အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
တနင်္ဂနွေနေ့

၉ ဧပြီ ၂၀၂၃

၁၇:၃၇:၄၄
1357137

ရိုဇဟ် ကို ပျက်စေသည့် အရာများ နှင့် အချို့ အကျယ် ဖွင့်ဆိုချက် များ

ရိုဇဟ် ကို ပျက်စေသည့် အရာများ နှင့် အချို့ အကျယ် ဖွင့်ဆိုချက် များ ကို တိုတိုရှင်းရှင်း ၊ အမေးများ အဖြေ များပုံစံနှင့် တင်ပြ ထားပါတယ်။ အသေအချာ လေ့လာ မှတ်သား ပြီး ကျင့်သုံး နိုင်ကြ ပါစေ ဟု လည်း ဒိုအာ ပြုလိုက်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ရိုဇဟ် ကို ပျက်စေသည့် အရာများ နှင့် အချို့ အကျယ် ဖွင့်ဆိုချက် များ ကို တိုတိုရှင်းရှင်း ၊ အမေးများ အဖြေ များပုံစံ ဖြင့် အောက်ပါ အတိုင်း ဖြစ်ပါတယ်။

 

ရိုဇဟ် ကို ပျက်စေသည့် အရာများ

၁- စားခြင်း၊သောက်ခြင်း

၂- ဖုန်မှုန့် လည်ချောင်းထိ ရောက်ရှိခြင်း

၃- အလ္လာဟ် ၊ တမန်တော်မြတ်များ () ၊ မအ်စူမီးန် () မမိန့် မပြော သည့် အရာကို မိန့်သည် ပြောသည်ဟု လိမ်ပြောခြင်း

၄- ဦးခေါင်းတစ်ခုလုံး ကိုရေတွင်နှစ်ခြင်း

၅- တမင်တကာ အန်ခြင်း

၆- Masturbation (ခ) လက်ဖြင့် သုတ်ရည်ထွက်အောင် ပြုခြင်း

၇- ကာမစပ်ယှက်ခြင်း (ခ) မေထုံမှီဝဲခြင်း

၈- ဂျနာဗသ် အခြေအနေဖြင့် ဖဂျရ်အဇါန်ထိအောင်နေခြင်း

၉- အမျိုးသမီးများအနေဖြင့် ဟိုင်းဇ်(ခ)ရာသီလာခြင်း (သို့) နေဖါစ် (ခ) သားမွေးခြင်း မှသန့်စင် ပြီး ဖဂျရ်အဇါန် မတိုင်မီ အလျင် ဂိုစ်လ် မပြုဘဲနေ ခြင်း

၁၀- အရည်တစ်မျိုးမျိုးဖြင့် ဝမ်းချူခြင်း

 

ရိုဇဟ် ကို ပျက်စေသည့် အရာများ နှင့်ပတ်သက်ပြီး အချို့ အကျယ်ဖွင့်ဆိုချက်

၁- စားခြင်း၊သောက်ခြင်း 

• လည်ချောင်းအောက်သို့ရောက်ချိန်                

လည်ချောင်းဆိုသည်မှာ(خ)ဆိုသည့် အက္ခရာ ထွက်သည့်နေရာကိုခေါ်ပါသည်။

သတိပြုစရာ:တစ်ခုခုကို လျှာပေါ်တင်ပြီး အရသာခံယုံဖြင့် ရိုဇာမပျက် ချေ။

အခြေအနေ အမျိုးမျိုး

၁။။သွားကြားညှပ်နေသည့် အချို့ အရာ များကို တမင်တကာ စားမည်ဆိုလျှင် ရိုဇဟ် ပျက်သွားပါသည်။

၂။မေ့ပြီး တစ်ခုခု စားမိမည်၊ သောက်မိ မည်ဆို လျှင်     ရိုဇဟ် ပိုင်ပါသည်။

၃။တမင်တကာ  တံတွေမျိုချမည်ဆိုလျှင်          ရိုဇဟ် ပိုင်ပါသည်။

၄။အရသာရှိသည့် စားဖွယ် သောက်ဖွယ် များကို မြင်ပြီး သွားရည်ကြ မည်၊ ပြီး နောက် သွားရည်များကိုတမင်တကာ မျိုချ လိုက်မည်ဆိုလျှင်             ရိုဇဟ် ပိုင်ပါသည်။

၅။ချွဲသလိပ် ပါးစပ် တွင် မရောက်မီ မျိုချ မိလျှင် ရိုဇဟ်ပိုင်ပါသည်။

အကယ်၍ ချွဲသလိပ် ပါးစပ် တွင် ရောက်ပြီးမှ မျိုချ မိလျှင် ရိုဇဟ်ပိုင်ပါ သည်။

(အာယာ သွလ္လာဟ် စစ်သာနီ)

အဲဟ်သေယာသ်ဝါဂျစ်ဗ် အရ ရိုဇဟ် ပျက် ပါသည်။

(အာယာသွလ္လာဟ်ခူဝီး၊ အာယာ သွလ္လာဟ် အေမာမ် ခိုမေနီ၊ အာယာသွလ္လာဟ် ခါ မေနာအီ)

 

မေးခွန်း(၁):မစားမသောက်ဘဲ နေရင် အားယုတ်လာပါမည်။ ရိုဇဟ် မထား ဘဲနေလို့ ရပါသလား ?

အဖြေ : မရပါ။

 

မေးခွန်း(၂):အားတအားယုတ်သွား ပါမည်။ ခံနိုင်ရည်မရှိသည့် အားယုတ် မှုမျိုး ဖြစ်နေပါသည်?

