၁၁ ဇူလိုင် ၂၀၂၆ - ၁၆:၅၂
“ဂရင်းလန်သည် ရောင်းချရန်မဟုတ်”  ၊ ထရမ့်၏ ပြောကြားချက်ကို ဒိန်းမတ်ဝန်ကြီးချုပ် တိတိကျကျ တုံ့ပြန်

ဒိန်းမတ်ဝန်ကြီးချုပ် မက်တဲ ဖရက်ဒရစ်ဆင်က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ဂရင်းလန်ကျွန်းနှင့် ပတ်သက် သည့် မကြာသေးမီက ပြောကြားချက်များအပေါ် တုံ့ပြန်ရာတွင် ဂရင်းလန်သည် ရောင်းချရန် မဟုတ်ကြောင်း ထပ်မံ အလေးအနက် ပြောကြားခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ဒိန်းမတ်ဝန်ကြီးချုပ် မက်တဲ ဖရက်ဒရစ်ဆင်က နေတိုး (NATO) ထိပ်သီးအစည်းအဝေး အခမ်းအနားအတွင်း သတင်းမီဒီယာများနှင့် တွေ့ဆုံစဉ် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ဂရင်းလန်နှင့် ပတ်သက်သည့် မကြာ သေးမီက ပြောကြားချက်များအပေါ် တုံ့ပြန်ခဲ့ပါတယ်။

၎င်းက အမေရိကန်၏ ရပ်တည်ချက်မှာ ရှင်းလင်းပြတ်သားကြောင်း သိရှိထားသော်လည်း ဒိန်းမတ်အစိုးရ၏ ရပ်တည်ချက်မှာ အစကတည်းက မပြောင်းလဲခဲ့ဘဲ “ဂရင်းလန်သည် ရောင်းချရန် မဟုတ်ကြောင်း” ထပ်မံ အတည်ပြု ပြောကြားခဲ့ပါတယ်။ ထို့ပြင် ဂရင်းလန်၏ အနာဂတ်ကို ဆုံးဖြတ်ပိုင်ခွင့်မှာ ဂရင်းလန်ပြည်သူများထံ တွင်သာ ရှိကြောင်းလည်း အလေးထား ပြောဆိုခဲ့ပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ယခင်ရက်က တူရကီနိုင်ငံ၏ မြို့တော် အန်ကာရာတွင် ပြောကြားရာ၌ ဂရင်းလန်ကို ဒိန်းမတ်ထက် အမေရိကန်က ထိန်းချုပ်သင့်ကြောင်း ထပ်မံ အဆိုပြုခဲ့ပါတယ်၊၎င်းက ယင်းရပ်တည်ချက် ကို နေတိုးထိပ်သီးအစည်းအဝေးအတွင်းလည်း ထပ်မံ ပြောကြားခဲ့သော်လည်း ယခုနှစ် အစောပိုင်း တွင် အသုံးပြုခဲ့သည့် ခြိမ်းခြောက်သည့် အသုံးအနှုန်းများကိုမူ မသုံးစွဲခဲ့ကြောင်း သိရပါတယ်။

တူရကီသမ္မတ ရက်ဂျက် တိုင်ယစ် အာဒိုအန်နှင့် တွေ့ဆုံဆွေးနွေးပြီးနောက် သတင်းထောက်များအား ပြောကြားရာတွင် ထရမ့်က “ဂရင်းလန်ကို ဒိန်းမတ်က မဟုတ်ဘဲ အမေရိကန်က ထိန်းချုပ်သင့်သည်” ဟု ဆိုခဲ့ပါတယ်။ ထို့အပြင် ယင်းကိစ္စရပ်သည် အမေရိကန်နှင့် နေတိုးအဖွဲ့ဝင်နိုင်ငံများအကြား ဆက်ဆံရေးအပေါ် သက်ရောက်မှုများ ရှိခဲ့ကြောင်းလည်း ပြောကြားခဲ့ပါတယ်။

ဂရင်းလန်သည် ဒိန်းမတ်နိုင်ငံ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေတစ်ခုဖြစ်ပြီး အာတိတ်ဒေသတွင် တည်ရှိကာ သဘာဝသယံဇာတများနှင့် မဟာဗျူဟာအရ အရေးပါသည့် တည်နေရာကြောင့် ကမ္ဘာ့အင်အားကြီးနိုင်ငံများ၏ စိတ်ဝင်စားမှုကို ဆက်လက် ရရှိလျက်ရှိပါတယ်။ သို့သော် ဒိန်းမတ်အစိုးရနှင့် ဂရင်းလန်ဒေသ အာဏာပိုင်များက ဂရင်းလန်သည် ရောင်းချရန်မဟုတ်ကြောင်းနှင့် ယင်း၏ အနာဂတ်ကို ဂရင်းလန်ပြည်သူများသာ ဆုံးဖြတ် ရမည်ဖြစ်ကြောင်း အကြိမ်ကြိမ် အတည်ပြု ပြောကြားထားပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha