အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
တနင်္ဂနွေနေ့

၉ ဧပြီ ၂၀၂၃

၁၈:၁၈:၅၃
1357155

ရိုဇဟ် ကဖ္ဖ်ရဟ် ၊ ဖေဒ်ယဟ် ၊ ရိုဇဟ် ကဇွာ နှင့် မွတ်စ်သဟဗ် ရိုဇဟ် အကြောင်း တစေ့ တစောင်း

ရိုဇဟ် ကဖ္ဖ်ရဟ် ၊ ဖေဒ်ယဟ် ၊ ရိုဇဟ် ကဇွာ နှင့် မွတ်စ်သဟဗ် ရိုဇဟ် အကြောင်း တစေ့ တစောင်းအား တိုတိုရှင်းရှင်း ၊ အမေး များ အဖြေ များပုံစံနှင့် တင်ပြ ထားပါတယ်။ အသေအချာ လေ့လာ မှတ်သား ပြီး ကျင့်သုံး နိုင်ကြ ပါစေ ဟု လည်း ဒိုအာ ပြုလိုက်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

 

ရိုဇဟ် ကဖ္ဖ်ရဟ် ၊ ဖေဒ်ယဟ် ၊ ရိုဇဟ် ကဇွာ နှင့် မွတ်စ်သဟဗ် ရိုဇဟ် အကြောင်း တစေ့ တစောင်း  ကို တိုတိုရှင်းရှင်း ၊ အမေးများ အဖြေ များပုံစံ ဖြင့် အောက်ပါ အတိုင်း ဖြစ်ပါတယ်။

 

လမြတ်ရမ်တွာန် တွင် ရိုဇဟ် မထားသည့် အတွက် ကဖ္ဖ်ရဟ်

 

• တမင်တကာ လမြတ်ရမ်တွာန် တွင် ရိုဇဟ် မထားမည် (သို့)  ဖျက် လိုက်မည်ဆိုလျှင် ဒဏ်ကြေးပေးဆောင်ရမည် ဖြစ်ပါသည်။ ဤ ဒဏ်ကြေး ကို ကဖ်္ဖရဟ် ဟုခေါ် ပါသည်။

 

မေးခွန်း (၁) :  ကဖ္ဖ်ရဟ် အတွက် ဘာလုပ်ရပါသနည်း?

အဖြေ : (က) ငွေဝယ် ကျေးကျွန်တစ်ယောက်ကို လွတ်ပေးရပါသည်။ (သို့မဟုတ် ) (ခ) ရက်ပေါင်း ၆၀ ရိုဇဟ်ထားရပါမည်။ ၃၁ရက် ဆက်တိုက်ထားရန် အရေးကြီးပါသည်။ (သို့မဟုတ်) (ဂ) မရှိဆင်းရဲသား မိုအ်မင် အယောက် ၆၀ကိုထမင်းကျွေးရမည်။

 

သတိပြုရန်:အကယ်၍ရိုဇဟ်ကို ဟရာမ် ပစ္စည်း တစ်ခုခုနှင့် ဖျက်လိုက်မည် ဆိုလျှင် ဥပမာ အရက်သေစာ သောက်စားပြီး ၊ဇေနာပြုပြီး ဆိုလျှင် ကဖ်္ဖရဟ် သုံးမျိုး စလုံး ၎င်းအတွက် ဝါဂျစ်ဗ် ဖြစ်ပေသည်။

 

မေးခွန်း(၂):ယခုခေတ်ပါ ရှရီအသ်ပြောသည့် ငွေဝယ်ကျေးကျွန် မရနိုင် တော့ ပါ၊ဘာလုပ်ရမည်နည်း?

အဖြေ: မှန်ပါတယ်။ ဤအတွက်ကြောင့် ရွေးပိုင်ခွင့် နှစ်ခုသာကျန်တော့ မည် ဖြစ်ပါသည်။ 

 

မေးခွန်း(၃): မရှိဆင်းရဲသား အယောက်၆၀ ကို ထမင်းကျွေး ရမည်ဆိုတာ ဘာကို ဆိုလိုပါသနည်း ?

အဖြေ : (က) ထမင်း ချက်ပြုတ်ပြီး မရှိဆင်းရဲသား အယောက် ၆၀ကိုဗိုက်

                  အဝ ထမင်းကျွေး ရမည်။

(သို့မဟုတ်)

          (ခ)  မရှိဆင်းရဲသားအယောက် ၆၀ကို ၇၅၀ ဂရမ် တစ်နည်းအား

                ဖြင့် ၃ပေါင်ခန့်ဂျုံမှုန် (သို့) ဆန် ပေးရမည် ဖြစ်ပါသည်။

 

သတိပြုရန် : • ထိုမရှိဆင်းရဲသားများကို ငွေပေး၍ မရပါ။

                 • အကယ်၍ ငွေ ပေးမည်ဆိုလျှင်လည်း ၎င်းတို့ကို ဂျုံမှုန်

                   (သို့)ဆန်ဝယ်ဖို့ အတွက်သာ ပေးကြောင်း ပြောရပေ မည်။

                 • ၎င်းပြောသည့် အတိုင်း လုပ်မည်ဆိုတာကိုလည်း စိတ်ချ ဖို့

                    အရေးကြီးလိုအပ်ပါ သည်။

မေးခွန်း(၄): အယောက် ၆၀ ပြည့်ဖို့ အရေးကြီးပါသလား ? ဆင်းရဲသား တစ်ယောက်တည်း ကို အယောက် ၆၀ အတွက် ကဖ်္ဖရဟ် ပေးလိုက်လျှင် ရော တာဝန် ကျေပါသလား ?

အဖြေ : မရပါ။ အယောက် ၆၀ ပြည့်ရန် အရေးကြီး ပါသည်။

 

မေးခွန်း(၅): ကဖ်္ဖရဟ် ဘယ်အချိန် ဝါဂျစ်ဗ် ဖြစ်ပါသလဲ?