အဖြေ : ဒါဆိုရင် ရိုဇဟ် မထားဘဲနေပါ။ပြီးလျှင်ကဇွာ ပြန်ထားရပါမည်။

 

ဆေးထိုးခြင်း

၁- ဖျားနေချိန် ဆေးအဖြင့် ထိုးရန်ထိုးခွင့်ရှိပါသည်။

၂- ကိုယ်ခန္ဓာအချို့နေရာကို ထုံဆေး ထိုးဖို့ အတွက် ထိုးခွင့်ရှိပါသည်။

၃-အားပြတ်နေ၍ (သို့) ငတ်မွတ်မှုကို ဖြေ သိမ့်ရန် ဆေးထိုးမည် (အားဆေး သွင်း မည်) ဆိုလျင် ထိုးခွင့်ရှိပါသည်။(ခူဝီး၊စစ်သာနီ)

ထိုးခွင့်မရှိပါ။(အဲဟ်သေယာသ်ဝါဂျစ်ဗ်အရ) (ခိုမေနီ၊ခါမေနာအီ)

 

 

ဆေးစက် အဖြင့်သုံးခြင်း

ဆေးဝါးအဖြင့် ၎င်း  (သို့) အားဆေးအဖြင့် ၎င်း ဆေးစက် အဖြင့် သုံးမည်ဆိုလျင်ခွင့်ရှိပါ သည်။            (ခူဝီး၊စစ်သာနီ)                                                                             ခွင့်မရှိပါ။(အဲဟ်သေယာသ်ဝါဂျစ်ဗ်အရ) (ခိုမေနီ၊ခါမေနာအီ)

 

သွားဖုံးမှ သွေးထွက်ခြင်း

မေးခွန်း(၃): သွားဖုံးမှသွေးထွက်လာပါတယ်။ သတိမပြုမိသဖြင့် မျိုချမိပါ တယ်။ ရိုဇဟ် ပိုင်ပါသလား? ပျက်ပါသလား?

အဖြေ:အကယ်၍ သတိမပြုမိ သဖြင့် သူအလိုအလျောက် မျိုချမိသွားလျှင် ရိုဇဟ် အတွက် ဘာမှ မဖြစ်ပါ။

မေးခွန်း(၄):သွားဖုံးမှထွက်သည့် သွေး၊တံတွေးနှင့်ရောပြီး ပျောက်သွား ပါ တယ်။ အဲဒီတံတွေးကိုမျိုချခွင့် ရှိပါသလား ?

အဖြေ : ဟုတ်ကဲ့၊ရပါတယ်။ ၎င်းတံတွေးကိုမျိုချလျှင် ရိုဇဟ် မပျက်ပါ။

မေးခွန်း(၅):ကျွန်တော်အရှေ့မှာ ရိုဇဟ် ရှိသူတစ်ယောက်မေ့ပြီး အစား စား နေပါတယ်။ ကျွန်တော်အဖို့သူကိုသွားတားဖို့ အရေးကြီး ပါသလား ?

အဖြေ :မလိုပါ။

အာလုပ်ကျင်းခြင်း

အာလုပ်ကျင်းပိုင်ခွင့်ရှိပါတယ်။ ဒါပေမဲ့ လည်ချောင်း အောက်ရောက် သွား မည်ဆိုလျှင် ရိုဇဟ် ပျက်သွားမှာ ဖြစ်ပါတယ်။

 

သွားများကို ကုသခြင်း

မေးခွန်း(၆):သွားဆရာဝန်အနေဖြင့် လမြတ် ရမ်တွာန် တွင် သွားတပ်ခြင်း ၊ နှင့် အခြား သွားဆိုင်ရာကုသမှုကိုပြုပေးနိုင်ပါသလား ?

ဖြေ : ဟုတ်ကဲ့ရပါတယ်။

မေးခွန်း(၇):သွားကုသမှုခံယူသူ လူနာ အတွက်ကော် ပြဿနာ ရှိပါ သလား?

ဖြေ : အကယ်၍ ရောဂါသည်ကို သွားကုနေချိန် သွေး ၊ရေ  သို့မဟုတ် တစ်ခုခု လည်ချောင်းအောက် သို့ မရောက်ဟု စိတ်ချယုံကြည်မှု ရှိမည်ဆို လျှင် ရိုဇာထားလျက်ကုသနိုင်ပါသည်။ သို့မဟုတ်ပါကခွင့်ပြုချက် မရှိ ချေ။

သွားတိုက်ဆေး သုံးခြင်း

ပြဿနာ မရှိပါ။ သွားတိုက်ဆေးကိုမမျိုချမိဖို့တော့လိုပါသည်။

သွားကြားထိုးတံ  (သို့)  သွားရှင်းကြိုး ကို အသုံးပြုခြင်း

သုံးပိုင်ခွင့် ရှိပါတယ်။ တစ်ခုခုကိုမျိုမချမိဖို့ တစ်နည်းအား ဖြင့်လည်ချောင်း အောက် တစ်ခုခုမရောက်သွားဖို့သာ သတိရှိဖို့ လိုပါတယ်။

မျက်စဉ်း နှင့် နှာခေါင်းထည့်ဆေးရည် ကို အသုံးပြုခြင်း

ဤနေရာတွင်လည်း အရင်မှတ်ကျောက်အတိုင်း ဖြစ်ပါသည်။ အကယ်၍ လည်ချောင်း အောက် မရောက်လျှင်  သုံးခွင့် ရှိပါတယ်။

ရေမွှေး နှင့် အမွှေးအကြိုင်များ  ကို အသုံးပြု ခြင်း

ရေမွှေး နှင့် အမွှေးအကြိုင်များ  ကို သုံခြင်းဖြင့် ရိုဇဟ် ကို မပျက်စေ သည့် အပြင် ရိုဇဟ် ထားသူအတွက် သုံးစွဲ ခြင်းသည် မွတ်စဟစ်ဗ် ဖြစ်ပါ သည်။

ခေါင်းလျှော်ရည် နှင့် ဆပ်ပြာ အသုံးပြုခြင်း

အသုံးပြုလျှင် ပိုင်ပါသည်။

ဆံပင်ကို ဆီလိမ်းခြင်း (သို့)  CREAM သုံးခြင်း

အသုံးပြုလျှင် ပိုင်ပါသည်။

နှုတ်ခမ်းဆိုးဆေးအတောင့် အသုံးပြုခြင်း

၎င်းကိုလည်း လည်ချောင်းအောက်မရောက်ဖို့ လိုအပ်ပါသည်။ ဤအတိုင်း ဆို အသုံးပြု ပိုင်ခွင့်ရှိပါသည်။

သွေးလှူခြင်း

လှူပိုင်ခွင့်ရှိပါတယ်။အကယ်၍အားယုတ်မှုကိုဖြစ်စေမည်ဆိုလျှင် မက်ကရူ ဖြစ်ပါတယ်။ ဟရာမ်တော့ မဟုတ်ပါ။

