်း တို့၏ အသက်များ ကြီး ပြင်းလာသည့်(အခါ ၎င်းတို့ ၏ နှလုံးသားများသည် ခက်ထန်မာကျောလာပါသည်။ ) စူရဟ် ဟဒီးဒ် ၊ အာယသ်တော် အမှတ် ၁၆ “

ကျမ်းကိုး ။ ။ စဖီနသိုလ်ဘေဟာရ် ကျမ်း  ၊ အတွဲ ၂ ၊ စာမျက်နှာ ၁၇၆

မှတ်ချက်  -  အထက်ပါဟဒီးစ်တော် ကို ကြည့်ပြီး ကျနော်တို့ သည် လူငယ် များကို မည်သို့ ဆက်ဆံရမည်ဆိုသည့် အချက်ကို အထင်အရှား သိမြင်ရမည် ဖြစ်ပါတယ်။

****************************************************************

END / 251