အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
တနင်္ဂနွေနေ့

၉ ဧပြီ ၂၀၂၃

၁၇:၃၂:၂၄
1357136

အေမာမ်မီယဟ် ဖေရ်ကဟ် အရ ရိုဇဟ် အကြောင်း တစေ့ တစောင်း ကို တိုတိုရှင်းရှင်း ၊ အမေးများ အဖြေများပုံစံ နှင့် တင်ပြ ထားပါတယ်။ အသေအချာ လေ့လာ မှတ်သား ပြီး ကျင့်သုံး နိုင်ကြ ပါစေဟုလည်း ဒိုအာ ပြုလိုက်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အေမာမ်မီယဟ် ဖေရ်ကဟ် အရ ရိုဇဟ် အကြောင်း တစေ့ တစောင်း ကို တိုတိုရှင်းရှင်း ၊ အမေးများ အဖြေများပုံစံ နှင့် အောက်ပါအတိုင်း လေ့လာ နိုင်ပါတယ် ။

ရိုဇဟ် ၏ အဓိပ္ပာယ် ဖွင့်ဆိုချက်

          ရိုဇဟ် ကိုအာရဘီ ဘာသာစကားတွင်( صوم )ဟုခေါ် ဆိုပါသည်။

          အဘိဓာန် (Dictionary ) စာအုပ် အရ ( صوم )    အဓိပ္ပာယ်မှာ - အရာတစ်ခုခုကိုတားခြင်း (သို့မဟုတ်) ရှောင်ခြင်းကို ခေါ်ဆိုပါ သည်။

ပညာရပ်ဆိုင်ရာ အခေါ်အဝေါ်တွင် ဤ စကားလုံး၏ အဓိပ္ပာယ်

          စားခြင်း၊သောက်ခြင်း နှင့် အချို့ အရာများမှ ရှောင်ခြင်း

          ဘယ်အချိန်မှ ပြီး ဘယ်အချိန် အထိ ?

နံနက် ဖဂျရ်နမာဇ် အဇါန်အချိန်မှ  စပြီး မဂ်ရိဗ် နမာဇ် အဇါန် အချိန် အထိ

          အဘယ်ကြောင့်နည်း ?

အလ္လာဟ်ဟို အရှင်မြတ်သခင်၏ အမိန့်တော်မြတ်ကို လိုက်နာ ကျင့်သုံးရန်

 

အမေး (၁) : ဘာအတွက်ကြောင့် ၎င်းကို ရိုဇဟ် လို ခေါ်ရပါသနည်း ?

အဖြေ : အကြောင်းမှာ ဤအေဗာဒသ်သည် ညတွင် ပြုလုပ်ရတာ မဟုတ်ပဲ နေ့ တွင် ပြုလုပ်ရပါသည် ။ နေ့ ကို (ဖွာရစီဘာသာဖြင့်) ရိုဇ် လို ခေါ်ပါသည် ။ ဤအတွက် ကြောင့်ရိုဇဟ် လို့ခေါ်ပါသည် 

 

ရိုဇဟ် ၏ အမျိုး အစားများ

1.         ဝါဂျစ်ဗ် ရိုဇဟ် (ဥပမာ:လမြတ် ရမ်တွာန် ၏ ရိုဇဟ် )

2.         မွတ်စ်သဟဗ် ရိုဇဟ် (ဥပမာ:ရဂျဗ်လ (သို့) ရှအ်ဗာန်လ ၏ ရိုဇဟ် )

3.         မက်ရူးဟ်  ရိုဇဟ် (ဥပမာ:အာရူရာနေ့ ၏ ရိုဇဟ် )

4.         ဟရာမ် ရိုဇဟ် (ဥပမာ:အီးဒ်ဒိုလ်ဖေသ်ရ် နှင့် အီးဒ်ဒေကုရ်ဘာန် ၏ ရိုဇဟ် )

တို့ဖြစ်ပါတယ်။

သတိပြုစရာ

          အကယ်၍ ရိုဇဟ် ထားလျှင် အန္တရာယ် ဖြစ်နိုင်မည်ဆိုလျှင် ဝါဂျစ်ဗ် ရိုဇဟ် ထားခြင်း သည် လည်း ဟရာမ် ရိုဇဟ် ဖြစ်သွား မည်ဖြစ် ပါသည်။