သတိ။ ။(အစ္စလာမ့်ကို ထိခိုက်အကျိုးယုတ်စေမည့်သူများကိုသွေးလှူခြင်း ကို အာယာသွလ္လာဟ် ခါမေ နာအီ ရုံးမှတားမြစ်ထားပါသည်။ (မြန်မာဘာ သာပြန်ဆိုသူ)

အာလုပ်ကျင်းခြင်း

အာလုပ်ကျင်းနေရင်း အလိုအလျောက်  လည်ချောင်းအောက် ရေ ရောက် သွား လျှင် ရိုဇဟ် ပျက်ပါသည်။ ဤအချက်ဆိုလျှင် ပိုင်ပါတယ်။

ရိုဇဟ် ရှိသည်ဆိုတာ မေ့သွားချိန်

ဝါဂျစ်ဗ်နမာဇ်အတွက် အာလုပ်ကျင်းချိန်

 

၂- ဖုန်မှုန့် လည်ချောင်းထိ ရောက်ရှိခြင်း

 

ဖုန်မှုန့် ထူထူ လည်ချောင်း အထိ ရာက်သွားမည်ဆိုလျှင် ရိုဇဟ် ပျက်ပါ သည်။

မည်သည့်အရာ ဝတ္ထု၏ အမှုန့် ဖြစ်နေပါစေ ။

ဥပမာ စားလို့ပိုင်သည့် အမှုန့် မျိုး ၊သာဓက အားဖြင့် ဂျုံမှုန့် ဖြစ်ပါ သည်။

သို့မဟုတ် စားလို့မပိုင်သည့် အမှုန့်မျိုး ၊သာဓက အားဖြင့် မြေမှုန့် ဖြစ်ပါ သည်။

 

မေးခွန်း(၁):ဖုန်မှုန့် တော့ဖုန်မှုန့်ပါပဲ၊ဒါပေမဲ့ မထူပါဘူး၊ဤဖုန်မှုန့် လည် ချောင်းထိ ရောက်သွားရင် ရိုဇဟ် ပျက်သွားပါသလား ?

အဖြေ : မပျက်ပါ။

(အာယာသွလ္လာဟ် အေမာမ်ခိုမေနီ၊ အာယာသွလ္လာဟ် စစ်သာနီ ၊ အာယာသွလ္လာဟ် ခါမေနာအီ)

အဲဟ်သေယာသ် ဝါဂျစ်ဗ်အရ ရိုဇဟ်ပျက်ပါသည်။ (အာယာသွလ္လာဟ်ခူဝီး)

သတိ :ဤအခြေအနေများတွင် ရိုဇဟ် မပျက်ပါ။

(1) ဖုန်မှုန့် လည်ချောင်း အထိ မရောက်လျှင် ( ပါးစပ် အတွင်းဝင်ယုံသာ)

(2) တမင်တကာ ရောက်အောင်မပို့  လျှင်

(3) ရိုဇဟ်ရှိသည်ကိုမေ့သွားလျှင်

(4) ဖုန်မှုန့် လည်ချောင်းအထိရောက်၊ မရောက်  သံသယဖြစ်လျှင်

 

မေးခွန်း(၂):ကျွန်တော်ဂျုံကြိတ်စက်မှာ အလုပ်လုပ်ပါတယ်။ ဂျုံမှုန့် ထူထူ ကျွန်တော် လည်ချောင်း အထိ ရောက်ပါတယ်။ကျွန်တော် ရိုဇဟ် ထား လျက် ဤအလုပ်ကို လုပ်ခွင့် ရှိပါသလား ?

အဖြေ: အမှုန့် လည်ချောင်း အထိမရောက်အောင် mask (ခ) မျက်နှာဖုံး (သို့) ၎င်းကဲ့သို့ အရာတစ်ခုခု ကို သုံးပြီး  အလုပ်လုပ်ပါ။ ဤသို့ မဟုတ် လျှင် ရိုဇဟ် ပျက်သွားပါမည်။

 

စီးကရက် နှင့် စသည်ဖြင့် သုံးစွဲခြင်း

စီးကရက် ၊ ဆေးပြင်းလိပ် ၊ huqqa ၊ ဆေးတံ ၎င်းကဲသို့ အရာများ ကို အသုံးပြု ခြင်း ဖြင့် ရိုဇဟ် ပျက်ပါသည်။

ရှူဆေးဘူး အသုံးပြုခြင်း

မေးခွန်း(၃):ကျွန်တော် ပန်းနာ ရောဂါသည် ဖြစ်ပါတယ်။ ရှူဆေးဘူး မသုံးလို့ မဖြစ်ပါဘူး။ ဒါကြောင့် ရိုဇဟ် ပျက်ပါသလား ?

အဖြေ:• မပျက်ပါ။ ဤအခြေအနေမှာ ရိုဇဟ် ပိုင်ပါသည်။ (အာယာ သွလ္လာဟ် အေမာမ် ခိုမေနီ၊ အာယာသွလ္လာဟ်ခူဝီး၊ အာယာသွလ္လာဟ် စစ်သာနီ)

အကယ်၍ ရှူဆေးဘူး (သို့မဟုတ်) spray မသုံးပဲ ရမ်တွာန်လမြတ် ပြီးနောက် ရိုဇာ ထားနိုင်လျှင် အဲဟ်သေယာသ်ဝါဂျစ်ဗ် အရ ရိုဇဟ် ကဇွာ ထားရပါမည်။ (အာယာသွလ္လာဟ် ခါ မေနာအီ)

ခေါင်း နှင့်ရင်ပတ်တွင် ပရုတ်ဆီ လိမ်းခြင်း

ပြဿနာမရှိပါ။ ရိုဇဟ် ပိုင်ပါတယ်။

ရေခိုးရေနွေးငွေ့  ကို အသုံးပြုခြင်း

မေးခွန်း(၄): ရောဂါကုသရန်အတွက် ရေခိုးရေနွေးငွေ့ ကို အသုံးပြုခြင်းဖြင့် ရိုဇဟ်  ပျက်ပါသလား ?