အဖြေ : ရိုဇဟ် မထားသည့် အခါ (သို့) ထားပြီး  ဖျက်လိုက်သည့်အခါ

 

တမင်တကာ လုပ်လျှင်(သို့မဟုတ်) မိမိသဘောအရ မိမိ ပြုလုပ်လျှင် ၊ မည်သူကမျှ အတင်းအဓမ္မ မပြု လျှင် (သို့မဟုတ်) မည်သည့် ခိုင်လုံသည့် ရှရီအီအကြောင်း ပြချက်မရှိဘဲ ၊ဥပမာ ရောဂါ စသည်ဖြင့်   မရှိဘဲ လုပ်မည်ဆိုလျင် ကဇွာလည်း ပြုရမည်။ ကဖ္ဖ်ရဟ်လည်းပေးရမည်။

သတိပြုရန်:ဤလုပ်ရပ်(တမင်တကာရိုဇဟ်မထားခြင်းနှင့် ရိုဇဟ် ဖျက် ခြင်း) ကိုလုပ်လျှင် ရိုဇဟ်ကို ပျက်စေသည်ဆိုသည့် အသိမရှိ လျှင် လည်း ရိုဇဟ် ပျက်ပါသည်။ ပြီးမှရိုဇဟ်ပြန်ထားရန် ဝါဂျစ်ဗ် ဖြစ်ပါ သည်။

သို့သော် ကဖ်္ဖရဟ် ဝါဂျစ်ဗ် မဖြစ်တာအောက်ဖော်ပြ အခြေအနေမှာအပ - အခြေအနေ နှစ်ရပ်တွင် ရိုဇဟ်လည်းပျက်ပါသည်။ကဇွာ အပြင်ကဖ်္ဖရဟ် လည်း ဆောင်ရမည် ဖြစ်ပါသည်။

 

မဇ်အလေကို နားလည်ဖို့ မကြိုးစားခဲ့ပါ။ ရိုဇဟ်ကိုပျက်စေတဲ့ အလုပ် တွေကို လုပ်သည့်အချိန် ဤအရာတွေလုပ်ရင် ရိုဇဟ် ပျက်ကြောင်းအ နည်း ငယ်ဖြစ်ဖြစ် သိနေ၏။

 

အလ္လာဟ်ဟို အရှင်မြတ်နှင့် ၊ မအ်စူမီးန် (အ.စ) မပြောသည့် စကားတစ် ခုခုကို ပြောသည်ဟု လိမ်ပြောခြင်း ၊ ဤကဲ့သို့လုပ်လျှင် ရိုဇဟ်ပျက် ကြောင်း အသိမရှိချေ။

ဤကိစ္စ နှင့်ပတ်သက်သည့် အချို့ ဥပဒေသများ

၁-တစ်ကြိမ်တစ်ခါ ရိုဇဟ်ကို ပျက်စေသည့်အရာများမှ တစ်ခုခုကို ပြုလုပ် လေ၏။ ရိုဇဟ်ပျက်သွားလေ၏။ကဖ်္ဖရဟ်ဝါဂျစ်ဗ် ဖြစ်သွားပါပြီ ။

 

မေးခွန်း(၁):အကယ်၍ နောက်တဖန် ရိုဇဟ်ကို ပျက်စေသည့်အရာများမှ တစ်ခုခုကို ပြုလုပ်မည်ဆိုလျှင် ကဖ်္ဖရဟ် နှစ်ဆ (double ) ဖြစ်သွား ပါ သလား?

ဖြေ:ကာမစပ်ယှက်မှုမှ အပ မဖြစ်ပါ။ ဆိုလိုသည်မှာ ကာမ စပ်ယှက်သည့် အကြိမ် အရေအတွက် နှင့်အညီ ကဖ်္ဖရဟ် အရေအတွက်လည်း ပေး ဆောင် ရမည်ဖြစ်ပါသည်။

 

မေးခွန်း(၂):ရိုဇဟ်ဖျက်ပြီး တခြားတစ်မြို့ သို့ ခရီးထွက်မည်။ ဤခရီးစဉ် ကြောင့် ကဖ်္ဖရဟ် လွတ်ငြိမ်းသွားပါသလား?

ဖြေ: မလွတ်ငြိမ်းပါ။

 

မေးခွန်း(၃):ကဖ်္ဖရဟ်ချက်ချင်း လုပ်ဆောင်ဖို့အရေးကြီးပါလား ?

ဖြေ:မလိုပါ။ ဒါပေမဲ့ ပေါ့ဆမှု အတိုင်းအထိရောက်အောင် တော့အချိန်မဆွဲ သင့်ပေ။ တစ်နည်းအား ဖြင့် ကဖ္ဖ်ရဟ် ကို မထိမျက်မြင်ပြု သကဲ့သို့ မထင် အောင်ပြု ဖို့တော့လိုပါသည်။

 

မေးခွန်း(၄): တစ်နှစ်ပြည့် သွားပါပြီး။ ကျွန်တော်အနေဖြင့် ကဖ်္ဖရဟ် မပေး ရသေးပါ။ ဤနောက်ကျမှု ကြောင့် ကဖ်္ဖရဟ်တွင် တစ်ချို့ ထပ်တိုး သွား ပါ သလား?

ဖြေ:မတိုးပါ။

 

မေးခွန်း(၅):ကျွန်တော်ကဖ္ဖ်ရဟ်ပေးရမှာ ဝါဂျစ်ဗ်ပါ။ဒါပေမဲ့ ရက် ၆၀ ရိုဇဟ်  ထားနိုင်စွမ်းမရှိပါဘူး။ ဆင်းရဲ သား အယောက် ၆၀ ကိုလည်း ထမင်းကျွေး နိုင်စွမ်း မရှိပါဘူး။ ကျွန်တော်ဘာလုပ်ရပါမည် နည်း ?

ဖြေ:• မိမိ နိုင်သလောက် ဆင်းရဲသားများကို ထင်းကျွေးပါ။ ပြီးနောက်     

        အစ်သဂ်ဖေရွလ်လ္လာဟ် اَسْتَغْفِرُاللهَ ) ( ဖတ်ပြီးဝန်ချတောင်းပန်ပါ။ 

     • အကယ်၍ ဆင်းရဲသား တစ်ယောက်တည်းကိုလည်း မကျွေး နိုင်

       လျှင်အစ်သဂ်ဖေရွလ်လ္လာဟ် اَسْتَغْفِرُاللهَ ) ( သာ ဖတ်ပြီးဝန်ချ တောင်း

       ပန်ပါ။

     • တတ်နိုင်သည့်အခါမှ  ကဖ်္ဖရဟ် ကို အပြည့်အဝ ပြန်ပေးပါ။

         

မေးခွန်း(၆):ဆယက်ဒ် မဟုတ်သူ၏ ကဖ်္ဖရဟ် ဆယက်ဒ် ကိုပေး လို့ ရပါ သလား?