         

အန္တရာယ်  အတွက်ဥပမာ

 

I.          ရိုဇဟ် ထားလျှင် သေဆုံးသွားမည်ဟု သိနေပါတယ်။

(သို့မဟုတ်)

II.         ရောဂါ အတွက် အချိန် ကြာမှုကို ဖြစ်စေမည် ။

 

အမေး (၂) :ဤအခြေအနေကို ဘယ်လို သိနိုင်မှာလဲ ?

အဖြေ : ကိုယ်တိုင် ယုံကြည် စိတ်ချရ သည့်အနေအထား ကြောင့် ဖြစ်စေ

(သို့မဟုတ်)

အတိတ်၏ အတွေ့အကြုံ များ အရကြောင့် ဖြစ်စေ

(သို့မဟုတ်)

စိတ်ချယုံကြည်ရသည့် ဒေါက်တာ၏ ပြောကြားချက်ကြောင့် ဖြစ်စေ

(သို့မဟုတ်)

အသိဉာဏ် အထောက်အထားကြောင့် ဖြစ်စေ

 

အခြေအနေ

 

ဒေါက်တာပြောပါသည် …

(၁) ရိုဇဟ် ထားလျှင် အန္တရာယ် ရှိသည် ။ ကျွန်တော်အနေဖြင့် ဒီလိုဘာ အန္တရာယ်မှ မရှိဘူးလို့ ယုံကြည်ပါသည်။

(သို့မဟုတ်)

 (၂)  ရိုဇာ ထားပါ။ မည်သည့် အန္တရာယ်မှ မရှိ ပါ ။တကယ်တော့  ရိုဇဟ် ကျွန်တော်အတွက် အန္တရာယ် ဖြစ်စေကြောင်း စိတ်ချယုံကြည်ပါသည်။

 

အမေး (၃) : ဤအခြေအနေ တွင် ဘယ်သူစကား ကို အတည်ပြုရမည် နည်း ? ကျွန်တော် လား?  (သို့မဟုတ်)  ဒေါက်တာ လား ?

အဖြေ : အသင်၏စကား ကိုအတည်ပြုရပါမည်။  အသင်အနေဖြင့် မိမိ ၏ စိတ်ချ ယုံကြည်မှု  အပေါ် အကောင်အထည် ဖော်ဆောင်ရွက် ရပါ  မည်။

ဝါဂျစ်ဗ် ရိုဇဟ်များ ၊ဥပမာ

၁။လမြတ်ရမ်တွာန် ၏ ရိုဇဟ်များ

၂။ ကဇွာရိုဇဟ်များ

၃။ကာဖွာရာ ရိုဇဟ်များ

၄။ အဖေ၊အမေ၏ ကဇွာ ရိုဇဟ်များ သားအကြီးဆုံးထားရန်

၅။၊အဓိဋ္ဌာန်၊ ကတိသစ္စာပြုထားသည့် ရိုဇဟ်များ

၆။အအ်သေကာဖ်ထိုင်သူများ အတွက်သုံးရက်မြောက်နေ့ တွင်ထားရ မည့် ရိုဇဟ်

၇။ ဟဂျ်ယေသမသိုအ် အတွက်ကုရ်ဘာနီ အစား ၊ထားရသည့် ရိုဇဟ်များ

(အကျယ်တဝင့် သိရှိရန် (مناسک حج ) ကျမ်းကိုလေ့လာနိုင်ပါသည်။ )

ရိုဇဟ်များ အတွက် နီယသ်

အမေး (၁) : ရိုဇဟ် အတွက်နီယသ် ပြုရင် အရေးကြီးပါသလား?

အဖြေ :ဟုတ်ကဲ့။ ရိုဇဟ်ဆိုတာ အေဗာဒသ် ဖြစ်ပါတယ်။ အေဗာဒသ် အတွက် နီယသ် မပြုဘဲ မဖြစ်နိုင်ချေ။

 

အမေး (၂) :နီယသ်ဆိုတာ ဝါကျအချို့ ပြောတာကိုခေါ်ပါသလား?