အဖြေ:• အားပြင်းသည့် အငွေ့ လည်ချောင်း အောက် မရောက်သွားဖို့လိုပါ သည်။

အကယ်၍ ဤအငွေ့ ပါးစပ် အတွင်း စုပြီး ရေအသွင် ဆောင်သွားလျှင် မျိုချခွင့် မရှိပါ။

ရေပူကြောင့် ရေချိုးခန်း တွင် ဖြစ်သည့် ရေခိုးအငွေ့

 

ဤကဲ့သို့သော် ရေခိုး၊ရေငွေ့သည် အသက်ရှူရင်း ဝင်သွားမည်ဆို လျှင်မည် သည့် ပြဿနာ မှ မရှိပါ။

ဘတ်စ်ကားများ နှင့် ကားများ ၏ မီးခိုး

အကယ်၍ ဤကဲ့သို့ မီးခိုး လည်ချောင်း အထိမရောက်ဟု ယုံကြည် မည် ပြီးနောက်ရုတ်တရက် လည်ချောင်း အထိ ရောက်သွားလျှင် ပြဿနာ မရှိပါ။ ရိုဇဟ်ပိုင်ပါသည်။

 

၃- အလ္လာဟ် ၊ တမန်တော်မြတ်များ (အ.စ) ၊ မအ်စူမီးန် (အ.စ) မမိန့် မပြော သည့် အရာကို မိန့်သည် ပြောသည်ဟု လိမ်ပြောခြင်း

 

ရိုဇဟ် ရှိသည်ဖြစ်စေ (သို့မဟုတ်) မရှိသည်ဖြစ်စေ

(1) လိမ်ပြော၊မုသားဆိုခြင်းသည် ဟရာမ် ဖြစ်၏။

(2) တစ်ဦးတစ်ယောက်မပြောသည်ကို ပြောသည်ဟု လိမ်ပြောခြင်းသည် လည်း ဟရာမ် ဖြစ်၏။

(3) မအ်စူမီးန် () မှတစ်ပါးပါး ကို မပြောသည်ကို ပြောသည် ဟု လိမ်ပြောခြင်းသည် ပို၍ အပြစ်ကြီးပါသည်။

 

မေးခွန်း(၁): ၎င်းတို့ အထဲ မှ မည်သူဖက် မှမပြောသည်ကို ပြောသည်ဟု လိမ်ပြော မိလျှင်ရိုဇဟ် ပျက်ပါ သနည်း ?

အဖြေ:

အလ္လာဟ်၊တမန်တော်များ (အ.စ)     မအ်စူမီးန်(အ.စ) ၁၄ပါး     ဖက်မှ မပြောဘဲ ပြောသည်ဟု လိမ်ပြောလျှင် ၎င်း၏ ရိုဇဟ်ပျက်ပါသည်။

      

လိမ်ပြော သည်ပုံစံများ 

နှုတ်ဖြင့် ပြောခြင်း ၊  သီးကုံး ခြင်း ၊အမူအရာ ပြုခြင်း ၊တစ်ဦးတစ် ယောက် ၏ မေးခွန်း ကို ဖြေဆိုရာတွင် ၊ SMS / Email (သို့) Forward ပြုခြင်း ၊ တစ်ယောက်ယောက် လိမ်ပြော တာကို  ထောက်ခံ ပေးခြင်း စသည်ဖြင့် ဖြစ်ပါသည်။

သတိ :

တမင်တကာ မပြောသည်ကို ပြောသည်ဟု ဆိုလျှင် ရိုဇဟ် ပျက်ပါသည်။

အမှန်ထင်ပြီး ဆင့်ပြန်လေ၏။ပြီးမှာ မုသားဖြစ်ကြောင်း သိလျှင် ရိုဇဟ် မပျက်ပါ။

မှန်လား၊မုသားလား မသိသည့် အရာ ကိုတင်ပြလျှင် အကိုး၊အကားနှင့် တစ်ကွ တင်ပြရပါမည်။

 

မေးခွန်း(၂):ရိုဇဟ်ထားရင် ကျမ်းတော်မြတ် ကုရ်အာန် သေလာဝသ်လုပ် ပါသည်။ဒါပေမဲ့ ကျွန်တော် ကေရအသ် မကောင်းပါဘူး။ ကျွန်တော် အလ္လာဟ်အရှင်မြတ်၏ မိန့်ရပ်တွေကို မှားအောင်ပြုဖို့ မည်သည့် မကောင်း သည့်ရည်ရွယ်ချက်မျှမရှိပါဘူး ။ ကျွန်တော်နီယသ် ကတော့ စဝါးဗ် ရယူဖို့ အတွက်ပါ။ ဒါဆို ကျွန်တော်ရိုဇဟ် ပျက်ပါသလား?

 

ဖြေ : မပျက်ပါ။ သို့သော် ကေရာအသ် ကောင်းဖို့ ကြိုးစားရပါလိမ့်မည်။

 

၄- ဦးခေါင်းတစ်ခုလုံး ကိုရေတွင်နှစ်ခြင်း

 

တမင်တကာ ဦးခေါင်းတစ်ခုလုံးကို ရေတွင်နှစ်ခြင်းဖြင့် ရိုဇာဟ် ပျက် သွားသည်။

သတိ : အောက်ဖော်ပြပါ အနေအထားဆိုလျှင် ရိုဇဟ် မပျက်ပါ။

(1) မေ့ပြီး လုပ်မိလျှင်

(2) ဦးခေါင်းတစ်ခုလုံးကို မနှစ်ဘဲ အချို့ ကိုသာ နှစ် လျှင်

(3) ခေါင်းတစ်ခြမ်းကို တစ်ကြိမ် နောက်တစ်ခြမ်းကို နောက်တစ်ကြိမ် နှစ် လျှင်

(4) အလိုလို အမှတ်တမဲ့ ရေထဲ ပြုတ်ကြပြီး ခေါင်းတစ်ခုလုံး နှစ်သွားလျှင်

(5) တစ်ယောက်ယောက် မှ အတင်းအဓမ္မ ရေထဲဆွဲ နှစ်လျှင်

(6) ဦးခေါင်းတစ်ခုလုံး ရေနှစ် မိလား  မနှစ်မိဘူးလားဟု သံသယဖြစ်လျှင်

(7) ထိုနည်းတူစွာ ရေပိုက် (သို့) ရေပန်းအောက်တွင် ခေါင်းကို ဆေးခြင်း ဖြင့်လည်း ရိုဇာဟ် မပျက်ပါ။

(8)

