အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : DVB
တနင်္ဂနွေနေ့

၉ ဧပြီ ၂၀၂၃

၁၈:၀၁:၃၈
1357146

ယူကရိန်းကလေး ၃၀ ကျော် မိသားစုနှင့် ပြန်ဆုံတွေ့

ရုရှားက သိမ်းပိုက်တာခံခဲ့ရတဲ့ ယူကရိန်းနယ်မြေတွေကနေ ခေါ်သွားတဲ့ ကလေးတွေကို ယူကရိန်း နိုင်ငံဆီ ပြန်ခေါ်လာရေး ကာလကြာရှည် ဆောင်ရွက်အပြီး ဒီအပတ်ထဲမှာ ကလေးအယောက် ၃၀ ကျော်ဟာ မိသားစု တွေနဲ့ ပြန်ပြီး ဆုံဆည်းနိုင်ကြပြီ လို့ လူသားချင်း စာနာမှု အုပ်စုတစုက ဧပြီ ၈ ရက်မှာ ပြောပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ရုရှားက သိမ်းပိုက်တာခံခဲ့ရတဲ့ ယူကရိန်းနယ်မြေတွေကနေ ခေါ်သွားတဲ့ ကလေးတွေကို ယူကရိန်း နိုင်ငံဆီ ပြန်ခေါ်လာရေး ကာလကြာရှည် ဆောင်ရွက်အပြီး ဒီအပတ်ထဲမှာ ကလေးအယောက် ၃၀ ကျော်ဟာ မိသားစု တွေနဲ့ ပြန်ပြီး ဆုံဆည်းနိုင်ကြပြီ လို့ လူသားချင်း စာနာမှု အုပ်စုတစုက ဧပြီ ၈ ရက်မှာ ပြောပါတယ်။

“ငါးကြိမ်မြောက် ကယ်ဆယ်ရေးက ပြီးခါနီးပြီ။ ရှုပ်ထွေးမှုတွေ ရှိနေလို့ ကလေးအရေအတွက် ကတော့ ဒီလောက်ပဲ ပြန်လာနိုင်ဖို့ စီမံနိုင်ခဲ့တယ်”လို့ Save Ukraine လူသားချင်းစာနာမှု အဖွဲ့ကို တည်ထောင်သူ မိုင်ကိုလာ ခူလေဘာက ပြောပါတယ်။

ယူကရိန်းမှာ ကျန်ခဲ့တဲ့ မိဘတွေကို ရှာဖို့ ရုရှားမှာ ဘယ်သူကမှ မကြိုးစားခဲ့တဲ့အကြောင်း သူတို့အဖွဲ့က ယူကရိန်းကို ပြန်ခေါ်လာတဲ့ ကလေးတွေ အားလုံးက ပြောတယ်လို့ ခူလေဘာက ပြန်ပြောခဲ့ပါတယ်။

“ငါးလအတွင်း နေရာငါးခု ပြောင်းခဲ့ရတဲ့ ကလေးတွေ ရှိတယ်။ ကြွက်တွေ ပိုးဟပ်တွေနဲ့အတူ နေရတယ်လို့ တချို့ ကလေးတွေက ပြောခဲ့တယ်”လို့  ခူလေဘာက ပြောပါတယ်။

နွေစခန်းမှာ နေဖို့လို့ ရုရှားတွေက ပြောပြီး ခါဆွန်နဲ့ ခါခိဗ်ဒေသတွေက သိမ်းပိုက်ခံ အစိတ်အပိုင်းတွေကနေ ကလေးတွေကို ခေါ်သွားခဲ့တာလို့လည်း သူက ဆက်ပြောခဲ့ပါတယ်။

မနှစ်က ဖေဖော်ဝါရီက စပြီး ရုရှားက ယူကရိန်းကို ကျူးကျော် ကတည်းက ကလေးငယ် ၁၉၅၀၀  နီးပါးကို ရုရှားနိုင်ငံဆီ ခေါ်သွားခဲ့တယ်လို့ ယူကရိန်းအစိုးရက ခန့်မှန်းထားပါတယ်။ တရားမဝင် လုပ်ရပ်အဖြစ်လည်း ပြစ်တင်ရှုံ့ချခဲ့ပါတယ်။

ယူကရိန်းရဲ့ အရှေ့ပိုင်းနဲ့ တောင်ပိုင်းကို ထိန်းချုပ်ထားတဲ့ ရုရှကတော့ ကလေး ပြန်ပေးဆွဲတဲ့ လုပ်ရပ်ကို ငြင်းဆိုပြီး ကလေးတွေ ဘေးကင်းရေးအတွက် သယ်ယူပို့ဆောင်ခဲ့တာလို့ ပြောခဲ့ပါတယ်။

ယူကရိန်းက ကလေးတွေကို ပြန်ပေးဆွဲမှုနဲ့ စွပ်စွဲပြီး ရုရှားသမ္မတပူတင်နဲ့ ရုရှား ကလေးအခွင့်အရေး ကော်မရှင်နာ မာရီယာ အယ်လ်ဗိုဗာ ဘေလိုဗာတို့ကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုခုံရုံးက အရင်လက ဖမ်းဝရမ်း ထုတ်ခဲ့ပါတယ်။

ရုရှားအစိုးရကတော့ ပဋိပက္ခနယ်မြေမှာ စွန့်ပစ်ခံခဲ့ရတဲ့ ကလေးတွေနဲ့ မိဘမဲ့တွေကို ကာကွယ်ရေးလူသားချင်း စာနာမှုဆိုင်ရာ လှုပ်ရှားမှုအနေနဲ့ ယူကရိန်းကလေးထောင်ချီကို သိမ်းပိုက်ခံ ဒေသတွေကနေ ရုရှားကို ခေါ်လာခဲ့တာလို့ ပြောခဲ့ပါတယ်။

အိုင်စီစီရဲ့ တရားစီရင်ရေးကို အသိအမှတ်မပြုဘူးလို့လည်း ပြောရင်း ဖမ်းဝရမ်းတွေကိုလည်း အတည်မဟုတ်တဲ့ တရားမဝင် ကြေညာချက်အဖြစ် ခေါ်ဆိုခဲ့ ပါတယ်။

****************************************************************
END / 251