အဖြေ :မဟုတ်ပါ။ နီယသ်ဆိုသည်မှာ နှလုံးသားတွင် အဓိဋ္ဌာန် ပြုခြင်း ကိုခေါ်ဆိုပါသည်။

 

အမေး (၃) : ဤ အဓိဋ္ဌာန် သည်မည်ကဲ့သို့ ဖြစ်ပါသနည်း ?

အဖြေ : ကျွန်တော်မျိုး • နံနက် ဖဂျရ်နမာဇ် အဇါန်အချိန် မှ  စပြီးမဂ်ရိဗ် နမာဇ် အဇါန် အချိန် အထိ • ရိုဇဟ် ထားပါတယ် •  ကိုရ်ဘသန်အေလ္လာဟ် ( قربةًاِلی الله)

 

အမေး (၄) : ကိုရ်ဘသန်အေလ္လာဟ်( قربةًاِلی الله)  ဆိုတာ ?

အဖြေ:အလ္လာဟ်ဟို အရှင်မြတ် အမိန့်တော်မြတ်ကို လက်တွေ့ အကောင် အထည်ဖော်ဖို့ ဖြစ်ပါသည်။ ၎င်းလုပ်ဆောင်ချက်ကြောင့် ရလာဒ် အဖြစ် မလွဲမသွေ အလ္လာဟ် ဟိုအရှင်မြတ် နှင့်နီးကပ်မှုကို ရရှိမည် ဖြစ်ပါသည်။

 

အမေး (၅): နံနက် ဖဂျရ်နမာဇ် အဇါန်အချိန်ဆိုတာ ဘာကိုဆိုလိုပါသလဲ ? နမာဇ် အချိန် ရောက်ပြီး  ၁၅ မိနစ်ခန့်ကြာ မှ ကျွန်တော်တို့ ရက်ကွက် တွင် ရှိဗလီမှာ အဇါန်ပေးပါတယ်။ကျွန်တော်ရိုဇဟ် ၎င်းအဇါန်  အချိန်က နေ  စတာ ဟုတ်ပါသလား?                                                                                                       

အဖြေ :မဟုတ်ပါ။ နံနက် ဖဂျရ်နမာဇ် အဇါန်အချိန်ဆိုတာ ဖဂျရ်နမာဇ် ၏ ပထမဆုံးအချိန် ကိုဆိုလိုတာ ဖြစ်ပါတယ်။

မှတ်ချက် ။ ။ စိတ်ချယုံကြည်ရဖို့ အတွက် အရေးကြီးအချက်မှာ -

i.          နံနက်ဖဂျရ်နမာဇ် မတိုင်ခင် အချိန် အနည်းငယ်အလျင် စားခြင်း ၊သောက်ခြင်း စသည်တို့ကို ရပ်လိုက်ရပါမယ်။

ii.         မဂ်ရိဗ် နမာဇ် အဇါန်ပြီးနောက်လည်း အချိန်အနည်းငယ်ကြာ

           ရှောင် စရာများကိုရှောင်ပြီးနေခြင်း ဖြစ်ပါတယ်။

 

သတိပြုစရာအချက် -

လမြတ်ရမ်တွာန်၏ ရိုဇဟ်များကို ထားနေစဉ် အကယ်၍ မိမိ နီယသ် ကို ပြောင်း လိုက်မည် (သို့မဟုတ်) တမင်တကာရိုဇဟ်ကို ပျက်စေသည့် အရာတစ်ခုခုကို လုပ်ရန် အဓိဋ္ဌာန် ချပါက ၊ လက်တွေ့  အကောင် အထည်မဖော်ဆောင်သေးလျှင်လည်း ရိုဇဟ် ပျက်သွားမည် ဖြစ်ပါ သည်။

အမေး(၆):ထားမည့်ရိုဇဟ် မည်သည့် အမျိုးအစား ရိုဇာ ဖြစ်ကြောင်း ရည်ရွယ်ဖို့ အရေးကြီးပါသလား ? မရည်ရွယ်ဘဲ ရိုဇာထားလိုက်မည် ၊ပြီးမှ မိမိသဘောဆန္ဒဖြင့် ဤ ရိုဇဟ်သည် ကဇွာရိုဇဟ် (သို့မဟုတ်) ကဖွာရာ ရိုဇဟ် ဟု ရည်ရွယ်လို့ရပါသလား?