ဖြေ :ပေးခွင့်ရှိပါတယ်။ သို့သော် မပေးတာ ပိုကောင်းပါသည်။

 

မေးခွန်း(၇): ဆင်းရဲသား မိုအ်မင် ဆိုတာ မည်သူကို ခေါ်ပါသနည်း ?

ဖြေ: မိုအ်မင် :  အေမာမ်မီယာ ရှီအာ ကိုခေါ်ဆိုပါတယ်။

      ဆင်းရဲ သား: မိမိ၏ လူနေမှု အဆင့်အတန်းအရ သုံးငွေ များ  နေပြီး   

                        ဝင်ငွေ နည်းနေသူကိုခေါ်ပါသည်။   

လမြတ် ရမ်တွာန်၏ ကဇွာရိုဇဟ် ကို ပျက်သည့် ကဖ္ဖ်ဖရဟ်

အရေးကြီးစကား:လမြတ်ရမ်တွာန် တွင် ကဇွာ ဖြစ်သည့် ရိုဇဟ် အား နောက် နှစ် လမြတ် ရမ်တွာန် မလာမည် ထားရန် အရေးကြီးပါသည်။

 

လမြတ်ရမ်တွာန်၏ ကဇွာရိုဇဟ်ထားပါသည်။

•ဇဟိုရ် အချိန်မရောက်မီအလျှင် ရိုဇဟ် ကိုဖျက်လိုလျှင် ဖျက်ခွင့်ရှိပါသည်။

သို့သော်

•ဇဟိုရ်အချိန်ကျော်လျှင်ရိုဇဟ် ဖျက်ခွင့်မရှိပါ။

•ဖျက်ခဲ့လျှင် ကဖ်္ဖရဟ်ပေးရမည် ဖြစ်ပါသည်။

 

သတိပြုရန် : ဇဟိုရ် အချိန်မရောက်မီအလျှင် ကဇွာ ရိုဇဟ် ကိုဖျက်လိုလျှင် ဖျက်ခွင့် ရှိကြောင်း တင်ပြပြီးပါပြီ ။ ဒါလည်းပဲ အချိန် ကျန်သေးသည့် အခြေ အနေအတွက် ဖြစ်ပါသည်။ ဥပမာ ကဇွာ ရိုဇဟ်ထားရန် ၅ရက် ကျန်သေးသည်။ လမြတ်ရမ်တွာန် ရောက်ဖို့ ရက်၂၀ ကျန်သေးသည်။

သို့သော်

အကယ်၍ ကဇွာ ရိုဇဟ်ထားရန် ၅ရက် ကျန်နေပြီး လမြတ်ရမ်တွာန် ရောက်ရန် ၅ရက်သာလိုတော့သည့် အချိန် တွင် ကဇွာရိုဇဟ် ဖျက်ခွင့် မရှိ ချေ။

 

မေးခွန်း(၁):ကျွန်တော် မရ်ဟွန်မ်တစ်ဦးဦး အတွက် ဟဒီယာ (အခကြေး ငွေ) ယူပြီး၎င်း မရ်ဟွန်မ် အတွက် ကဇွာ ရိုဇဟ်ထားပါသည်။ ကျွန်တော် အတွက်လည်း ဤကဲ့သို့  ဇဟိုရ် အချိန် ကျော်ပြီးနောက် ရိုဇဟ် ဖျက်ခွင့် မရှိဘူးဆိုသည့် ဥပဒေပဲ ဖြစ်ပါသလား ?

အဖြေ:မရှိပါ။ဇဟိုရ်အချိန် ကျော်ပြီးနောက်လည်း ရိုဇဟ် ဖျက်နိုင်ပါ သည်။

 

မေးခွန်း(၂):ကဇွာ ရိုဇဟ် ပျက် လို့ပေးရ မည့်ကဖ်္ဖရဟ် သည် ဘာဖြစ်ပါ သနည်း?

              • ဆင်းရဲသားမိုအ်မင်၁၀ ဦးကို ဗိုက်အဝ ကျွေးရမည်။

 ဖြေ:                              (သို့မဟုတ်)

              • ၎င်းတို့အား ၇၅၀ ဂရမ် တစ်နည်းအား ဖြင့် ၃ပေါင် ရှိ သည့်        

                ဂျုံမှုန် (သို့) ဆန် (သို့) အခြား ပေးဆောင်ရပါမည်။

 

              • အကယ်၍မကျွေးနိုင်ပါက၃ရက်ဆက်တိုက်ရိုဇဟ်ထားရမည်။

 

မှတ်စု : • ဤမရှိဆင်းရဲသားများ ကိုငွေပေး၍ မရချေ။

          • အကယ်၍ ငွေပေးမည်ဆိုလျှင်လည်း ၎င်းအား ဂျုံမှုန့်စသည်ဖြင့်

            သာဝယ်ရန် စည်းလုပ်ရပေမည်။

          • ငွေကိုပြောသည့်အတိုင်းလုပ်မည်ဆိုသည့် စိတ်ချရမှုလည်းရှိရန်

            အရေးကြီးပါသည်။

          • ဆင်းရဲသား ၁၀ ဦးကို ပြည့်ဖို့ အရေးကြီးပါသည်။ ဆင်းရဲသား     

            တစ်ဦးတည်းကို ကဖ်္ဖရဟ် ၁၀ခုဆ ပေး၍ မရချေ။

    

မေးခွန်း(၃): ဆင်းရဲသား မိုအ်မင် ဆိုတာ မည်သူကို ခေါ်ပါသနည်း ?

ဖြေ: မိုအ်မင် :  အေမာမ်မီယာ ရှီအာ ကိုခေါ်ဆိုပါတယ်။

      ဆင်းရဲ သား: မိမိ၏ လူနေမှု အဆင့်အတန်းအရ သုံးငွေ များ  နေပြီး   

                        ဝင်ငွေ နည်းနေသူကိုခေါ်ပါသည်။   

ရွေ့ဆိုင်း အချိန်ဆွဲ ခြင်း အတွက် ကဖ္ဖ်ဖရဟ်

• လမြတ်ရမ်တွာန် တွင် ကဇွာ ဖြစ်သည့် ရိုဇဟ် အား နောက် နှစ် လမြတ် ရမ်တွာန် မလာမည် ထားရန် အရေးကြီးပါသည်။

• ဇိုက် မကျန်းမမာဖြစ်နေ၏။ လမြတ် ရမ်တွာန်၏ ရိုဇဟ် ၅ ရက် မထား ခဲ့ချေ။  လမြတ်ရမ်တွာန် ပြီးနောက်

