အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
ကြာသပတေးနေ့

၆ ဧပြီ ၂၀၂၃

၀၅:၃၄:၁၇
1356402

အေမာမ်ဟစန်(အ.စ) အကြောင်း တစေ့ တစောင်း

ဟီဂျရီ ၁၄၄၄ခုနှစ် လမြတ် ရန်တွာန် လ ၁၅ ရက်နေ့ တွင် ကျရောက်လာသည့် အေမာမ်ဟစန်(အ.စ) ၏ မွေးနေ့ ရက်မြတ် လက်ဆောင်အဖြစ် စာဖတ်သူ ချစ်ပရိတ်သတ်ကြီးများ ကိုတင်ပြအပ်ပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

 

ဟီဂျရီ ၁၄၄၄ခုနှစ် လမြတ် ရန်တွာန် လ ၁၅ ရက်နေ့ တွင် ကျရောက်လာသည့် အေမာမ်ဟစန် အစ်ဗ်နေ အေမာမ် အလီ (အ.စ) ၏ မွေးနေ့ ရက်မြတ် လက်ဆောင်အဖြစ် စာဖတ်သူ ချစ်ပရိတ်သတ်ကြီးများ ကိုတင်ပြအပ်ပါတယ်။

 

အမည် - ဟစန် (အ.စ)

 

ထင်ရှားသည်ဂုဏ်တော်များ - မွဂျ်သဗာ၊စေဗ်သေအက္ကဘရ် ၊ကရီးမ်မေအဟ်လေ့ဘိုက်

 

ကွန်နီယတ် - အဗူမိုဟမ္မဒ်

 

ခမည်းတော် - အေမာမ် အလီ အစ်ဗ်နေအဘီသွာလစ်ဗ်(အ.စ)

 

မယ်တော် - ဟဇရတ်ဖွာသေမာဗင်သေရစူလ်(အ.စ)

 

ဖွားမြင်တော်မူသည်ကာလ - ရမ်တွာန် (၁၅) ရက် ၊ ဟီဂျရီ၃ ခုနှစ်

 

ဖွားမြင်တော်မူသည်နေရာ - မဒီနာရွှေမြို့တော်

 

ရှဟာဒတ်ခံယူသည်နေ့နှင့်နှစ် - ဆဖရ်လ ၂၈ ရက်နေ့ ဟီဂျရီ ၅၀ ခုနှစ်

 

ရှဟီးဒ်လုပ်ရာ၌သုံးခဲ့သည်လက်နက် - အဆိပ်အတောက်

 

ရက်ရက်စက်စက်လုပ်ကြံခံသူ - မိုအာဝေယာ(လ.န)၏လမ်းညွန်မှုဖြင့်ဂျိုအ်သာဗင်

 

သေအရှ်အသ်(လ.န)

 

ရောင်ဇာ - ဂျန္နတ်သိုလ်ဗကီး ၊ မဒီနာရွှေမြို့တော်(သို့သော်)ဝမ်းနည်းလေစွာ၊တယူသန်

 

ဝဟာဘီများ(လ.န)တို့ကြောင့်ရောင်ဇာမရှိဘဲကဗရ်အဖြစ်သာရှိနေပါသည်။

 

သက်တော် - ၄၇ နှစ်

 

အဖိုးမဖြတ်နိုင်သည့် အေမာမ် ဟစန် (အ.စ)၏ဟဒီးစ်တော်များမှ အချို့

 

၁ ။ ဂျေဟာလသ်ကဲ့သို့ဆင်းရဲမှု မရှိချေ။

 

ဘေဟာရိုလ်အန်နဝါရ် ကျမ်း အတွဲ ၇၈ ၊ စာမျက်နှာ ၁၁၁

 

၂။အပြစ်ကျူးလွန်သူများကိုအပြစ်ဒဏ်ပေးရာ၌အလျင်မလိုပါနှင့်၊တောင်းပန်မေတ္တာရပ်ခံဖို့ရန်အခွင့်အလမ်းပေးပါ။

 

ဘေဟာရိုလ်အန်နဝါရ် ကျမ်း အတွဲ ၇၈ ၊ စာမျက်နှာ ၁၁၃

 

၃။ အကြင်သူတစ်ဦးတစ်ယောက်သည်အေမာမ်(အ.စ)အားမေးမြန်းသည်မှာ-

 

သူရဲဘော်ကြောင်မှုသည်အဘယ်နည်း ?

 

အဖြေပေးမိန့်တော်မှုသည်မှာ-

 

သူငယ်ချင်းများကိုသတ္တိပြပြီး၊ ရန်သူများဆိုထွက်ပြေးခြင်း(တိမ်းရှောင်ခြင်း)ဖြစ်ပေသည်။

 

သိုအ်ဖလ်အိုကူးလ်ကျမ်း စာမျက်နှာ ၂၂၅

 

၄။ မိမိ၏ပညာကိုသူတစ်ပါးအားပို့ချပါ။သူများဆီမှလည်း ပညာသင်ယူပါ၊ဤသို့ဖြစ်အသင်၏

 

ပညာပိုမိုခိုင်ခံ့လာပေမည်ထိုပြင်အသင်မသိသေးသောပညာကိုလည်းရရှိပေမည်။

 

ဘေဟာရိုလ်အန်နဝါရ် ကျမ်း အတွဲ ၇၈ ၊ စာမျက်နှာ ၁၁၁

 

၅ ။ လူသားအားပျက်စီးစေသည်အရာ (၃)မျိုး ရှိပေသည်။

 

(၁)မာန်မာန (၂) လောဘ (၃) မနာလိုဝန်တိုစိတ်

 

ဘေဟာရိုလ်အန်နဝါရ် ကျမ်း အတွဲ ၇၈ ၊ စာမျက်နှာ ၁၁၁

 

၆။ အကောင်းတကာ အကောင်းဆုံး ချမ်းသာ မှုမှာ ‌ရောင့်ရဲခြင်း ဖြစ်ပါသည်။ အဆိုးတကာအဆိုးဆုံး ဆင်းရဲ ခြင်း  ( သူဌေးများ ၏ရှေ့ တွင် ) ဦးညွှတ် ခြင်း ဖြစ်ပါသည်။

 

ဘေဟာရိုလ်အန်နဝါရ် ကျမ်း အတွဲ ၇၈ ၊ စာမျက်နှာ ၁၁၃

 

၇။ အခွင့်အလမ်း သည် အလွန် အလျင်အမြန် ကုန်ဆုံး ပါသည်။ အလွန် နောက်ကျပြီး ပြန်‌ရောက်ပေသည်။

 

ဘေဟာရိုလ်အန်နဝါရ် ကျမ်း အတွဲ ၇၈ ၊ စာမျက်နှာ ၁၁၃

 

****************************************************************

END / 251