အဖြေ: မရပါ။ ရည်ရွယ်ရန် အရေးကြီးပါတယ်။   ဤရိုဇဟ်သည် ကဇွာ  ရိုဇဟ်  ဖြစ်ပါတယ်၊ (သို့မဟုတ်) ကဇွာရိုဇဟ် (သို့) အခြားရိုဇဟ် တစ်ခုခု ဖြစ်ကြောင်း ရည်ရွယ်ရပါမယ်။

 

သတိပြုစရာအချက် -

လမြတ်ရမ်တွာန် တွင်ထားရသည့် ရိုဇဟ်များသည် သူ့ အလိုအလျှောက် ရမ်တွာန်လမြတ် အတွက်ထားရသည့်ရိုဇဟ်များ ဖြစ်ကြောင်း ရည်ရွယ်ပြီး ဖြစ်ပါသည်။ အကြောင်းမှာ ဤလမြတ်တွင် မည်သည့် အခြား ရိုဇဟ်မျှ ထား၍မရသည့် အတွက်ကြောင့် ဖြစ်ပါသည်။

 

အမေး(၇):ကျွန်တော်အနေဖြင့် မနက်ဖန် လမြတ်ရမ်တွာန်၏ ၁၅ရက်လား (သို့မဟုတ်) ၁၆ရက်လား? ဆိုတာကိုမေ့သွားပါတယ်။ ဤအတွက် ရိုဇဟ် အပေါ်    အကျိုးသက်ရောက်မှု ရှိပါသလား ?

ဖြေ:မရှိပါ။ ဤအတွက်ကြောင့်  ရိုဇဟ် အပေါ်    အကျိုးသက်ရောက်မှု မဖြစ်ပါ။

           

အမေး(၇):ကျွန်တော်အနေဖြင့် အခုအချိန်ထိ မနက်ဖန် ရိုဇဟ် ထားဖို့ နီယသ် မပြုရသေးပါ။ ကျွန်တော် ဘယ်အချိန်အထိ နီယသ် လုပ်နိုင် ပါသနည်း ?

အဖြေ : ရိုဇာ ဘယ်အမျိုး အစားဆိုတာ ကို ကြည့်ရပါမယ်။ ဝါဂျစ်ဗ် လား?

မွတ်စ်သဟဗ်လား? ဝါဂျစ်ဗ်ဆိုလျှင် မည်သည့် အမျိုးအစား ဖြစ်တယ် ဆို တာ ကြည့်ရပါမယ်။ အောက်တွင် ဤအတွက် ရှင်းလင်းပေး ထားပါ တယ်။သို့သော် သတိပြုရမည့် အချက်မှာ -

အချို့ ကိစ္စများတွင် အသင်အနေဖြင့် နံနက်ဖဂျရ်နမာဇ်အဇါန် ပြီးနောက် လည်း နီယသ်ပြုခွင့်ရှိတာကိုတွေ့ရမည် ဖြစ်ပါသည်။ ဒါလည်းပဲ နံနက် ဖဂျရ်နမာဇ်အဇါန်အချိန်မှ စပြီးလက်ရှိ အချိန်အထိ ရိုဇဟ် ကိုပျက်စေသည့် အရာများကို မပြုထားသည့် အခြေအနေမှသာလျှင်  ဖြစ်နိုင်ပါ သည်။

နမူနာ - မွတ်စ်သဟဗ်ရိုဇဟ် ကို   မဂ်ရိဗ် အချိန် မတိုင်ခင် တစ်မိနစ် အ လျင်လည်း နီယသ် ပြု ခွင့်ရှိပါသည်။  အကယ်၍ ၎င်းအနေဖြင့် နေ့လည် စာ ထမင်းစားထားလျှင် ၎င်းအနေဖြင့်ရိုဇဟ် ထား၍ မရချေ။

နီယသ်၏ အချိန် ဘယ်အထိလဲ

မွတ်စ်သဟဗ်ရိုဇဟ် ဆိုလျင်

(၁) နံနက်အဇါန် မတိုင်ခင်အလျင် နီယသ် လုပ်နိုင်ပါသည်။

(၂) ဇဟိုရ်အချိန် မတိုင်ခင် (တမင်တကာ နောက်ကျ အောင်ပြုမည်) ဆိုလျင် လည်း နီယသ် လုပ်နိုင် ပါသည်။

(၃) ဇဟိုရ်အချိန် မတိုင်ခင် (မေ့သွားသည်။သတင်းမရှိ ) ဆိုလျင် လည်း နီယသ် လုပ်နိုင် ပါသည်။

(၄) ဇဟိုရ်အချိန် ပြီးနောက် ဆိုလျင် လည်း နီယသ် လုပ်နိုင် ပါသည်။ မဂ်ရိဗ် အချိန်မရောက် ခင်အနည်းငယ် အလျင်လည်း နီယသ် လုပ်နိုင်ပါသည်။

 

သတ်မှတ်ချိန် အတွင်း ထားရသည့် ဝါဂျစ်ဗ် ရိုဇဟ် (လမြတတ်ရမ်တွာန် ၏ရိုဇဟ်၊ အချိန်သတ်မှတ် ၍ သစ္စာဆိုထားသည့် (နဇရ်ပြုထားသည့်)  ရိုဇဟ်ဆိုလျင်

(၁) နံနက်အဇါန် မတိုင်ခင်အလျင် နီယသ် လုပ်နိုင်ပါသည်။

(၂) ဇဟိုရ်အချိန် မတိုင်ခင် (တမင်တကာ နောက်ကျ အောင်ပြုမည်) ဆိုလျင် နီယသ် မလုပ်နိုင်ချေ။ (လုပ်လည်းရိုဇဟ်မပိုင်ချေ။)

(၃) ဇဟိုရ်အချိန် မတိုင်ခင် (မေ့သွားသည်။သတင်းမရှိ ) ဆိုလျင် လည်း နီယသ် လုပ်နိုင် ပါသည်။

(၄) ဇဟိုရ်အချိန် ပြီးနောက် ဆိုလျင် နီယသ် မလုပ်နိုင်ချေ။ (လုပ်လည်းရိုဇဟ်မပိုင်ချေ။)

 

သတ်မှတ်ချိန် မရှိသည့် ဝါဂျစ်ဗ် ရိုဇဟ် (ကဇွာရိုဇဟ်၊ အချိန်မသတ်မှတ် ပဲ သစ္စာဆိုထားသည့် (နဇရ်ပြုထားသည့်)  ရိုဇဟ်ဆိုလျင်

(၁) နံနက်အဇါန် မတိုင်ခင်အလျင် နီယသ် လုပ်နိုင်ပါသည်။

(၂) ဇဟိုရ်အချိန် မတိုင်ခင် (တမင်တကာ နောက်ကျ အောင်ပြုမည်) ဆိုလျင် လည်း နီယသ် လုပ်နိုင် ပါသည်။

(၃) ဇဟိုရ်အချိန် မတိုင်ခင် (မေ့သွားသည်။သတင်းမရှိ ) ဆိုလျင် လည်း နီယသ် လုပ်နိုင် ပါသည်။

(၄) ဇဟိုရ်အချိန် ပြီးနောက် ဆိုလျင် နီယသ် မလုပ်နိုင်ချေ။ (လုပ်လည်းရိုဇဟ်မပိုင်ချေ။)

အရေးကြီးမေးခွန်း  (၁) :

ရှအ်ဗာန်လ ၂၉ ရက်နေ့ ကုန်သွားပြီး၊လမြင်၊မမြင် မသိရသေး ချေ။ ကျွန် တော်ဘာလုပ်ရပါမည်နည်း ?