ဇိုက်နေပြန်ကောင်းသွားသည်။သို့သော် နောက်နှစ်  ရမ်တွာန် လ မြတ် ရောက်လာ သည် အထိ ရိုဇဟ် ကဇွာ မထားရသေးပေ။

သို့မဟုတ်

နောက်နှစ် လမြတ် ရမ်တွာန် ရောက်ဖို့ ၅ရက်သာ လိုတော့သည်။ ထားဖို့ ကဇွာရိုဇဟ် ကျန်တာကလည်း ကလည်း ၅ရက်ပါ။ ဇိုက် ရိုဇဟ် ထားဖို့လုပ်စဉ်  အဖျားဝင်လာပြီး မထားနိုင်ပါ။

 

á အခြေအနေ အနေ နှစ်ရပ်စလုံးတွင် ဇိုက် အတွက် ကဇွာ ရိုဇဟ်အပြင် အချိန်ရွေ့ဆိုင်း အချိန်ဆွဲမှု အတွက် ကဖ်္ဖရဟ် ပါ ပေးဆောင်ရန်အရေးကြီး ပါသည်။

 ဂရုပြုရန်:(က) ကျွန်ုပ်အနေဖြင့် နမူနာ အဖြင့် ဇိုက် နေမကောင်းတာ ကို

                 သာ ဥပမာပေးတင်ပြခဲ့ပါသည်။ဖျားနာတာမဟုတ်ဘဲအခက်

                 အခဲတစ်ခုခု ဥပမာ ခရီးထွက်ခြင်း စသည်ဖြင့် ဆိုလျှင် ဤ

                 ဥပဒေသ အတိုင်း ဖြစ်ပါသည်။

                 (ခ)မည်သူမဆို တမင်တကာရိုဇဟ်မထားမည်၊ရိုဇဟ် ဖျက်မည်    

                ဆိုလျှင် လာမည့်နှစ် လမြတ် ရမ်တွာန် မတိုင်မီ ကဇွာရိုဇဟ်

               ထားရန်တာဝန်ရှိပါသည်။ဤကဲ့သို့တာဝန် မကျေခဲ့လျှင် ဤ  

              အတွက်ကဖ်္ဖရဟ် အပြင်အချိန်ဆွဲမှုအတွက်ပါ ကဖ်္ဖရဟ်ပေး

             ဆောင်ရပါမည်။

 

မေးခွန်း(၁): အချိန်ဆွဲခြင်း အတွက် ကဖ်္ဖရဟ် ဘာပေးဆောင်ရမည်နည်း?

ဖြေ:ရက်တိုင်း အတွက် ၇၅၀ ဂရမ် တစ်နည်းအား ဖြင့် ၃ပေါင် ရှိ သည့် ဂျုံမှုန် (သို့) ဆန် (သို့) စသည် ဖြင့် မရှိဆင်းရဲသား မိုအ်မင်ကို ပေး ဆောင် ရပေမည်။

 

မှတ်စု : • ဤမရှိဆင်းရဲသားများ ကိုငွေပေး၍ မရချေ။

          • အကယ်၍ ငွေပေးမည်ဆိုလျှင်လည်း ၎င်းးအား ဂျုံမှုန်စသည်ဖြင့်

            သာဝယ်ရန် စည်းလုပ်ရပေမည်။

          • ငွေကိုပြောသည့်အတိုင်းလုပ်မည်ဆိုသည့် စိတ်ချရမှုလည်းရှိရန်

            အရေးကြီးပါသည်။

          • တစ်ယောက်တည်းကိုတရက်ထက်မကကဖ်္ဖရဟ်ပေးနိုင်ပါသည်။

          • အချိန်ဆွဲ မှုအတွက် ကဖ်္ဖရဟ်တစ်ကြိမ် တစ်ခါသာ ဖြစ်ပါသည်။

            အကယ်၍ တစ်နှစ် နောက်ထပ် နောက်ကျ မည်ဆိုလျှင် လည်း

            ကဖ္ဖ်ဖရဟ် ထပ်၍ မတိုးချေ။

 

မေးခွန်း(၂): ဆင်းရဲသား မိုအ်မင် ဆိုတာ မည်သူကို ခေါ်ပါသနည်း ?

ဖြေ: မိုအ်မင် :  အေမာမ်မီယာ ရှီအာ ကိုခေါ်ဆိုပါတယ်။

      ဆင်းရဲ သား: မိမိ၏ လူနေမှု အဆင့်အတန်းအရ သုံးငွေ များ  နေပြီး   

                        ဝင်ငွေ နည်းနေသူကိုခေါ်ပါသည်။   

ဖေဒ်ယဟ်(فدیه) ဆိုလိုသည်မှာ ဗဒဲလ် (بدل)(သို့) အေဝဇ်(عوض)

 

မေးခွန်း(၁):ဘယ်အတွက်  ဗဒဲလ် (بدل)  ဖြစ်ပြီး ?

               ဘယ်အတွက် အေဝဇ်(عوض) ဖြစ်ပါသနည်း?

ဖြေ: ရိုဇဟ်မထားသည့် အတွက် ဗဒဲလ် (بدل)  (သို့) အေဝဇ်(عوض) လုပ်ရ ပါ သည်။ ဤအတွက် တစ်ချို့ စည်းမျည်းစည်းကမ်းများ ရှိပါတယ်။

 

ဖေဒ်ယဟ်(فدیه) ကို မည်သူပေးဆောင်ရပါသနည်း ?

၁ - အသက်ကြီး အဖိုးကြီး (သို့) အဖွားကြီး

၂ - ရေအလွန် ငတ်သည့်ရောဂါ ရှိသူများ

၃ - ကိုယ်ဝန်ဆောင် အမျိုးသမီး

၄ - ကလေးငယ်များ ကို နို့ချို တိုက်ကျွေးနေရသည့်  အမျိုးသမီး

၅ - ရောဂါကြောင့် ရိုဇဟ် မထားသူပြီးနောက် နောက်နှစ် ရမ်တွာန်လမြတ် အထိ ၎င်း ရောဂါ နာတာရှည်နေလျှင်