ရေကူးဝတ်စုံဝတ်ပြီး ခေါင်းကို ဖုံးထားမည်၊ Swimming cap ဝတ်ပြီးရေ အောက် သွားမည်၊ ရေငုပ်သဘောၤဖြင့်ခရီးသွားလျှင် ဤအခြေအနေများအားလုံးတွင်ရိုဇဟ် ပိုင်ပါသည်။

           

 

ရှင်းလင်းချက်: အာယာသွလ္လာဟ် စစ်သာနီ ၏ အမြင်တွင် ရိုဇဟ် ထားပြီး ဦးခေါင်းတစ်ခုလုံးကို ရေနှစ်ခြင်းသည် ပြင်းထန်သည့် မက်ရူးဟ်  ဖြစ်ပါ သည်။ဆိုလိုသည်မှာ စဝါးဗ် နည်းသွားမည်။ သို့သော် ဟရာမ် လည်း မဟုတ်သလို ရိုဇဟ်လည်း မပျက်ချေ။

၅- တမင်တကာ အန်ခြင်း

တမင်တကာ အန်ခြင်းဖြင့် ရိုဇဟ် ပျက်သွားပါသည်။ ယုတ်စွ ဖျားနာခြင်း ကြောင့် မတတ်နိုင်သည့် အဆုံးအန်ရသည်ပင် ဖြစ်ပါစေ။အလိုလို အမှတ် တမဲ့ အန်မိလျှင် ရိုဇဟ် မပျက်ပါ။

အကယ်၍ ရိုဇဟ်ထား တာ မေ့ပြီး အန်မိလျှင် ရိုဇဟ် မပျက်ပါ။

မေးခွန်း(၁): ရိုဇဟ်ရှိနေစဉ် တမင်တကာ လေတက် လို့ရပါသလား ?

ဖြေ: ရပါသည်။ သို့သော် အကယ်၍ပါးစပ်အတွင်း အရာတစ်ခုခု ထွက်လာ လျှင် တမင်တကာ ပြန် မျိုချ၍ မရပါ။

၆- Masturbation (ခ) လက်ဖြင့် သုတ်ရည်ထွက်အောင် ပြုခြင်း

မေးခွန်း(၁): ဘာကိုရည်ရွယ် ပါသလဲ ?

ဖြေ: ကာမစပ်ယှက်မှုမှ အပ  မိမိ၏သုတ်ရည် ထွက်လာအောင် မိမိ ကိုယ် မိမိ ပြုလုပ်ခြင်း ကို ဆိုလိုပါသည်။ 

မှတ်စရာ : ဤနေရာတွင်အရာ တစ်ခုခု (သို့) တစ်ဦးတစ်ယောက်၏ အကူ အညီ ကြောင့်ဆိုတာ အဓိက မကြပါ။

သတိပြုန်ရန် : ရိုဇဟ်မရှိလျှင်လည်း ဤလုပ်ရပ်သည် ဟရာမ် ဖြစ်ပါသည်။ သို့သော် ခင်ပွန်းနှင်ဇနီး ကိစ္စတော့ ကွာပါသည်။

ဤလုပ်ရပ်ကြောင့် ဂိုစ်လ်လေ ဂျနာဗသ်  ပါ ပြုရပါမည်။

  ရိုဇဟ် ရှိနေစဉ် ဤလုပ်ရပ်ကြောင့် ရိုဇဟ် ပျက်သွားပါသည်။ ယုတ်စွ ခင်ပွန်းနှင့်ဇနီး အချင်းချင်း မေတ္တာမျှကြရင်း၏ ရလာဒ်ကြောင့်ပင်ဖြစ်ပါစေ။

မေးခွန်း(၂): နာမဲဟ်ရာမ် ကိုကြည့်ခြင်း ဖြင့် ရိုဇဟ် ပျက်ပါသလား?

ဖြေ: ဟရာမ် အကြည့် သည် မည်သို့ ပင်ဆိုစေ ဟရာမ် ဖြစ်ပါသည်။ သို့သော် ကြည့်ယုံဖြင့် ရိုဇဟ် မပျက်ပါ။

မေးခွန်း(၃):ကိလေသာစိတ်၊ ကာမ၊ရာဂ စိတ်ကိုနိုးထစေသည့် ရုပ်ရှင် များ ကိုကြည့် လျှင် ရိုဇဟ် ပျက်ပါသလား ?

ဖြေ: • ဤကဲ့သို့သော် ရုပ်ရှင်များကို ဘယ်အခြေအနေတွင် ကြည့်ကြည့်

        ဟရာမ် ဖြစ်ပါသည်။ယုတ်စွ လမြတ်ရမ်တွာန် ဖြစ်ပါစေ (သို့) အခြား

            ဖြစ်ပါစေ။

     • Masturbation ဖြစ်ရန် ရည်ရွယ်ပြီး ကြည့်မည်၊ပြီးနောက်သုတ်ရည်      

      ထွက်လာမည်ဆိုလျှင်ရိုဇဟ်ပျက်ပါသည်။

 

မေးခွန်း(၄):ရိုဇဟ်ရှိနေစဉ် အလိုလို အမှတ်တမဲ့ သုတ်ရည် ထွက် လာ မည်။ ဥပမာ အိပ်ပျော်နေစဉ် ထွက်လာမည် ဆိုလျှင် ရိုဇဟ် ပျက်ပါသ လား?

အဖြေ : မပျက်ပါ။

 

မေးခွန်း(၅): ဤအခြေနေတွင် ရိုဇဟ်သမား အတွက် ချက်ချင်း ဂိုစ်လ် ပြုရန် အရေး ကြီးပါသလား?

ဖြေ: • မပျက်

      နမာဇ် ဝတ်ပြုဖို့ ဂိုစ်လ် လုပ်ရပါမည်

      သို့သော် အမြန် ဂိုစ်လ် လုပ်လျှင် ပိုကောင်းပါသည်။

 

မေးခွန်း(၆): ရိုဇဟ်သမားကို  အိပ်လျှင် သုတ်ရည်ထွက်မည် ဆိုတာ သိ နေပါ သည်။ ဒါလည်းပဲ အိပ် ခွင့်ရှိပါသလား ?