အဖြေ : • အကယ်၍ လ၊မြင်မည်ဆိုလျှင် မနက်ဖန် လမြတ် ရမ်တွာန်၏       ပထမနေ့ ဖြစ်ပါတယ်။ ရိုဇာထားရန် ဝါဂျစ်ဗ် ဖြစ်ပါတယ်။

            အကယ်၍ လ၊မမြင်မည်ဆိုလျှင် မနက်ဖန် ရှအ်ဗာန်လ ၏ ၃၀ ရက်နေ့ ဖြစ်ပါတယ်။ ရိုဇဟ်ထားရန် ဝါဂျစ်ဗ် မဟုတ်ချေ။

              အကယ်၍ လ၊မြင် ၊မမြင်သံသယ ဖြစ်နေသည့် အခြေအနေ တွင်လည်း ရိုဇာထားရန် ဝါဂျစ်ဗ် မဟုတ်ချေ။

မေးခွန်း(၂): သံသယ ဖြစ်နေ၍ ရိုဇဟ် မထားခဲ့ပါ။ နောက်မှ လမြင် ကြောင်း  သတင်းသိရပါတယ်။ ထိုအချိန် ဘာလုပ်ရမည်နည်း ?

အဖြေ : အသင်အနေဖြင့် ဂိုနာ မကျူးလွန်ခဲ့ပါ။သို့သော် ၎င်း ရိုဇဟ် အတွက် ကဇွာ ပြန်ထားရပါမယ်။

မေးခွန်း(၃):ကျွန်တော် သံသယ ဖြစ်စေသည့်နေ့ ကို ရိုဇဟ် ထားချင်ပါ တယ်။ မည်သည့် နီယသ်ဖြင့် ထားရမည်နည်း? အကယ်၍ လမြတ် ရမ်တွာန် ဖြစ်ခဲ့မည်ဆိုလျှင် ၎င်းလအတွက် ရိုဇဟ် ၊မဖြစ်ခဲ့လျှင်ရှအ်ဗာန် လ အတွက် ရိုဇဟ် ဟု နီယသ် ပြုလို့ ရပါသလား ?

အဖြေ :ဤကဲ့သို့မျိုး နီယသ် မပြုပါနှင့်။ ဒါပေမဲ့ အကယ်၍ အသင် ကဇွာရိုဇာ ရှိတယ်ဆိုရင် ကဇွာ နီယသ်ဖြင့် ရိုဇဟ်ထားပါ။ မရှိလျှင် မွတ်စ်သဟဗ် ရိုဇဟ် နီယသ် ဖြင့် ရိုဇဟ် ထားပါ။

အကျိုးအမြတ် :

ဤအခြေအနေတွင် ရရှိမည့် အကျိုး အမြတ်မှာ - အကယ်၍ နောက်မှ  လမြင်သည့် သတင်းရရှိခဲ့ လျှင်ဤရိုဇာသည်သူ့အလိုလျောက် လမြတ် ရမ်တွာန် ၏ ပထမနေ့၏ ရိုဇဟ် ဟု သတ်မှတ်ပြီးသား ဖြစ်သွားပါမည်။

မေးခွန်း(၄):ကျွန်တော်အနေဖြင့် ကဇွာ (သို့မဟုတ်) မွတ်စ်သဟဗ် နီယသ် ဖြင့် ရိုဇဟ် ထားလိုက်ပါသည်။ ဒါပေမဲ့ နေ့ တွင် လမြင်ကြောင်း၊ဒီနေ့ ဟာ ရမ်တွာန်လမြတ် ၏ ပထမနေ့ ဖြစ်ကြောင်း သတင်းရ ပါသည်။ ဒါဆို ကျွန်တော် ဘာလုပ်ရမည်နည်း ?

အဖြေ:ဟုတ်ပါပြီး ၊မိမိနီယသ် ကို လမြတ်ရမ်တွာန် ၏ ပထမနေ့ ရိုဇဟ် အတွက်ဟု ပြောင်းလိုက်ပါ။ ဒါဆိုလုံလောက်ပါပြီ ။

Ref -  روزه ، اعتکاف ، رویت هلال ، فطره ( مطابق فتوای چهار مرجع )

نویسنده - حجت الاسلام  والمسلمین دکتر حاج  محمد رضا داؤدانی

****************************************************************

END / 251