အချို့ အသေးစိတ် ရှင်းလင်းချက်

၁ - အသက်ကြီး အဖိုးကြီး (သို့) အဖွားကြီး

အသက်ကြီးလာသည့် အဖွားအိုများ

ရိုဇဟ်ထားရန်  အင်အား မရှိ (သို့) ရိုဇဟ်ထားဖို့၎င်းအတွက် အလွန်တရာ အခက်အခဲနှင့်ရင်ဆိုင် ဆိုလျင် ၎င်းအပေါ်ရိုဇဟ်ထားရန် ဝါဂျစ်ဗ် မဟုတ်ချေ။၎င်းအနေဖြင့် ရိုဇဟ်တိုင်းအစားဖေဒ်ယဟ် ပေး ဆောင်ရပါမည်။

သတိပြုရန်: တစ်နှစ်တာ အတွင်း ရာသီ ဥတု အေးမည်။ ရက်တို မည်။ ရိုဇဟ် ထားရန် ဖြစ်နိုင်သည့် အနေ အထားတွင် ရိုဇဟ် ကဇွာထားရန် ဝါဂျစ်ဗ် ဖြစ်ပါသည်။  သို့မဟုတ်ပါက မလိုချေ။

၂ - ရေအလွန် ငတ်သည့်ရောဂါ ရှိသူများ

ရေအလွန် ငတ်သည့်ရောဂါ ရှိသူများ အနေဖြင့်  ၎င်းတို့အတွက်

 

ရိုဇဟ်ထားရန်  အင်အား မရှိ (သို့) ရိုဇဟ်ထားဖို့၎င်းအတွက် အလွန်တရာ အခက်အခဲနှင့်ရင်ဆိုင် ဆိုလျင် ၎င်းအပေါ်ရိုဇဟ်ထားရန် ဝါဂျစ်ဗ် မဟုတ်ချေ။၎င်းအနေဖြင့် ရိုဇဟ်တိုင်းအစားဖေဒ်ယဟ် ပေးဆောင် ရပါမည်။

 

သတိပြုရန်: တစ်နှစ်တာ အတွင်း မည်သည့် ရာသီဥတု ၌ မဆို ရိုဇဟ် ထားရန် ဖြစ်နိုင်သည့် အနေ အထားတွင် ရိုဇဟ် ကဇွာထားရန် ဝါဂျစ်ဗ် ဖြစ်ပါ သည်။

၃ - ကိုယ်ဝန်ဆောင် အမျိုးသမီး

 မွေးဖွားခါနီး ၊နီးလာချိန်အမျိုးသမီး နှင့် ရိုဇဟ် ထားခြင်း

မိခင်အတွက်အန္တရာယ်ရှိလျှင် (သို့) ရင်သွေးငယ်များအတွက် အန္တရာယ် ရှိလျှင် ၎င်းအတွက် ရိုဇဟ် ထားခွင့်မရှိ နေ့တိုင်းအတွက်ဖေဒ်ယဟ်ပေးရမည်။နောက်မှရိုဇဟ်ထားနိုင်သည့်အခြေအနေသို့ ရောက် လျှင် ကဇွာ ရိုဇာဟ် ထားရမည်။

၄ - ကလေးငယ်များ ကို နို့ချို တိုက်ကျွေးနရသည့်  အမျိုးသမီး

၎င်း၏နို့နည်းပြီးမည်သည့် နို့ထိန်းသည်မှလည်း မရ၊ နို့ဗူးလည်း ကလေး အတွက် မသင့်လျှော်၊၎င်း ၏ ရိုဇဟ်ထားခြင်း

 

မိခင်အတွက်အန္တရာယ်ရှိလျှင် (သို့) ရင်သွေးငယ်များအတွက် အန္တရာယ် ရှိလျှင် ၎င်းအတွက် ရိုဇဟ် ထားခွင့်မရှိ နေ့တိုင်းအတွက် ဖေဒ်ယဟ်ပေး ရမည် နောက်မှရိုဇဟ်ထားနိုင်သည့် အခြေ အနေ သို့ရောက်လျှင်ကဇွာ ရိုဇာဟ် ထားရမည်

 

၅ - ရောဂါသည်

 

ရောဂါကြောင့် ရိုဇဟ် မထားမည်          ၎င်းအတွက်ရိုဇဟ်ကဇွာ ဝါဂျစ်ဗ် မဟုတ်ချေ။ နေ့တိုင်း အတွက် ဖေဒ်ယဟ် ပေးရမည်

နောက်နှစ် ရမ်တွာန်လမြတ် အထိ ရောဂါ နာတာရှည်နေမည်    

သတိပြုရန် :

(က)အကယ်၍ အခြား အကြောင်းကြောင့် ဥပမာ ခရီးစဉ် ကြောင့် ရိုဇဟ် မထားမည်။ တစ်နှစ်ပတ်လုံး ခရီးများထွက်နေရမည်။ နောက်ဆုံး ရှေ့ လသည် ရမ်တွာန် လမြတ် ရောက်မည်ဆိုလျှင် ၎င်း အပေါ် ရိုဇဟ် ကဇွာ ထားရန် ဝါဂျစ်ဗ် ဖြစ်ပါသည်။ ဖေဒ်ယဟ် ပေးရန် ဝါဂျစ်ဗ် မဟုတ်ချေ။

(ခ) ဤအတိုင်း ရှရီအီ အကြောင်းပြချက်  ဥပမာ ရောဂါကြောင့် ရိုဇဟ် မထားမည်။ နောက်မှ နေကောင်း ကျန်းမာ သွားမည်။ပြီးနောက်  တစ်နှစ် ပတ်လုံး ခရီးများထွက်နေရမည်။ နောက်ဆုံး ရှေ့ လသည် ရမ်တွာန် လမြတ် ရောက်မည်ဆိုလျှင် လည်း ၎င်း အပေါ် ရိုဇဟ် ကဇွာ ထားရန် သာ ဝါဂျစ်ဗ် ဖြစ်ပါသည်။ ဖေဒ်ယဟ် ပေးရန် ဝါဂျစ်ဗ် မဟုတ်ချေ။

မေးခွန်း(၁): ဖေဒ်ယဟ် ဘယ်လောက် ပေးဆောင်ရပါသနည်း ?