ဖြေ : ဟုတ်ကဲ့၊   အိပ်ခွင့် ရှိပါသည်။

 

၇- ကာမစပ်ယှက်ခြင်း (ခ) မေထုံမှီဝဲခြင်း

 

ဤလုပ်ရပ်ကြောင့် လည်း ရိုဇဟ် ပျက်ပါတယ်။သုတ်ရည်ထွက် သည် ဖြစ်စေ ၊မထွက်သည်ဖြစ်စေ ။

ကာမစပ်ယှက်ခြင်းမှ အပဇနှီးမောင်နှံ တစ်ဦးနှင့်၊တစ်ဦး အခြား အရသာ များကို ခံစားရာတွင် ပြဿနာ မရှိပါ။

သုတ်ရည်မှအပ အခြားအရည်များ ထွက်ပါသည်။ထိုအရည်များ ကြောင့် ရိုဇဟ် မပျက်ပါ။

 

မေးခွန်း(၁):ခင်ပွန်းသည် ရိုဇဟ်မထားပါ။သို့သော် ဇနီးသည် ဝါဂျစ်ဗ် ရိုဇဟ် နှင့်ပါ။ ခင်ပွန်းသည်မှ ဇနီးသည်ကို ကာမစက်ယှက်ရန် အတင်း လုပ်ခိုင်း၍ ရပါသလား?

ဖြေ : မရပါ။

 

မေးခွန်း(၂): လတ်တလော အိမ်ထောင်သည် ဇနီးမောင်နှံ ပါ။ ရမ်တွာန် လမြတ် တွင် honeymoon ခရီး အတွက် နိုင်ငံခြား ခရီးထွက်ခဲ့ ပါ သည်။နေ့တွင် ကာမ စပ်ယှက်ခွင့် ရှိပါသလား ?

 

အဖြေ : • အကယ်၍ ခရီးစဉ် ၁၀ ရက်ထက်နည်းမည်ဆိုလျှင် ခရီးသည်

             ဆိုင်ရာ အဲဟ်ကမ် ကို အသုံးပြုရမည်ဖြစ်ပါသည်။ဆိုလိုသည်မှာ

             ရိုဇဟ် ထားရန်မလိုပါ။ ဤအခြေအနေတွင်နေ့ ၌ကာမစပ် ယှက်

             ပိုင်ခွင့် ရှိပါသည်။ သို့သော် မက်ရူးဟ် ဖြစ်ပါသည်။

 

          အကယ်၍ ခရီးစဉ် ၁၀ ရက် (သို့) ၎င်းထက်ပိုများ မည်ဆိုလျှင်

            ရိုဇဟ်ထားရန် ဝါဂျစ်ဗ် ဖြစ်ပါသည်။ ကာမစပ် ယှက်ခြင်း ဟရာမ်                                    

            ဖြစ်ပါမည်။

၈- ဂျနာဗသ် အခြေအနေဖြင့် ဖဂျရ်အဇါန်ထိအောင်နေခြင်း

 

ဂျနာဗသ် ဖြစ်ပြီးနောက် အကယ်၍ ဖဂျရ် အဇါန် မတိုင်မီ ဂိုစ်လ် မပြု မည် (သို့) အကယ်၍ သယမွန်မ် ပြုရမည်တာဝန် ရှိပြီး သယမွန်မ် မပြု လျှင် အချို့ အခြေအနေများ တွင် ၎င်း၏ ရိုဇဟ် ပျက်သွားပါသည်။

 

ရှင်းလင်းချက်များ

အကယ်၍ တမင်တကာ ဂိုစ်လ် / သယမွန်မ် မပြုသည်ဆိုလျှင် အကယ်၍

 

ရမ်တွာန်လမြတ် ၏ရိုဇဟ် ဆိုလျှင်(သို့မဟုတ်) ရမ်တွန်လမြတ်၏ ကဇွာရိုဇဟ် ဆိုလျှင် ရိုဇာမပိုင်ချေ      

 

မွတ်စ်သဟဗ် ရိုဇဟ်ဆို လျှင် :  ရိုဇဟ် ပိုင်ပါသည်။

 

မေးခွန်း(၁):အကယ်၍ တစ်ဦး တစ်ယောက် အနေဖြင့် လမြတ် ရမ်တွာန် တွင် ဂိုစ်လ်လေဂျနာဗသ် ပြုရန် မေ့သွားမည်။ရက်အနည်း ငယ်ကြာမှ သတိ ပြန်ရလာလျှင် ဘာလုပ်ရမည်နည်း ?

 

အဖြေ : (ထိုနေ့မှစ၍ သတိရသည့်နေ့အထိ)ရိုဇဟ်အားလုံး   နှင့်   (ထိုနေ့မှ စ ၍ သတိ ရသည့် နေ့အထိ)

           နမာဇ်အားလုံး  ကဇွာဖြည့်မည်။  

 

မေးခွန်း(၂): လမြတ်ရမ်တွာန် ဖြစ်၏။ ဇိုက် ဂိုစ်လ်လေဂျနာဗသ် လုပ်ရပါ မည်။ အကယ်၍ အိပ်မည်ဆိုလျှင် ဖဂျရ်အဇါန် မတိုင်ခင် နိုးမည် မဟုတ် ချေ။ အိပ်လို့ ရပါသလား?

ဖြေ: • အိပ်မရပါ။ ပထမဆုံး ဂိုစ်လ်လေ ဂျနာဗသ် ပြုရပါမည်။ ပြီးနောက် 

        အိပ်ပါ။

      အကယ်၍ ဂိုစ်လ်လေ ဂျနာဗသ် မပြုဘဲ အိပ်ပျော်သွားမည်။ ဖဂျရ်          

        နမာဇ် ပြီးမှ နိုးမည်ဆိုလျှင် ၎င်း ၏ ရိုဇဟ် မပိုင်ချေ။

 

မေးခွန်း(၃):လမြတ်ရမ်တွာန်၏ ညဖြစ်ပါတယ်။ ဇိုက် ဂိုစ်လ်လေဂျနာဗသ် လုပ်ဖို့မလိုပါ။အိပ်ပျော် သွားပါသည်။ မျက်စိပွင့်တော့ ဖဂျရ် အဇါန် ပေးပြီး သွားပါပြီး။ အိပ်ပျော်နေစဉ် သုတ်ရည်ထွက်သွားခဲ့ပါသည်။အဇါန်မတိုင်ခင် ထွက်တာလား ၊ပေးပြီးလားဆိုတာ မသိပါ။ ဤအတွက် ဘာအမိန့် ရှိပါ သ လဲ?