ဖြေ:ရက်တိုင်း အတွက် ၇၅၀ ဂရမ် တစ်နည်းအား ဖြင့် ၃ပေါင် ရှိ သည့်  ဂျုံမှုန် (သို့) ဆန် (သို့) စသည် ဖြင့် မရှိဆင်းရဲသား မိုအ်မင်ကို ပေး ဆောင် ရပေမည်။

မှတ်စု: • ဤမရှိဆင်းရဲသားများ ကိုငွေပေး၍ မရချေ။

          • အကယ်၍ ငွေပေးမည်ဆိုလျှင်လည်း ၎င်းးအား ဂျုံမှုန်စသည်ဖြင့်

            သာဝယ်ရန် စည်းလုပ်ရပေမည်။

          • ငွေကိုပြောသည့်အတိုင်းလုပ်မည်ဆိုသည့် စိတ်ချရမှုလည်းရှိရန်

            အရေးကြီးပါသည်။

          • တစ်ယောက်တည်း ကို တစ်ရက်ထက်မက ဖေဒ်ယဟ် ပေးနိုင်ပါ

          သည်။

          • ဖေဒ်ယဟ် တစ်ကြိမ် တစ်ခါသာ ဖြစ်ပါသည်။

            အကယ်၍ တစ်နှစ် နောက်ထပ် နောက်ကျ မည်ဆိုလျှင် လည်း

            ဖေဒ်ယဟ် ထပ်၍ မတိုးချေ။

          • မရှိဆင်းရဲသား မိုအ်မင်အကြောင်း ရှင်းလင်းတင်ပြထားပြီး ဖြစ်ပါ    

           သည်။

ကဇွာ ရိုဇဟ် များ နှင့်ပတ်သက်ပြီး နောက်ထပ် စကားအချို့

 

၁- ရူးပြီးမှပြန်ကောင်းသွားမည်။ ရူးခဲ့ သည့်ကာလ ၏ ကဇွာရိုဇာဟ် များ ထား ရန်ဝါဂျစ်ဗ် မဟုတ်ချေ။

 

၂- ကာဖေရ် မွတ်စလင်မ် ဖြစ်လာမည်။ ကိုဖ် ကာလ ၏ ကဇွာရိုဇာဟ် များ ထားရန် ဝါဂျစ်ဗ် မဟုတ်ချေ။

သတိပြုရန် - အကယ်၍ မွတ်စလင်မ် ကာဖေရ် ဖြစ်သွားမည်။ ပြီးနောက် အစ္စလာမ် ဘာသာဖက် ပြန် လှည့် လာမည်ဆိုလျှင် ကုဖ်ကာလ၏ ကဇွာ ရိုဇဟ်များ ထားရန် ဝါဂျစ်ဗ် ဖြစ်ပါသည်။

 

၃- အကယ်၍ မနုဿ လူသား အနေဖြင့် မူးယစ် ၍ (သို့) သတိလစ် ပြီး ရိုဇဟ်မထားခဲ့မည်။၎င်း၏ကဇွာရိုဇဟ် ါဂျစ်ဗ် ဖြစ်ပါသည်။

သတိပြုရန်  - ဤအတွက်ကြောင့် ဆိုလျှင်လည်း မကွာခြားပါ။

(က) မူးယစ် ခြင်းဆိုသည်မှာ အရက်သေစာ သောက်၍ ဖြစ်စေ (သို့) ဆေး သောက်၍ ဖြစ်စေ ဖြစ်ပါသည်။

(ခ) တမင်တကာ သောက်သည့် ဖြစ်စေ ၊ ကုသ မှု အတွက် ဖြစ်စေ ၊ အခြား  အကြောင်း အရာ တစ်ခုခုကြောင့် ဖြစ်စေ

၄- ကဇွာရိုဇဟ်များ၏ အရေအတွက်

မေးခွန်း(၁):သတိမရဘူးဖြစ် နေပါတယ်။ကျွန်တော် ကဇွာရိုဇဟ် ၅ရက် လား (သို့) ၆ရက်လားဆိုတာ သံသယဝင်နေပါတယ်။ ကျွန်တော်မှာ ဘာ တာဝန် ရှိပါသလဲ ?

ဖြေ: ၁၀၀ % ယုံကြည်မှု ရှိသည့် ကဇွာရိုဇဟ် ရက်အတိုင်း ကဇွာ ရိုဇာဟ် ထားရပါမည်။

၅- ကဇွာရိုဇဟ်များ  တွင် အစီအစဉ်

ကျွန်တော် ဟီဂျရီ ၁၄၂၇ခုနှစ် လမြတ်ရမ်တွာန်၏ ရိုဇဟ် ၅ရက်  (နှင့်)    ဟီဂျရီ ၁၄၂၈ ခုနှစ် လမြတ် ရမ်တွာန်၏ ရိုဇဟ် ၄ ရက်  ထားဖို့ကျန်ပါတယ်။

မေးခွန်း: ကဇွာ ရိုဇဟ် ထားချိန်တွင် အစီအစဉ်တကျ ပထမ ဟီဂျရီ ၁၄၂၇ ၏ ကဇွာရိုဇဟ်ကို ထားမည်ပြီးနောက် ဟီဂျရီ ၁၄၂၈ ကဇွာ ရိုဇဟ် ကိုထား မည်။ဤသို့လုပ်ရန် အရေးကြီး ပါသလား? (သို့) မိမိသဘောအရ ထားပိုင် ခွင့် ရှိပါသလား?

ဖြေ:သတိတစ်ခု ရှိဖို့သာလိုအပ်ပါတယ်။ အကယ်၍ ဟီဂျရီ ၁၄၂၉  ၏ လမြတ်ရမ်တွာန် ရောက်ဖို့ ၄ရက်သာလိုတော့သည်ဆိုလျှင်  ဟီဂျရီ ၁၄၂၈ ၏ ၄ရက်ရိုဇဟ် ကဇွာ ကို ပထမ ထားရန် ဝါဂျစ်ဗ် ဖြစ်ပါသည်။

အကယ်၍ဤကဲ့သို့ မဟုတ်ပါက  အစီအစဉ် အတိုင်း ထားရန် အရေး မကြီးချေ။

၆ - case

တစ်ဦး တစ်ယောက်အနေဖြင့် ရောဂါ (သို့)  ဟိုင်းဇ်(ခ)(သို့) နေဖါစ် ကြောင့် ရိုဇဟ် မထားပါ။ ပြီးနောက် နောက်နှစ်လမြတ် ရမ်ဇာန် မလာမည် အလျှင် အလ္လာဟ် အမိန့် ခံသွားပါတယ်။

မေးခွန်း ၃ : ၎င်းအတွက် ကဇွာ ရိုဇဟ် ရှိ ပါလား ?

ဖြေ : မရှိပါ။

အရေးကြီး ပွိုင့် နှစ်ခု

 Case  -1

သမီးအရွယ်ရောက်ပါပြီ။ရောဂါမဖြစ်ပါဘူး။ရိုဇဟ်ထားရင် အားနည်းတယ် လို ခံစားရပါတယ်။ရိုဇဟ်မထားနိုင်ပါ။ဒီလိုနဲ့ တစ်နှစ်ပတ်လုံး နောက်နှစ် ရမ်ဇာန်လမြတ် လာသည့် အထိဖြစ်ပါတယ်။

မေးခွန်း(၁) : ၎င်းအတွက် ကဇွာ   မအ်ဖ် ဖြစ်ပါသလား ?

ဖြေ : မဖြစ်ပါ။ ကဇွာ ကျန်ပါတယ်။ ဖေဒ်ယဟ် ပေးဖို့ ဝါဂျစ်ဗ် မဟုတ်ပါ။

Case  -2

လူငယ်ဘဝမှ ရိုဇဟ် မထားခဲ့ပါ။အခု အသက်ကြီးလာပါပြီး။ သောင်ဗာ လည်း ပြုပြီး ပါပြီး ။ဒါပေမဲ့ ကဇွာ ရိုဇဟ် လည်းမထား နိုင်ပါ ။

မေးခွန်း(၂) : ကျွန်တော်အပေါ် ရိုဇဟ် မအ်ဖ် ဖြစ်ပါသလား?

ဖြေ :မဖြစ်ပါ။

မေးခွန်း(၃) :အသက်ရှင်နေစဉ် တစ်ဦးတစ်ယောက်ကို  ဝန်ဆောင်မှု ပေးပြီး ကျွန်တော်  ရိုဇဟ် ကိုထားခိုင်းလို့ ရပါသလား ?

ဖြေ:မရပါ။ကွယ်လွန်ပြီးနောက် အမွေခံတွေ ဤကိစ္စအတွက် တစ်ခုခု လုပ် ဆောင်ပေး ရန် သေတမ်းစာတွင် မှာခဲ့ရမှာ ဖြစ်ပါတယ်။ မိမိပိုင်ဆိုင်မှု ၏ ၃ပုံ၊၁ပုံ 1⁄3 ကို ထုတ်ပြီး ရိုဇဟ် ကို ဝန်ဆောင်မူပေးပြီးထားခိုင်း ဖို့ သေတမ်းတွင် မှာခဲ့ ရပေမည်။

 

(ယနေ့ အမွေနှင့်ပတ်သက်ပြီး မိသားစု အတွင်း ညီအစ်ကို မောင်နှမ အတွင်း ပြဿနာ တက်၊ရုံးရောက်နေသည်မှာ သက်ဆိုင်ရာ အဖေအမေ (သို့) ပိုင်ရှင်မှ တရားဝင်သေတမ်းစာ မပြုခဲ့သည့် အတွက်ကြောင့် ဖြစ်ပါသည်။ ဘာသာပြန်ဆိုသူ )

မိခင်၊ဖခင် အတွက် ကဇွာ ရိုဇဟ်

၁-သားအကြီးဆုံး အတွက် မိခင်၊ဖခင် အတွက် ကဇွာ ရိုဇဟ်ထားရန် (သို့) တစ်ဦးတစ်ယောက် ကို (ဝန်ဆောင်မှု ပေးပြီး) ထားခိုင်းရမှာ မပြုမနေရ ဝါဂျစ်ဗ် ဖြစ်ပါသည်။

၂- သားအကြီးဆုံး ဆိုတာ :

• မိခင်၊ဖခင်ကွယ်လွန်ပြီး နောက် အသက်ရှင်လျက်ကျန်နေသည့်သားများ အတွင်း မှ အကြီးဆုံး သားကို ဆိုလိုပါသည်။

• အကြီးဆုံးသား ဟာ မိခင်၊ဖခင် အသက်ရှင်နေစဉ် ကွယ်လွန်သွား တာ လည်း ဖြစ်နိုင်ပါသည်။

• သမီးများ အတွက် မည်သည့် တာဝန် မျှ မရှိပါ။

၃-• မိခင်၊ဖခင်မထားခဲ့သည့် ကဇွာ ရိုဇဟ် များအပေါ် သံသယမရှိ ယုံ၏။ ဤ ကဇွာ ရိုဇဟ်များကိုသာ၊ သား အကြီး ဆုံးမှ ထားပေးရန် ဝါဂျစ်ဗ် ဖြစ်ပါ သည်။

    • သံသယ ရှိသည့် ကဇွာရိုဇဟ်များကို ထားရန် ဝါဂျစ်ဗ် မဟုတ်ချေ။

 

၄-• အကယ်၍သားအကြီးဆုံး မိခင်၊ဖခင်၏ ကဇွာ ရိုဇဟ်များ ကို မထားဘဲ    (သို့) မထားခိုင်း မည်အလျှင် အလ္လာဟ် အမိန့်ခံသွား ပါက ဒုတိယ သား အပေါ် မည်သည့် တာဝန် မျှ မရှိချေ။

 

မေးခွန်း :ကျွန်တော် သား အကြီးဆုံးပါ။ ကျွန်တော်ကိုင်တိုင် ကဇွာ ရိုဇဟ် ထားဖို့ ရှိပါသည်။ ဖခင် မရ်ဟွန်မ် အတွက် လည်း ထားဖို့ ရှိပါသည်။ ဘယ်ကဇွာ ရိုဇဟ် ကိုပထမ ဦးစွာ ထားရပါမည် နည်း ?

ဖြေ : နှစ်ခု စလုံး အတွက် အစီအစဉ် ထားဖို့ မလိုပါ။ ဘယ်ကဇွာ ရိုဇဟ် ကို စထားထား ရပါသည်။ သို့သော်  လူကြီးမင်း၏  ကဇွာ ရိုဇဟ် ပြီးခဲ့ သည့် နှစ် ရမ်တွာန်လမြတ် ၏ ကဇွာဖြစ်မည်။နောက် ရမ်တွာန် အသစ် လာလည်း ခေါင်းပေါ်ရောက်နေပြီး ။(နီးနေပြီး။) ဘယ်လောက်နီး လည်း ဆိုရင် ထားရမည့်ကဇွာရိုဇဟ် အရေ အတွက်လောက်သာ လိုတော့ သည်ဆိုလျှင် မိမိ ကဇွာ ရိုဇဟ် ကို အရင် ထားရန် အရေးကြီးပါသည်။

 

ခရီးသည် ၏ ရိုဇဟ်

 