ဖြေ : အဇါန်မတိုင်ခင် ထွက်သည်ဖြစ်စေ ၊ပေးပြီးထွက်သည်ဖြစ်စေ ရိုဇဟ် ပိုင်ပါသည်။

 

မေးခွန်း(၄): တမင်တကာ ဂိုစ်လ် ပြုဖို့ အချိန် ဆွဲရင်း ဖဂျရ်အဇါန် အချိန် အလွန်နီး ကပ်နေပါပြီး၊ဂိုစ်လ်ပြုဖို့ အချိန်မရှိတော့ပါ။ ဘာလုပ်ရမည်နည်း?

ဖြေ :၎င်းအနေဖြင့် ဂိုနာ ပြုခြင်းဖြစ်ပါသည်။ သို့သော် သယမွန်မ် လုပ်ပြီး ရိုဇဟ်ထားရန် ဝါဂျစ်ဗ် ဖြစ်ပါသည်။

 

မေးခွန်း(၅): ဤသယမွန်မ် ဖြင့် ဖဂျရ်နမာဇ်ကော် ဝတ်ပြုလို့ ရပါသလား ?

အဖြေ :မရပါ။ ရေရှိနေပြီး အချိန်လည်း ရှိနေသည့်အတွက် ဂိုစ်လ်ပြုဖို့ အရေး ကြီးပါသည်။

 

ဂိုစ်လ်လေ မတ်စ်စေမယသ် နှင့် ရိုဇဟ်

ဂိုစ်လ်လေမတ်စ်စေမယသ် ဆိုသည်မှာ မယသ် ကို ထိမိ သည့် အတွက် ကြောင့် ပြုရမည့် ဝါဂျစ်ဗ် ဂိုစ်လ် ကိုခေါ်ပါသည်။

တစ်ဦးတစ်ယောက် အပေါ် ဂိုစ်လ်လေမတ်စ်စေမယသ် ပြုရန် ဝါဂျစ်ဗ် ဖြစ် နေချိန်တွင် လည်း ရိုဇဟ်ထားနိုင်ပါသည်။

နမာဇ်အတွက်တော့ ဂိုစ်လ်လေမတ်စ်စေမယသ် ပြုရန် အရေး ကြီးပါသည်။

 

၉- အမျိုးသမီးများအနေဖြင့် ဟိုင်းဇ်(ခ)ရာသီလာခြင်း (သို့) နေဖါစ် (ခ) သားမွေးခြင်း မှသန့်စင် ပြီး ဖဂျရ်အဇါန် မတိုင်မီ အလျင် ဂိုစ်လ်မပြုဘဲ နေခြင်း

 

အကယ်၍ မည်သည့် အမျိုးသမီး မဆို ဖဂျရ်အဇါန် မတိုင်မီ ဟိုင်းဇ် (သို့) နေဖါစ် မှ သန့်စင် သွားပြီး ဆိုလျှင် ၎င်း အတွက် အရေးကြီး ပါသည်။

(က) • ဖဂျရ်အဇါန် မတိုင်မီ အလျင် ဂိုစ်လ် ပြုရပါမည်။

       အချိန်မရှိတော့လျှင်၊ဂိုစ်လ်ပြုဖို့မဖြစ်နိုင်လျှင်သယမွန်မ်ပြုရပါ မည်။

 

(ခ) ထိုနေ့ တွင် ရိုဇဟ် ထားရပါမည်။

 

မေးခွန်း(၁):ဤသယမွန်မ် ဖြင့် ဖဂျရ် နမာဇ် ဝတ်ပြုလို့ ရပါသလား ?

ဖြေ :မရပါ။ ရေဖြင့် ဂိုစ်လ်ပြုရန် လိုပါသည်။

 

မေးခွန်း(၂): အကယ်သာမွန်မ် မလုပ်ဘူး ရိုဇဟ် ပိုင်ပါသလား ?

အဖြေ : ရိုဇဟ်မပိုင်ပါ။ လမြတ်ရမ်တွာန်  နှင့် ကဇွာ ရိုဇဟ် မမြောက်ပါ။ မွတ်စ်သဟဗ် ရိုဇဟ် သယမွန်မ် မရှိလျှင်လည်း ပိုင်ပါသည်။

 

မေးခွန်း(၃): အကယ်၍ အမျိုးသမီး တစ်ဦးအနေဖြင့်  နေ့တွင် မည်သည့် အချိန် မဆို သန့်စင် သွားမည်ဆိုလျှင် ဘာလုပ်ရမည်နည်း?

အဖြေ: ထိုနေ့၏ရိုဇဟ် ထားခွင့် မရှိပါ။ နောက်ပိုင်းတွင်ကဇွာ ထားရပါ မည်။

 

မေးခွန်း(၄):အကယ် ၍ ရိုဇဟ် ထားနေရင်း ဟိုင်းဇ်(သို့) နေဖါစ် စလာပြီး ဆိုလျှင် ဘာလုပ်ရမည်နည်း?

အဖြေ: ရိုဇဟ်မပိုင်ချေ။ ယုတ်စွ မဂ်ရိဗ် အချိန် အလွန် နီးကပ်နေသည် ဖြစ် ပါစေ၊ဤရိုဇဟ် အတွက် ကဇွာ ပြန်ထားရပါမည်။ ဤသို့ဖြစ်လာလျှင် ထို အမျိုးသမီး သည် မည်သည့် ဂိုနာ မျှ မထိုက်ပါ။

 

မေးခွန်း(၅):အမျိုးသမီးအနေဖြင့် ဖဂျရ်အဇါန် အတိုင်မီ သန့်စင်သွား မည်။ သို့သော် ဂိုစ်လ်ပြုရန် နှင့် သယမွန်မ် ပြုရန် အချိန်မရှိတော့ ချေ။ဤ အခြေ အနေတွင်ဘာလုပ်ရမည်နည်း ?

ဖြေ: ဤအခြေအနေတွင် ဂိုစ်လ် နှင့် သယမွန်မ် မပြုလည်းပဲ ရိုဇဟ် ပိုင်ပါ သည်။

 

မေးခွန်း(၆):ဖဂျရ်အဇါန် ပြီးမှ အဇါန် မတိုင်ခင်ကတည်းက သန့်စင်သွား တာ ဖြစ်ကြောင်း သိလျှင် ဘာလုပ်ရမည်နည်း ?