(က) ၄ရကတ်နမာဇ်များ (ဇဟိုရ်၊အဲစ်ရ်၊အေရှာ)  အတွက် 

       ၂ရကတ်ဖတ်ရန် ဖြစ် သွားပေသည်။

ပြီးနောက်

(ခ) ရိုဇဟ် ထားရန် ဟရာမ် ဖြစ်သွား ပါသည်။နောက်မှ ကဇွာ ရိုဇဟ်များ   

      ကို ထားရန် ဝါဂျစ်ဗ် ဖြစ်ပါသည်။

မှတ်ချက် - ဤကိစ္စ အကျယ်တဝင့်  သောင်ဇီးဟိုလ် မစာ အေလ် ကျမ်း တွင် လေ့လာ နိုင်ပါသည်။)

အချို့ ပွိုင့်များ

 

၁- လမြတ်ရမ်တွာန် တွင် ခရီး ထွက်ခြင်းသည် ဟရာမ် မဟုတ်ပါ။သို့သော် ရိုဇဟ် ကိုရှောင်ရန် ခရီးထွက်ခြင်း သည် မက်ရူးဟ် ဖြစ်ပါသည်။

၂- လမြတ်ရမ်တွာန် တွင် ခရီး ထွက်ခြင်း ၊ ထိုနည်းတူစွာ ရိုဇဟ် မထား နိုင်သူ အတွင် ဗိုက်အဝ စားသောက်ခြင်း၊မေထုံမှီဝဲ ခြင်း သည် မက်ရူးဟ် ဖြစ်ပါ သည်။

၃- အကယ်၍ ရိုဇဟ် ထားသူ အနေဖြင့် ဇဟိုရ် ပြီးမှ ခရီးထွက်မည်ဆိုလျှင်  ၎င်း ရိုဇဟ် ကို ဆုံးခန်းတိုင် ထားရန် ဝါဂျစ်ဗ် ဖြစ်ပါသည်။

 

၄- အကယ်၍ ဇဟိုရ် မတိုင်မီ ခရီး ထွက်မည်ဆိုလျှင် ရိုဇဟ် ပျက်ပါသည်။ နီယသ် ပြုထားသည် ဖြစ်စေ ၊မပြုထားသည်ဖြစ်စေ။ ဘာမျှမကွာခြားပေ။

ဤ အခြေအနေတွင်လည်း ဟဒ်ဒေသရာခွစ် (ترخص حد) အထိမရောက် မခြင်း စားခြင်း သောက်ခြင်း စသည်တို့ကို မပြုနိုင်ချေ။  

 

မေးခွန်း(၁) : ဟဒ်ဒေသရာခွစ် (ترخص حد) ဆိုသည်မှာ အဘယ်နည်း?

ဖြေ: မြို့တွင်းအဇါန်သံ ကို မကြားရသည့်နေရာ နှင့် မြို့ရိုးကို မမြင် ရ တော့သည့်နေရာ ကို ခေါ်ဆိုပါသည်။

 

၅-အကယ်၍ခရီးသည်အနေဖြင့် ဇဟိုရ် မတိုင်မီနေရပ်ကိုပြန်ရောက်မည်။ သို့မဟုတ် ၁၀ရက် အထိ နေရမည့် နေရာ သို့     ရောက်သွားမည်ဆိုလျှင် ၎င်းအနေဖြင့် ရိုဇဟ်ကို ပျက်စေ သည့် အရာ တစ်ခုခု ကိုမလုပ်ထား လျှင်ရိုဇဟ် ထားရန် ဝါဂျစ်ဗ် ဖြစ်ပါ သည်။အကယ်၍ ရိုဇဟ် ကို ပျက်စေသည့် အရာ တစ်ခုခု ပြုထားမည်။(သို့မဟုတ်)  ဇဟိုရ် ပြီးမှ ရောက် မည်ဆိုလျှင် ထို့ နေ့ ရိုဇဟ် ထား၍မရချေ။ ပြီးမှ ကဇွာ ရိုဇဟ် ထားရပါမည်။

မွတ်စ်သဟဗ် ရိုဇဟ်

မေးခွန်း ၁ - လမြတ်ရမ်တွာန်၏ ကဇွာရိုဇဟ် ကဇွာ ရှိသူ အတွက် မွတ်စ် သဟဗ် ရိုဇဟ် ထားခွင့်ရှိပါသလား ?

ဖြေ - မရှိပါ။

 

မေးခွန်း ၂ - အခြားရိုဇဟ်တစ်ခုခုဥပမာ ကဖ်္ဖရဟ် ရိုဇဟ် (သို့) ကတိသစ္စာ ပြုထား သည့်ရိုဇဟ် ထားရန် ကျန် ပါသည်။(ဤအချိန်) မွတ်စ် သဟဗ် ရိုဇဟ် ထားခွင့်ရှိပါသလား ?

အဖြေ - ရှိပါသည် ။ ( အာယာသွလ္လာဟ်ခူဝီး ၊အာယာသွလ္လာဟ်စစ်သာနီ)

          မရှိပါ။ (အေမာမ်ခိုမေနီ ၊အာယာသွလ္လာဟ်ခါမေနာအီ)

မေးခွန်း ၃- ကျွန်တော် မွတ်စ် သဟဗ် ရိုဇဟ် ထားပါသည်။ မိတ်ဆွေ မိုအ်မင် တစ်ဦး မှ ကျွန်တော်ကို စားဖို့ ဖိတ်ပါသည်။ ကျွန်တော် အတွက် ရိုဇဟ် ပျက်ပြီး ၎င်း၏ဖိတ်ခေါ်မှုကိုလက်ခံရမည်လား? (သို့) ရိုဇဟ် အပြည့် ထားရ မည်လား?ဘယ်ဟာ ပိုကောင်း ပါသလဲ ?

ဖြေ - ဖိတ်ခေါ်မှု ကို လက်ခံပြီး ရိုဇဟ် ပျက်လိုက်တာ ပိုပြီး စဝါးဗ်ရပါ သည်။

မေးခွန်း ၄ - ဇနီးသည် အနေဖြင့် ခင်ပွန်း ၏ ခွင့်ပြုချက်မရှိ ဘဲ မွတ်စ် သဟဗ် ရိုဇဟ် ထားခွင့် ရှိပါသလား?

ဖြေ - မရှိပါ။

 

 

 

Ref -  روزه ، اعتکاف ، رویت هلال ، فطره ( مطابق فتوای چهار مرجع )

نویسنده - حجت الاسلام  والمسلمین دکتر حاج  محمد رضا داؤدانی

****************************************************************

END / 251