အဖြေ : သိသည့်အချိန် အထိ ရိုဇဟ် ကို ပျက်စေသည့် အရာများ တစ်ခု မှ မလုပ်ရသေးလျှင် ရိုဇဟ် ပိုင်ပါသည်။ ဤသို့မဟုတ်လျှင် ရိုဇဟ် ပျက် ပေ သည်။ပြီးနောက် ကဇွာ ပြန်ထားရပါမည်။

 

မေးခွန်း(၇): မိမိ ရာသီလာခြင်းကို ပြောင်းလဲရန် အမျိုးသမီးများ အနေဖြင့်  ဆေးပြားများ စသည်ဖြင့် သုံးစွဲ ခွင့် ရှိပါသလား?

အဖြေ : ၎င်းအတွက် အန္တရာယ် မဖြစ်လျှင် သုံး နိုင်ပါသည်။

 

အစ်သေဟာဇေဟ် နှင့် ရိုဇဟ်

ဤအခြေအနေတွင် အမျိုးသမီး အနေဖြင့် ဝါဂျစ်ဗ် ဖြစ်စေမည့် ဂိုစ်လ် အား လုံး ကို ပြုမည်ဆိုလျှင် ၎င်း၏ ရိုဇဟ် လုံးဝ ပိုင်ပါသည်။

 

မှတ်ချက် ။ ။ ဤ ကိစ္စအတွက်  အကျယ်တဝင့်  သောင်ဇီးဟိုလ် မစာ            

                အေလ်ကျမ်း တွင်   ရှိပါသည်။ (လေ့လာနိုင်ပါသည်။)

                ( နီးစပ်ရာမောင်လာနာများ နှင့် ဇာကေရဟ်များ ထံလည်း    

                 မေးမြန်း နိုင်ပါသည်။ ဘာသာပြန်ဆိုသူ)

 

၁၀- အရည်တစ်မျိုးမျိုးဖြင့် ဝမ်းချူခြင်း

 

ဝမ်းချူခြင်း - ဆိုလိုသည်မှာ ဝမ်းချုပ်မှုကို ဖြေရှင်းရန် စအိုပေါက် နေရာ တွင် ဆေးဝါး ထည့်ခြင်းကို ခေါ်ပါသည်။ ဤဆေးဝါးသည် အခဲလည်း ရှိ သလို အရည် လည်း ရှိပါသည်။

ဖျားနေသည့်အတွက်ကြောင့် မလွဲမရှောင် သုံးရသည် အခြေအနေ တွင် လည်း အရည်တစ်မျိုးမျိုးဖြင့် ဝမ်းချူ ခြင်းသည် ရိုဇဟ်ကို ပျက်စေ ပါသည်။

သတိပြုရန်: ဆေးအခဲ တစ်မျိုးမျိုးနှင့် ဝမ်းချူလျှင် ရိုဇဟ် မပျက်ချေ။

 

အထွေထွေ ဥပဒေသများ

 

၁- ရိုဇဟ်ကို ပျက်စေသည့် အရာများ မှ တစ်ခုခုကိုမေ့ပြီး ပြုမိလျှင် ရိုဇဟ် မပျက်ချေ။ 

 

၂- အကယ်၍ မေ့ပြီး ရိုဇဟ် ကို ပျက်စေသည့် အရာတစ်ခုခုကို ပြုလုပ်မည် ၊ပြီးနောက် ရိုဇဟ်တော့ပျက်သွားပြီးပဲဆိုပြီး တမင်တကာ စားမည် သောက် မည် (သို့) ရိုဇဟ် ကို ပျက်စေသည့် အလုပ်တစ်ခုခု ပြု လုပ် မည်ဆိုလျှင် ရိုဇဟ် ပျက်သွားပေမည်။

၃- အကယ်၍ တစ်ဦးတစ်ယောက်မှ အတင်းအဓမ္မ လုပ်မည်။ ဥပမာ - တစ်ဦး တစ်ယောက်ကို အတင်း အဓမ္မတစ်ခုခု ကျွေးမည် (သို့) အတင်း အဓမ္မ ရေထဲ သို့တွန်းချမည်၊ပြီးနောက် ခေါင်းတစ်ခုလုံး နှစ်သွား မည်ဆို လျှင် ရိုဇဟ် မပျက်ချေ။

သို့သော်

ရိုဇဟ်ထားသူကို  ကိုယ်တိုင်လုပ်ဖို့ အတင်းအဓမ္မခိုင်းမည်။ ဥပမာ ထမင်း စားပါ မစားရင် သေနတ်နှင့် ပစ်သတ်မည်ဟု ခြိမ်းခြောက် သည့်အခါ ၊ ရိုဇဟ် ထားသူအနေဖြင့် သေနတ်၏  ကျည်တောင့် စားမည့်အစား  မိမိ လက်ဖြင့် ထမင်းစားမည် ဆိုလျှင် ၎င်းအနေဖြင့် လုံးဝ မှန်သည့် အလုပ်ကို လုပ်လိုက်ခြင်း ဖြစ်ပါသည်။ မည်သည့် ဂိုနာ မျှ မထိုက်ပါ။ ဒါပေမဲ့ ရိုဇဟ် ပျက်သွားပါသည်။ ဤ အတွက်နောက်မှ ကဇွာ ပြန် ထားရပါမည်။

သတိပြုရန်: အကယ်၍ ရမ်တွာန်လမြတ် တွင် မည်သည့် (ရှရီအီ) ခိုင်လုံ သည့် အကြောင်းပြချက်  မရှိဘဲ ရိုဇဟ် ကို ဖျက်လိုက် မည်ဆိုလျှင် မဂ်ရိဗ် အချိန် အထိ စားရန် သောက်ရန် ခွင့်မရှိချေ။ ရိုဇဟ် ကိုပျက်စေ သည့် အခြား မည်သည့် အလုပ်ကိုမျှ လုပ်ပိုင်ခွင့် မရှိပေ။

 

Ref -  روزه ، اعتکاف ، رویت هلال ، فطره ( مطابق فتوای چهار مرجع )

نویسنده - حجت الاسلام  والمسلمین دکتر حاج  محمد رضا داؤدانی

****************************************************************

END / 251